Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all 7258 articles
Browse latest View live

မင်းသား ဆောင်းဂျွန်ကီနဲ့ မင်းသမီး ဆောင်းဟေဂိုတို့ တရားဝင် ကွာရှင်းပြီးစီး

$
0
0

ကိုရီးယား သရုပ်ဆောင် စုံတွဲတွေဖြစ်ကြတဲ့ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေဂိုတို့ဟာ ကွာရှင်းဖို့အတွက် ကြားဝင်ညှိနှိုင်း ဆွေးနွေးမှုတွေ ပြီးဆုံးခဲ့ပြီး အခုဆိုရင်တော့ တရားဝင် ကွာရှင်းပြတ်စဲလိုက်ပြီလို့ ကြေညာလိုက်ပါပြီ။

ဇူလိုင်လ ၂၂ ရက်၊ မနက် ၁၀ နာရီမှာပဲ နှစ်ဖက်လုံးက ပိုင်ဆိုင်မှုနဲ့ ကြွယ်ဝချမ်းသာမှု ပစ္စည်းတွေကို ဘယ်လို ဝေခွဲကြမလဲဆိုတဲ့ အသေးစိတ် အချက်အလက်တွေ မပါဘဲ သူတို့ရဲ့ကွာရှင်းမှုပြီး ဆုံးခန်းတိုင် လုပ်ဆောင်ခဲ့ပြီလို့ သိရပါတယ်။

ဆိုးလ်မိသားစုဆိုင်ရာ တရားရုံးမှ တရားသူကြီး Jang Jin Young ကတော့ မင်းသားဆောင်းတို့ စုံတွဲနဲ့အတူ တံခါးပိတ်ဆွေးနွေးပွဲ တခုကို ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီဆွေးနွေးပွဲရလဒ်အရ သူတို့နှစ်ဦးဟာ အခုဆိုရင် တရားဝင် ကွာရှင်းပြတ်စဲခဲ့ပြီလို့ သိရပါတယ်။ အဲ့ဒီကိစ္စနဲ့ ပတ်သက်လို့တော့ မင်းသမီး ဆောင်းဟေဂိုရဲ့ အေဂျင်စီက မှတ်ချက်ပေးခဲ့ပြီး အဲ့ဒီကွာရှင်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

မင်းသမီး ဆောင်းဟာ ဆိုးလ်မိသားစု တရားရုံးမှာ ကွာရှင်းမှုကို အပြီးသတ်လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်တဲ့အကြောင်း နှစ်ဖက်ကြားဝင်စေ့စပ်မှုကို လုပ်ဆောင်ခဲ့ပြီး ကွာရှင်းမှု ပြီးဆုံးခဲ့ပြီဖြစ်တဲ့အကြောင်း၊ ကလေးစရိတ်၊ ပိုင်ဆိုင်မှုနဲ့ အိမ်ခြံမြေခွဲဝေမှုနဲ့ ပတ်သက်လို့ အသေးစိတ် ဝေခြမ်းမှုတွေ မရှိခဲ့ဘူးလို့ UAA အေဂျင်စီက ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

ကွာရှင်းဖို့အတွက် ကြားဝင်ညှိနှိုင်း ဆွေးနွေးမှုအတွင်းမှာ တကယ်လို့ နှစ်ဖက်က သဘောတူညီမှု ရတယ်ဆိုရင် ကွာရှင်းဖို့အတွက် တရားရုံးတက်တာမျိုးလို တူညီတဲ့ အကျိုးဆက်ရှိမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မင်းသားနဲ့ မင်းသမီးကတော့ တရားရုံးကို မတက်တော့ဘဲ သူတို့ရဲ့အိမ်ထောင်ရေးကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ပဲ အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

သူတို့နှစ်ယောက်လုံးဟာ ကိုယ်ရည်ကိုယ်သွေး ဗီဇ မတူညီမှုတွေကြောင့် ကွာရှင်းဖို့ ဆုံးဖြတ်လိုက်ရတာဖြစ်ပြီး နှစ်ဖက်လုံးကတော့ လပေါင်း ၂၀ ကြာမြင့်ခဲ့တဲ့ သူတို့ရဲ့ အိမ်ထောင်ကို ငြိမ်းချမ်းတဲ့ နည်းနဲ့ပဲ အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

သူတို့နှစ်ယောက် ကွာရှင်းရတဲ့ တကယ့်အကြောင်းအရင်းတွေနဲ့ ပတ်သက်လို့ ကောလာဟလတွေ ရှိနေပေမယ့် မင်းသားနဲ့ မင်းသမီးဟာ သူတို့ရဲ့ ပရိုမိုးရှင်းလုပ်ငန်းတွေကို ပုံမှန်အတိုင်းပဲ ဆက်လက်ဆောင်ရွက်နေတာကို တွေ့ရပါတယ်။

Ref: koreaboo

You may also like these stories:

ကွာရှင်းပြီး ပထမဆုံးအကြိမ် ပွဲတက်ရောက်ခဲ့တဲ့ မင်းသမီး ဆောင်းဟေဂို

ကိုရီးယားစတားတို့ရဲ့ သတင်းဆိုးများကြောင့် တောင်ကိုရီးယား ခရီးသွားလုပ်ငန်း ထိခိုက်နေရ

Song-Song စုံတွဲ ကွာရှင်းသတင်းကြောင့် DOTS ပန်းခြံ စုံတွဲပွဲတော် ဖျက်သိမ်း

ဇာတ်လမ်းတွဲ မရိုက်ဖြစ်တာ ကွာရှင်းမှုနဲ့ မဆိုင်ဘူးလို့ ဆောင်းဟေဂိုရဲ့ အေဂျင်စီ ပြောကြား

The post မင်းသား ဆောင်းဂျွန်ကီနဲ့ မင်းသမီး ဆောင်းဟေဂိုတို့ တရားဝင် ကွာရှင်းပြီးစီး appeared first on ဧရာဝတီ.


အသက် ၆ နှစ် ပြည့်သွားပြီ ဖြစ်တဲ့ တော်ဝင်မင်းသားလေး ဂျော့

$
0
0

၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၂ရက်နေ့ကတော့ ဗြိတိန်နိုင်ငံရဲ့ တော်ဝင် မင်းသားလေး ဂျော့ (Prince George) ရဲ့ အသက် ၆ နှစ်ပြည့် မွေးနေ့ပဲ ဖြစ်ပါတယ်။

ကန်းဘရစ်ချ် မြို့စားနဲ့ မြို့စားကတော် ဖြစ်သူ မင်းသား ဝီလျံနဲ့ ဇနီး ကိတ်တို့ရဲ့ သားဦး ဖြစ်တဲ့ မင်းသားဂျော့ရဲ့ အသက် ၆ နှစ်ပြည့် မွေးနေ့မှာ ကြီးကျယ်တဲ့ မွေးနေ့ပွဲကို ပြုလုပ်ဖို့ ရှိတယ်လို့ သိရပါတယ်။

တော်ဝင် မင်းသားလေး ဂျော့ရဲ့ မွေးနေ့ကို နန်းတော်အတွင်းမှာပဲ ပရိသတ်တွေကို တရက် ကြိုပြီး ကျွေးမွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ နန်းတွင်းထဲမှာတော့ တော်ဝင်မိသားစုနဲ့ ရင်းနှီးသူတွေက လက်ဆောင်တွေ ယူလာပေးပြီး မွေးနေ့ပွဲကို ဆင်နွှဲကြမယ်လို့ သိရပါတယ်။

တော်ဝင်မိသားစုရဲ့ တင်းကြပ်တဲ့ စည်းမျဉ်းတွေအရ တော်ဝင်မိသားစုဝင် မင်းသား၊ မင်းသမီးတွေရဲ့ ဓာတ်ပုံကို ရိုက်ခွင့်ရဖို့ ခက်ခဲပါတယ်။ ဒီနေ့မှာတော့ ထူးထူးခြားခြား မင်းသား ဂျော့ရဲ့ ပျော်ရွှင်စွာ ရယ်မောနေတဲ့ ပုံတွေကို ဖခင်ဖြစ်သူ ဝီလျံရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားတာကို တွေ့ရပါတယ်။

ဓာတ်ပုံရိုက်သူက မိခင်မြို့စားကတော် Kate ဖြစ်ပြီး လူမှုကွန်ရက်မှာ ခြင်္သေ့ရုပ်ပုံ ၃ ပုံနဲ့ အတူ “မင်းသားလေး ဂျော့ရဲ့ မွေးနေ့မှာ ပျော်ရွှင်ပါစေ” ဆိုတဲ့ ခေါင်းစဉ်နဲ့ မျှဝေထားတာ ဖြစ်ပါတယ်။ ယခုနှစ် အစောပိုင်းကစပြီး မင်းသား ဝီလျံနဲ့ ဇနီးဖြစ်သူတို့ဟာ သူတို့မိသားစုရဲ့ ပျော်ရွှင်နေတဲ့ ပုံတွေကို လူမှုကွန်ရက် စာမျက်နှာမှာ မကြာခဏဆိုသလို တင်လေ့ရှိတာကို တွေ့ရပါတယ်။

များသောအားဖြင့် သူတို့က သားသမီးတွေရဲ့ မွေးနေ့ ဓာတ်ပုံတွေ တင်လေ့ ရှိပါတယ်။ မင်းသားလေး ဂျော့ရဲ့ မွေးနေ့ကို ကာရေဘီယံ ကျွန်းစုမှာ ကျင်းပမှာဖြစ်တယ်လို့ The Sun သတင်းဌာနမှာ ဖော်ပြထားပြီး ၅ နှစ်ပြည့် မွေးနေ့ကိုလည်း အဲဒီကျွန်းစုမှာပဲ ကျင်းပခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ကာရေဘီယံကျွန်းကို သွားရောက် ဆင်နွဲမယ့် ဒီမွေးနေ့ပွဲမှာ မိခင်ဖြစ်သူ Kate ဘက်က ဆွေမျိုးတွေလည်း တော်ဝင်မိသားစုနဲ့ အတူ လိုက်ပါလာမှာ ဖြစ်တယ်လု့ိ သိရပါတယ်။ အခုအချိန်ဟာ ဗြိတိန်နိုင်ငံရဲ့ နွေရာသီကာလဖြစ်တာကြောင့် တော်ဝင်မိသားစုတွေ အနေနဲ့ ထမ်းဆောင်နေတဲ့ တာဝန်တွေကနေ ခေတ္တခန့် ရပ်နားပြီး အားလပ်ရက် ခရီးထွက်ကြမှာ ဖြစ်တယ်လို့ တော်ဝင်သတင်းစာမှာ ဖော်ပြထားပါတယ်။

Ref. Today.com

The post အသက် ၆ နှစ် ပြည့်သွားပြီ ဖြစ်တဲ့ တော်ဝင်မင်းသားလေး ဂျော့ appeared first on ဧရာဝတီ.

ဓားထိုးခံခဲ့ရတဲ့ ဟောင်ကောင်မင်းသား Simon Yam ရဲ့ ဒုတိယမြောက် ခွဲစိတ်ကုသမှု အောင်မြင်

$
0
0

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့တုန်းက တရုတ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ပရိုမိုးရှင်းပွဲတခုမှာ ဓားထိုးခံခဲ့ရတဲ့ ဟောင်ကောင်မင်းသား Simon Yam ဟာ ဇူလိုင်လ ၂၁ ရက်နေ့မှာပဲ ဒုတိယမြောက် ခွဲစိတ်ကုသမှုကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ သူ့ရဲ့ ဇနီး စူပါမော်ဒယ် Qi Qi က ပြောဆိုခဲ့ပါတယ်။ အခုတော့ မင်းသားဟာ ပြန်လည်သက်သာနေပြီး အခြေအနေ ကောင်းတယ်လို့လည်း သိရပါတယ်။

မင်းသားဟာ တရုတ်နိုင်ငံ၊ Guangdong ပြည်နယ်က Zhongshan မြို့မှာ ပြုလုပ်ခဲ့တဲ့ ကုမ္ပဏီတခုအတွက် ပရိုမိုးရှင်း ပွဲတခုမှာ ဓားထိုးခံခဲ့ရပြီးတဲ့နောက် သူ့ရဲ့ မိသားစုက သူ့ကို ဂရုတစိုက်နဲ့ အားပေးနေတယ်လို့ ဆိုပါတယ်။

အဲ့ဒီတုန်းက မင်းသားဟာ စင်ပေါ်မှာရှိနေခဲ့ပြီး အမျိုးသားတဦးက သူ့ရဲ့ ဝမ်းဗိုက်ကို ဓားနဲ့ ထိုးခဲ့ပြီး လက်မောင်းကို ဓားနဲ့ လှမ်းခုတ်ခဲ့တာဖြစ်ပါတယ်။ အသက် ၆၄ နှစ်အရွယ် မင်းသား Yam ဟာ ဝမ်းဗိုက်နဲ့ လက်မှာ အသေးစား ဒဏ်ရာတွေ ရရှိခဲ့တာကြောင့် ဆေးရုံတခုမှာ ကုသမှုခံယူခဲ့ရပြီးတဲ့နောက် ဟောင်ကောင် ခရစ်ယာန်ဆေးရုံကို ဇူလိုင်လ ၂၀ ရက်နေ့ ညပိုင်းမှာပဲ ပြောင်းရွှေ့လိုက်တယ်လို့ ဆိုပါတယ်။

သူ့ရဲ့ ကိုယ်စားလှယ်တွေအဆိုအရကတော့ သူဟာ ဟောင်ကောင်က ဆရာဝန်တွေနဲ့ ပိုရင်းနှီးပြီး သူ့ကို ဂရုစိုက်မယ့် သူ့မိသားစုအတွက်လည်း ပိုမိုလွယ်ကူမှာဖြစ်တယ်လို့ သိရပါတယ်။ သူ့ရဲ့ လက်မှာရှိတဲ့ သွေးကြော ဆိုးဆိုးရွားရွား ထိခိုက်မှု ရှိ၊ မရှိနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေလည်း ရှိခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့မှာ တော့ သူ့ရဲ့ ဇနီးကို ဆေးရုံမှာမြင်တွေ့ခဲ့ရပါတယ်။ သူ့ဇနီးရဲ့အဆိုအရ သူဟာ ခွဲစိတ်ခန်းထဲကနေ သူ့ရဲ့ ခင်ပွန်း ထွက်လာတာကို စောင့်နေခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီနေ့ နေ့လယ်ပိုင်းမှာတော့ ခွဲစိတ်မှု အောင်မြင်တဲ့အကြောင်း ပို့စ်တင်ခဲ့ပါတယ်။

မင်းသားရဲ့ စီမံခန့်ခွဲရေးအေဂျင်စီကလည်း မင်းသားရဲ့ ဘေးကင်းမှုနဲ့ ပုဂ္ဂိုလ်ရေးရာ လုံခြုံမှုအတွက် ကိုယ်ရံတော် ၃ ယောက် ငှားရမ်းပေးခဲ့တယ်လို့လည်း သိရပါတယ်။ လောလောဆယ်မှာတော့ မင်းသားကို ဓားနဲ့ ထိုးခဲ့တဲ့ အသက် ၅၃ နှစ်အရွယ် တိုက်ခိုက်သူကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပြီး သူ့ရဲ့ ရည်ရွယ်ချက်ကို အခုအထိ မသိရသေးပါဘူး။

တချို့လူတွေရဲ့ အပြောအရ မင်းသား Yam ဟာ တိုက်ခိုက်သူက လက်စားချေဖို့ ရည်ရွယ်ထားတဲ့ အခြားပုဂ္ဂိုလ်တဦးနဲ့ လူမှားပြီး ဓားထိုးခံရတာဖြစ်တယ်လို့လည်း ဆိုပါတယ်။ on.cc မီဒီယာရဲ့အဆိုအရ တိုက်ခိုက်သူဟာ စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်သူဖြစ်ပြီး အရင်တုန်းကလည်း အဲ့ဒီတိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ စီစဉ်ခဲ့ဖူးသူဖြစ်တယ်လို့လည်း သိရပါတယ်။

မင်းသား Yam ဟာ လူကောင်းတယောက် အနေနဲ့ နာမည်ကျော်ကြားသူဖြစ်ပြီး အနုပညာလုပ်ငန်းထဲမှာလည်း ရန်သူ မရှိတဲ့သူ ဖြစ်တာကြောင့် ပရိသတ်တော်တော်များများကို အထိတ်တလန့် ဖြစ်စေခဲ့ပါတယ်။

Ref: straitstimes

You may also like these stories:

သမီးဖြစ်သူကို အနုပညာလောကထဲ မဝင်စေချင်တဲ့ မင်းသားကြီး Simon Yam

အူအတက်ပေါက်တာကို လျစ်လျူရှုခဲ့မိလို့ သေလုမျောပါး ဖြစ်ခဲ့ရတဲ့ မင်းသား Daniel Wu

ရိုက်ကွင်းမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် ခေါင်းမှာ ၅ ချက်ချုပ်လိုက်ရတဲ့ မင်းသား ချောင်ယွန်ဖတ်

ပိုင်ဆိုင်သမျှ ငွေကြေးအားလုံးကို လှူဒါန်းမယ့် မင်းသားကြီး ချောင်ယွန်ဖတ်

The post ဓားထိုးခံခဲ့ရတဲ့ ဟောင်ကောင်မင်းသား Simon Yam ရဲ့ ဒုတိယမြောက် ခွဲစိတ်ကုသမှု အောင်မြင် appeared first on ဧရာဝတီ.

နေတိုးနဲ့ မိုးဟေကို ပါဝင်တဲ့ “ကျွန်တော်ရဲ့သူ” ရုပ်ရှင်ကို ရိုက်ကူးမယ့် ဒါရိုက်တာ နေဟိန်း

$
0
0

သရုပ်ဆောင် နေတိုးနဲ့ မိုးဟေကိုတို့ ၃ နှစ်ကြာမှ ပြန်လည် ဆုံတွေ့ကြတဲ့ ရုပ်ရှင်ဇာတ်ကား “ကျွန်တော်ရဲ့ သူ” ရုပ်ရှင်ကို လူငယ် ဒါရိုက်တာတဦး ဖြစ်တဲ့ ဒါရိုက်တာ နေဟိန်းက ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

အဲဒီရုပ်ရှင်ကားနဲ့ ပတ်သက်ပြီး “အရမ်းကြီး စိုးရိမ်တာမျိုးတော့ မရှိပါဘူး။ ကျနော်က အဓိကက ကြော်ငြာတွေ ရိုက်တယ်။ ကိုနေတိုးတို့ မမိုးဟေကိုတို့နဲ့က ဆုံဖူးတယ်။ ဇာတ်ကားကြီးအနေနဲ့က ဒါပထမဆုံး ဇာတ်ကား။ သူတို့နဲ့က ရင်းနှီးပြီးသားဆိုတော့ အဓိကက ဇာတ်ကိုပဲ သေချာဝိုင်းလုပ်ကြတာ”လို့ ဒါရိုက်တာ နေဟိန်းက ပြောပါတယ်။

အဆိုပါ “ကျွန်တော့်ရဲ့ သူ” ရုပ်ရှင်ဇာတ်ကားကတော့ ဒါရိုက်တာနေဟိန်းရဲ့ ပထမဆုံးရုပ်ရှင်ကားကြီးဖြစ်ပြီး သူကတော့ ကြောငြာတွေ အရိုက်များတဲ့ ဒါရိုက်တာ တဦးလို့ သိရပါတယ်။

“ကျနော်က ကြော်ငြာ စရိုက်တာ ၂၀၁၇ မှစရိုက်တာ။ ဆက်တိုက် ကြော်ငြာတွေပဲ ရိုက်ဖြစ်ခဲ့တာ။ 7th Sense က ကိုဝေမင်းမောင်တို့နဲ့က Short Film တွေ ကြော်ငြာတွေ ရိုက်ဖြစ်တော့ အခုဟာကို ရုပ်ရှင်အဖြစ် ရိုက်ဖြစ်တာပေါ့။ ကျနော်တို့အားလုံး ကြိုက်လို့ ဆုံးဖြတ်လိုက်တဲ့ ဇာတ်လမ်းလေးပါပဲ”

“ကျနော့်ကိုတော့ ဇာတ်လမ်း အရင်ပေးတယ်။ ဇာတ်လမ်းကို သဘောကျတယ်။ အဆင်ပြေတယ်။ ဒရာမာဆိုပေမယ့်လည်း ဒရာမာပဲတော့ မဟုတ်ပါဘူး” လို့ ဒါရိုက်တာ နေဟိန်းက ပြောပါတယ်။

ဒီရုပ်ရှင်နဲ့ ပတ်သက်ပြီး ရုပ်ရှင် မရိုက်တာကြာပြီဖြစ်တဲ့ မိုးဟေကိုနဲ့ လက်တွဲ ရိုက်ကူးရမယ့်အပေါ် ဒါရိုက်တာ နေဟိန်းက “ကျနော်က အစကတည်းက မမိုးရဲ့ပရိသတ်ပေါ့။ မမိုးရဲ့သရုပ်ဆောင်မှုတွေလည်း ကြိုက်တယ်။ ပြီးတော့ ဒီဇာတ်လမ်းနဲ့လည်း အံဝင်ခွင်ကျ ဖြစ်တယ်။ မမိုးနဲ့ ရိုက်ရမှာ ပျော်ပါတယ်”လို့ ပြောပါတယ်။

ပထမဆုံး ရုပ်ရှင်ကားကြီးဖြစ်တဲ့အတွက် ဇာတ်လမ်း၊ ဇာတ်ညွှန်းပိုင်းကို ဦးစားပေးထားပြီး မတူကွဲပြားတဲ့ ခံစားမှုများကိုလည်း ပေးနိုင်မယ်လို့ မျှော်လင့်တယ်လို့ ဒါရိုက်တာ နေဟိန်းက ဆိုပါတယ်။

“ဇာတ်လမ်း၊ ဇာတ်ညွှန်းပိုင်းကိုပဲ ဦးစားပေးပြီး မတူကွဲပြားတဲ့ Mood တွေကိုပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အဓိက သွားချင်တဲ့ ပွိုင့်ကတော့ လူတွေ သံယောဇဉ်တွေ ဖြစ်ကြတယ်။ ချစ်ကြတယ်။ အဲ့လိုမျိုးလူတွေ ကိုယ့်ရှေ့ ကွယ်ပျောက်သွားရင် ဘယ်လိုမျိုး တုန့်ပြန်မလဲ ဆိုတာကို ပြောချင်တာပါ” လို့ ဒါရိုက်တာ နေဟိန်းက ပြောပါတယ်။

“ကျွန်တော့်ရဲ့သူ” ရုပ်ရှင်ဇာတ်ကားကိုတော့ ဇူလိုင်လ ၂၅ ရက်နေ့မှစတင်ကာ ရိုက်ကူးတော့မှာဖြစ်ပြီး ရန်ကုန်က နေရာအချို့နဲ့ လက်ခုပ်ကုန်း၊ ကွမ်းခြံကုန်း စတဲ့ နေရာများမှာ သွားရောက် ရိုက်ကူးမယ်လို့ သိရပါတယ်။

You May Also Like This Story:

နေတိုးနဲ့ မိုးဟေကို ပါဝင်တဲ့ “ကျွန်တော်ရဲ့သူ” ရုပ်ရှင်ကို ရိုက်ကူးမယ့် ဒါရိုက်တာ နေဟိန်း

The post နေတိုးနဲ့ မိုးဟေကို ပါဝင်တဲ့ “ကျွန်တော်ရဲ့သူ” ရုပ်ရှင်ကို ရိုက်ကူးမယ့် ဒါရိုက်တာ နေဟိန်း appeared first on ဧရာဝတီ.

ထိုင်းမှာက မြန်မာနိုင်ငံထက် အနုပညာကြေး ပိုရတယ်လို့ ပြောတဲ့ ပိုင်တံခွန်

$
0
0

မော်ဒယ်၊ သရုပ်ဆောင် ပိုင်တံခွန်ဟာ မြန်မာနိုင်ငံက ပရိသတ်တွေတင်မကဘဲ ထိုင်းနိုင်ငံက ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း ခံနေရပါတယ်။ ဒါ့အပြင် ပိုင်တံခွန်ကတော့ မကြာခင်က ထိုင်းက ပရိသတ်တွေနဲ့လည်း တွေ့ဆုံဖို့ ရှိတယ်လို့ ဆိုပါတယ်။

“ထိုင်းမှာ အောင်မြင်လာတာက ကျနော် ဓာတ်ပုံတွေ တင်တယ်။ နောက် ထိုင်းက နာမည်ကြီး မီဒီယာချန်နယ်တွေကနေတဆင့်၊ ဓာတ်ပုံတွေကနေ တဆင့် သူတို့နိုင်ငံက ကုမ္ပဏီကြီးတွေက ကြော်ငြာ ရိုက်တာတို့၊ Ambassador ခန့်တာတို့၊ သူတို့နိုင်ငံက ပရိသတ်တွေနဲ့ တွေ့ဆုံဖို့တို့ ကမ်းလှမ်းလာတယ်။ အကုန်လုံး လက်ခံချင်တယ်။ ဒါပေမဲ့ သူတို့ နိုင်ငံမှာ သွားလုပ်ရတာ ပျော်ပေမယ့်လည်း အရမ်းကြီးတော့လည်း သွားမလုပ်ချင်ဘူး”

“အပွင့်လင်းဆုံးပြောရရင်တော့ အရမ်းသွားမလုပ်ရဲဘူး။ Fan Meeting ဆိုလည်း တနှစ်မှ တပွဲပဲ လက်ခံပေးမယ်။ သူတို့ နိုင်ငံက ကြော်ငြာတွေအတွက်လည်း သြဂုတ်လလောက်မှာ သွားရမယ်။ ရုပ်ရှင်ကားတွေလည်း သွားရိုက်ဖို့ ရှိတယ်။ အခွင့်အရေးတွေလည်း အများကြီး ရတယ်။ Fan Meeting ကြေးက အမှန်တိုင်းပြောရင် ပရိသတ်တွေအတွက် သင့်တင့်တဲ့ ကြေးပါ။ ကျနော် သတ်မှတ်ထားတာ မဟုတ်ပါဘူး။ ဘန်ကောက် Team က သတ်မှတ်ထားတာပါ”လို့ ပိုင်တံခွန်က ပြောပါတယ်။

ပိုင်တံခွန်ကတော့ ဒီနှစ်ပိုင်းမှာ အလုပ်တွေများလာပြီး အရင်ကထက် ကိုယ်ပိုင်အချိန်တွေ နည်းလာတယ်လို့ဆိုပါတယ်။

“အရင်ကတည်းက မြန်မာနိုင်ငံမှာ အလုပ်များတယ်။ အလုပ်ဆို အကုန်လုံးကို ကြိုးစားပြီး လုပ်ချင်တယ်။ အခု Oversea က အလုပ်တွေပါ ရောက်လာတော့ ပရိသတ်တွေနဲ့အရင်လို Facebook မှာက အစ စကားမပြောဖြစ်တော့ဘူး။ ကိုယ်ပိုင်ချိန်တွေလည်း နည်းလာတယ်။ အနုပညာကြေးက ဒီမှာ ရတာထက် ၁၀ ဆ ရတယ်။ မြန်မာနိုင်ငံက အနုပညာရှင်တွေက ဈေးနည်းနည်းနဲ့ ရတယ်ဆိုတာကို အဖြစ်မခံချင်ဘူး။ ရန်ကုန်မှာ တောင်းတာထက် ၁၀ ဆ၊ ၁၅ ဆလောက် ပိုတောင်းတယ်”

“အရင်ကထက်တော့ ကိုယ့်ကိုယ်ကိုယ် ပိုပြီး တိုးတက်အောင် International တန်းကို ဝင်နိုင်အောင် ကြိုး စားရတယ်။ ကျနော် အင်္ဂလိပ်စာ အရမ်းအားနည်းတဲ့အတွက် ပိုကြိုးစားပြီး လေ့လာတယ်။ အနုပညာရှင်တိုင်းရဲ့ အိပ်မက်က ပရိသတ် အားပေးမှုပါ။ ကျနော့် အိပ်မက်ကလည်း ပရိသတ် ရဖို့။ ကျနော့် အတွက် ၂၀၁၉ က အရမ်းအားရတဲ့ နှစ်လို့ ပြောလို့ ရတယ်”လို့ ပိုင်တံခွန်က ပြောပါတယ်။

ပိုင်တံခွန်ဟာ မော်ဒယ်အလုပ်မှာ အောင်မြင်သလို သရုပ်ဆောင် အလုပ်မှာလည်း ကြိုးစားနေသူ တဦးပါ။ ဂီတမှာလည်း ဝါသနာပါတဲ့ ပိုင်တံခွန်က တကိုယ်တော် Mini Album “ချစ်သူ” ဆိုတဲ့ တေးစီးရီးလည်း ထွက်ရှိထားပါတယ်။ မကြာသေးခင်ကလည်း သင်ဇာဝင့်ကျော်နဲ့အတူ “ခရီးသွားကောက်ကြောင်း” ၊ “သူ ဘယ်သူလဲ” စတဲ့ ရုပ်သံစီးရီးတို့ကို ရိုက်ကူးထားပါတယ်။

You may also like these stories:

“နယ်က ပရိသတ်တွေ ချစ်လို့ နမ်းကြတာကို ကျေးဇူးတင်တယ်”လို့ ပိုင်တံခွန် ပြော 

ကိုယ်ပိုင် Brand တခု ထုတ်ဖို့ အကောင်အထည် ဖော်နေတဲ့ မော်ဒယ် ပိုင်တံခွန်

ပရိသတ် ကောင်မလေးနဲ့ ချစ်သူ ဖြစ်ခဲ့ဖူးတဲ့ မော်ဒယ် ပိုင်တံခွန်

“လူငယ်တွေ ငွေကို ချစ်ပါ၊ စုဆောင်းပါ”လို့ ပြောတဲ့ မော်ဒယ် ပိုင်တံခွန်

The post ထိုင်းမှာက မြန်မာနိုင်ငံထက် အနုပညာကြေး ပိုရတယ်လို့ ပြောတဲ့ ပိုင်တံခွန် appeared first on ဧရာဝတီ.

အနုပညာလောကထဲ ဝင်စမှာ ၁၈ ဒေါ်လာနဲ့ ချွတ်ခြုံကျခဲ့ပေမယ့် လက်မလျှော့ခဲ့တဲ့ Donnie Yen

$
0
0

ဟောင်ကောင်မင်းသား Donnie Yen ဟာ တချိန်တုန်းက ဂျက်ကီချန်းနဲ့ ဂျက်လီတို့ရဲ့ အရိပ်အောက်မှာ နေခဲ့ရဖူးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူပါဝင်ထားတဲ့ “Ip Man 4” ရုပ်ရှင် မဖြန့်ချိခင်မှာတော့ အသက် ၅၅ နှစ်အရွယ် အက်ရှင်ဟီးရိုး Yen ဟာ အနုပညာလောကမှာ မင်းသား ဂျက်ကီချန်းကို ကျော်တက်ပြီး ဟောလိဝုဒ်အထိ ဘယ်လို ပေါက်မြောက်လာခဲ့တယ်ဆိုတဲ့ အကြောင်း ပြောဆိုခဲ့ပါတယ်။

အခုတော့ မင်းသား ဂျက်လီဟာ အနုပညာ လောကထဲကနေ ပျောက်ကွယ်နေတာကြာပြီ ဖြစ်ပါတယ်။ “Ip Man 4” ရုပ်ရှင်ကတော့ မင်းသား Yen အတွက် နောက်ဆုံး သိုင်းဟီးရိုး တယောက်အဖြစ် ပါဝင်လာမှာဖြစ်ပြီး ၂၀၀၈ ခုနှစ်ကနေ စလို့ ဖြန့်ချိခဲ့တဲ့ အဲ့ဒီရုပ်ရှင် အတွဲဟာ အခုဆိုရင် ၃ ကားရှိခဲ့ပြီး ဖြစ်ပါတယ်။

အဲ့ဒီရုပ်ရှင် အတွဲမှာတော့ ဘရုစ်လီကို လေ့ကျင့်ပေးခဲ့တဲ့ အမျိုးသားတဦးရဲ့ ဘဝကို ပုံဖော်ထားပါတယ်။ မင်းသား Yen ဟာ မကြာမီ ရုံတင်မယ့် Disney ရဲ့ Mulan ရုပ်ရှင်မှာလည်း ဇာတ်ကောင် မူလန်ရဲ့ ဆရာအဖြစ် ပါဝင်သရုပ်ဆောင်ဦးမှာ ဖြစ်ပါတယ်။

သူ့ရဲ့ ကြိုးစားမှုတွေနဲ့ အစမ်းသပ်ခံခဲ့ရမှုတွေကြောင့် အတွေ့အကြုံတွေ ရခဲ့ပြီး အခုတော့ သူက “ဘယ်တော့မှာ အရှုံးမပေးနဲ့” လို့ဆိုပြီး ပြန်လည် ကြွေးကြော်နိုင်ပြီ ဖြစ်ပါတယ်။

Taiwan GQ မဂ္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုအတွင်းမှာ သူဟာ ဟောင်ကောင် ရုပ်ရှင်လောကထဲကို စတင် ဝင်ရောက်ချိန် လက်ထဲမှာ ဟောင်ကောင်ဒေါ်လာ ၁၀၀ (စင်ကာပူဒေါ်လာ ၁၈ ဒေါ်လာ) ပဲ ရှိပေမယ့် ဘယ်တော့မှ အလျှော့မပေးခဲ့ဘူးလို့ ပြောဆိုခဲ့ပါတယ်။

ပိုက်ဆံစုဖို့ ရိုက်ကူးရေး လုပ်နေစဉ်အတွင်းမှာ သရုပ်ဆောင်တွေနဲ့ ရိုက်ကူးရေး ဝန်ထမ်းတွေအတွက် လုပ်ပေးထားတဲ့ အစားအစာတွေကို စားခဲ့ရတယ်လို့လည်း ဆိုပါတယ်။ အဲ့ဒီနောက် သူဟာ ပရိသတ် အသိအမှတ်ပြုခံရဖို့ မင်းသား ဂျက်လီနဲ့ ဂျက်ကီခန်းတို့ကို ယှဉ်ပြိုင်ခဲ့ရပါတယ်။

၂၀၀၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Kill Zone – S.P.L.” နဲ့ ၂၀၀၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Flash Point” ရုပ်ရှင်တွေနဲ့ သိုင်းရုပ်ရှင်လောကမှာ ဆရာတဆူအဖြစ် ဖြည်းဖြည်းချင်း နာမည်ရယူနိုင်ခဲ့ပြီး Ip Man ရုပ်ရှင်ထွက်ပေါ်လာခဲ့ချိန်မှာတော့ သူ့ရဲ့ အနုပညာလမ်းကြောင်းဟာ အထွဋ်အထိပ်ကို ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

မင်းသား Yen က “အခုတော့ ကျနော့်ရဲ့ အတိတ်ကို အပြုံးလေးနဲ့ ပြန်ကြည့်နိုင်ပါပြီ”လို့ ဆိုပါတယ်။ ပြီးတော့ အနာဂတ်အတွက်ပဲ အာရုံစိုက်သွားမယ်လို့လည်း ဆိုပါတယ်။

ဟောလိဝုဒ်ရုပ်ရှင်တွေကို ဆက်တိုက် ရိုက်ကူးလာခဲ့လို့ ပရိသတ်တွေက ဟောင်ကောင်ရုပ်ရှင် မရိုက်တော့ဘူးလားဆိုတဲ့ မေးခွန်းကိုတော့ မင်းသားက “ကျနော်က အမြဲတမ်း ဟောင်ကောင်ရုပ်ရှင် ထုတ်လုပ်သူပါ။ ကျနော် ဘယ်တော့မှ ထွက်မသွားပါဘူး။ ဟောင်ကောင်ဟာ ကျနော့်အိမ်ပါ။ ကျနော့်ကလေးတွေ အဲ့ဒီမှာနေပါတယ်။ အခုတော့ ကျနော့်မှာ နည်းနည်း လွှမ်းမိုးနိုင်မှုနဲ့ ဆွဲအားတော့ ရှိလာပါပြီ။ ဟောင်ကောင်မှာ ရုပ်ရှင်တွေကို ပိုဖန်တီးချင်ပါသေးတယ်”လို့ ဆိုပါတယ်။

Ref: straitstimes

You May Also Like this Story:

“Ip Man 4” ရုပ်ရှင်မှာ Donnie Yen နဲ့ Jackie Chan တို့ကို အတူတွဲပြီး မြင်တွေ့ရမည်

The post အနုပညာလောကထဲ ဝင်စမှာ ၁၈ ဒေါ်လာနဲ့ ချွတ်ခြုံကျခဲ့ပေမယ့် လက်မလျှော့ခဲ့တဲ့ Donnie Yen appeared first on ဧရာဝတီ.

သမီးဖြစ်သူ ပန်းရောင်ခြယ်ကို အမြဲ ဆုံးမ အားပေးတယ်လို့ အဆိုတော် ဂရေဟမ် ပြော

$
0
0

အဆိုတော် ဂရေဟမ်က သမီးဖြစ်သူ ပန်းရောင်ခြယ်ကို အောင်မြင်တဲ့ အနုပညာရှင်တယောက် ဖြစ်အောင် ဆုံးမဖြစ်ပုံနဲ့ ဘယ်လို အားပေးဖြစ်လဲဆိုတာ မီဒီယာတွေကို အခုလိုပဲ ပြောပါတယ်။

“သမီးရဲ့အောင်မြင်မှုက အတိုင်းအတာ တခုထိတော့ ရောက်နေပြီး၊ ပရိသတ်တွေရဲ့ ချစ်ခြင်း မေတ္တာတွေကိုလည်း ရနေပြီ။ ဒါပေမဲ့ ဆက်လက်ကြိုးစားဖို့ အများကြီး လိုပါသေးတယ်။ ဒီထက် အောင်မြင်ဖို့အတွက်ဆိုရင် ရိုးသားကြိုးစားဖို့ လိုသေးတယ်။ ကိုယ်နဲ့ သက်ဆိုင်တဲ့ အနုပညာ ဝမ်းစာကို စဉ်ဆက်မပြတ် တစိုက်မတ်မတ် လေ့လာပြီးတော့ အားဖြည့်နေရမယ်။ ဒါမှလည်း ရေရှည်အောင်မြင်မယ်လို့ သူ့ကို အမြဲပြောဖြစ်တယ်၊ ဆုံးမ ဖြစ်တယ်။ လိုအပ်ချက်တွေကိုလည်း ထောက်ပြပါတယ်”လို့ ဂရေဟမ်က ပြောပါတယ်။

ဆက်လက်ပြီး ဂရေဟမ်ကတော့ သူ့ရဲ့ သမီးနှစ်ယောက်လုံးက လိမ္မာပြီး ငယ်ငယ်ကတည်း သူတို့အပေါ် အကောင်းအဆိုး သင်ပြပေးတယ်လို့ ဆိုပါတယ်။

“သမီးနှစ်ယောက်လုံးက လိမ္မာပါတယ်။ သူတို့ကို ငယ်ငယ်ကတည်းက အကောင်းအဆိုး သင်ပြပေးတယ်။ သူတို့အခု အရွယ်ရောက်ပြီဆိုတော့ သူတို့ အသိတရားလေးနဲ့တော့ ထိန်းကျောင်း နေနိုင်ပြီ။ အခုချိန်ထိ မိဘ အုပ်ထိန်းမှုအောက်မှာပဲ ရှိနေသေးတယ်။ သမီးက အဆိုဘက်မှာ ပရိသတ် အားပေးမှုရတော့ ဇာတ်လမ်းလေးတွေရိုက်ဖို့ ကမ်းလှမ်းလာကြတဲ့အခါ သူတို့ကို အဖေတယောက် အနေနဲ့ မေးကြည့်တယ်၊ လုပ်ချင်လားပေါ့၊ သူလည်း သရုပ်ဆောင်ဘက်မှာ ဝါသနာပါတာတွေ့ရတော့ လုပ်ချင်တယ်ဆိုတာနဲ့ လုပ်ခိုင်းလိုက်တယ်။ သေချာလုပ်လို့တော့ ပြောပေးတယ်။ အဆိုဘက်မှာလည်း တဝက်တပျက်ဖြစ်မှာစိုးလို့ နှစ်ခုစလုံး သေချာလေး လုပ်လို့တော့ အားပေးတယ်”လို့ ဂရေဟမ်က ပြောပါတယ်။

ဂရေဟမ်ရဲ့ သမီးအကြီးဖြစ်သူ ပန်းရောင်ခြယ်ကတော့ သီချင်းဆိုတာအပြင် အခုနောက်ပိုင်းမှာ ဇာတ်လမ်း ရိုက်ကူးမှုတွေပါ ရှိလာတယ်လို့ ပြောပါတယ်။

“ပန်းရောင် အခု ဇာတ်လမ်းလေး တခု ရိုက်နေတယ်။ ဒီနှစ်ထဲမှာပဲ ထွက်ဖို့ ရှိတယ်။ နောက်ဇာတ်လမ်းတွေလည်း စကားပြောပြီးတော့ ညှိနှိုင်း ရိုက်ကူးဖို့ ရှိတယ်။ ပန်းရောင် ဒီနှစ်ထဲမှာ ပထမဆုံး တကိုယ်တော်ခွေလည်း ထွက်ဖို့ ရှိပါတယ်။ ငယ်ငယ်ကတော့ ဖေဖေက စည်းကမ်း ထုတ်ထားတာတွေ ရှိတယ်။ အဲ့စည်းကမ်းအတိုင်း လိုက်နာတယ်”

“အခု အသက် ၂၀ ကျော်ပြီဆိုတော့ အဖေနဲ့အမေက ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့် ပေးထားတယ်။ ဒါမလုပ်နဲ့၊ ဒါလုပ် ဆိုပြီး အတင်းအကြပ် ပြောတာတော့ မရှိဘူး၊ ချုပ်ချယ်တာတွေ မရှိဘူး၊ ဘေးနားမှာတော့ မိဘ အမြဲရှိတယ်၊ အမြဲ ကာကွယ်ပေးတယ်။ ဘေးနားမှာ ရှိတော့ တခုခုဆို အရမ်းပူပန်နေစရာ မလိုဘူး။ ဖေဖေနဲ့ မေမေရဲ့ သမီးဖြစ်ရတာ အရမ်း ကံကောင်းပါတယ်”လို့ ပန်းရောင်ခြယ်က ပြောပါတယ်။

ဂရေဟမ်ရဲ့ သမီးဖြစ်သူ ပန်းရောင်ခြယ်ကိုတော့ “Wake Up Daddy” ဆိုတဲ့ တေးစီးရီးကနေတဆင့် ပရိသတ်တွေ သိရှိလာကြပြီး လက်ရှိမှာလည်း သူ့အနေနဲ့ ဂီတဖျော်ဖြေပွဲတွေ သီဆိုဖျော်ဖြေနေသလို သူ့ရဲ့ တကိုယ်တော်အခွေ အသစ်ထွက်ဖို့လည်း အချိန်ယူ ကြိုးစားနေတယ်လို့ သိရပါတယ်။

You may also like these stories:

သရုပ်ဆောင်လုပ်ဖို့ စတင်နေပြီဖြစ်တဲ့ အဆိုတော်ပန်းရောင်ခြယ်

၂၀၁၉ခုနှစ်အတွင်း တကိုယ်တော်အခွေထွက်ဖို့ရှိတဲ့ အဆိုတော်ပန်းရောင်ခြယ်

The post သမီးဖြစ်သူ ပန်းရောင်ခြယ်ကို အမြဲ ဆုံးမ အားပေးတယ်လို့ အဆိုတော် ဂရေဟမ် ပြော appeared first on ဧရာဝတီ.

ပွင့်လင်းလွန်းတဲ့ ဝတ်စုံကြောင့် အပေါစားဆန်တယ်လို့ သတ်မှတ်ခံခဲ့ရတဲ့ အဆိုတော် HyunA

$
0
0

မကြာသေးခင်တုန်းက ဖျော်ဖြေခဲ့တဲ့ ပွဲတပွဲမှာ ကိုရီးယားအဆိုတော် HyunA ဟာ ပွင့်လင်းမြင်သာလွန်းတဲ့ ဝတ်စုံကို ဝတ်ဆင်ခဲ့တာကြောင့် အင်တာနက် သုံးစွဲသူတွေဟာ HyunA ကို အဖမ်းခံသင့်တယ်လို့ ဆိုကြပါတယ်။ HyunA ဟာ ဇူလိုင်လ ၂၁ ရက်နေ့၊ ဆိုးလ်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဂီတပွဲတော်မှာ အခုလိုမျိုး ဝတ်စုံကို ရွေးချယ် ဝတ်ဆင်ခဲ့တာကြောင့် ပရိသတ်တွေ၊ အင်တာနက်သုံးစွဲသူတွေက တော်တော်လေး စိတ်မသက်မသာ ဖြစ်ခဲ့ကြတာပါ။

သူဟာ အဲ့ဒီပွဲမှာ ပန်းရောင် ဘရာစီယာနဲ့ ပေါင်ပြတ် ဘောင်းဘီတိုတို့ကို ဝတ်ဆင်ခဲ့တာကြောင့် အင်တာနက် သုံးစွဲသူ တချို့ကတော့ “အပေါစားဆန်တယ်” ဆိုပြီး ဝေဖန်နေကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် စင်ပေါ်မှာ ဖျော်ဖြေစဉ်မှာလည်း သူ့ရဲ့ ဖျော်ဖြေမှုတွေဟာ ကာမ ရာဂစိတ်ကို လှုံ့ဆော်ပေးခဲ့တယ် ဆိုပြီးတော့လည်း ပြောဆိုနေကြတာ ဖြစ်ပါတယ်။

အင်တာနက် အသုံးပြုသူတဦးက “သူ့ရဲ့ဘောင်းဘီက အရမ်းတိုလွန်းတယ် မဟုတ်လား” လို့ ဝေဖန်ခဲ့ပါတယ်။ အခြားတယောက်ကတော့ အသက် ၂၇ နှစ်အရွယ် HyunA ဟာ အားကစားခန်းမကို မသွားတော့တာကြောင့် ခန္ဓာကိုယ်ပုံစံ သိပ်မကျစ်လစ်တော့ဘူး ဆိုပြီး မှတ်ချက်ပြုထားပါတယ်။

အင်တာနက် သုံးစွဲသူတွေကတော့ အဆိုတော် HyunA ဟာ ပရိသတ်တွေထဲမှာ ရှိနေတဲ့ ကလေးတွေအတွက် ပါးလျပ်လျပ် အဝတ်အစားတွေနဲ့ ဖျော်ဖြေတင်ဆက်မှုတွေက မသင့်လျော်ဘူး ဆိုတာကို ဂရုမစိုက်တဲ့ သူတယောက် ဖြစ်တယ်လို့လည်း ဝေဖန်ထားကြပါတယ်။

ဒါပေမဲ့ တချို့ကတော့ အခုလိုမျိုး ပရိသတ်ရှေ့မှောက် ချပြမှုဟာ ပရိသတ်တွေရှေ့မှာတော့ ကောင်းမွန်ဆဲလို့ ဆိုပါတယ်။ အဆိုတော် Psy ပိုင်ဆိုင်တဲ့ သူ့ရဲ့ အေဂျင်စီ P-Nation ကနေ ပရိသတ်ရဲ့ အာရုံစူးစိုက်မှုကို ဘယ်လို ရယူရမယ်ဆိုတာကို အကြံပြုထားတာ ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

Wonder Girls အဖွဲ့ဝင်တယောက် ဖြစ်ခဲ့ဖူးတဲ့ HyunA ဟာ ခွဲစိတ်ကုသမှုကြောင့် နှုတ်ခမ်း ဖူးရောင်နေခဲ့တာလို့ ကောလာဟလတွေ ထွက်ပေါ်ထားတဲ့သူလည်း ဖြစ်ပါတယ်။ ဂီတနဲ့ သက်ဆိုင်တဲ့ ဖက်ရှင် တင်ဆက်မှုတွေမှာ ကိုရီးယားနိုင်ငံဟာ အာရှဒေသမှာ ရှေ့တန်းရောက်နေတယ်လို့ ဆိုနိုင်ပေမယ့် အလွန ်ပွင့်လင်းမြင်သာလွန်းတဲ့ ဝတ်စုံတွေကို အနုပညာရှင်တွေ၊ အဆိုတော်တွေက ဝတ်ဆင်တဲ့အခါ တုံ့ပြန် ဝေဖန်မှုတွေ ထွက်ပေါ်လေ့ ရှိပါတယ်။

ရိုးရာယဉ်ကျေးမှုအငွေ့အသက်တွေ လွှမ်းမိုးတဲ့ မြန်မာနိုင်ငံမှာလည်း အနုပညာရှင်တွေက ပွင့်လင်း မြင်သာလွန်းတဲ့၊ ကာမ ရာဂစိတ်ကို နှိုးဆွလွန်းတဲ့ ဝတ်စုံတွေကို ဝတ်ဆင်ပြီး ပရိသတ်ရှေ့မှောက ်ထွက်ပြတဲ့အခါမှာတော့ ထောက်ခံမှုတွေရော ဝေဖန်မှုတွေပါ ကြုံတွေ့ရလေ့ ရှိပါတယ်။

Ref: asiaone

You may also like these stories:

Psy ရဲ့ ကုမ္ပဏီနဲ့ လက်မှတ်ထိုးလိုက်တဲ့ HyunA တို့ စုံတွဲ

K-pop အဆိုတော် HyunA နဲ့ ချစ်သူ E’Dawn တို့ကို အေဂျင်စီမှ ထုတ်ပယ်

The post ပွင့်လင်းလွန်းတဲ့ ဝတ်စုံကြောင့် အပေါစားဆန်တယ်လို့ သတ်မှတ်ခံခဲ့ရတဲ့ အဆိုတော် HyunA appeared first on ဧရာဝတီ.


“ကြိမ်နှုန်း” ရုပ်ရှင်မှာ ဇာတ်ဝင်ခန်း ပါဝင်မှု နည်းတဲ့အကြောင်း အိန္ဒြာကျော်ဇင် ဘာပြောလဲ

$
0
0

လတ်တလော ရုံတင်ပြသနေတဲ့ ကြိမ်နှုန်း (Frequency) ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး အိန္ဒြာကျော်ဇင် သရုပ်ဆောင်ထားတဲ့ ဇာတ်ဝင်ခန်း ပါဝင်မှု နည်းပါးတာကြောင့် ပရိသတ်တွေကြားမှာ ဝေဖန်မှုများ ရှိနေပါတယ်။

ဒီဝေဖန်မှုများကတော့ အိန္ဒြာကျော်ဇင်ရဲ့ ပုံနဲ့ ရုပ်ရှင် ပိုစတာမှာ ကြော်ငြာထားတာကြောင့် ဇာတ်ကားထဲမှာ အစအဆုံး ပါဝင်မယ်လို့ ပရိသတ်များက ထင်ကြပြီး အခုလို အထင်အမြင် လွဲခဲ့တာဖြစ်တယ်လို့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။

“Red Carpet ပွဲမှာကတည်းက ပြောခဲ့ပါတယ်။ အခန်းနည်းတယ်။ တကားလုံး အစအဆုံး သရုပ်ဆောင်သွားတာဟာ အသစ်တွေကပဲ သရုပ်ဆောင်သွားတာ။ ကျမရော မခိုင်ကြီးရော ပါဝင်ရတဲ့ အခန်းနည်းတယ်။ ဒါပေမဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းက ပါဝင်ရတယ် ဆိုတာကတော့ အစကတည်းက ပြောခဲ့တယ်။ တချို့ကလည်း အဲဒါကို မသိလိုက်တော့ ပုံကလည်း ကျမပုံနဲ့ပဲ ကြော်ငြာထားတယ်ဆိုတော့ ကျမ အစအဆုံး ပါတယ်ထင်ပြီး အထင်နဲ့အမြင် လွဲသွားတာပါ” လို့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။

အဆိုပါ “ကြိမ်နှုန်း” ရုပ်ရှင်ဇာတ်ကားကိုတော့ ဇာတ်လမ်းအစမှ စတင် မကြည့်ပါက နားလည်နိုင်မှာ မဟုတ်ဘဲ ဇာတ်ကား ရိုက်ကူးကတည်းက ဇာတ်ရဲ့ အလယ်မှ ဖြတ်ကာ ရိုက်ကူးထားတာဖြစ်ပြီး ထပ်မံပြီး Before Frequency ဆိုပြီး ထွက်ရှိလာဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။

“ပြောရမယ်ဆိုရင် အဓိကက သူတို့ဖန်တီးထားတဲ့ ပုံစံကလည်း အလယ်ကနေ ဖြတ်ပြီးတော့ ထုတ်လိုက်တဲ့ သဘောမျိုးပါ။ ဘာလို့လဲဆိုရင် အရှေ့မှာ Before Frequency ဆိုတာ လာဦးမှာကိုး။ No Beginning No Ending ဆိုတာလည်း ပြောထားတယ်။ အစလည်း မရှိသေး၊ အဆုံးလည်း မရှိသေးဆိုတော့ အဲဒီအပေါ်မှာ တချို့ နားမလည်တာလည်း ပါမယ်”

“နောက်ပြီး ဒီဇာတ်ကားရဲ့အရှေ့မှာ ဒီဇာတ်ကြောင်းရဲ့ ဖြစ်စဉ်ကို စာတန်း ထိုးတယ်။ တချို့က အဲဒါကို မမှီလိုက်ဘူး။ အဲ့စာကအဲ့စာကို မဖတ်လိုက်ဘူးဆိုရင် နားမလည်နိုင်ဘူး။ အဲ့တခုတော့ ရှိတယ်” လို့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။

အခုလို ဝေဖန်မှုများ ရှိလာတဲ့အတွက် နောက်ထပ် ရိုက်မယ့် ဇာတ်ကားအပေါ်မှာ ဒါရိုက်တာနဲ့ ပရိုဂျူဆာအပိုင်းမှ ပိုမိုကောင်းမွန်အောင် ဖန်တီးလာနိုင်မယ် ထင်တယ်လို့ ပြောပါတယ်။

“နောက်ရိုက်မယ်ဆိုတဲ့ဟာ အပေါ်မှာလည်း ဘယ်လိုပဲဖြစ်ဖြစ် ကြိုးစားကြမှာပဲ။ အခုလိုမျိုး ပြောတဲ့အပေါ်မှာလည်း ဘယ်လိုလေးတွေ ရှောင်သင့်တယ်။ ဘာလေးတွေ လုပ်သင့်တယ် ဆိုတာကို ဒါရိုက်တာ အပိုင်းကရော ပရိုဂျူဆာ အပိုင်းကရော သိသွားတဲ့အပေါ်မှာ နောက်ထပ် ဖန်တီးမယ့်ဟာက ပိုကောင်းလာနိုင်တယ်လို့ ထင်တယ်” လို့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။

“ကြိမ်နှုန်း (Frequency)” ရုပ်ရှင်ဇာတ်ကားကိုတော့ လူငယ်ဒါရိုက်တာ တဦးဖြစ်တဲ့ ခန့်မာန်ထည်က ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင်များ အနေနဲ့ ထွန်းအိန္ဒြာဗို ၊ အိန္ဒြာကျော်ဇင်တို့နဲ့အတူ သရုပ်ဆောင်အသစ်များ ပါဝင် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

You may also like these stories: 

“ကြိမ်နှုန်း”ရုပ်ရှင် ရိုက်တုန်းက စိတ်ချောက်ချားခဲ့ရတယ်လို့ အိန္ဒြာကျော်ဇင် ပြော

ကာရိုက်တာတခုကို ပီပီပြင်ပြင်ပုံဖော်ဖို့ ခဲယဉ်းတယ်လို့ အိန္ဒြာကျော်ဇင် ပြော

“ဟစ်တိုင်ကို အကယ်ဒမီ မမျှော်လင့်ရဲဘူး၊ ပရိသတ်တွေ ကြိုက်တာနဲ့တင် ကျေနပ်ပြီ”

“ဟစ်တိုင်”ကို ဝတ္ထုဖတ်ချိန်ကတည်းက ရင်ထဲဆို့နင့်နေလို့ နားပြီးမှ ဖတ်ခဲ့ရတဲ့ အိန္ဒြာကျော်ဇင်

The post “ကြိမ်နှုန်း” ရုပ်ရှင်မှာ ဇာတ်ဝင်ခန်း ပါဝင်မှု နည်းတဲ့အကြောင်း အိန္ဒြာကျော်ဇင် ဘာပြောလဲ appeared first on ဧရာဝတီ.

“ဗိုလ်ချုပ်ရုပ်ရုင်ကို ဟာကွက် မရှိအောင် စီစဉ်ရတဲ့အတွက် ကြာနေတာပါ”

$
0
0

ဗိုလ်ချုပ်ရုပ်ရှင်အတွက် ဇာတ်ညွှန်းရေးသားနေတဲ့ သရုပ်ဆောင် ဘုဏ်းသိုက်က ဇာတ်ညွှန်းရေးသားမှု အပိုင်းမှာ အပြည့်အဝ စိတ်နှစ်ထားတယ်လို့ ပြောပါတယ်။

“ဗိုလ်ချုပ်ရုပ်ရှင်အတွက် ဇာတ်ညွှန်းပိုင်းကို လွတ်လွတ်လပ်လပ် ဖန်တီးခိုင်းထားတယ်။ ဗိုလ်ချုပ်ရုပ်ရှင် ကြာနေတဲ့ အပေါ်မှာတော့ ကျနော်လည်း မပြောတတ်ဘူး။ ကျနော်က ဇာတ်ညွှန်း ဖန်တီးဖို့ကို အပြည့်အဝ စိတ်တွေ ဒီကားထဲမှာပဲ နှစ်ထားတယ်။ လုပ်ရမှာတွေက အများကြီးပဲ။ အပြစ်ထောက်ပြစရာတွေ၊ ဝေဖန်စရာတွေ လက်ညှိုး ထိုးစရာတွေ အများကြီး ကြားထဲက မရှိအောင် စီစဉ်ရရတဲ့အခါမှာ ဟာကွက် မရှိအောင် လူပေါင်းစုံနဲ့လုပ်နေရတာ ဆိုတော့လည်း ကြာမှာပဲ။ နိုင်ငံတကာမှာလည်း ဇာတ်ကားတွေလည်း ကြာတာပါပဲ”လို့ ဘုဏ်းသိုက်က ပြောပါတယ်။

ဆက်လက်ပြီး ဘုဏ်းသိုက်က ဗိုလ်ချုပ်ရုပ်ရှင်အပေါ် သူ့အနေနဲ့ ဘယ်လောက်အထိ မျှော်လင့်ထားလဲ ဆိုတာကိုလည်း အခုလိုပဲ ပြောပါတယ်။

“ဒီဇာတ်ကားပေါ် ဘယ်လောက်ထိ မျှော်လင့်ထားလဲဆို ကဗျာဆရာ မောင်ချောနွယ် စကားတခွန်း ရှိတယ်။ အနုပညာကိုသာ သေချာအောင် လုပ်ကြပါတဲ့။ ကျန်တာ သူ့အလိုလို ရထား စိုက်လာပါလိမ့်မယ်တဲ့။ ဒီကားက အနုပညာရော၊ သမိုင်းဆိုင်ရာ အချက်အလက်တွေနဲ့ပေါ့။ အနုပညာ စိတ်ကူးရှိတိုင်း လုပ်လို့မရတဲ့ဟာ ဆိုတော့ တကယ့် အချက်အလက်တွေရော၊ အနုပညာရော အမှားအယွင်း မရှိအောင် လုပ်တာဆိုတော့ တခြားဟာထက် ပင်ပန်းမယ်”လို့ ဘုဏ်းသိုက်က ဆိုပါတယ်။

ဗိုလ်ချုပ်ရုပ်ရှင်အတွက် ဇာတ်ညွှန်းနဲ့ ပတ်သက်ပြီး လေ့လာနေသလို ဇာတ်ညွှန်းအတွက် ရသမျှ အချက်အလက်တွေကိုလည်း စုဆောင်းနေတယ်လို့ ဘုဏ်းသိုက်က ပြောပါတယ်။

“ဗိုလ်ချုပ်ဇာတ်ကားနဲ့ ပတ်သက်ပြီး ဘာတွေ လေ့လာထားလဲဆို ရနိုင်သမျှ အကုန်လုံးရော၊ ဗိုလ်ချုပ်ခေတ်တုန်းက သက်ရှိထင်ရှား ရှိတဲ့ ဘဘတွေရော၊ သမိုင်းပညာရှင် ဆရာကြီးတွေရော၊ စာအုပ ်စာပေတွေရော၊ စာကြည့်တိုက်တွေရော၊ အရင်တုန်းက ခေတ်တွေက ကျန်ခဲ့တဲ့ ရုပ်သံမှတ်တမ်းတွေရော၊ ဗီဒီယိုဖိုင်တွေရော ပတ်သက်သမျှ ရနိုင်သမျှှတွေရော အကုန်စုဆောင်းနေပါတယ်။ နောက်ဗိုလ်မှူး ဆူဇူကီး ဂျပန်လို ရေးထားတာတွေရော ရသမျှ စုဆောင်းနေတယ်”

“ဗိုလ်ချုပ်ရုပ်ရှင်နဲ့ ပတ်သက်တဲ့ အင်တာဗျူးတွေ သိပ်မလုပ်ချင်ဘူး။ များသောအားဖြင့် ပုံမပေါ်သေးတော့ ပရိသတ်တွေကိုလည်း ကိုယ်ချင်းစာတယ်။ ဗိုလ်ချုပ်ရုပ်ရှင်ကို ကြည့်ရတယ်ကို မရှိဘူး။ ဒီလို အင်တာဗျူးတွေကို ပရိသတ်က ကြည့်ချင်တာ မဟုတ်ဘူး။ ဇာတ်ကားကို ကြည့်ချင်တာ။ စက်တင်ဘာလလောက် ဆိုရင်လည်း ရိုက်တော့မှာမို့ ကြည့်ရဖို့ နီးစပ်နေပါပြီ”လို့ ဘုဏ်းသိုက်က ပြောပါတယ်။

သရုပ်ဆောင် ဘုဏ်းသိုက်ကတော့ လက်ရှိမှာ ဗိုလ်ချုပ်ရုပ်ရှင်အတွက် ဇာတ်ညွှန်းအနေနဲ့ တာဝန်ယူထားသလို တွဲဖက် ဒါရိုက်တာအဖြစ်လည်း တာဝန်ယူထားတယ်လို့ သိရပါတယ်။ မကြာသေးခင်က ရုံတင်ခဲ့တဲ့ “လောဘနွံ” ရုပ်ရှင် ဇာတ်ကားမှာလည်း ဘုဏ်းသိုက် ပါဝင်ခဲ့ပါတယ်။ ဘုဏ်းသိုက်မှာ “မြမိုးဂင်္ဂါ” ဆိုတဲ့ ချစ်စရာ သမီးလေး တယောက်လည်း ပိုင်ဆိုင်ထားပါတယ်။

You may also like these stories:

“လူတွေ သိပ်ချစ်တဲ့ ဗိုလ်ချုပ်အကြောင်းကို ရိုက်ရတာ အရမ်းခက်ခဲတယ်”

“ဗိုလ်ချုပ်ရုပ်ရှင်”ကို စက်တင်ဘာလကုန်မှာ စတင်ရိုက်ကူးတော့မယ် လို့ လူမင်းပြော

ဗိုလ်ချုပ်ရုပ်ရှင်အတွက် စိုးရိမ်နေတဲ့ ပရိသတ်တွေကို မစိုးရိမ်ကြဖို့ လူမင်း ပြော

The post “ဗိုလ်ချုပ်ရုပ်ရုင်ကို ဟာကွက် မရှိအောင် စီစဉ်ရတဲ့အတွက် ကြာနေတာပါ” appeared first on ဧရာဝတီ.

သက်ငယ်မုဒိမ်းနဲ့ ပတ်သက်ပြီး သီချင်းတပုဒ် ဖန်တီးနေတဲ့ အဆိုတော် အေသင်ချိုဆွေ

$
0
0

မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပွားနေတဲ့ သက်ငယ်မုဒိမ်းမှုများနဲ့ ပတ်သက်ပြီး အဆိုတော် အေသင်ချိုဆွေကတော့ သက်ငယ်မုဒိမ်း ကျူးလွန်သူများနဲ့ နောက်ထပ် ကျူးလွန်မယ့်သူများကို အဟန့်အတားဖြစ်စေမယ့် သီချင်း တပုဒ် ကိုယ်တိုင် ဖန်တီးသီဆိုဖို့ ရှိတယ်လို့ ပြောပါတယ်။

“ဒီရက်ပိုင်းအတွင်းမှာ သက်ငယ်မုဒိမ်းနဲ့ ပတ်သက်တဲ့ ကိုယ်တိုင်ရေးပြီး၊ ကိုယ်တိုင်ဆိုမယ့် သီချင်းလေး တပုဒ်ကို ပရိသတ်ကို Surprise လုပ်ပြီးတော့ တင်ပေးဖို့ ရှိပါတယ်။ Music Video ပါ ရိုက်မှာပါ” လို့ အေသင်ချိုဆွေက ပြောပါတယ်။

သီချင်းများပြန်လည် ရေးသားဖို့အတွက် စဉ်းစားတဲ့အချိန်မှာ တိုက်ဆိုင်စွာနဲ့ပဲ စိတ်ထိခိုက်ရတဲ့ သက်ငယ်မုဒိမ်း ကိစ္စများက ပေါ်ပေါက်လာတဲ့အတွက် စိတ်ထဲမှာ ပေါ်လာတဲ့ အကြောင်းအရာများကို ချရေးဖြစ်တာလို့ သိရပါတယ်။

“သီချင်းတွေ ပြန်ရေးမယ်လို့ စဉ်းစားထားတာ ကြာပြီ။ အဲ့အချိန်မှာမှ စိတ်ထဲမှာ အရမ်း Deep ဖြစ်ပြီးတော့ သက်ငယ်မုဒိမ်း ကျူးလွန်မယ့်သူကို အဟန့်အတားဖြစ်စေမယ့် သီချင်းတပုဒ် ရေးချင်တဲ့ စိတ်က သူ့အလိုလို ပေါ်လာတယ်။ စိတ်ထဲမှာ ပေါ်လာတာကို ရေးချလိုက်တယ်။ ဒီလထဲမှာ မှီမလား မပြောတတ်ဘူး။ လကလည်း ကုန်တော့မယ် ဆိုတော့ နောက်လထဲ ဖြစ်မယ် ထင်တယ်”လို့ အေသင်ချိုဆွေက ပြောပါတယ်။

သက်ငယ်မုဒိမ်းမှု များစွာရှိတဲ့ထဲကမှ အသက် ၅ နှစ် မပြည့်သေးတဲ့ စကားမပြောတတ်တ ဲ့ကလေးများ ၊ လမ်းလျှောက်တတ်ခါစ ကလေးများကို ပြုကျင့်တာဟာ တော်တော့်ကို ယုတ်မာတဲ့ အပြုအမူဖြစ်တာကြောင့် လုံးဝ လက်မခံနိုင်ဘူးလို့ အေသင်ချိုဆွေက ဆိုပါတယ်။

“သက်ငယ်မုဒိမ်းကိုမှ ၂ နှစ်ခွဲ၊ ၃ နှစ်၊ ၄နှစ်ကြားမှာ သက်ငယ်မုဒိမ်း ဖြစ်တယ်ဆိုတာက ဘယ်လိုမှ ခံစားလို့ မရတဲ့ ကိစ္စ။ ကလေးလူ့ပြည်ရောက်တာ ၂ နှစ်ပဲ ရှိသေးတယ်။ စကားတောင် မပြောတတ်သေးဘူး။ လမ်းတောင် အခုမှ လျှောက်တတ်ခါစ ရှိသေးတယ်။ ဒါက ိုကျူးလွန်တယ်ဆိုတာ တော်တော်ကို စုတ်ပဲ့တယ်။ တော်တော်ကို ယုတ်မာတယ်။ အဲဒါတွေကို လုံးဝ လက်မခံပေးနိုင်ဘူး”လို့ အေသင်ချိုဆွေက ပြောပါတယ်။

အေသင်ချိုဆွေအနေနဲ့ တခြားသော လှုပ်ရှားမှုများမှာ ပါဝင် ဆောင်ရွက်တာမျိုး မရှိခဲ့ပေမယ့် အခုလို သက်ငယ်မုဒိမ်းနဲ့ ပတ်သက်တဲ့ ကိစ္စရပ်များမှာတော့ သူကိုယ်တိုင်ကလည်း သမီးလေး မွေးထားတဲ့ မိခင်တယောက ်အနေနဲ့ တထောင့် တနေရာက ပါဝင်ပေးချင်တဲ့အတွက် ပြုလုပ်ပေးတာဖြစ်တယ်လို့ သိရပါတယ်။

“အရင်တုန်းကဆို အေသင် ဘာလှုပ်ရှားမှုမှာမှ ပါဝင်တာမျိုး မရှိဘူး။ ဒီမှာ ဘာလို့ပါဝင်ရလဲဆိုတော့ ကိုယ်လည်း သမီးလေး မွေးထားတယ်။ ကလေးလေးကို ဒီလိုလုပ်တယ်ဆိုတာ ဘယ်လိုမှ မခံစားနိုင်ဘူး။ ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ အများကြီး မဟုတ်တောင်မှ တထောင့်တနေရာကနေ ပါဝင်ပေးချင်တယ်” လို့ အေသင်ချိုဆွေက ပြောပါတယ်။

အေသင်ချိုဆွေကတော့ Single Mother တယောက်အနေနဲ့ ချစ်စရာကောင်းတဲ့ သမီးလေး Ivy နဲ့အတူ ပျော်ရွှင်စွာ နေထိုင်လျက ်ရှိပြီး သမီးလေးကတော့ အသက် ၂ နှစ်နီးပါး ရှိနေပြီပဲ ဖြစ်ပါတယ်။

You may also like these stories:

“သမီးလေးက ကိုယ့်ထက် ပိုပြီး ဆယ်လီ ဖြစ်နေတယ်”

“ကလေးကိုစွန့်ပစ်ပြီး သတ်လိုက်တဲ့ မိန်းမတွေထက်တော့ ကိုယ်က သာလိမ့်မယ် ထင်ပါတယ်”

ကြုံခဲ့တဲ့အချစ်အကြောင်း သီချင်းတွေ ဆိုဦးမယ့် အေသင်ချိုဆွေ

The post သက်ငယ်မုဒိမ်းနဲ့ ပတ်သက်ပြီး သီချင်းတပုဒ် ဖန်တီးနေတဲ့ အဆိုတော် အေသင်ချိုဆွေ appeared first on ဧရာဝတီ.

သည်းထိတ်ရင်ဖိုရုပ်ရှင်မှာ အတူမြင်တွေ့ရမယ့် Ben Affleck နဲ့ Matt Damon

$
0
0

ဟောလိဝုဒ် အနုပညာလောကမှာ အတွဲညီတယ်လို့ ဆိုနိုင်တဲ့ မင်းသား နှစ်ယောက်ကတော့ ဆယ်စုနှစ် နှစ်ခုလောက် အကြာမှာပဲ ဒုတိယအကြိမ်မြောက် ရုပ်ရှင်ကို ရိုက်ကူးဖို့ပြင််ဆင်နေပြီ ဖြစ်ပါတယ်။

မင်းသား Matt Damon ဟာ သူ့ရဲ့ သူငယ်ချင်း Ben Affleck နဲ့အတူ အလုပ်အတူ တွဲလုပ်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ သူတို့ ၂ယောက်ဟာ ၁၄ ရာစုနှစ်၊ ပြင်သစ်ပြည်မှာ စီးချင်းထိုး အနိုင်လု ကလဲ့စားချေကြမယ့် “The Last Duel” ဆိုတဲ့ ဇာတ်လမ်းမှာ သရုပ်ဆောင်ကြတော့မှာ ဖြစ်ပါတယ်။

ဒါရိုက်တာ Ridley Scott ရိုက်ကူးမယ့် အဲ့ဒီရုပ်ရှင်ဟာ ၁၉၉၉ ခုနှစ်တုန်းက “Dogma” ဆိုတဲ့ ရုပ်ရှင််မှာ အတွဲ ညီခဲ့ကြတဲ့ မင်းသား နှစ်ယောက်အတွက် နောက်ထပ် ပူးတွဲရိုက်ကူးမှု ဖြစ်လာမှာပါ။

၁၉၉၇ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ “Good Will Hunting” ဆိုတဲ့ ရုပ်ရှင်မှာ အကောင်းဆုံး မူရင်းဇာတ်ညွှန်းဆုကို ရရှိခဲ့တဲ့ Damon နဲ့ Affleck တို့ဟာ အခုရုပ်ရှင်အတွက်ဇာတ်ညွှန်းကို Nicole Holofcener နဲ့အတူ ပူးတွဲရေးသားတာ ပြီးစီးခဲ့ပြီလို့လည်း သိရပါတယ်။

အခု ရုပ်ရှင်အသစ်ကတော့ စာရေးဆရာ Eric Jager ရဲ့ စာအုပ်ဖြစ်တဲ့ “The Last Duel: A True Story of Crime, Scandal, and Trial by Combat” ကို အခြေခံထားပြီး ၁၃၈၆ ခုနှစ်တုန်းက ပြင်သစ်နိုင်ငံမှာ ဖြစ်ခဲ့တဲ့ စီးချင်းထိုးပွဲတခုအကြောင်းကို အခြေတည် ရိုက်ကူးမှာ ဖြစ်ပါတယ်။

Norman knight Jean de Carrouges နဲ့ squire Jacques Le Gris တို့ကြားက စီးချင်းထိုးပွဲလည်း ဖြစ်ပါတယ်။ Norman ရဲ့ ဇနီး Marguerite de Carrouges ကို Jacques က မုဒိမ်းကျင့်လိုက်တယ်လို့ စွပ်စွဲရာကနေ စီးချင်းထိုး တိုက်ပွဲတွေ ဖြစ်ပေါ်လာခဲ့တာပါ။

ရုပ်ရှင်ကိုတော့ ဒါရိုက်တာ Scott ရဲ့ Scott Free Productions နဲ့ မင်းသားနှစ်ယောက်ရဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်တဲ့ Pearl Street Films တို့ကနေ ပူးတွဲ ထုတ်လုပ်ကြမှာ ဖြစ်ပါတယ်။ မင်းသားနှစ်ဦးဟာ အဲ့ဒီ ရုပ်ရှင်အတွက် အခုကတည်းကနေ စတင်ကြိုးပမ်းမှုတွေ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့တုန်းကတော့ မင်းသား Damon ဟာ လော့စ်အင်ဂျလိစ်မြို့မှာရှိတဲ့ မင်းသား Affleck ရဲ့ အိမ်ကနေ စာရေးဆရာ Jager ရဲ့ စာအုပ်ကို လက်ထဲမှာကိုင်ပြီး ထွက်သွားခဲ့တာကို မြင်တွေ့ခဲ့ကြရပါတယ်။

Ref: etonline

You may also like these stories:

Matt Damon ကို လက်ထပ်ပြီး နှစ်နိုင်ငံသား ဖြစ်ခွင့်ပေးချင်တယ်လို့ Chris Hemsworth အရွှန်းဖောက်

မင်းသား Ben Affleck သာ အကောင်းဆုံး လင်းနို့လူသားလို့ Zack Snyder ချီးကျူး

လင်းနို့လူသားအဖြစ် သရုပ်ဆောင်တော့မှာ မဟုတ်ကြောင်း မင်းသား Ben Affleck အတည်ပြု

မင်းသား Ben Affleck ရိုက်ကူးမယ့် ဖြစ်ရပ်မှန် မှုခင်းရုပ်ရှင်မှာ မင်းသား Matt Damon ပါဝင်မည်

The post သည်းထိတ်ရင်ဖိုရုပ်ရှင်မှာ အတူမြင်တွေ့ရမယ့် Ben Affleck နဲ့ Matt Damon appeared first on ဧရာဝတီ.

Youtube မှာ ကြည့်ရှုတဲ့ အကြိမ်ရေ သန်း ၄၀၀ ကျော်သွားတဲ့ ဘောလိဝုဒ်သီချင်း “Bole Chudiyaan”

$
0
0

ကမ္ဘာကျော် ဘောလိဝုဒ်သီချင်း “Bole Chudiyaan” (ဘော်လယ် ချူဒီယား) ဟာ Youtube မှာ ကြည့်ရှုကြတဲ့ အကြိမ်ရေ သန်း ၄၀၀ ကျော်သွားခဲ့ပြီလို့ Sony Music India ကုမ္ပဏီက ကြေညာလိုက်ချိန်မှာပဲ အဲ့ဒီသီချင်း ပါဝင်ခဲ့တဲ့ ရုပ်ရှင် “Kabhi Khushi Kabhie Gham” ရဲ့ ဒါရိုက်တာ Karan Johar ဟာ မူးမေ့မတတ် ပျော်ရွှင်ခဲ့ရတယ်လို့ ပြောပါတယ်။

ဒါရိုက်တာကြီး Karan Johar ရဲ့ ကမ္ဘာကျော်ရုပ်ရှင်မှာ ပါဝင်ခဲ့တဲ့ အဲ့ဒီသီချင်းဟာ အိန္ဒိယရိုးရာ အကသီချင်းတပုဒ် ဖြစ်ပါတယ်။ အဲ့ဒီရုပ်ရှင်မှာတော့ မင်းသား ရှာရွတ်ခန်၊ မင်းသားကြီး အမီတာဘဂျမ်း၊ မင်းသား ဟရီသစ် ရိုရှန်၊ မင်းသမီး ကာဂျိုး၊ မင်းသမီး ကရီနာကပူးရ်နှင့် မင်းသမီးကြီး ဂျာယာ ဘဂျမ်းတို့ ပါဝင် သရုပ်ဆောင်ထားကြပါတယ်။

ဒါရိုက်တာ Karan က “ကျနော့်ဘဝအတွက် အမှတ်တရ အများဆုံးသီချင်း ဖြစ်ပါတယ်။ ဂန္တဝင်ပညာရှင်ကြီး ဆရာကြီး ဘဂျမ်းနဲ့ အတူတူ ပထမဆုံး အလုပ်လုပ်ခွင့်ရခဲ့ပြီး ဒီလိုမျိုး ထူးခြားပြောင်မြောက်တဲ့ အရည်အသွေး ထွက်လာပါတယ်။ ရှရွတ်ခန်၊ ရိုရှန်၊ ကာဂျိုး၊ ဂျာယာဘဂျမ်း၊ ကရီနာကပူးရ်နဲ့ ဒီသီချင်းကို ကကွက် ဖန်တီးခဲ့တဲ့ ဖာရာခန်တို့ရဲ့ အစွမ်းအစတွေပါ” လို့ Twitter မှာ ရေးသားခဲ့ပါတယ်။

ဒါရို်က်တာကြီးက အဲ့ဒီသီချင်းကို မျှဝေခဲ့ပြီး ကြည့်ရှုတဲ့ အကြိမ်ရေ သန်း ၄၀၀ ကျော်ခဲ့ပြီဖြစ်တဲ့အကြောင်း ကြေညာခဲ့ပါတယ်။

Kabhi Khushi Kabhie Gham ရုပ်ရှင်ဟာ မင်းသားကြီး အမီတာဘဂျမ်းနဲ့ ဒါရိုက်တာ Karan တို့ ပထမဆုံး အလုပ်အတူ တွဲလုပ်တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်မှာတော့ “Kabhi Alvida Na Kehna” ရုပ်ရှင်မှာ သူတို့ အလုပ်တူတူ ထပ်ပြီး တွဲလုပ်ခဲ့ပါတယ်။

ဒါရိုက်တာ Karan ဟာ “Takht” ဆိုတဲ့ ဒရာမာ ရုပ်ရှင်ကိုလည်း ရိုက်ကူးထားပါသေးတယ်။ အဲ့ဒီရုပ်ရှင်မှာလည်း နာမည်ကျော် သရုပ်ဆောင်တွေ ဖြစ်တဲ့ မင်းသား Ranveer Singh၊ မင်းသမီး Alia Bhatt နဲ့ မင်းသမီး ကရီနာ ကပူးရ်တို့ ပါဝင်ကြပါတယ်။

“တခါတရံ ပျော်ရွှင်မှု၊ တခါတရံ ဝမ်းနည်းမှု”လို့ အမည်ရတဲ့ “Kabhi Khushi Kabhie Gham” ရုပ်ရှင်ကို ၂၀၀၁ ခုနှစ်မှာ ဖြန့်ချိခဲ့တာဖြစ်ပြီး မိသားစု မေတ္တာဘွဲ့ ဒရာမာရုပ်ရှင် ဖြစ်ပါတယ်။

မြန်မာပရိသတ်တွေ ကြားမှာပါ အထူး အောင်မြင်ကျော်ကြားခဲ့တဲ့ အဲ့ဒီရုပ်ရှင်ဟာ ရိုက်ကူး ကုန်ကျစရိတ် ဒေါ်လာ ၅ ဒဿမ ၈ သန်းပဲ ရှိပေမယ့် ၀င်ငွေ ဒေါ်လာ ၂၉ သန်း ရရှိခဲ့ပါတယ်။ အနုပညာပိုင်းအရရော ဝင်ငွေပိုင်းအရပါ အောင်မြင်ခဲ့တဲ့ ရုပ်ရှင် ဖြစ်ပါတယ်။

Ref. www.hindustantimes

You may also like these stories:

မင်္ဂလာသက်တမ်း ၄၆ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့ မင်းသားကြီး အမီတာဘဂျမ်းတို့ ဇနီးမောင်နှံ

မင်းသား ရှရွတ်ခန် ပါဝင်မယ့် အထူးအစီအစဉ်ကို Netflix ကနေ ထုတ်လွှင့်မည်

ပရဟိတလုပ်ငန်းဟာ သိက္ခာရှိရှိနဲ့ တိတ်တဆိတ် လုပ်ဆောင်သင့်တယ်လို့ ယုံကြည်တဲ့ ရှရွတ်ခန်

ရှာရွတ်ခန်းနဲ့စကားပြောဖို့ ကြောက်လန့်ခဲ့ရတယ်ဆိုတဲ့ မင်းသမီး Anushka Sharma

The post Youtube မှာ ကြည့်ရှုတဲ့ အကြိမ်ရေ သန်း ၄၀၀ ကျော်သွားတဲ့ ဘောလိဝုဒ်သီချင်း “Bole Chudiyaan” appeared first on ဧရာဝတီ.

နောက်ဆက်တွဲရုပ်ရှင် ထပ်မံ ထွက်ရှိလာမယ့် “A Quiet Place” ရုပ်ရှင်

$
0
0

၂၀၁၈ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ “A Quiet Place” ရုပ်ရှင်ရဲ ့ နောက်ဆက်တွဲ ရုပ်ရှင် “A Quiet Place 2” ဟာ လာမယ့် ၂၀၂၀ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့မှာ ထွက်ရှိလာမယ်လို့ သိရပါတယ်။

ဒီရုပ်ရှင်ကို ကိုယ်တိုင်ရေးသား ရိုက်ကူးတဲ့အပြင် မင်းသားအဖြစ်ပါ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဒါရိုက်တာ John Krasinski က ပထမရုပ်ရှင် “A Quiet Place” မှာ ပါဝင်ခဲ့တဲ့ မင်းသမီး Emily Blunt နဲ့ ကလေးသရုပ်ဆောင်တွေဖြစ်တဲ့ Millicent Simmonds နဲ့ Noah Jupe တို့ကိုပဲ ဆက်လက် သရုပ်ဆောင်စေမှာ ဖြစ်ပါတယ်။

ဒါရိုက်တာ John Krasinski အတွက်တော့ အခု “A Quiet Place 2” ဟာ သူ ဒါရိုက်တာအဖြစ် ရိုက်ကူးတဲ့ ၃ ကားမြောက် ရုပ်ရှင်ဖြစ်ပြီး သူဟာ ၂၀၁၈ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ “A Quiet Place” နဲ့ ၂၀၁၆ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ “The Hollars” ရုပ်ရှင်တွေကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။

The Big Picture နဲ့ အင်တာဗျူးမှာတော့ “ကျနော် တည်ဆောက်ထားတဲ့ ကမ္ဘာထဲမှာ တွေ့ကြုံနေရတဲ့ အခက်အခဲနဲ့ အခြေအနေတွေကို ပထမ A Quiet Place မှာ ကြည့်ခဲ့ကြပြီး ဖြစ်ပါလိမ့်မယ်။ အခု နောက်ဆက်တွဲ ရုပ်ရှင်မှာတော့ ကမ္ဘာတခုထဲမှာပဲ အခြားသူတွေရော အသက်ရှင် နေထိုင်နေမလား။ အချိန်တိုအတွင်းမှာ ဘယ်လ ိုဆုံးဖြတ်ချက်တွေနဲ့ ရပ်တည်နေနိုင်မလဲ စတဲ့ မေးခွန်းတွေကတော့ ဖြေဆိုဖို့ ချန်ရစ်ခဲ့ပါရစေ”လို့ ဒါရိုက်တာ John Krasinski က ပြောပါတယ်။

“A Quiet Place 2” ရဲ ့ ရိုက်ကူးမှုကို ၂၀၁၉ ခုနှစ်၊ ဇွန်လမှာ စတင်ရိုက်ကူးခဲ့တာဖြစ်ပြီး လက်ရှိ အချိန်ထိတော့ Trailer မထွက်ရှိသေးပါဘူး။ ဒုတိယရုပ်ရှင် “A Quiet Place 2” မှာ John Krasinski ဟာ မင်းသား အနေနဲ့ ပါဝင်တော့မှာ မဟုတ်ဘဲ ဒါရိုက်တာအဖြစ်ပဲ ဆက်လက ်ရှိနေမှာပါ။

ရိုက်ကူးမှုအတွက် လိုအပ်တဲ့ ဇာတ်ကောင်သစ်တွေနေရာမှာ မတ်လအတွင်း မင်းသား Cillian Murphy နဲ့ ဇွန်လ အတွင်း မင်းသား Brian Tyree Henry တို့ကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ မင်းသား နှစ်ယောက်လုံး အနေနဲ့ ဘယ်လို ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ရမယ်ဆိုတာကို အတိအကျ မသိရသေးပေမယ့် “A Quiet Place 2” မှာ ပါဝင်လာမယ် ဆိုတာကတော့ အသေအချာပဲ ဖြစ်ပါတယ်။

ပထမရုပ်ရှင် “A Quiet Place” ကတော့ IMDb Rating (7.6/10) ရရှိခဲ့ပြီး တကမ္ဘာလုံး အတိုင်းအတာနဲ့ ရုံဝင်ငွေ ဒေါ်လာ သန်း ၃ဝဝကျော် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ “A Quiet Place” ရုပ်ရှင်ဟာဆိုရင် မြန်မာနိုင်ငံမှာလည်း သည်းထိတ်ရင်ဖို ကြိုက်တဲ့ ရုပ်ရှင် ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ ရုပ်ရှင်တကားပဲ ဖြစ်ပါတယ်။

Ref. screenrant.com

You may also like these stories:

မြောက်အမေရိက ရုံဝင်ငွေ စာရင်းမှာ ဦးဆောင်နေတဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင် “A Quiet Place”

The post နောက်ဆက်တွဲရုပ်ရှင် ထပ်မံ ထွက်ရှိလာမယ့် “A Quiet Place” ရုပ်ရှင် appeared first on ဧရာဝတီ.

ဘိုင်ကယ်ရေကန်ကို ကယ်တင်ဖို့ မင်းသား လီယိုနာဒိုအား ရုရှားနိုင်ငံသားများ တောင်းဆိုနေကြ

$
0
0

လတ်တလော မင်းသား လီယိုနာဒို ဒီကာပရီယို (Leonardo DiCaprio) ရဲ့ Instagram အကောင့်မှာ ထူးထူးခြားခြား မှတ်ချက်စကားတွေကို မြင်တွေ့ခဲ့ရပါတယ်။ မင်းသားရဲ့ ဆိုရှယ်မီဒီယာ စာမျက်နှာဟာ ရုရှားနိုင်ငံက ဘိုင်ကယ်ရေကန်ကို ကယ်တင်ပေးဖို့ တိုက်တွန်း ပြောကြားချက်တွေနဲ့ ပြည့်နှက်နေတာ တွေ့ရပါတယ်။

ဘိုင်ကယ်ရေကန်ဟာ ရုရှားနိုင်ငံမှာရှိတဲ့ ကြီးမားတဲ့ ရေကန်ကြီး တကန် ဖြစ်ပြီး ကမ္ဘာ့တောရိုင်း တိရစ္ဆာန်ရန်ပုံငွေ အဖွဲ့ရဲ့ အဆိုအရ ညစ်ညမ်းမှုနဲ့ ခိုးဝင် သတ်ဖြတ်မှုတွေ အန္တရာယ်ကနေ ခြိမ်းခြောက်ခံနေရတယ်လို့ ပြောဆိုထားပါတယ်။

မင်းသား လီယိုနာဒိုရဲ့ Instagram အကောင့်မှာတော့ မင်းသားကို ရုရှားဘာသာနဲ့ “Levushka” လို့ ခေါ်ဆိုပြီး အားကိုးတကြီးနဲ့ တိုက်တွန်းမှုတွေဟာဆိုရင် ဖတ်ရတာ စိတ်ဝင်စားဖို့ ကောင်းတာ တွေ့ရပါတယ်။ မင်းသားဟာ ယခင်က ပတ်ဝန်းကျင်ရေးရာ လှုပ်ရှားသူ တဦးအနေနဲ့ ဖြတ်သန်းခဲ့ဖူးတာကြောင့် အခုလိုမျိုး ရာသီဥတုရေးရာနဲ့ ပတ်သက်လို့ အကူအညီ တောင်းခံရတာလည်း ဖြစ်ပါတယ်။

မင်းသားဟာ ၁၉၉၈ ခုနှစ်ကတည်းက “Leonardo DiCaprio Foundation” ကို ထူထောင်ခဲ့ပြီး ရာသီဥတု ပြောင်းလဲမှုဆိုတာ ဒီနေ့ခေတ် လူငယ်တွေ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး ပြဿနာဖြစ်တယ်လို့ ယုံကြည်တဲ့အကြောင်း ၂၀၁၆ ခုနှစ်မှာ ဘီဘီစီသတင်းဌာနကို ပြောကြားခဲ့တယ်။ ဒါ့အပြင် မင်းသားရဲ့ အဖွားဟာ ရုရှားနိုင်ငံသူ ဖြစ်တာကြောင့် အခုလိုမျိုး “အဖွားကို သတိရဖို့” နဲ့ “ဒီအကျပ်အတည်းကို ကြားဝင် ဖြေရှင်းပေးဖို့” တိုက်တွန်းသူတွေက ပြောဆိုလာတာပါ။

ဒါ့အပြင် ဘိုင်ကယ်ရေကန်နားမှာ တည်ရှိတဲ့ Ulan-Ude ဆိုတဲ့ ရုရှား မြို့တမြို့နဲ့ ပတ်သက်တဲ့ သတင်းကို နာမည်ကျော် အကောင့်မှာ တင်ခဲ့ရာကနေ အခုလိုမျိုးမင်းသားဆီ တောင်းဆိုမှုတွေ များပြားလာတာလည်း ဖြစ်ပါတယ်။ အဲ့ဒီပို့စ်မှာတော့ “ဘိုင်ကယ်ရဲ့ ပြဿနာတွေနဲ့ ပတ်သက်လို့ မင်းသား Leonardo DiCaprio ဆီ အားလုံး စာရေးကြပါစို့။ နိုင်ငံသူ နိုင်ငံသားတို့ ဒီလှုပ်ရှားမှုကို ဝန်းရံပေးကြပါ။ ဘိုင်ကယ်ဆိုတာ ကျနော်တို့အတွက် အရာရာပါပဲ” လို့ ရေးသားခဲ့ပါတယ်။

အဲ့ဒီကနေ အစပြုလို့ မင်းသားရဲ့ ဆိုရှယ်မီဒီယာ စာမျက်နှာတွေမှာ ထောင်နဲ့ ချီတဲ့ မှတ်ချက်တွေနဲ့ ပလူပျံခဲ့ပါတယ်။ ပရိသတ်တဦးကတော့ “မကြာခင် တိုက်တန်းနစ်သင်္ဘော ရွက်လွှင့် ခုတ်မောင်းဖို့တောင် နေရာရှိမှာ မဟုတ်တော့ဘူး။ တကယ်လို့ တိုက်တန်းနစ် ရုပ်ရှင်ကိုသာ ဘိုင်ကယ်မှာ ရိုက်မယ်ဆိုရင် ရေနစ်မှာ မဟုတ်ဘူး” လို့ ဟာသသဘောနဲ့ မှတ်ချက်ပေး ပြောဆိုတာတွေလည်း ရှိခဲ့ပါတယ်။

မင်းသားအနေနဲ့ ရုရှားနိုင်ငံရဲ့ ပတ်ဝန်းကျင်ရေးရာ ကမောက်ကမ ဖြစ်ရပ်တွေကို ကြည့်ရှုပေးဖို့ တောင်းဆိုထား ကြပါတယ်။ မင်းသားဘက်ကနေတော့ အခုအထိ ဒီကိစ္စနဲ့ ပတ်သက်လို့ တခုခု တုံ့ပြန် ပြောဆိုတာမျိုး မရှိသေးပါဘူး။ အနောက်တိုင်းမှာတော့ ပတ်ဝန်းကျင်ရေးရာ ကိစ္စတချို့ကို အစိုးရဘက်ကနေ ကိုင်တွယ်ဖြေရှင်းဖို့ နှောင့်နှေးကြန့်ကြာနေတဲ့ အခါမျိုးမှာ အခုလိုမျိုး နာမည်ကျော်ကြားသူတွေ၊ ဦးဆောင်လှုပ်ရှားသူတွေဆီ ဦးတည်ပြီး တိုက်တွန်းချက်တွေ ပြောဆိုကြတာမျိုး ရှိပါတယ်။

Ref.BBC

You may also like these stories:

ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ပရိသတ်တခဲနက်အားပေးတာခံရတဲ့ လီယိုနာဒိုနဲ့ ဘရက်ပစ်တို့ရဲ့ ရုပ်ရှင်

The post ဘိုင်ကယ်ရေကန်ကို ကယ်တင်ဖို့ မင်းသား လီယိုနာဒိုအား ရုရှားနိုင်ငံသားများ တောင်းဆိုနေကြ appeared first on ဧရာဝတီ.


ကိုယ်စား စတန့်သမား ဒဏ်ရာ ရရှိသွားတာကြောင့် မျက်ရည်ကျမတတ် ဝမ်းနည်းခဲ့ရတဲ့ Vin Diesel

$
0
0

မင်းသား Vin Diesel ဟာ ဇူလိုင်လ ၂၂ ရက်နေ့တုန်းက “Fast and Furious 9” ရုပ်ရှင် ရိုက်ကွင်းမှာ သူ့ရဲ့ ကိုယ်စား စတန့်သမား ပြုတ်ကျလို့ ဒဏ်ရာရရှိခဲ့ပြီးနောက် မျက်ရည်ကျမတတ် ဖြစ်ခဲ့ရတယ် ဆိုပါတယ်။

Daily Mail Online သတင်းရဲ့အဆိုအရ စတန့်သမား Joe Watts ဆိုသူဟာ အဲ့ဒီနေ့ နေ့လယ်ပိုင်းတုန်းက အင်္ဂလန်နိုင်ငံ တောင်ပိုင်း၊ Hertfordshire အရပ်၊ Leavesden မြို့မှာရှိတဲ့ Warner Bros စတူဒီယိုမှ ပေ ၃၀ အမြင့်ကနေ ပြုတ်ကျခဲ့လို့ ပြင်းထန်တဲ့ ဦးခေါင်းဒဏ်ရာ ရရှိခဲ့တာကြောင့် ဆေးရုံတင်လိုက်ရတာ ဖြစ်ပါတယ်။

အဆိုပါ ဗြိတိသျှလူမျိုး စတန့်သမားဟာ “Game of Thrones”၊ “Kingsman: The Golden Circle”၊ “Spider-Man: Far From Home” တို့လိုမျိုး စီးရီးနဲ့ ရုပ်ရှင်တွေမှာ အလုပ် လုပ်ကိုင်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ မင်းသား Diesel ဟာ စတန့်သမား Watts ဦးခေါင်းနဲ့ ပြုတ်ကျတာကို မျက်မြင်တွေ့ခဲ့ရပြီး အဲ့ဒီအချိန်ဟာ သူ့နေရာမှာ Watts က ကိုယ်စားဝင်ရောက် သရုပ်ဆောင်နေချိန်လည်း ဖြစ်ပါတယ်။

သတင်းရင်းမြစ်တခုက “စတန့်သမားဟာ အနည်းဆုံး ပေ ၃၀ လောက်ရှိတဲ့ နေရာကနေ ပြုတ်ကျခဲ့ပါတယ်။ အဲ့ဒီနောက် မင်းသား Vin Diesel ကို ရိုက်ကွင်းပေါ်မှာ စက္ကန့်ပိုင်းလောက်တွေ့ခဲ့ရပါတယ်။ သူဟာ ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့ပြီး တကယ့်ကို တုန်လှုပ်သွားခဲ့ပါတယ်။ မျက်ရည်မကျအောင် မျက်လုံးကို ပုတ်ခတ်ပုတ်ခတ်လုပ်ခဲ့ပါတယ်။ ဘာဖြစ်ခဲ့သလဲဆိုတာ သူမြင်တွေ့ခဲ့ရပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

အဲ့ဒီဖြစ်ရပ်ကြောင့် ရိုက်ကူးရေးကို ရုတ်တရက် ရပ်နားလိုက်ရပြီး သရုပ်ဆောင်တွေနဲ့ ရိုက်ကူးရေး ဝန်ထမ်းတွေဟာ ထိတ်လန့် တုန်လှုပ်မှုတွေနဲ့ အိမ်ပြန်ခဲ့ကြတယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။ Warner Bros စတူဒီယိုကတော့ အမျိုးသားတဦးကို ဇူလိုင်လ ၂၂ ရက်နေ့မှာ တော်ဝင်လန်ဒန် ဆေးရုံဆီ ရဟတ်ယာဉ်နဲ့ ပို့ဆောင်ပေးလိုက်တယ်လို့ အတည်ပြုခဲ့ပါတယ်။

အခုလို ပြုတ်ကျမှုဟာ ရိုက်ကွင်းမှာ မွန်းတည့် မတိုင်မီ အချိန် ဖြစ်ခဲ့တာဖြစ်ပြီး Hertfordshire ရဲတပ်ဖွဲ့ကတော့ အဲ့ဒီဖြစ်ရပ်နောက်ပိုင်း မွန်းတည့် မတိုင်မီလေးမှာပဲ အကြောင်းကြားချက်ကို လက်ခံရရှိလို့ ရောက်သွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲ့ဒီရိုက်ကွင်းမှာ အလုပ်လုပ်နေတဲ့ အမျိုးသား တယောက် ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။ လေကြောင်းအရေးပေါ်ယာဉ်လည်း ရောက်လာခဲ့ပြီး ကူညီပေးဖို့နဲ့ ကနဦး မေးမြန်းတာတွေလုပ်ဆောင်ဖို့ ရဲအရာရှိတွေဟာ အခင်းဖြစ်ရာနေရာကို ရောက်လာခဲ့တယ်လို့လည်း သိရပါတယ်။

မင်းသား Diesel ဟာ အရင်တုန်းကလည်း အခုလိုမျိုး ဝမ်းနည်းဖွယ် ဖြစ်ရပ်တွေနဲ့ ကြုံတွေ့ခဲ့ရဖူးသူ ဖြစ်ပါတယ်။ သူ့ကိုယ်စား စတန့်သမား Harry O’Connor ဟာ ၂၀၀၂ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ “xXx” ရုပ်ရှင်အတွက် Prague မြို့က ရိုက်ကွင်းမှာ မင်းသားနေရာမှာ သရုပ်ဆောင်နေတုန်း သေဆုံးခဲ့ရဖူးပါတယ်။

ဒါ့အပြင် “Fast and Furious” ရုပ်ရှင်မှာ တွဲဖက် ပါဝင်တဲ့ မင်းသား Paul Walker ဟာလည်း ၂၀၁၃ ခုနှစ်တုန်းက ရိုက်ကူးရေး အပြန်လမ်းမှာ ကားတိုက်မိပြီး ကွယ်လွန်ခဲ့ရပါတယ်။ “Fast and Furious” ရုပ်ရှင်ဟာဆိုရင် ကမ္ဘာတဝှမ်းမှာ အောင်မြင်ကျော်ကြားခဲ့ပြီး မြန်မာနိုင်ငံက မင်းသား Vin Diesel ရဲ့ ပရိသတ်တွေလည်း အကြိုက်တွေ့ခဲ့ရတဲ့ ရုပ်ရှင်ဇာတ်ကားကောင်း တကား ဖြစ်ပါတယ်။

Ref. aceshowbiz

You may also like these stories:

အနုပညာလောကထဲ ဝင်ရောက်ပြီး နှစ် ၃ဝ ကြာမှ ဘွဲ့ရခဲ့တဲ့ မင်းသား Vin Diesel

“xXx 4” ရုပ်ရှင်မှာ မင်းသား Vin Diesel နဲ့ အတူ ပါဝင်ဖို့ရှိနေတဲ့ ထိုင်ဝမ်အဆိုတော် Jay Chou

The post ကိုယ်စား စတန့်သမား ဒဏ်ရာ ရရှိသွားတာကြောင့် မျက်ရည်ကျမတတ် ဝမ်းနည်းခဲ့ရတဲ့ Vin Diesel appeared first on ဧရာဝတီ.

ဆုံးပါးသွားတဲ့ အစ်ကိုအတွက် ရည်စူးပြီး မွေးနေ့မှာ သီလရှင်ဝတ်မယ့် ရတနာမိုင်

$
0
0

အနုပညာလောကထဲ ဝင်ရောက်ခဲ့တာ အချိန် ၁၃ နှစ်ရှိပြီဖြစ်တဲ့ အဆိုတော် ရတနာမိုင်ကတော့ မကြာခင် ကျရောက်မယ့် သူ့မွေးနေ့မှာ မိဘနှစ်ပါး ရှင်မပြုပေးလိုက်ရဘဲ ဆုံးသွားတဲ့ အစ်ကိုအတွက် ရည်စူးပြီး သီလရှင်ဝတ်ဖို့ရှိတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“အစ်ကိုကြီးတုန်းက ရှင်ပြုခါနီးမှာ ဆုံးသွားတော့ ဖေဖေ၊ မေမေတို့က ရှင်မပြုပေးလိုက်ရဘူး။ အဲဒီအပေါ်မှာ မိုင်လေးက မိဘတွေရဲ့ဆန္ဒကို ဖြည့်ဆည်းပေးတဲ့အနေနဲ့ မိန်းကလေး ဖြစ်နေတဲ့အတွက်ကြောင့် သီလရှင်ပဲ ဝတ်ပေးတာပေါ့နော်။ မွေးနေ့မှာ ဝတ်မယ်။ သြဂုတ်လ ထဲမှာပေါ့။ ၆ ရက်လောက်ပါပဲ” ရတနာမိုင်က ပြောပါတယ်။

ရတနာမိုင်က အစ်ကိုဖြစ်သူနဲ့ အသက် ၁၇ နှစ် ကွာပြီး ရှင်ပြုခါနီးအချိန်မှာ အစ်ကိုက ဆုံးသွားတဲ့အတွက် မိဘတွေ အနေနဲ့ ရှင်မပြုပေးလိုက်ရတာကြောင့် ကျန်ရှိတဲ့ သားသမီး တဦးအနေနဲ့ အခုလိုမျိုး အလှူပြုပေးတာလို့ သူက ဆိုပါတယ်။

“အစ်ကိုနဲ့က အသက် ၁၇ နှစ်လောက် ကွာတယ်။ ဒီလိုဝတ်ရတဲ့အတွက် ကုသိုလ် အရမ်းရမယ်။ အရမ်းလည်း ပီတိ ဖြစ်မိပါတယ်”လို့ ရတနာမိုင်က ပြောပါတယ်။ ရတနာမိုင်က သြဂုတ်လအတွင်း ရွှေပြည်သာကျောင်းမှာ ဝတ်မှာဖြစ်ပြီး သူ့အတွက် ဘဝမှာ ပထမဆုံးသီလရှင်ဝတ်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

“ပထမဆုံး သီလရှင် ဝတ်တာပေါ့နော်။ ငယ်ငယ်လေးကတည်းက ခေါင်းတုံး မတုံးဖူးဘူး။ ဆံပင် အရှည်ပဲထားခဲ့တာ။ ခေါင်းတုံးတုံးရမယ့် ခံစားချက်ဆိုရင်တော့ ဆံပင်တုလေးတွေနဲ့ လှနေတော့မယ်။ အစစ်လေးတွေအတိုင်းပဲ အရမ်းလှတယ်”လို့ ရတနာမိုင်က ပြောပါတယ်။

အဆိုတော် ရတနာမိုင်ကတော့ မကြာခင် ပြုလုပ်မယ့် Aroma Wedding Show မှာလည်း သီချင်းများ သီဆိုပြီး ရှိုးလျှောက်ဖို့ရှိတယ်လို့ သိရပါတယ်။

You may also like these stories:

အမေရိကားက မြို့ ၉ မြို့မှာ ရိုက်ကူးခဲ့တဲ့ စိန်လင်းနဲ့ ရတနာမိုင်တို့ရဲ့ “ရေမြေခြား” သီချင်း

ရတနာမိုင်အကြောင်း ပြောပြလာတဲ့ တေးသံရှင် မိုင်နဲ့ တွေ့ဆုံခြင်း

“သီလရှင်ဝတ်ပြီး လောဘ၊ ဒေါသ၊ မောဟတွေ ကင်းလာတယ်”လို့ ပြောတဲ့ အဆိုတော် ပိုပို 

The post ဆုံးပါးသွားတဲ့ အစ်ကိုအတွက် ရည်စူးပြီး မွေးနေ့မှာ သီလရှင်ဝတ်မယ့် ရတနာမိုင် appeared first on ဧရာဝတီ.

အာသံ ရေဘေး ဒုက္ခသည်များအတွက် မင်းသားကြီး အမီတာဘဂျမ်း ရူပီး ၅၁ သိန်း လှူဒါန်း

$
0
0

ကမ္ဘာကျော် ဘောလိဝုဒ် မင်းသားကြီး အမီတာဘဂျမ်း (Amitabh Bachchan) ဟာ အိန္ဒိယနိုင်ငံ အာသံပြည်နယ် (Assam State) ရေဘေး ကြုံတွေ့ခဲ့ရသူတွေအတွက် ရူပီးငွေ ၅၁ သိန်း လှူဒါန်းခဲ့ပြီး ဒုက္ခသည်တွေကို လက်တွဲကူညီကြဖို့ ပြည်သူတွေကို တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။

မင်းသားကြီးရဲ့ လှူဒါန်းမှုနဲ့ ပတ်သက်လို့ အာသံပြည်နယ် ဝန်ကြီးချုပ်က “ဝန်ကြီးချုပ်ရဲ့ အကူအညီပေးရေး ရန်ပုံငွေဆီကို ရူပီးငွေ ၅၁ သိန်း လှူဒါန်းခဲ့တဲ့အတွက် ရှရီအမီတာဘဂျမ်းကို ကျနော်တို့ ကျေးဇူးတင်ပါတယ်။ ဒါဟာ ပြည်သူတွေကို တကယ် ဂရုစိုက်ကြောင်း ပြသတဲ့ လုပ်ရပ်လည်းဖြစ်ပါတယ်။ ထောက်ပံ့ ကူညီပေးမှုအတွက် အာသံပြည်သူတွေ ကိုယ်စား ကျေးဇူးတင်ပါတယ်” လို့ Twitter မှာ ရေးသားခဲ့ပါတယ်။

အဲ့ဒီ Twitter က ပို့စ်ကို ကိုးကားပြီး မင်းသားကြီး အမီတာကလည်း သူ့ရဲ့ပရိသတ်တွေထံ သူ့လိုမျိုး အကူအညီပေးဖို့ ပြောဆိုခဲ့ပါတယ်။ သူက “အာသံမှာ ရေကြီးမှုကြောင့် ထိခိုက်ပျက်စီးမှုတွေ ဖြစ်လို့ တော်တော်လေး ဒုက္ခရောက်နေပါပြီ။ ညီအစ်ကို မောင်နှမတို့ရေ။ အကူအညီတွေ ဂရုစိုက်မှုတွေကို ပေးပို့ကြပါ။ ဝန်ကြီးချုပ်ရဲ့ အကူအညီပေးရေး ရန်ပုံငွေကို စိတ်အားထက်သန်စွာ ကူညီကြပါ။ ကျနော်ကတော့ ကူညီခဲ့ပါပြီ။ ခင်ဗျားတို့ကရော”လို့ ရေးသားခဲ့ပါတယ်။

ဘောလိဝုဒ် မင်းသားကြီး အမီတာဘဂျမ်း

ပြီးခဲ့တဲ့ သီတင်းပတ်မှာပဲ မင်းသား Akshay Kumar ဟာ ရေဘေးဒုက္ခသည်တွေကို ကူညီဖို့ ရူပီးငွေ ၂ ကုဋေ လှူဒါန်းခဲ့ပါတယ်။ အဲ့ဒီအလှူငွေထဲက  ၁ ကုဋေကို အာသံ ဝန်ကြီးချုပ် အကူအညီပေးရေး ရန်ပုံငွေထဲထည့်ဖို့နဲ့ နောက် ၁ ကုဋေကို Kaziranga အမျိုးသားပန်းခြံ ကယ်ဆယ်ရေးအတွက် လှူဒါန်းခဲ့တာဖြစ်ပါတယ်။

မင်းသားဟာ သူ့လိုမျိုး လှူဒါန်းကြဖို့ ပရိသတ်တွေကို တိုက်တွန်းခဲ့ပါသေးတယ်။ သူက “အာသံမှာ ရေကြီးမှုကြောင့် ပျက်စီးမှုတွေ ရှိခဲ့တာနဲ့ ပတ်သက်လို့ ကြားသိရတာ လုံးဝ စိတ်မကောင်းဖြစ်ရပါတယ်။ ထိခိုက်ခဲ့ရတဲ့ လူသားတွေနဲ့ တိရစ္ဆာန်တွေ အားလုံးအတွက် ကူညီထောက်ပံ့ပေးရမှာ ဖြစ်ပါတယ်”လို့ ရေးသားခဲ့ပါတယ်။

သတင်းရင်းမြစ်တခုရဲ့ အဆိုအရ မင်းသား Akshay ဟာ အမြဲတစေ လှူဒါန်းမှုတွေ လုပ်ဆောင်လေ့ရှိသူ ဖြစ်ပြီး Kerala ရေကြီးမှုနဲ့ Chennai ရေကြီးမှုကြောင့် ဒုက္ခရောက်ခဲ့ရသူတွေအတွက် လှူဒါန်းမှုများ ပြုလုပ်ခဲ့တာမျိုးလည်း ရှိပါတယ်။

အခုလိုမျိုး လှူဒါန်းမှုတွေကို ရှေ့တန်းကနေ လုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး အမီတာကတော့ လက်ရှိမှာ “Gulabo Sitabo” ရုပ်ရှင်ကို ရိုက်ကူးနေပါတယ်။ ဒါ့အပြင် သူဟာ Ranbir Kapoor နဲ့ Alia Bhatt တို့နဲ့ အတူ လာမယ့်နှစ်မှာ ရုံတင်မယ့် “Brahmastra” ရုပ်ရှင်မှာလည်း ပါဝင်ထားပါသေးတယ်။

Ref. hindustantimes

You may also like these stories:

ဘောလီဝုဒ်စတား အမီတာဘဂျမ်း လယ်သမား ၁ထောင်ကျော်၏ ကြွေးမြီများကို ရှင်းပေး

မင်္ဂလာသက်တမ်း ၄၆ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့ မင်းသားကြီး အမီတာဘဂျမ်းတို့ ဇနီးမောင်နှံ

Kerala ရေဘေးဒုက္ခသည်များအတွက် လှူဒါန်းမှုများပြုလုပ်ခဲ့တဲ့ မင်းသားကြီး အမီတာဘဂျမ်း

အမီတာဘဂျမ်းနဲ့ အလုပ်အတူတွဲလုပ်ရတဲ့အခါ စာသားတွေမေ့သွားတဲ့ Aamir Khan

The post အာသံ ရေဘေး ဒုက္ခသည်များအတွက် မင်းသားကြီး အမီတာဘဂျမ်း ရူပီး ၅၁ သိန်း လှူဒါန်း appeared first on ဧရာဝတီ.

“ဂျီဟောသူ” ဇာတ်လမ်းတွဲအတွက် ကာရိုက်တာ လေ့လာမှုတွေ လုပ်နေတဲ့ မေမီကိုကို

$
0
0

“ပျားရည်အိုင်” ဇာတ်လမ်းတွဲမှာ မြိုင်ဇာတ်ရုပ်နဲ့ ပရိသတ်တွေရဲ့ အထူး အားပေးမှုကို ရရှိခဲ့တဲ့ သရုပ်ဆောင် မေမီကိုကိုက မကြာခင်မှာ စာရေးဆရာမ မစန္ဒာရဲ့ “ဂျီဟောသူ” ဝတ္ထုကို ဇာတ်လမ်းတွဲအဖြစ် ပြန်လည် ပုံဖော်ရိုက်ကူးမယ့် ဇာတ်လမ်းမှာ ညိုထွေး ကာရိုက်တာနဲ့ သရုပ်ဆောင်ရဦးမယ်လို့ ဧရာဝတီကို ပြောပါတယ်။

“အခုလက်ရှိမှာ Training လေးတွေ ဆင်းနေတယ်။ ဘော်လီဘော သင်တန်းနဲ့ စက်မှုတက္ကသိုလ်မှာ မြို့ပြမေဂျာတို့ ဘာတို့ သင်ယူနေတယ်။ ပေတံကိုင်နည်းတွေ ကျောင်းသူဘဝကို မေမီတို့ လေ့လာနေတယ်။ အဲဒါကကျတော့ ဆရာမကြီး မစန္ဒာရဲ့ ‘ဂျီဟောသူ’ ဆိုတဲ့ ဇာတ်လမ်းတွဲ ရိုက်ဖို့အတွက်ပါ။ အဲ့ထဲမှာတော့ မေမီက ညိုထွေးဆိုတဲ့ ကာရိုက်တာနဲ့ သရုပ်ဆောင်ဖို့ ရှိပါတယ်”လို့ မေမီကိုကိုက ပြောပါတယ်။

အခုလိုမျိုး နာမည်ကြီးဝတ္ထုကို ပြန်လည် ရိုက်ကူးရမှာဖြစ်တဲ့အတွက် ဖိအား အရမ်းကြီးပြီး ဇာတ်လမ်းတွဲ အတွက် စတင်ပြင်ဆင်နေတဲ့ ပုံများ တင်တဲ့အချိန်မှာတောင် ပရိသတ်တွေက ဝေဖန်နေကြတာကြောင့် မေမီကိုကိုက စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

“ဖိအား အရမ်းကြီးတယ်။ ဒီကားကို ရိုက်ဖို့အတွက် ကျောင်းမှာ သွားလေ့လာနေတဲ့သတင်း တက်လာတဲ့ အချိန် ကောမန့်တွေမှာ ဝေဖန်ထားကြတယ်။ ဇာတ်လမ်းကို ပျက်အောင် မလုပ်ပါနဲ့ ဆိုတာတွေပေါ့။ ဒီကောမန့်တွေ မြင်ရင် ခေါင်းကြိမ်းတယ်။ အရမ်း ဆိုက်ကိုတွေ ဖောက်လာတာပေါ့”

“ငါအဆင်ပြေပါ့မလား ငါလုပ်နိုင်ပါ့မလားပေါ့။ ဒီဟာကလည်း အရမ်းနာမည်ကြီးတဲ့ ဝတ္ထု၊ ပြီးတော့ ဒီဝတ္ထုအပြင် ဆရာမ မစန္ဒာရဲ့ ဝတ္ထုအရောလေးတွေ ပြန်ထည့်ဖို့ ရှိတယ်လို့ ကြားတယ်။ ဇာတ်လမ်းတွဲဖြစ်တဲ့အတွက် ပြန်ထည့်မယ်လို့ ကြားပါတယ်”လို့ မေမီကိုကိုက ပြောပါတယ်။

တချို့သော ဝေဖန်သူများအနေနဲ့ အဲဒီ ဝတ္ထုမှာ ပါဝင်သရုပ်ဆောင်မယ့် သရုပ်ဆောင်များကို ဘယ်သူမှန်း မသိသေးဘဲ ဝေဖန်နေကြတာဖြစ်ပြီး ယခင်ကလည်း ရိုက်ကူးခဲ့တာ ရှိတဲ့အတွက် ပြန်လည် ရှာဖွေကာ ကြည့်ကာကြိုးစားသွားမယ်လို့ မေမီကိုကိုက ဆိုပါတယ်။

“တချို့တွေကျတော့ သရုပ်ဆောင်တွေက ဘယ်သူမှန်း မသိသေးဘူးပေါ့။ ဘယ်သူတွေ သရုပ်ဆောင်မှာလဲ ကောင်းကောင်း လုပ်ပါပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အရှေ့မှာဆိုရင်လည်း ကိုမင်းဦးတို့ ရိုက်ခဲ့တယ်။ အရမ်း ကောင်းခဲ့တယ်ပေါ့နော်။ ကြည့်တော့ မကြည့်ဖူးဘူး။ လိုက်တော့ ရှာကြည့်တယ်။ ဘယ်လိုလေးတွေ ရှိမလဲဆိုတာကို တွေ့တော့ မတွေ့သေးဘူး။ အဲဒါကြောင့် တာဝန်ကြီးတယ်။ အကောင်းဆုံးတော့ ကြိုးစားသွားမှာပါ”လို့ မေမီကိုကိုက ပြောပါတယ်။

မေမီကိုကိုကတော့ အရှေ့မှာလည်း စာရေးဆရာမကြီး ခင်နှင်းယုရဲ့ ဝတ္ထုကို ပုံဖော်ရိုက်ကူးခဲ့တဲ့ “ပျားရည်အိုင်” ဇာတ်လမ်းတွဲမှာလည်း “မြိုင်” အဖြစ် သရုပ်ဆောင်ခွင့်ရခဲ့ပြီး ယခုအခါမှာလည်း နောက်ထပ် နာမည်ကြီး ဝတ္ထုမှာ ပါဝင်ရတဲ့အပေါ် သူ့ရဲ့ခံစားချက်ကို အခုလိုပဲ ပြောပြခဲ့ပါတယ်။

“ကံကောင်းတာပေါ့။ မေမီတို့ အနုပညာသမားတွေက ဘယ်ကာရိုက်တာကို အကောင်းဆုံး လုပ်မလဲဆိုပြီး စဉ်းစားနေတဲ့အချိန်မှာ ကိုယ့်အတွက် နာမည်ကြီး ဝတ္ထုဆိုတော့ တာဝန်လည်းကြီးသလို ပိုပြီးလည်း ပျော်ရွှင် ရတယ်။ ဝတ္ထုမှာ ပေါက်ပြီးသားလေ။ လုပ်နိုင်ရင် လုပ်နိုင်သလောက် ပရိသတ်က အသိအမှတ် ပြုရင် သာမန်ထက်ပိုပြီးတော့ ပရိသတ် အသိအမှတ် ပြုတာပေါ့”လို့ မေမီကိုကိုက ပြောပါတယ်။

မေမီကိုကိုရဲ့ ဇာတ်လမ်းတွဲများကို စောင့်မျှော်နေတဲ့ ပရိသတ်တွေအတွက် မကြာခင်မှာလည်း “တတိယမြောက်ဆုံမှတ်” ဆိုတဲ့ ဇာတ်လမ်းတွဲ ပြသတော့မှာဖြစ်ပြီး နောက်ထပ်အနေနဲ့ “လိပ်ပြာနှောင်ကြိုး” ဇာတ်လမ်းတွဲလည်း ပြသသွားမယ်လို့ သိရပါတယ်။

You may also like these stories:

Star Awards က ရတဲ့ ဆုကို အလှူလုပ်ဖြစ်တဲ့ အကြောင်း ပြောပြတဲ့ မေမီကိုကို

“မေမီကိုကိုက မိဘစကား နားထောင်ပြီး လိမ္မာတဲ့ သမီးတယောက်ပါ”လို့ မိဘနှစ်ပါး ပြော

“ပျားရည်အိုင်”တဖွဲ့လုံး ကိုယ်စား ဆုရလိုက်တယ်လို့ သတ်မှတ်ထားတဲ့ မေမီကိုကို

ဇာတ်လမ်းတွဲများစွာ ရိုက်ကူးဖို့ရှိနေတဲ့ သရုပ်ဆောင် မေမီကိုကို

The post “ဂျီဟောသူ” ဇာတ်လမ်းတွဲအတွက် ကာရိုက်တာ လေ့လာမှုတွေ လုပ်နေတဲ့ မေမီကိုကို appeared first on ဧရာဝတီ.

ဇာတ်ပို့၊ ဇာတ်ရံတွေ ရတဲ့ငွေက နည်းပါးတာကြောင့် ငွေစုဖို့ မလွယ်ကြောင်း ခင်လှိုင် ပြော

$
0
0

မြန်မာရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားပေါင်းများစွာမှာ ပါဝင် သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင် ခင်လှိုင်ကတော့ ဇာတ်ပို့၊ ဇာတ်ရံတွေ ရတဲ့ငွေက နည်းပါးတာကြောင့် ငွေစုမိဖို့ မလွယ်ကူကြောင်း ပြောပါတယ်။

“ကျနော်တို့ ဇာတ်ပို့၊ ဇာတ်ရံတွေ ရတဲ့ငွေက နည်းတယ်။ သရုပ်ဆောင်ကြေး ၁၀ သိန်း ရတဲ့သူ တယောက်ဆိုပါတော့ ၁၀ သိန်း တခါတည်းရတယ်ဆိုရင်တော့ သူစုမိကောင်း စုမိမှာပေါ့။ စရံက ၃ သိန်း ထုတ်လိုက်၊ စားလိုက်၊ သောက်လိုက်၊ ဇာတ်ကားအတွက် အဝတ်အစားလေး ဝယ်လိုက်၊ ၁၀ သိန်းမှာ ၃ သိန်း လောက်သုံးပြီး ၇ သိန်း ကျန်သေးတာပဲဆိုပြီး စိတ်ကူးနဲ့ သုံးတာပေါ့”

“နယ်ရောက်တော့လည်း ၁ သိန်း လောက်ပေးပါဦးဆိုပြီး စားသောက်နဲ့ ကားရှိတဲ့သူဆို ကားဆီ ထည့်ရတာနဲ့။ ပြန်ပြီဆိုရင် ၂ သိန်းလောက်ပဲ ကျန်တော့တယ်။ ၂ သိန်း ကျန်တာကို နောက်တကား မရိုက်ခင်အထိ သုံးနေကြတယ်။ နောက်ကားလည်း ဒီလိုပဲ လုပ်နေတော့။ ဒီလိုနဲ့ သံသရာလည် ဇာတ်ပို့၊ ဇာတ်ရံတွေက စုမိဖို့ မလွယ်ပါဘူး။ ကျနော်တို့တွေတောင် စုမိဖို့ မလွယ်တာ၊ သူတို့ဆို ပိုဆိုးတာပေါ့။ အိမ်က မိသားစုက ထိန်းထိန်းသိမ်းသိမ်းဆို တော်သေးတယ်။ အသုံးနဲ့ အဖြုန်းကို ခွဲခွဲခြားခြား မလုပ်မိလို့ မစုမိတာလည်း ဖြစ်နိုင်တယ်”လို့ ခင်လှိုင်က ပြောပါတယ်။

ဗီဒီယိုခေတ် ပျက်သွားတာကြောင့် ဇာတ်ပို့၊ ဇာတ်ရံတွေ သနားဖို့ကောင်းကြောင်းလည်း ခင်လှိုင်က ဆက်လက် ပြောပါတယ်။

“ပုံမှန်အားဖြင့် တလမှာ ဘယ်နှစ်ကားဆိုပြီး စာချုပ်ချုပ်ထားတာလဲ မရှိတဲ့အခါ အလုပ်က ပုံမှန် ဖြတ်သန်းလို့ မရတဲ့အခါ  ဇာတ်ပို့ ဇာတ်ရံတွေ ဖြတ်သန်းရတာ သနားဖို့ ကောင်းတယ်။ အရင်တုန်းက ရုပ်ရှင်ကားကြီး မပါတဲ့သူက ဗီဒီယိုလေးတွေ ရိုက်ရတယ်။ အခုက ဗီဒီယို လုံးလုံး မရိုက်ရတော့ ရုပ်ရှင်ကားကြီးမှာကျတော့ ထုတ်လုပ်သူတွေက အငယ်တွေကို ဇာတ်ရံလောက်ပဲ သဘောထားတယ်”

“တန်းတခု ရှိတော့မှ ထဲထဲဝင်ဝင် ပါရတာပေါ့။ ကျနော်တို့ကတော့ အငယ်လေးတွေကို ဖြစ်စေချင်တယ်။ ကျနော် ကိုယ်တိုင်လည်း ၁ လကို ၂ ကား၊ ၃ ကား ရိုက်နေရတာ။ အခု ကျနော်တောင် ၁ လ ၁ ကား ခပ်ပါးပါးပဲ”လို့ ခင်လှိုင်က ပြောပါတယ်။

သရုပ်ဆောင် ခင်လှိုင်ရဲ့ အနုပညာသက်တမ်း ၂၅ နှစ် ကျော်လာပါပြီ။ သူ့ကိုတော့ ဟာသသရုပ်ဆောင် အနေနဲ့ ဗီဒီယို ဇာတ်ကားတွေကနေ တဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့ကြပြီး အခုလက်ရှိ အချိန်အထိ ပရိသတ် ခိုင်ခိုင်မာမာနဲ့ ရပ်တည်နေပါတယ်။

You may also like these stories:

“ငယ်ငယ်တုန်းက ဆင်းရဲခဲ့တော့ သားသမီးတွေ လူတန်းစေ့ နေနိုင်အောင် ကြိုးစားခဲ့ရတယ်”

“ဥပဒေနဲ့ ပြင်းပြင်းထန်ထန် အရေးယူရင် ပြစ်မှုကျူးလွန်သူတွေ လျော့သွားမှာပါ”လို့ ခင်လှိုင် ပြော

“အစ်ကို နှစ်ယောက်ကို ကြည့်ပြီး အချစ်ရေး မစဉ်းစားသေးဘူး”လို့ ပြောတဲ့ သဇင်ထူးမြင့်

“ဇဝန” ဖောင်ဒေးရှင်းကနေ လစဉ် လှူဒါန်းမှုတွေ ပြုလုပ်ပေးနေတဲ့ သရုပ်ဆောင် ခင်လှိုင်

The post ဇာတ်ပို့၊ ဇာတ်ရံတွေ ရတဲ့ငွေက နည်းပါးတာကြောင့် ငွေစုဖို့ မလွယ်ကြောင်း ခင်လှိုင် ပြော appeared first on ဧရာဝတီ.

Viewing all 7258 articles
Browse latest View live