Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all 7258 articles
Browse latest View live

“ပရိသတ်နဲ့ တထပ်တည်းကျဖို့ သရုပ်ဆောင်တိုင်း ကြိုးစားနေကြတယ်”လို့ နေတိုး ပြော

$
0
0

ရုပ်ရှင်ဇာတ်ကားများစွာကို ဆက်တိုက် ရိုက်ကူးလျက်ရှိပြီး အနုပညာနဲ့ ပတ်သက်တဲ့ အလုပ်တော်တော်များများကို အကျွမ်းတဝင်ရှိတဲ့ သရုပ်ဆောင် နေတိုးကတော့ ပရိသတ်နဲ့ တထပ်တည်းကျဖို့ သရုပ်ဆောင်တိုင်း ကြိုးစားကြတယ်လို့ ပြောပါတယ်။

“အားသာချက်ကတော့ တယောက်နဲ့ တယောက် မတူဘူးပေါ့။ အားသာချက်လေးတွေကို ကိုယ်ကိုယ်တိုင်သိမြင်ပြီးတော့ ဇာတ်လမ်း ရွေးချယ်တဲ့ အပိုင်းမှာရော၊ သရုပ်ဆောင်တဲ့ အပိုင်းမှာရော အားစိုက်တယ် ဆိုရင်တော့ ပိုပြီးတော့ ထိရောက်မှု ရှိတာပေါ့။ ပရိသတ်နဲ့ တထပ်တည်းကျဖို့ကတော့ သရုပ်ဆောင်တိုင်းလိုလို ကြိုးစားနေကြတာဆိုတော့ ကိုယ့်ရဲ့အားသာချက် ရှိရင် ထုတ်ပြီးတော့ အားနည်းချက်တွေလည်း လေ့လာဆည်းပူးပြီးတော့ သွားကြရမှာပေါ့”လို့ နေတိုးက ပြောပါတယ်။

နေတိုးဟာ မကြာခင်မှာလည်း သရုပ်ဆောင် မိုးဟေကိုနဲ့အတူ “ကျွန်တော့်ရဲ့သူ” ဆိုတဲ့ ရုပ်ရှင်ကားကြီးကို ရိုက်ကူးတော့မှာဖြစ်ပြီး အဲဒီဇာတ်ကားမှာတော့ ထူးခြားတဲ့ သရုပ်ဆောင်မှုပုံစံကို တွေ့ရမယ်လို့ ဆိုပါတယ်။

“ရိုမန့်စ်နဲ့ ဒရာမာနဲ့ ရောထားတာပေါ့။ တင်ပြမှုပုံစံလေးကို ဆန်းသစ်ထားတယ်။ ကာရိုက်တာကတော့ အလှကုန်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ လုပ်ငန်းကို အောင်မြင်အောင် ကြိုးစားနေတဲ့ လူတယောက်၊ နောက်ဆုံးမှာ ဈေးကွက်မှာ အောင်မြင်သွားတဲ့ လူတယောက်ပါ။ ဒါပေမယ့် ဒီကာရိုက်တာကို အားမယူထားပါဘူး။ ဇာတ်လမ်းပုံစံနဲ့ တင်ပြမှုပုံစံနဲ့ ထူးခြားတဲ့ သရုပ်ဆောင်မှု ပုံစံကိုတော့ ဒီကားမှာ တွေ့ရမှာပေါ့”လို့ နေတိုးက ပြောပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ရုပ်ကတော့ မိုးဟေကိုနဲ့ လိုက်ဖက်မှုရှိပြီး တယောက်နဲ့ တယောက်လည်း တိုင်ပင် ဆွေးနွေးပြီး သရုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

“ဇာတ်ကောင်နဲ့တော့ တော်တော်လေး လိုက်ဖက်မှု ရှိတယ်လို့ သုံးသပ်မိပါတယ်။ ကြိုးစားမယ်လို့လည်း ယုံကြည်ပါတယ်။ ကျနော်တို့လည်း အမြဲတမ်း ကြိုးစားပြီးတော့ပဲ သွားနေကြတယ်။ နောက်ပြီးတော့ ထပ်ခါထပ်ခါ ကာရိုက်တာတွေကို မထပ်အောင် ကြိုးစားနေရတဲ့ သရုပ်ဆောင်တွေ ဖြစ်တဲ့အခါကျတော့ ဇာတ်ကောင် ထူးခြားမှုကိုလည်း အရမ်း အလေးထားပါတယ်”

“ဇာတ်ကောင် ထူးခြားမှုနဲ့ သရုပ်ဆောင်မှုကိုလည်း အမြဲလေ့လာပြီးတော့ လုပ်နေတော့ ဒီကားကိုလည်း တယောက်နဲ့ တယောက် တိုင်ပင်ဆွေးနွေးပြီးတော့ လုပ်ကြရမှာပါ”လို့ နေတိုးက ပြောပါတယ်။

ဒါ့အပြင် အဆိုပါ “ကျွန်တော့်ရဲ့သူ” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာ အသစ်တယောက်ဖြစ်တဲ့ လူငယ် ဒါရိုက်တာ နေဟိန်းက ရိုက်ကူးမှာဖြစ်ပြီး နေတိုးနဲ့ ကြော်ငြာများစွာ လက်တွဲပြီး ရိုက်ကူးခဲ့ကြတဲ့ ဒါရိုက်တာလို့ သိရပါတယ်။

“ဒါရိုက်တာ နေဟိန်းကတော့ သူ့ရဲ့ပထမဆုံး ဆိုပေမယ့် အလုပ်လုပ်လာတာ ကြာပါပြီ။ သူ တွဲဖက်ဒါရိုက်တာအနေနဲ့လည်း တွဲလုပ်တယ်။ ကျနော်တို့နဲ့လည်း ခင်မင်ရင်းနှီးမှု ရှိတဲ့အခါကျတော့ သူ့ရဲ့အရည်အချင်းကိုလည်း မြင်နေရတဲ့အခါကျတော့ ပရိသတ်လည်း ဒီကားလေးကို ကြည့်ပြီးတဲ့အခါမှာ ကျေနပ်မှု ရမယ်လို့လည်း ယုံကြည်ပါတယ်။ အဲ့ယုံကြည်မှုနဲ့အတူ ဒီကားလေးကိုရိုက်ဖို့အတွက် ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်”လို့ နေတိုးက ပြောပါတယ်။

You may also like these stories:

၃ နှစ်အကြာမှ နေတိုးနဲ့ ရုပ်ရှင်အတူ ပြန်တွဲရိုက်ဖြစ်တဲ့ မိုးဟေကို

သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး ပညာပေးရုပ်ရှင်တွေ ရိုက်ကူးထားတဲ့ နေတိုး

မေတိုးခိုင်ကို ဇာတ်ကားနဲ့ လိုက်ဖက်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးလို့ မြင်တဲ့ နေတိုး

မွေးရပ်မြေ မာန်အောင်မှာ ရုပ်ရှင်ရုံဆောက်ဖို့ ကြိုးစားနေတဲ့ သရုပ်ဆောင် နေတိုး

The post “ပရိသတ်နဲ့ တထပ်တည်းကျဖို့ သရုပ်ဆောင်တိုင်း ကြိုးစားနေကြတယ်”လို့ နေတိုး ပြော appeared first on ဧရာဝတီ.


ဇာတ်ကား ရိုက်တဲ့အခါ ကာရိုက်တာကို သေချာ ရွေးချယ်ပြီးမှ ရိုက်တဲ့ ထက်ထက်ထွန်း

$
0
0

အလှမယ် တဦးဖြစ်သလို သရုပ်ဆောင်အဖြစ်လည်း လုပ်ကိုင်နေတဲ့ အလှမယ် ထက်ထက်ထွန်းကတော့ ဇာတ်ကားတွေ ရိုက်ကူးတဲ့အခါ ကာရိုက်တာကို သေချာ ရွေးချယ်ပြီး ရိုက်ကူးတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“တနေရာတည်းကို ကာရိုက်တာ ပုံသေ ရိုက်လိုက်ပြီဆိုရင် သရုပ်ဆောင် အများစုက နောက်ပိုင်း ဇာတ်ကားတွေလည်း ပုံသေ ကာရိုက်တာ တခုကိုပဲ လုပ်ရတာမျိုး ဖြစ်သွားတာတွေကြောင့် ထက် ကာရိုက်တာကိုတော့ သေချာရွေးပြီးတော့ ရိုက်ပါတယ်”

“လူတိုင်းကတော့ မင်းသမီး ဖြစ်ချင်ကြတာပဲ။ ဇာတ်ပို့၊ ဇာတ်ရံ လုပ်ချင်တဲ့သူက ရှားတယ်။ ဒါပေမဲ့ ကိုယ့်ကာရိုက်တာနဲ့ လိုက်ဖက်ပြီး အခြေအနေအရသာ ဇာတ်ပို့၊ ဇာတ်ရံ ဆိုပြီးတော့ ကြိုးစားပြီး လုပ်ကြတာတွေလည်း ရှိတယ်။ တချို့ကျတော့လည်း သရုပ်ဆောင်ကောင်း တယောက် ဖြစ်ချင်တာကြောင့် ကာရိုက်တာကို မရွေးဘဲ ကျရာနေရာကနေ သရုပ်ဆောင်တာမျိုးလည်း ရှိပါတယ်”လို့ ထက်ထက်ထွန်းက ပြောပါတယ်။

ဆက်လက်ပြီး ထက်ထက်ထွန်းကတော့ အနုပညာရှင်တွေဟာ တဦးနဲ့ တဦး ကံ၊ ဉာဏ်၊ လုံ့လ၊ ဝီရိယ မတူကြဘဲ သူ့အနေနဲ့ကတော့ မင်းသမီး ဖြစ်ချင်တာလို့ ဆိုပါတယ်။

“တယောက်နဲ့ တယောက်ကတော့ အမြင် မတူဘူး။ ကံ၊ ဉာဏ်၊ လုံ့လ ဝီရိယ မတူကြပါဘူး။ ထက်ကတော့ မင်းသမီး ဖြစ်ချင်တာပါ။ အစပိုင်းတုန်းကတော့ ကိုယ်ဘာလုပ်နိုင်လဲ ဆိုတာကို သိအောင်လို့ မိတ်ရအောင်လို့ အဆင်ပြေအောင် ရိုက်ပေးတာမျိုး ရှိတယ်။ ဧည့်သည်သရုပ်ဆောင်အဖြစ် ရိုက်ထားတာမျိုးတွေ လည်း ရှိပါတယ်။ နောက်ပိုင်းမှာတော့ ကိုယ် လုပ်ကွက်ရတဲ့ ဇာတ်ကားမျိုးကိုပဲ သေချာစောင့်ပြီးတော့ ရွေးချယ်သွားမှာပါ”လို့ ထက်ထက်ထွန်းက ပြောပါတယ်။

ထက်ထက်ထွန်းက လတ်တလော အနုပညာ လှုပ်ရှားမှုအနေနဲ့ MRTV-4 ရုပ်သံလိုင်းကနေ ထုတ်လွှင့်မယ့် “အကြင်နာ မြစ်ဖျား” ဇာတ်လမ်းတွဲကို အပြီးသတ် ရိုက်ပြီးရင် သရုပ်ဆောင် မြင့်မြတ်နဲ့ အောင်ပန်းမှာ ရုပ်ရှင်သွားရိုက်ဖို့ ရှိတယ်လို့ ပြောပါတယ်။

“လက်ရှိကတော့ ထက် “အကြင်နာမြစ်ဖျား” ဇာတ်လမ်းတွဲလေးကို အပြီးသတ် ရိုက်ကူးနေပါတယ်။ ပြီးရင် အဲဒီ ဇာတ်ကားကို ၈ လပိုင်းလောက်မှာ MRTV-4 ရုပ်သံလိုင်းကနေ စတင် ထုတ်လွှင့်ပြသသွားမှာပါ။ ဒီလကုန်လောက်မှာပဲ ဒါရိုက်တာ ကိုပြည်ဟိန်းသီဟနဲ့ အောင်ပန်းမှာ ရုပ်ရှင်ဇာတ်ကား သွားရိုက်ဖို့ ရှိပါတယ်။ မင်းသားကတော့ ကိုမြင့်မြတ်ပါ။ ဇာတ်ကားကတော့ ဟာသ သရဲ ဇာတ်ကားလေးပါ”

“ထက် ကာရိုက်တာကတော့ ကိုမြင့်မြတ်ရဲ့ရည်းစားနေရာက သရုပ်ဆောင်ရမယ်။ ယိုးဒယား မင်းသမီးလည်း ပါမယ်။ ထက်တို့ဆီက သရုပ်ဆောင်တွေလည်း အများကြီး ပါတယ်။ ဇာတ်ကတော့ အတိအကျ မသိရသေးပါဘူး။ ခြေထောက်က အရမ်းကွေးထားလို့လည်း မရဘူး။ ပုံမှန် ဒီလို သွားလာနေတဲ့ အချိန်ဆိုရင်တော့ အဆင်ပြေတယ်။ အကြာကြီး ထိုင်လို့ မရဘူး။ ကျန်တာကတော့ အဆင်ပြေပါတယ်”လို့ ထက်ထက်ထွန်းက ပြောပါတယ်။

အလှမယ် ထက်ထက်ထွန်းကတော့ Miss Universe Myanmar 2016 ကိုယ်စားပြု အလှမယ်တဦး ဖြစ်ပြီး Miss Universe ပြိုင်ပွဲကြီးမှာ National Costume ဆုကို ရရှိခဲ့ပါတယ်။ ထက်ထက်ထွန်းဟာ ဒီနှစ်၊ ပြီးခဲ့တဲ့ စည်ပင်ရွေးကောက်ပွဲမှာလည်း မဲဆန္ဒနယ် အမှတ် (၃) ကနေ တသီးပုဂ္ဂလအနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါသေးတယ်။

You may also like these stories:

“သက်ငယ်မုဒိမ်း ကျင့်တဲ့ မုဒိမ်းကောင်တွေကို အရမ်း ရွံရှာတယ်”လို့ ထက်ထက်ထွန်း ပြော

“လမ်းဘေးခွေးတွေကို အဆိပ်ကျွေးသတ်တာမျိုး သဘော မတူဘူး”လို့ ထက်ထက်ထွန်း ပြော

“အပေးအယူ” ရုပ်ရှင်ရိုက်ရင်း ဒူးကွဲသွားလို့ ဆက်မရိုက်ဖြစ်တော့ဘူးလို့ ထက်ထက်ထွန်း ပြော

မိန်းကလေးတွေကိုလည်း ချစ်တတ်တဲ့ ထက်ထက်ထွန်း

The post ဇာတ်ကား ရိုက်တဲ့အခါ ကာရိုက်တာကို သေချာ ရွေးချယ်ပြီးမှ ရိုက်တဲ့ ထက်ထက်ထွန်း appeared first on ဧရာဝတီ.

ရွှေမန်းတင်မောင်ရဲ့ ဇာတ်ထုပ်တွေကို အော်ပရာအဖြစ် ပြန်ဖျော်ဖြေမယ့် တင်မောင်ဆန်းမင်းဝင်း

$
0
0

လာမယ့် ဇူလိုင် ၁၉ ရက်နေ့ (အာဇာနည်နေ့) က စတင်ပြီး ရန်ကုန်မြို့ရှိ မျှော်စင်ကျွန်းမှာ ဖျော်ဖြေမယ့် မိုးရာသီ ဖျော်ဖြေပွဲမှာ ဇာတ်မင်းသား တင်မောင်ဆန်းမင်းဝင်းက သစ္စာမေတ္တာ ရွှေမန်းသဘင်ရဲ့ ဖခင်ကြီး အလင်္ကာကျော်စွာ ရွှေမန်းတင်မောင်ရဲ့ ဇာတ်လမ်း၊ ဇာတ်ထုပ်များကို အော်ပရာအနေနဲ့ တင်ဆက်သွားမယ်လို့ ဧရာဝတီကို ပြောပါတယ်။

“တနှစ်နဲ့ တနှစ် မတူပါဘူး၊ ဖျော်ဖြေ တင်ဆက်မှုတွေလည်း မတူသလို ပရိတ်သတ်လည်း မတူပါဘူး။ ဘိုးဘိုးကြီး (အလင်္ကာကျော်စွာ ရွှေမန်းတင်မောင်) ရဲ့ ဇာတ်ထုပ် တော်တော်များကို ကမယ် ဆိုပေမယ့် အော်ပရာဆန်ဆန် ဇာတ်လမ်း၊ ကျနော်နိုင်တဲ့ ဟာမျိုးကို ကပါမယ်။ ဒီနှစ်ဆိုရင် ရိုးရာအမွေ ဆိုတာကို ကပါမယ်” လို့ ဇာတ်မင်းသား တင်မောင်ဆန်းမင်းဝင်းက ပြောပါတယ်။

တင်မောင်ဆန်းမင်းဝင်းဟာ ယခု မိုးရာသီ ဖျော်ဖြေပွဲကို ၃ နှစ်မြောက် ဖျော်ဖြေ တင်ဆက်တာဖြစ်ပြီး၊ ရွှေမန်းတင်မောင် အောင်မြင်ခဲ့တဲ့ ဇာတ်လမ်း၊ ဇာတ်ထုပ်များကို ခေတ်နဲ့အညီ ဆန်းသစ်ကာ ပြန်လည် ဖော်ထုတ်ဖို့ ပရိသတ်များရဲ့ တောင်းဆိုမှုများကြောင့် ထိန်းသိမ်းတဲ့ အနေနဲ့ ကပြခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

“မိုးရာသီဖျော်ဖြေပွဲက စတိတ်ရှိုး မပါ၊ ၃ နာရီစာ ဘောင်ဝင်အောင် လုပ်ရတာပါ။ အဲဒီတော့ ၃ နာရီအတွင်းမှာ ဘောင်ဝင်အောင် လုပ်ရတာဖြစ်တဲ့ အတွက် ဇာတ်ထုပ် ၁ ထုပ်၊ နှစ်ပါးတခွင်စာတောင် ၃ နာရီလောက် ကြာပါတယ်။ အဲဒီမှာ အချို့က အဘိုးရဲ့ဟာတွေကို ပြန်ဖော်ထုတ်ဖို့ ပြောကြတာမျိုးတွေ ရှိပါတယ်။ ဒါကြောင့် ဒီနှစ်မှာ အဘိုးအောင်မြင်ခဲ့တဲ့ ‘ထွက်ရပ်လမ်း’၊ ‘ဂီတရူး’ အပါအဝင် အခြားဟာတွေကိုလည်း အော်ပရာ ကောက်နှုတ်ချက်အဖြစ် တင်ဆက်သွားဖို့ ရှိပါတယ်”လို့ တင်မောင်ဆန်းမင်းဝင်းက ပြောပါတယ်။

အခုလိုမျိုး ရွှေမန်းတင်မောင်ရဲ့ ဇာတ်လမ်း၊ ဇာတ်ထုပ်များကို ပြန်လည် ဖော်ထုတ် ကပြရာမှာ ခေတ်နဲ့ အညီ ရိုးရာအတိုင်း တင်ဆက်ပြပေးရမှာ ဖြစ်တာကြောင့် ဝေဖန်မှုများလည်း ရှိလာနိုင်တယ်လို့ သူက ဆိုပါတယ်။

“ကျနော်ကတော့ အဘိုးရဲ့ ဇာတ်ထုပ်တွေကို ပြန်ဖော်ထုတ်သွားမှာပါ။ ဖော်ထုတ်တဲ့အခါ အဘိုးနဲ့ မတူဘူးဆိုပြီး အပြောခံရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အဘိုးတို့က ၃ နာရီစာလောက် ဓာတ်ပြား သွင်းခဲ့ကြတာကို ကျနော်တို့က ကဏ္ဍစုံ ၃ နာရီပဲရတာ ဆိုတော့ အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါ။ အဲဒီမှာ ကျနော်မနိုင်တဲ့ အပိုင်းတွေဆိုရင် အဘိုးရဲ့ အသံ မူရင်းနဲ့ ဖန်တီးသွားဖို့ စီစဉ်ထားပါတယ်။ ဒါကြောင့် ကျနော့်ကို ခွင့်လွှတ် နားလည်ပေးပါ။ အမွေအနှစ်ကို ထိန်းသိမ်းရင်း ပရိတ်သတ်ကို ဖျော်ဖြေပေးသွားမှာပါ”လို့ တင်မောင်ဆန်းမင်းဝင်းက ပြောပါတယ်။

မိုးရာသီ ဖျော်ဖြေပွဲဟာ စတိတ်ရှိုး ကဏ္ဍ မပါဘဲ အခြားကဏ္ဍစုံ ၃ နာရီသာ ဖျော်ဖြေရတာကြောင့် အချိန်ကိုငဲ့ကွက်ပြီး ကောက်နှုတ်ချက်များအဖြစ် တင်ဆက် ကပြရခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဆက်လက်ပြီး တင်မောင်ဆန်းမင်းဝင်းကတော့ အဘိုးတို့ ခေတ်က ယဉ်ကျေးမှုကို တတ်နိုင်သလောက် ထိန်းသိမ်းနေတယ်လို့ ဆိုပါတယ်။

“အမှန်တကယ် ခေတ်ကို ရင်ဘောင်တန်းပြီး အလုပ်လုပ်နေရတဲ့ မင်းသားတွေ ညံ့လို့၊ ကျနော်တို့ ညံ့လို့ သဘင်က မတိုးတက်တာလို့ မြင်ပါတယ်။ ဘာကြောင့် ညံ့တယ်ဆိုတာ ခေတ်နောက် လိုက်ကြရလို့ပါ။ ကျနော့် အနေနဲ့ကတော့ ယဉ်ကျေးမှုကို တတ်နိုင်သလောက် ထိန်းသိမ်းနေပါတယ်။ အဖေတို့၊ အဘိုးတို့ လက်ထက်က ဆင်းသက်လာတဲ့ အမွေအနှစ်ကို အော်ပရာတို့၊ နောက်ပိုင်း ကဏ္ဍတို့ကို အဖေတို့လက်ထက်အတိုင်း ဖျော်ဖြေနေပါတယ်”လို့ တင်မောင် ဆန်းမင်းဝင်းက ဆိုပါတယ်။

တင်မောင်ဆန်းမင်းဝင်းဟာ သစ္စာမေတ္တာ ရွှေမန်းသဘင်မှ မင်းသားကြီး ဦးဆန်းဝင်းရဲ့ သားဖြစ်ပြီး သဘင်လောကမှာ ဇာတ်ဦးစီး ခေါင်းဆောင် မင်းသားအဖြစ် နှစ် ၂၀ ခန့် ကပြဖျော်ဖြေလျက် ရှိပြီး သဘင်ပညာရပ်များကို ရိုးရာယဉ်ကျေးမှု အမွေအနှစ် တခုအဖြစ် လက်ဆင့်ကမ်း ထိန်းသိမ်းလျက်ရှိကြောင်း သိရပါတယ်။

တင်မောင်ဆန်းမင်းဝင်း ဦးဆောင် တင်ဆက်မယ့် မိုးရာသီ ဖျော်ဖြေပွဲကို အပတ်စဉ် သောကြာ၊ စနေညများမှာ ဖျော်ဖြေ တင်ဆက်သွားမှာ ဖြစ်ပြီး ရုပ်သံလိုင်းများနေကလည်း ပြန်လည် ထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။

 

The post ရွှေမန်းတင်မောင်ရဲ့ ဇာတ်ထုပ်တွေကို အော်ပရာအဖြစ် ပြန်ဖျော်ဖြေမယ့် တင်မောင်ဆန်းမင်းဝင်း appeared first on ဧရာဝတီ.

သမီးဖြစ်သူကို အနုပညာလောကထဲ မဝင်စေချင်တဲ့ မင်းသားကြီး Simon Yam

$
0
0

ဟောင်ကောင်မင်းသားကြီး Simon Yam ရဲ့ သမီး Ella Yam ဟာ မကြာသေးခင်တုန်းကပဲ Vogue Taiwan အတွက် ဓာတ်ပုံရိုက်ကွင်း နောက်ကွယ်က ပုံရိပ်တွေကို ထုတ်ပြလိုက်ပါတယ်။ အခုလို အနုပညာ ခြေလှမ်းတခုကို စတင်လိုက်ပေမယ့် သူ့ရဲ့ဖခင်ဖြစ်သူကတော့ သိပ်သဘောတွေ့ပုံ မရပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့တုန်းက ပြုလုပ်ခဲ့တဲ့ “Little Q” လို့ အမည်ရတဲ့ ဟောင်ကောင်ရုပ်ရှင် အထူးပွဲမှာ ဝါရင့်မင်းသားကြီး Simon က အသက် ၁၄ နှစ်အရွယ် သမီးဖြစ်သူအတွက် ပျော်ရွှင်မှုကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

“သမီးက သူ့ရဲ့အမေ့ ခြေရာ မီတယ်။ ကျနော့် ခြေထောက်တွေ ထက်တောင် သူက ရှည်တယ်။ ဒါပေမဲ့ သူ့ကို ရုပ်ရှင်ရိုက်ဖို့ ကျနော် မတိုက်တွန်းဘူး။ ဘာကြောင့်လဲဆိုတော့ အမြဲ ဗိုက်ဆာနေပြီး အိပ်ရာ ထနောက်ကျတတ်တဲ့ မိန်းကလေး တယောက်အတွက် အဲ့ဒါက အဆင်မပြေလို့လေ။ မိသားစုထဲမှာ ကျနော်တယောက်တည်း သရုပ်ဆောင်လုပ်တာပါ။ အဲ့ဒါဆို လုံလောက်ပါပြီ။ ကျနော်နဲ့ သူက အချိန်ပိုကုန်ဆုံးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”လို့ အသက် ၆၄ နှစ်အရွယ် မင်းသားကြီးက Simon က ပြောပါတယ်။

သမီးဖြစ်သူအတွက် လက်ရှိအချိန်မှာ မော်ဒယ်အလုပ်က အဆင်ပြေတယ်လို့ ဆိုနိုင်ပေမယ့် အချိန်ပြည့် မော်ဒယ်လုပ်ဖို့ ခွင့်ပြုမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ အခုဆိုရင် Ella ဟာ Weibo အကောင့်ဖွင့်လိုက်တာနဲ့ ပတ်သက်လို့တော့ အခုရက်ပိုင်း အလုပ်များနေလို့ သမီးဖြစ်သူနဲ့ စကားသိပ်မပြောရသေးတာကြောင့် မသိသေးဘူးလို့ ပြောပါတယ်။

အဲ့ဒီရုပ်ရှင် အထူးပွဲကို မင်းသားကြီးနဲ့အတူ သမီးဖြစ်သူ Ella အပြင် မိခင် စူပါမော်ဒယ် Qi Qi တို့လည်း တက်ရောက်ခဲ့ပါတယ်။ အခု တပတ်အတွင်းမှာပဲ Ella ဟာ သူ့ရဲ့ကိုယ်ပိုင်အကောင့်ကို ဆောက်ခဲ့ပြီးတော့ Vogue Taiwan အတွက် မော်ဒယ်အနေနဲ့ သူရိုက်ကူးထားတဲ့ ဓာတ်ပုံတချို့ကို ဝေမျှခဲ့ပါတယ်။

အရပ် ၁၈၀ စင်တီမီတာ (အရပ် ၅ ပေ ၉ လက်မ) ရှည်တဲ့ Ella ဟာ သူ့ရဲ့ ရှည်လျားတဲ့ ခြေထောက်ကို အသားပေးတဲ့ ပုံစံကို ပြသထားပါတယ်။ Weibo အသုံးပြုသူတွေကတော့ သူ့ရဲ့ ပုံစံကို အကြိုက်တွေ့ခဲ့ကြပြီး “နတ်သမီးလေး” ဆိုပြီး တင်စားပြောဆိုခဲ့ကြပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ Ella ဟာ ပြီးခဲ့တဲ့လမှာ ထွက်ခဲ့တဲ့ Cosmopolitan Hong Kong မဂ္ဂဇင်းရဲ့ မျက်နှာဖုံးရှင်ဖြစ်ခဲ့ပြီး အဲ့ဒီနေရာမှာ ပါဝင်ခဲ့တဲ့ အသက် အငယ်ဆုံး မော်ဒယ်အဖြစ်လည်း မှတ်တမ်း ဝင်ခဲ့ပါတယ်။

Ref:asiaone

You may also like these stories:

မွေးနေ့မှာ Weibo အကောင့်ကို သုံးခဲ့တဲ့ မင်းသမီး Fan Bingbing

ခင်ပွန်းသည်နဲ့ ကွာရှင်းထားတယ်လို့ သတင်းထွက်နေတဲ့ မင်းသမီး ပတ်ချေရင်း

One Direction ပြန်လည်ပေါင်းစည်းနိုင်မည်ဟု Simon Cowell ခန့်မှန်း

The post သမီးဖြစ်သူကို အနုပညာလောကထဲ မဝင်စေချင်တဲ့ မင်းသားကြီး Simon Yam appeared first on ဧရာဝတီ.

“Titanic”ရုပ်ရှင်မှာ ဂျက်ခ် သေဆုံးခဲ့တဲ့ ဇာတ်ဝင်ခန်းအကြောင်း ငြင်းခုံကြတဲ့ သရုပ်ဆောင်များ

$
0
0

ကမ္ဘာကျော် “Titanic” ရုပ်ရှင်ထဲမှ အငြင်းပွားဖွယ် ဇာတ်ဝင်ခန်းအကြောင်း ပြန်လည် ဆွေးနွေး ငြင်းခုံကြတဲ့အခါ ဇာတ်လမ်းထဲမှာ ဂျက်ခ်ဒေါ်ဆန်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသား Leonardo DiCaprio ကတော့ နှုတ်ဆိတ်နေခဲ့ပေမယ့် မင်းသား Brad Pitt နဲ့ မင်းသမီး Margot Robbie ကတော့ ဒါကို တော်တော်လေး စိတ်တိုင်းမကျ ဖြစ်နေခဲ့တာ တွေ့ရပါတယ်။

၁၉၉၇ ခုနှစ်တုန်းက နာမည်ကျော်ခဲ့တဲ့ ရုပ်ရှင်ထဲက မင်းသမီး Kate Winslet ရဲ့ ဇာတ်ကောင် ရို့စ်ဟာ ရေပေါ်မျောနေတဲ့ တံခါးတခုပေါ်မှာ တက်နေခဲ့ပြီး မင်းသား Leonardo ရဲ့ ဇာတ်ကောင် ဂျက်ခ်ကို ရေခဲရေထဲမှာ နေခဲ့ခိုင်းတဲ့ ဇာတ်ဝင်ခန်းကြောင့် အငြင်းပွားဖွယ် ပြောစရာတွေ ဖြစ်ခဲ့ရပါတယ်။ ဆယ်စုနှစ်နဲ့ ချီကြာခဲ့ပြီးတဲ့နောက် ပရိသတ်တွေကတော့ အဲ့ဒီ တံခါးဟာ ဂျက်ခ်နဲ့ ရို့စ်တို့ နှစ်ယောက်လုံးကို တင်ထားနိုင်တယ်လို့ စောဒက တက်ခဲ့ကြပါတယ်။ အဲ့ဒါဆိုရင် ဂျက်ခ်လည်း အသက်ရှင်ရမယ်လို့ ဆိုကြပါတယ်။

အဲ့ဒီအကြောင်းနဲ့ ပတ်သက်လို့ MTV ရုပ်သံနဲ့ ပြုလုပ်တဲ့အင်တာဗျူးတခုမှာ မင်းသမီး Margot က “ကျမ ကလေးဘဝ အဲ့ဒါကို ကြည့်တဲ့အချိန်မှာ တော်တော်လေး အော်ငေါက်ခဲ့ရတယ်”လို့ ဆိုပါတယ်။ ဒါပေမဲ့ မင်းသား Leonardo ကတော့ မှတ်ချက် တစုံတရာ ပေးပြောခဲ့တာမျိုး မရှိခဲ့ပါဘူး။

မင်းသား Brad Pitt ၊ မင်းသမီး Margot Robbie နဲ့ မင်းသား Leonardo DiCaprio

မင်းသမီး Margot ကတော့ အဲ့ဒီဇာတ်ဝင်ခန်းဟာ ခေတ်သစ်ရုပ်ရှင်သမိုင်းမှာ အကြီးမားဆုံး အငြင်းပွားဖွယ်ရာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒါကို မင်းသား Leonardo ကတော့ “အင်း ဖြစ်မှာပါ” လို့ ပြန်ဖြေပါတယ်။ အဲ့ဒီအဖြေကို မင်းသား Brad က သဘောကျပုံ မရပါဘူး။

ဒီအဖြေကို သဘောမကျတဲ့ မင်းသမီး Margot ကတော့ အငြင်းပွားစရာ မဖြစ်ရအောင် တံခါးကို ပိုသေးတာနဲ့ လဲပြီး ရိုက်လို့ မရဘူးလားလို့ ပြန်မေးပါတယ်။ မင်းသား Leonardo ကတော့ ပြန်မဖြေဘဲ ပြုံးပြီးနေခဲ့တာ တွေ့ရပါတယ်။ Titanic မင်းသမီး Winslet ကလည်း မင်းသမီး Margot နဲ့ သဘောထားချင်း တိုက်ဆိုင်ပါတယ်။

မင်းသမီး Winslet က “သူက အဲ့ဒီပေါ်မှာ တက်နေလို့ရတယ်။ အဲ့ဒီ တံခါးပေါ်မှာ တက်နေလို့ရတယ်” လို့ ၂၀၁၇ ခုနှစ်တုန်းက အရွှန်းဖောက်ပြောဆိုခဲ့ပါတယ်။ “Titanic” ဒါရိုက်တာကြီး James Cameron ကတော့ အခုနှစ်အတွင်းမှာပဲ BBC1 ကနေ ထုတ်လွှင့်ခဲ့တဲ့ Movies That Made Me” အစီအစဉ်မှာ ပရိသတ်တွေ ထင်ကြေးပေးပြောဆိုတဲ့ သီအိုရီတွေ အကြောင်း ဖြေရှင်းပြောခဲ့ပါတယ်။

အဲ့ဒါကို ဆွေးနွေးပြောဆိုမှုလို့ မမြင်ဘဲ ရူးကြောင်ကြောင် တွေးခေါ်မှုလို့ ထင်တဲ့ ဒါရိုက်တာကြီး Cameron က “အဲ့ဒီအကြောင်း ဆွေးနွေးပြောနေစရာ မလိုဘူး။ အဲ့ဒီလိုသာ ပြောကြေးဆိုရင် ရိုမီယိုနဲ့ ဂျူးလိယက်ဇာတ်လမ်းမှာ ရိုမီယိုက ဉာဏ်ကောင်းပြီး အဆိပ်မသောက်ခဲ့ဘူးဆိုရင်။ ဂျူးလိယက် ဓားနဲ့ထိုးဖို့ ဓားမြှောင်သာ ယူမလာခဲ့ဘူးဆိုရင် လုံးဝ ပြချင်တဲ့ အချက်နဲ့ လွဲသွားမှာပါပဲ” လို့ ပြောဆိုခဲ့ပါတယ်။

You May Also Like This Story:

Titanic ရုပ်ရှင်ထဲက ဆွဲကြိုးနဲ့ လူမြင်ကွင်းကို ထွက်လာတဲ့ Celine Dion

The post “Titanic” ရုပ်ရှင်မှာ ဂျက်ခ် သေဆုံးခဲ့တဲ့ ဇာတ်ဝင်ခန်းအကြောင်း ငြင်းခုံကြတဲ့ သရုပ်ဆောင်များ appeared first on ဧရာဝတီ.

ကိုရီးယားမှာ လူကြည့်နှုန်း မြင့်နေတဲ့ “Justice” နဲ့ “Rookie Historian Goo Hae Ryung” ဇာတ်လမ်းတွဲ

$
0
0

တောင်ကိုရီးယားမှာ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ဗုဒ္ဓဟူး-ကြာသပတေး ဒရာမာ လူကြည့်နှုန်းကတော့ ထွက်ရှိလာပါပြီ။ ပြီးခဲ့ဲတဲ့ ဇူလိုင်လ ၁၇ ရက်နေ့မှာ ကိုရီးယား အများပြည်သူ ရုပ်သံလိုင်း ၃ ခုလုံးက ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့မှာ ထုတ်လွှင့်ပြသမယ့် ဇာတ်လမ်း အပိုင်းသစ်တွေကို စတင် ထုတ်လွှင့်ခဲ့ပါတယ်။

KBS 2TV ရုပ်သံကနေ သည်းထိတ်ရင်ဖို ဒရာမာ “Justice” ၊ MBC ရုပ်သံကနေ သမိုင်းနောက်ခံ အချစ် ဒရာမာ “Rookie Historian Goo Hae Ryung” နဲ့ SBS ကနေ ဆေးပညာ စုံစမ်းရေး ဒရာမာ “Doctor Detective” တို့ကို စတင်ထုတ်လွှင့် ပြသခဲ့ပါတယ်။

မင်းသား Choi Jin Hyuk ၊ After School အဖွဲ့ဝင် Nana နဲ့ မင်းသား Son Hyun Joo တို့ ပါဝင်ထားကြတဲ့ KBS 2TV ရဲ့ “Justice” ဒရာမာဟာ အဲ့ဒီညရဲ့ လူကြည့်အများဆုံး ဒရာမာ ဖြစ်ခဲ့ပါတယ်။ Nielsen Korea ရဲ့အဆိုအရ ဇူလိုင်လ ၁၇ ရက်နေ့မှာ စတင်ထုတ်လွှင့်ခဲ့တဲ့ အဲ့ဒီ ဒရာမာဟာ နိုင်ငံတဝန်းမှာ လူကြည့်နှုန်း ၆ ဒဿမ ၁ ရာခိုင်နှုန်းနဲ့ ၆ ဒဿမ ၄ ရာခိုင်နှုန်းစီ ရှိခဲ့ပြီး စတင်ထုတ်လွှင့်ခဲ့တဲ့ ဒရာမာ ၃ ကားထဲမှာ လူကြည့်နှုန်း အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။

MBC ရုပ်သံကနေထုတ်လွှင့်ခဲ့တဲ့ “Rookie Historian Goo Hae Ryung” ဒရာမာမှာတော့ ASTRO အဖွဲ့ဝင် Cha Eun Woo နဲ့ မင်းသမီး Shin Se Kyung တို့က ဦးဆောင် ပါဝင်ထားကြပါတယ်။ ပထမဆုံး အပိုင်းမှာ ပျှမ်းမျှလူကြည့်နှုန်းဟာ ၄ ရာခိုင်နှုန်းနဲ့ ၆ ရာခိုင်နှုန်းစီ ရှိခဲ့ပါတယ်။

SBS ကနေ ထုတ်လွှင့်ခဲ့တဲ့ “Doctor Detective” ဒရာမာဟာ လူကြည့်နှုန်း ၄ ဒဿမ ၆ ရာခိုင်နှုန်းနဲ့ ၅ ဒဿမ ၇ ရာခိုင်နှုန်းစီ အသီးသီး ရရှိခဲ့ပါတယ်။ ဒရာမာ အားလုံးကို ပထမဆုံးနေ့မှာတင် အပိုင်း ၂ ပိုင်းခွဲပြီးတင်ဆက်ခဲ့တာလည်း ဖြစ်ပါတယ်။

လူကြည့်နှုန်း အများဆုံးဖြစ်ခဲ့တဲ့ “Justice” ဒရာမာကတော့ မကောင်းဆိုးရွား တကောင်နဲ့ အပေးအယူ လုပ်ခဲ့ရတဲ့ အညှိးအတေးကြီးတဲ့ ရှေ့နေတဦးဟာ သူ့ရဲ့ မိသားစုအတွက် မကောင်းဆိုးရွားတကောင်ဖြစ်လာခဲ့ပုံနဲ့ မင်းသမီးတွေ ပျောက်ချင်းမလှ ပျောက်ခဲ့ရပုံကို စုံစမ်းခဲ့ရတဲ့ စုံစမ်းရေးမှူးတို့ကြားက ထူးခြားဆန်းကြယ် ဇာတ်လမ်း ဖြစ်ပါတယ်။ လာမယ့်အပိုင်းကိုတော့ ဇူလိုင်လ ၁၈ ရက်နေ့ ကိုရီးယားစံတော်ချိန် ည ၁၀ နာရီမှာ ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။

Ref:soompi

The post ကိုရီးယားမှာ လူကြည့်နှုန်း မြင့်နေတဲ့ “Justice” နဲ့ “Rookie Historian Goo Hae Ryung” ဇာတ်လမ်းတွဲ appeared first on ဧရာဝတီ.

အဲလိဇဘက် ဘုရင်မကြီးက လစာ စတာလင်ပေါင် ၂ သောင်းနဲ့ ခန့်အပ်မယ့် စားဖိုမှူးတဦး ရှာဖွေနေ

$
0
0

အဲလိဇဘက် ဘုရင်မကြီးဟာ စားဖိုမှူးအသစ် တယောက်ကို ရှာဖွေနေတယ်လို့ သိရပါတယ်။ သက်တော် ၉၃ နှစ်အရွယ် ဗြိတိန်ဘုရင်မကြီးဟာ တော်ဝင်အိမ်တော်မှာ ချက်ပြုတ်မယ့် အစားအစာတွေအတွက် လိုအပ်တဲ့ အဆင့်မြင့် စံစနစ်ရှိပြီး ရည်မှန်းချက်ကြီးကာ အရည်အချင်း ပြည့်ဝတဲ့ စားဖိုမှူးတဦးကို ရှာဖွေနေတယ်လို့ ဆိုပါတယ်။

တကယ်လို့ စားဖိုမှူးအနေနဲ့ ခန့်အပ်ခံရမယ့်သူကတော့ လစာ စတာလင် ၂၂,၀၇၆ ဒဿမ ၀၄ ပေါင် ဒါမှမဟုတ် နေစား စရိတ်ငြိမ်းဆိုရင် ဒီထက် နည်းတဲ့ လစာနဲ့ ခန့်ထားခံရမယ်လို့ သိရပါတယ်။

တော်ဝင်အိမ်တော်ရဲ့ စားတော်ကဲများဆိုင်ရာ ဝက်ဘ်ဆိုက် ကြော်ငြာတခုမှာဆိုရင် “ကျွမ်းကျင်ပညာရှင် အဖွဲ့နဲ့ ပူးပေါင်းပြီး အစားအစာတွေကို အဆင့်အမြင့်ဆုံးအဖြစ် လက်ရာဖော်ဆောင် အလုပ်လုပ်ရမှာ ဖြစ်ပါတယ်။ ပွဲအခမ်းအနားတွေအတွက် မတူကွဲပြားတဲ့ အစားအသောက် စာရင်းတွေကို ပြင်ဆင်ရမှာဖြစ်ပြီး သင့်ရဲ့ လုပ်ငန်းသက်တမ်းမှာ နောက်တဆင့်ကို တက်လှမ်းနိုင်ဖို့ ကူညီနိုင်မယ့် အရည်အသွေး အသစ်တွေကိုလည်း ရရှိမှာပါ”လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် “ကျွမ်းကျင်တဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူ အရည်အသွေး ပြည့်မီတဲ့ ပါဝင်ပစ္စည်းတွေနဲ့ အလုပ်လုပ်ပြီး သင့်ရဲ့ အခန်းကဏ္ဍကို ကျယ်ပြန့်စေခြင်းဖြင့် စားဖိုဆောင်ရဲ့ အခန်းကဏ္ဍ အားလုံးမှ လည်ပတ် လုပ်ကိုင်လိုက်ပါ”လို့လည်း ဆိုပါတယ်။

အဲ့ဒီအလုပ်ဟာ လန်ဒန်မှာ လုပ်ကိုင်ရမှာ ဖြစ်ပမယ့် အခြား တော်ဝင် မိသားစုဝင်တွေ ရှိရာ နေရာဆီကိုလည်း ခရီးသွားလာနိုင်ရမယ်လို့ ဆိုပါတယ်။

အဲ့ဒီ ဝက်ဘ်ဆိုက်မှာ “အပြန်အလှန်အနေနဲ့ သင်ဟာ ထူးခြားပြီး စိတ်ခွန်အားပေးမယ့် အလုပ်ပတ်ဝန်းကျင်မှာ အလုပ်လုပ်ဖို့ မျှော်လင့်နိုင်ပြီး ဘဏ်ပိတ်ရက် အပါအဝင် အားလပ်ရက် ၃၃ ရက်၊ အလုပ်ရှင်ရဲ့ ပင်စင်အစီအစဉ်အဖြစ် လစာရဲ့ ၁၅ ရာခိုင်နှုန်းနဲ့ ဂျူတီချိန်အတွက် အစားအစာတွေ အပါအဝင် အခြားပြည့်စုံတဲ့ အကျိုးခံစားခွင့် အစီအစဉ်တွေနဲ့လည်း ချီးမြှင့်ခံရမှာ ဖြစ်ပါတယ်”လို့ ဖော်ပြထားပါတယ်။

လေ့ကျင့်ရေးနဲ့ တိုးတက်ရေး အစီအစဉ်တွေလည်း ရှိမှာဖြစ်တဲ့အပြင် အပန်းဖြေ အစီအစဉ်တွေကိုလည်း ရယူနိုင်မှာ ဖြစ်ပါတယ်။ အဲဒီ စားဖိုမှူးအလုပ်ကို လျှောက်ထားမယ့် သူတွေအနေနဲ့ ဇူလိုင်လ ၂၈ ရက်၊ ဒေသစံတော်ချိန် ၂၃ နာရီ ၅၅ မိနစ် မတိုင်ခင် လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

Ref. www.contactmusic.net

You may also like these stories:

အဲလိဇဘက်ဘုရင်မကြီးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Claire Foy အမ်မီဆု ရရှိ

“အဖေများနေ့” မှာ သားတော်လေးရဲ့ ဓာတ်ပုံကို ဆိုရှယ်မီဒီယာမှာ တင်ခဲ့တဲ့ တော်ဝင်ဇနီးမောင်နှံ

The post အဲလိဇဘက် ဘုရင်မကြီးက လစာ စတာလင်ပေါင် ၂ သောင်းနဲ့ ခန့်အပ်မယ့် စားဖိုမှူးတဦး ရှာဖွေနေ appeared first on ဧရာဝတီ.

“ယုံကြည်မှုရှိတဲ့အတွက် အမှုကို ရင်ဆိုင်ခဲ့တာပါ”လို့ ဝေဠုကျော် ပြော

$
0
0

ကာမလိမ်လည်မှုနဲ့ တရားစွဲဆို ခံထားရတဲ့ သရုပ်ဆောင် ဝေဠုကျော်ကတော့ ဒီနေ့ ရုံးချိန်းမှာ အမှုနဲ့ပတ်သက်ပြီး ယုံကြည်မှု ရှိတဲ့အတွက် ရင်ဆိုင်ခဲ့တာပါလို့ ပြောပါတယ်။

“သူတို့ တင်ထားတဲ့ အသံဖိုင်တွေကို စစ်ပါတယ်။ အမှုကတော့ အချိန်တန်ရင် ပြီးသွားပါလိမ့်မယ်။ ကျနော်အသံ မဖမ်းခိုင်းဘူး ခင်ဗျ။ ကျန်တာတော့ ကျနော်မသိဘူး။ အမှုပြီးသွားရင် သူ့ဟာသူ ပြီးသွားပါလိမ့်မယ်။ တရားသူကြီး ဆုံးဖြတ်ပါလိမ့်မယ်။ ကျနော် ယုံကြည်လို့ အမှုကို ရင်ဆိုင်တာပါ”လို့ ဝေဠုကျော်က ပြောပါတယ်။

အဆိုပါအမှု ဖြစ်နေတဲ့အတွက် သူလုပ်ကိုင် ဆောင်ရွက်နေတဲ့ ပရဟိတ လုပ်ငန်းများနဲ့တော့ သက်ဆိုင်ခြင်း မရှိဘူးလို့ ဝေဠုကျော်က ဆိုပါတယ်။ နောက်တကြိမ် ရုံးချိန်းကိုတော့ ဇူလိုင်လ ၃၀ ရက်နေ့ကို ပြန်လည် ချိန်းဆိုထားပြီး ကျန်ရှိနေတဲ့ အသံဖိုင်များကို ဆက်လက် စစ်ဆေးသွားမှာလို့ သိရပါတယ်။

ဝေဠုကျော်ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့ ရုံးချိန်းမှာ တရားရုံး ကင်းလွတ်ခွင့်ကို လျှောက်ထားခဲ့ပေမယ့် တရားရုံးက ပယ်ချခဲ့ပါတယ်။ လက်ရှိမှာတော့ ဝေဠုကျော်နဲ့ တရားလိုဖြစ်သူ အလှမယ် သင်းသင်းတို့ နှစ်ဦးကြားမှ အသံဖိုင် ၂၄၀ ခန့်ကို တရားရုံးမှာ စစ်ဆေးနေဆဲကာလ ဖြစ်ပါတယ်။

“ဒီနေ့ အမှုက ကျမ တင်တဲ့ အသံဖိုင်ကို သူ့ဘက် ကိုယ့်ဘက် အသံတွေ နားထောင်ကြတယ်။ ရုံးချိန်းကိုတော့ ၃၀ ရက်နေ့ ပြန်ချိန်းလိုက်ပါတယ်။ ထူးုခြားမှုကတော့ တရားသူကြီး ဆုံးဖြတ်ပါလိမ့်မယ်”လို့ တရားလိုဖြစ်သူ သင်းသင်းက ပြောပါတယ်။

အလှမယ် သင်းသင်းကတော့ သရုပ်ဆောင် ဝေဠုကျော်ကို ဇန်နဝါရီ ၈ ရက်နေ့က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ ကာမလိမ်လည်မှုနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဝေဠုကျော်က ကျပ်သိန်း ၅၀ နဲ့ အာမခံ ရယူကာ တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

You may also like these stories:

အမှုဖြစ်နေပေမယ့် ပရဟိတလုပ်ငန်းများကို အကျိုးသက်ရောက်မှုမရှိဟု ဝေဠုကျော်ပြော

ဝေဠုကျော်က သူရဲ့ နာမည်နဲ့ Facebook အကောင့်တု သုံးနေသူများကို တောင်းပန်

ဝေဠုကျော်ရဲ့ တရားရုံး ကင်းလွတ်ခွင့် လျှောက်ထားမှု ပယ်ချခံရ

The post “ယုံကြည်မှုရှိတဲ့အတွက် အမှုကို ရင်ဆိုင်ခဲ့တာပါ”လို့ ဝေဠုကျော် ပြော appeared first on ဧရာဝတီ.


ဘဝရဲ့ အလုပ်ချင်ဆုံးတွေထဲက ဒုလ္လဘရဟန်း ဝတ်ခဲ့ရလို့ ကျေနပ်ပီတိ ဖြစ်နေတဲ့ အောင်ထက်

$
0
0

အဆိုတော် အောင်ထက်ကတော့ မကြာသေးခင် ရက်ပိုင်းအတွင်းက သူ့ရဲ့ အစ်ကိုနဲ့ အတူ ဒုလ္လဘ ရဟန်း ၅ ရက် ဝတ်ဖြစ်ခဲ့ပြီး ဘဝရဲ့ အလုပ်ချင်ဆုံး အလုပ်တွေထဲက အလုပ်တခုကို လုပ်နိုင်ခဲ့တဲ့အတွက် ကျေနပ်ပီတိ ဖြစ်မိတယ်လို့ ပြောပါတယ်။

“ဒုလ္လဘရဟန်း ဝတ်ချင်ခဲ့တာ ကြာပါပြီ။ အသက် ၂၀ လောက်ကတည်းက ဝတ်ချင်ခဲ့တာ၊ မဝတ်ဖြစ်ခဲ့ဘူး။ ဝတ်ဖြစ်အောင်တော့ ဝတ်မယ်ဆိုပြီး ဝတ်ဖြစ်တာပေါ့။ ဘဝရဲ့ အလုပ်ချင်ဆုံး အလုပ်တွေထဲက ဒုလ္လဘရဟန်း ဝတ်ခြင်းလုပ်ခဲ့ပြီးလို့ ကျေနပ်ပီတိ ဖြစ်မိတယ်ဗျာ။ ဝတ်ဖို့အတွက်လည်း အလုပ်တွေကို လက်မခံဘဲ ဝတ်ဖြစ်တယ်။ ကျနော့် အစ်ကိုနဲ့ ၅ ရက် ဝတ်တာ၊ ကျနော် ဝတ်နေချိန်မှာ အရမ်းအေးချမ်းတယ်။ ဘုရား၊ တရားနဲ့ ပတ်သက်တာတွေ ဒီ ၅ ရက် အတွင်းမှာပိုလုပ်ဖြစ်တာပေါ့”လို့ အောင်ထက်က ပြောပါတယ်။

သီချင်း အရမ်းကြိုက်တဲ့ အဆိုတော် အောင်ထက်က ဒုလ္လဘရဟန်း ဝတ်ချိန်မှာ တော်တော်လေး ကြိုးစား နေထိုင်ခဲ့ရပြီး တရားရအောင် မှတ်နိုင်ခဲ့တဲ့အတွက် သူ့ကိုယ်သူလည်း အံ့သြမိတယ်လို့ ဆိုပါတယ်။

“ကျနော် သီချင်းတွေ အရမ်းကြိုက်ပေမယ့် ဒုလ္လဘရဟန်း ဝတ်ချိန်မှာတော့ တော်တော် သည်းခံခဲ့ရတယ်။ ပထမရက်ကတော့ နေသာထိုင်သာ မရှိဘူး။ ဝတ်နေချိန်မှာ တရားတော့ရအောင် မှတ်နိုင်ခဲ့တဲ့အတွက် အရမ်းလည်း အံ့သြမိတယ်။ တရက်တောင် သီချင်း မဆိုရ၊ သီချင်း နားမထောင်ရရင် မနေနိုင်တဲ့ ကျနော် ၅ ရက် တရား သေချာ လုပ်ခဲ့တာကြောင့် သစ္စာဆိုရင်တောင် ဆိုလို့ရတယ်”လို့ အောင်ထက်က ဆိုပါတယ်။

အိပ်မက်ဆုံရာ ရာသက်ပန်ကနေ ဆုရရှိပြီး အနုပညာလောကထဲ ဝင်ရောက်လာတဲ့ အောင်ထက်က ဂီတသက်တမ်း ၄ နှစ်အတွင်းမှာ ကြီးကြီးမားမား ပြောင်းလဲတာတော့ မရှိဘူးလို့ ပြောပါတယ်။

“လတ်တလော သီချင်းတွေ တီးနေတယ်။ Music Video ရိုက်ဖို့ လုပ်နေတယ်။ ကိုယ့်သီချင်းကိုယ် Cover Song ပြန်ဆိုထားတာလည်း ထွက်ဖို့ှရှိတယ်။ သီချင်း ၂ ပုဒ်လည်း သြဂုတ်နဲ့ စက်တင်ဘာမှာ ထွက်ဖို့ ရှိမယ်။ ကျနော်၂၀၁၅ မှာ အိပ်မက်ဆုံရာ ရာသက်ပန် ပြိုင်တယ်။ ဆုရပြီး ဂီတအလုပ်ကို တွင်တွင်ကျယ်ကျယ် လုပ်လာခဲ့တာ အခုဆို ၄ နှစ် ကျော်ပြီပေါ့။ ဒီ ၄ နှစ်အတွင်းမှာ အတွေ့အကြုံတွေ အများကြီး ရတယ်”

“ဂီတရပ်ဝန်းက အနုပညာသမားတွေနဲ့လည်း ဆုံတွေ့ခွင့် ရတယ်။ သူတို့တွေရဲ့ လမ်းပြမှုအောက်မှာ နေထိုင်ခွင့် ရတယ်၊ လက်တွဲခွင့် ရတယ်။ အရမ်းလည်း ဂုဏ်ယူရတယ်၊ ကြီးကြီးမားမား ပြောင်းလဲတာတော့ မရှိပါဘူး။ မသိတာတွေကိုလည်း လေ့လာခွင့်ရတယ်၊ နောက်နှစ်တော့ တင်ဆက်မှု ကောင်းကောင်းနဲ့ တကိုယ်တော် ရှိုးလုပ်နိုင်ဖို့ ပိုအားထုတ်နေပါတယ်”လို့ အောင်ထက်က ပြောပါတယ်။

အဆိုတော် အောင်ထက်ဟာ “အိပ်မက်ဆုံရာ ရာသက်ပန်” သီချင်းဆိုပြိုင်ပွဲ ပြီးတဲ့နောက် “ဟေး မိတ်ဆွေ” ဆိုတဲ့ တကိုယ်တော် တေးစီးရီး ထွက်ရှိခဲ့ပြီး၊ ဒုတိယမြောက် အခွေအဖြစ် “နှစ်” ဆိုတဲ့ Audio Album လည်း ၂၀၁၇ ခုနှစ်ထဲမှာ ထွက်ရှိထားပါတယ်။

You may also like these stories:

“သက်ငယ်မုဒိမ်းနဲ့ ပတ်သက်ပြီး လူတွေ အသိဉာဏ်မဲ့လာတဲ့အတွက် ဝမ်းနည်းမိတယ်”

“ဘယ်ပြိုင်ပွဲက လူပဲဖြစ်ဖြစ် ကြိုးစားနေဖို့က အရေးကြီးဆုံးပါပဲ”

“ကိုယ့်သီချင်းနဲ့ကိုယ် ပေါက်ချင်ပါတယ်”လို့ ပြောတဲ့ ဟေဇယ်နဲ့ အင်တာဗျုး

The post ဘဝရဲ့ အလုပ်ချင်ဆုံးတွေထဲက ဒုလ္လဘရဟန်း ဝတ်ခဲ့ရလို့ ကျေနပ်ပီတိ ဖြစ်နေတဲ့ အောင်ထက် appeared first on ဧရာဝတီ.

“ပရိသတ်တွေ တောင်းဆိုကြလို့ ဖက်ရှင်တွေ သိပ်မဖော်ဖြစ်ဘူး”လို့ သင်ဇာဝင့်ကျော် ပြော

$
0
0

ဖက်ရှင်နဲ့ ပတ်သက်လာရင် အမြဲတမ်း ထူးထူးခြားခြား ဝတ်ဆင်တတ်တဲ့ သင်ဇာဝင့်ကျော်က လတ်တလောမှာတော့ ပရိသတ်တွေရဲ့ တောင်းဆိုမှုကြောင့် အရမ်းဖော်တဲ့ ဖက်ရှင်တွေကို သိပ်မဝတ်ဖြစ်ဘူးလို့ ပြောပါတယ်။

“ဖက်ရှင်တွေက ငြိမ်နေတယ်၊ အရမ်း မဖော်ဖြစ်ဘူး ဆိုတာကလည်း ပရိသတ်တွေက အရမ်း တောင်းဆိုလာကြတယ်။ Sexy ဆိုပေမယ့် Classy ဖြစ်တဲ့ Sexy ဝတ်ပေးဖို့ သူတို့တွေ တောင်းဆိုတာကို လိုက်လျောတဲ့ အနေနဲ့ရော၊ ကိုယ်လည်း ရိုးသွားပြီ။ လူတိုင်း လိုက်ဝတ်လာကြတာကြောင့် သိပ်အပေါ်အလော်တွေ မဝတ်ဖြစ်တော့ဘူး”လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။

ဆက်လက်ပြီး သင်ဇာဝင့်ကျော်ကတော့ သူ့ကို အားပေးတဲ့ ပရိသတ်တွေက သူ ဘယ်လိုပဲ ဝတ်ဝတ်၊ စိတ်ချမ်းသာရင် ပြီးရောလို့ ဆိုကြပြီး လုံလုံခြုံခြုံ မြန်မာဝတ်စုံ ဝတ်ဖို့လည်း တောင်းဆိုကြတယ်လို့ ဆိုပါတယ်။

“သင်ဇာ့ကို အရမ်းချစ်တဲ့ အမာခံ ပရိသတ်တွေက သင်ဇာ ဘယ်လိုပဲ ဝတ်ဝတ်၊ သင်ဇာ စိတ်ချမ်းသာရင် ပြီးရော။ တချို့ကလည်း အစ်မ အဲ့လိုတွေ မဝတ်ပါနဲ့၊ လုံလုံခြုံခြုံ မြန်မာဝတ်စုံလေးပဲ ဝတ်ပေးပါလို့ ပြောကြတယ်။ ကိုယ့်အလုပ်ကလည်း ဒီလို Sexy တွေ ဝတ်နေရတာဆိုတော့ အများကြီးတော့ လျှော့လို့ မရဘူး။ ပွဲတက်တာက သင်ဇာအတွက် သိပ်မပင်ပန်းဘူးပေါ့။ နယ်ပွဲတွေကျတော့ ပင်ပန်းတယ်၊ အချိန်ပေးရတာပေါ့” လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။

သင်ဇာဝင့်ကျော်က ယခုနောက်ပိုင်းမှာ သရုပ်ဆောင် အလုပ်ထက် ပွဲတက်ရတာ ပိုများပြီး အချိန်သေချာ ပေးနိုင်တဲ့အခါ ဇာတ်ကား ရိုက်ဖို့ လက်ခံထားတယ်လို့လည်း ဆိုပါတယ်။

“သရုပ်ဆောင် အလုပ်အတွက်လည်း ကိုယ်ရိုက်ချင်တဲ့ ဇာတ်လမ်းတွေကို စုထားတယ်။ အချိန်သေချာ ပေးပြီး ရိုက်ဦးမှာပါ။ ပွဲတက်ရင် ဒေါ်လာယူတယ်ဆိုတာ စုဖြစ်သွားအောင်လို့ပါ။ စုထားသမျှ ဒေါ်လာတွေကလည်း ပွဲတက်လို့ရတယ် ဆိုတာမျိုးလေး ဖြစ်အောင်ပေါ့။ ၈ လပိုင်းမှာ ဇာတ်ကားတကား ရိုက်ဖို့တော့ လက်ခံထားတယ်”လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။

သင်ဇာဝင့်ကျော်ကတော့ ယခုနှစ် အတွင်းမှာ အနုပညာ လှုပ်ရှားမှုတွေ ဆက်တိုက် လုပ်ကိုင်လျက် ရှိပြီး သူ ပါဝင်ထား သရုပ်ဆောင်ထားတဲ့ “အချစ်ဆုံး Crush” ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း မကြာခင် ရုံတင် ပြသသွားမယ်လို့ သိရပါတယ်။

You May Also Like These Stories:

“ရတဲ့အချိန်မှာ ကိုယ်လုပ်ချင်တာ လုပ်ခွင့်ရတဲ့သူ ဖြစ်ချင်တယ်”လို့ ပြောတဲ့ သင်ဇာဝင့်ကျော်

ကိုယ့်ကိုယ်ကိုယ် Challenge ခေါ်ပြီး ရေခဲတောင်မှာ အင်္ကျီချွတ် ရိုက်ခဲ့တဲ့ သင်ဇာဝင့်ကျော်

The post “ပရိသတ်တွေ တောင်းဆိုကြလို့ ဖက်ရှင်တွေ သိပ်မဖော်ဖြစ်ဘူး”လို့ သင်ဇာဝင့်ကျော် ပြော appeared first on ဧရာဝတီ.

“ခြိမ်းခြောက်တိုင်းလည်း မကြောက်သလို၊ မြှောက်တိုင်းလည်း မမြောက်ဘူး”လို့ ပြောတဲ့ သင်းသင်း

$
0
0

အလှမယ် သင်းသင်းကတော့ သရုပ်ဆောင် ဝေဠုကျော်ကို တရားစွဲဆိုခဲ့ရာမှ အစပြုပြီး ဝေဖန်မှုများစွာနဲ့ တိုက်ခိုက်မှုများ ခံနေရပြီး သူ့အနေနဲ့ ခြိမ်းခြောက်တိုင်းလည်း မကြောက်သလို မြှောက်တိုင်းလည်း မမြောက်ဘူးလို့ ပြောပါတယ်။

ဇူလိုင်လ ၁၇ ရက်နေ့ ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့မှာ ပြုလုပ်ခဲ့တဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပြင်ဆင်ရေး လူထုထောက်ခံပွဲကို သွားရောက်ခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း သင်းသင်းဟာ ဝေဖန်ခံခဲ့ရတယ်လို့ သိရပါတယ်။

“အမှုနဲ့ သက်ဆိုင်မှု ရှိတာ၊ မရှိတာတော့ မသိဘူး။ လောလောဆယ်မှာ သင်းထက် ဖြစ်နေတဲ့ အမှုနဲ့တော့ မဆိုင်ဘူးလို့ ထင်ပါတယ်။ ကိုယ်က အမေစုကို ချစ်လို့ သွားလိုက်တယ်။ ဒါကို ဘယ်လိုကြောင့် တိုက်ခိုက်လဲပေါ့။ ဆိုးဆိုးရွားရွားကို ရေးထားတယ်။ ကိုယ်လည်း ဘာမှ မပြောခဲ့ပါဘူး။ သင်းထက်က ခြိမ်းခြောက်တိုင်းလည်း မကြောက်တတ်ဘူးရှင့်။ မြှောက်တိုင်းလည်း မမြောက်ဘူး။ ကိုယ့်ဦးနှောက်နဲ့ ကိုယ်လုပ်တာပါ” လို့ သင်းသင်းက ပြောပါတယ်။

အဆိုပါ ပွဲကိုသွားရောက်တာနဲ့ ပတ်သက်ပြီး Page အတု တခုမှ သင်းသင်း မပြောခဲ့တဲ့ စကားများကို လူအများ အထင်လွဲစရာ သတင်းအဖြစ် ဖော်ပြခဲ့ပြီး သင်းသင်းအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်တဲ့အတွက် သွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“သူတို့တွေက အမေစုကို ထည့်ပြီးတော့ ကျမကို အရမ်းပုတ်ခတ်ပြီးတော့ ထည့်ရေးထားတယ်။ ဒီမြေပေါ်မှာ နေတာလေ။ ကျမကို ဒါနဲ့ တိုက်ခိုက်တယ်ဆိုတော့ ဒါ နိုင်ငံရေးနဲ့ ဆိုင်သွားပါပြီ။ ကျမတို့က အမေစုကို ချစ်တယ်။ ဟိုပါ၊ ဒီပါတွေ ကျမလည်း စိတ်မဝင်စားပါဘူး။ နိုင်ငံရေး လုပ်နေတာ မဟုတ်ဘူး။ ချစ်လို့ ချစ်တယ်လို့ပြောတာ ဖိတ်လို့လည်း သွားခဲ့တာ”

“အဲ့အကောင့်တုကိုတော့ ထည့်မပြောတော့ပါဘူး။ ကျမရဲ့ရှေ့နေနဲ့လည်း တိုင်ပင်ထားပါတယ်။ သူတို့ သဘောနဲ့ သူတို့ စွပ်စွဲပြီးတော့ ရေးထားပါတယ်။ လူတယောက် ထိခိုက်ဖို့အတွက်ကို ကျမကို အဲ့လောက်ထိ တိုက်ခိုက်ဖို့ မလိုဘူးလို့ ကျမ ထင်တယ်။ စိတ်ဓာတ်ရေးရာပိုင်းမှာ အရမ်းကို ညံ့နေပါတယ်။ အမေစုကို ချစ်လို့ ကျမ သွားခဲ့တာပါ”လို့ သင်းသင်းက ပြောပါတယ်။

အဲဒီပွဲကိုတော့ ပရဟိတ အတူတကွ လုပ်ကြတဲ့ မိတ်ဆွေများရဲ့ ဖိတ်ခေါ်မှုကြောင့် သွားရောက်ခဲ့ပြီး အခြေခံဥပဒေ ပြင်ဆင်ဖို့ အချက်တွေကိုလည်း နားမလည်ပါဘူးလို့ သင်းသင်းက ဆိုပါတယ်။

“အခြေခံဥပဒေ ပြင်ဆင်ဖို့ အချက်တွေကို ကျမလည်း နားမလည်ဘူး။ မသိပါဘူး။ ပြည်သူပြည်သားချင်း Facebook အကောင့်အတုတွေနဲ့ လှည့်တိုက်ပေးတယ်။ ပြည်သူတွေနဲ့ လှည့်တိုက်ပေးတယ်။ နိုင်ငံရေးကို လှုံ့ဆော်တဲ့ သဘောပါ။ သင်းထက်ကို ခုတုံး လုပ်တယ်။ ဖြေရှင်းတယ်ဆိုတာကလည်း ကိုယ်နဲ့လည်း ဘာမှ မဆိုင်ဘဲ နိုင်ငံရေးတွေ ပါလာလို့ပါ” လို့ သင်းသင်းက ပြောပါတယ်။

သင်းသင်းက အခုလို ပြန် ဖြေရှင်းရတာဟာ သူ့ကို ခုတုံးလုပ်ကာ နိုင်ငံရေးများ ပါလာတဲ့အတွက်ကြောင့်လို့ ဆိုပါတယ်။ အလှမယ် သင်းသင်းကတော့ သရုပ်ဆောင် ဝေဠုကျော်ကို တရားစွဲဆိုခဲ့ရာမှ တဆင့် လူအများရဲ့ စိတ်ဝင်စားခြင်း၊ ဝေဖန်မှုများစွာ ခံခဲ့ရပြီး လတ်တလောမှာလည်း အမှုက ရင်ဆိုင်နေဆဲ မပြီးပြတ်သေးဘူးလို့ သိရပါတယ်။

You may also like these stories:

ဆယ်လီဖြစ်ချင်လို့ ဝေဠုကျော်ကို တရားစွဲတာ မဟုတ်ဘူးလို့ ပြောတဲ့ အလှမယ် သင်းသင်း

“ငွေသာမက်လို့ ညှိမယ်ဆို ဒီကို ရောက်လာစရာ အကြောင်း မရှိဘူး”လို့ အလှမယ် သင်းသင်း ပြော

“ယုံကြည်မှုရှိတဲ့အတွက် အမှုကို ရင်ဆိုင်ခဲ့တာပါ”လို့ ဝေဠုကျော် ပြော

The post “ခြိမ်းခြောက်တိုင်းလည်း မကြောက်သလို၊ မြှောက်တိုင်းလည်း မမြောက်ဘူး”လို့ ပြောတဲ့ သင်းသင်း appeared first on ဧရာဝတီ.

အာဇာနည်နေ့နဲ့ ပတ်သက်ပြီး အနုပညာရှင်များရဲ့ အောက်မေ့ အမှတ်တရ စကားများ

$
0
0

ယခုနှစ်၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ၇၂ နှစ်မြောက် အာဇာနည်နေ့နဲ့ ပတ်သက်ပြီး သရုပ်ဆောင် လူမင်း၊ ဒါရိုက်တာ ပန်းချီစိုးမိုးနဲ့ သရုပ်ဆောင် ဘုဏ်းသိုက်တို့ရဲ့ အောက်မေ့ အမှတ်တရ စကားများကို အခုလိုပဲ ဖော်ပြလိုက်ပါတယ်။

သရုပ်ဆောင် လူမင်း

“အာဇာနည်နေ့ နီးပြီဆိုကတည်းက တီဗီတွေမှာ အာဇာနည်နေ့အကြောင်းတွေ လွှင့်တော့ ပိုလို့ သတိရ၊ လွမ်းမိတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သတ်ရင် ကဗျာတွေ၊ စာတွေ ရေးကြ၊ ဖွဲ့ကြတယ်။ ရုပ်တုတွေ ထုကြတယ်။ သီချင်းတွေ ဆိုကြတယ်။ အနုပညာကဏ္ဍတွေက အသီးသီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်ပြီးတာဝန်ကျေကြတယ်လို့ ခံစားရတယ်”

“ကျနော်တို့ ရုပ်ရှင်လောက အနေနဲ့လည်း ဗိုလ်ချုပ်ရုပ်ရှင်ကား တကား ရိုက်သင့် ရိုက်ထိုက်တယ်လို့ ခံစားမိတယ်။ ဒီအတွက် ရိုက်ဖြစ်တော့မှာ ဖြစ်တဲ့အတွက်လည်း ကိုယ့်တိုင်းပြည်ရဲ့ကိုယ်စား ရုပ်ရှင်လောက ကိုယ်စား ဂုဏ်ယူတယ်။ ဗိုလ်ချုပ်အကြောင်း ရုပ်ရှင်ရိုက်တော့မယ်ဆိုတော့ ဗိုလ်ချုပ်အကြောင်း လေ့လာရတော့ ပိုသိတာပေါ့။ အဲ့အတွက် ကျနော် ဗိုလ်ချုပ်ရုပ်တုတွေ တွေ့ရင် ကလေးတွေကို အလေးမပြုခိုင်းဘူး။ ထိုင် ကန်တော့ခိုင်းတယ်။ အရမ်းကြည်ညိုဖို့ ကောင်းပါတယ်”

“ကျနော် အိမ်ကနေပဲ ဆုတောင်းဖို့ ရှိပါတယ်။ ကျနော့် စိတ်တွေက ဇာတ်ကားထဲမှာပဲ နှစ်ထားတယ်။ သွားတဲ့နေရာတိုင်း ဘယ်သူက ဇာတ်ကားထဲ ဇာတ်ရုပ်နဲ့ တူမလဲ ဆိုတာပဲ ကြည့်နေတာ။ အဲ့စိတ်နဲ့ပဲ နေနေတာဆိုတော့ ကျနော့်အတွက်က ဗိုလ်ချုပ်ကို အထူးအထွေ မျှော်မှန်း တမ်းတနေစရာ မရှိဘူး။ ကလေးတုန်းကတော့ အာဇာနည်နေ့ဆို အလေးပြုရတယ်ဆိုပဲ သိတာပေါ့။ အလေးအနက် မသိတော့ အရမ်း မလေးနက်ခဲ့ဘူးပေါ့”လို့ လူမင်းက ပြောပါတယ်။

ဒါရိုက်တာ ပန်းချီစိုးမိုး

“အာဇာနည်နေ့နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ရက်ကတော့ ဟောပြောပွဲ ပြောတယ်။ အာဇာနည်တွေကို ဂုဏ်ပြုတာ၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော် သုံးကျိပ်ကို ဂုဏ်ပြုတာ။ ရဲဘော် သုံးကျိပ်လည်း အာဇာနည်ပဲ။ မသေတဲ့လူတွေလည်း အာဇာနည်တွေ အများကြီးရှိတယ်။ နိုင်ငံ့အတွက်ကို အသက်စွန့်တဲ့ ပုဂ္ဂိုလ် မှန်သမျှ၊ သူရဲကောင်း မှန်သမျှ၊ ကိုယ့်တိုင်းပြည်ကိုယ် ကောင်းအောင် ကြိုးစားတဲ့သူအားလုံး လုပ်ရင်းကိုင်ရင်း စွန့်စားတဲ့ ရဲဘော်တွေလည်း အများကြီးပဲ။ သူတို့လည်း အာဇာနည်ပဲ။ အာဇာနည်အားလုံးကို အမြဲတမ်း လေးစားတယ်”လို့ ဒါရိုက်တာ ပန်းချီစိုးမိုးက ပြောပါတယ်။

သရုပ်ဆောင် ဘုဏ်းသိုက်

“ဇူလိုင် ၁၉ ကြောင့်ပဲ အန်ကယ်လေး (ဦးလူမင်း) က ဇာတ်ညွှန်းရေးပေးပါလို့ တောင်းဆိုဖြစ်တာကို လက်ခံ ဖြစ်တယ်။ ဇူလိုင် ၁၉ မှာ သူလိုကိုယ်လို လူငယ်လေး တယောက်ကနေ နှစ် ၁၀၀ လောက် ကိုယ့်နိုင်ငံကို သူများနိုင်ငံက လုယူသွားတာကို ကိုယ့်နိုင်ငံကို ပြန်ခေါ်လာနိုင်တဲ့ အောင်ဆန်းပေါ့”

“လူငယ်တွေ အကုန်လုံးကလည်း ကျနော်တို့ နိုင်ငံရဲ့ သယံဇာတတွေ၊ လူငယ်တွေက ဘယ်သူမဆို သယံဇာတ ဖြစ်နိုင်တယ်။ ဖြစ်ခွင့် ရှိတယ်။ အောင်ဆန်းတွေ အများကြီး ထွက်လာစေချင်တယ်ဆိုတဲ့ စိတ်နဲ့ ကျနော်လည်း ဇာတ်ညွှန်းရေးဖြစ်တာပေါ့”လို့ ဗိုလ်ချုပ်ရုပ်ရှင်ကို ဇာတ်ညွှန်း ရေးနေတဲ့ သရုပ်ဆောင် ဘုဏ်းသိုက်က ပြောပါတယ်။

You may also like these stories:

အောက်မေ့ဖွယ်ရာ အထိမ်းအမှတ် အာဇာနည်နေ့ အကြောင်း

The post အာဇာနည်နေ့နဲ့ ပတ်သက်ပြီး အနုပညာရှင်များရဲ့ အောက်မေ့ အမှတ်တရ စကားများ appeared first on ဧရာဝတီ.

ကိုရီးယားအနုပညာရှင်တွေရဲ့ အလှအပရေးရာ ကိုယ်ပိုင်လျှို့ဝှက်ချက်များ

$
0
0

ကိုရီးယားအနုပညာရှင်တွေရဲ့ အသားရေကောင်းခြင်းကတော့ လူတိုင်း အားကျစရာကောင်းလောက်အောင် လှ ပကြပါတယ်။ အမျိုးသား၊ အမျိုးသမီးတိုင်းရဲ့အသားရေ ကြည်လင်နေတဲ့အပြင် မိတ်ကပ်အပြင်အဆင်ဆိုရင် လည်း ဘာဝဆန်ဆန်လှလှပပလေး ပြင်ဆင်တတ်ကြပါတယ်။

ဒါကလည်း နာမည်ကြီး ကိုရီးယားအလှကုန်တွေ ကြောင့်ဆိုပေမယ့် အနုပညာရှင်တယောက်ချင်းစီမှာလည်း အလှအပရေးရာ ကိုယ်ပိုင်နည်းလမ်းကောင်းလေး တွေရှိနေပါတယ်။

Jun Ji Hyun

ကိုရီးယားနိုင်ငံရဲ့ A list စာရင်းဝင်မင်းသမီးလို့ ဆိုရမယ့် Jun Ji Hyun ကို “My Love Fromm The Star” ဇာတ်ကားနဲ့ ပရိသတ်တွေသိကြမှာပါ။ သူမရဲ့အလှအပရေးရာ လျှို့ဝှက်ချက်ကတော့ သဘာဝပစ္စည်းတွေနဲ့ ကိုယ်တိုင်လုပ်တဲ့ Homemade Face Mask တွေကြောင့်ပါတဲ့။ အမြဲလုပ်နေကျဆို တိုနာ၊ Lemon Juice နဲ့ ဝိုင် ကိုအသုံးပြုလေ့ရှိပါတယ်။

ဒီပါဝင်ပစ္စည်းတွေကိုကြည့်ရင် Sensitive Skin သမားတွေအတွက်မို့ Jun Ji Hyun ကလည်း ထိခိုက်လွယ်တဲ့အသားရေပိုင်ရှင်ပါ။ ဒါပေမယ့်လည်း သူမရဲ့ကိုယ်ပိုင်နည်းလမ်းကြောင့် ဒီအသက်ရွယ် ထိ ပြစ်မျိုးမှဲ့မထင် နုပျိုလှပနေသူလေးပါ။

Song Hye Kyo

အွန်စောလို့ မြန်မာပရိသတ်တွေသိကြတဲ့ Song Hye Kyo ရဲ့ အသားရေကောင်းခြင်းတွေကို တကူးတကပြော နေစရာတောင်မလိုပါဘူး။ ခွဲစိတ်ပြင်ဆင်ထားတာမရှိဘဲ သဘာဝအတိုင်းလှနေတဲ့ သူမအလှကို နောက်ထပ် ပံ့ ပိုးပေးထားတာကတော့ အသားရေကြည်လင်လှပနေတာပါပဲ။ ဒါကြောင့်လည်း အလှကုန်အ မှတ်တံဆိပ်တော် တော်များများရဲ့ ပင်တိုင်မော်ဒယ်ဖြစ်လာတာပါ။

သူမရဲ့ အလှအပရေးရာလျှို့ဝှက်ချက်ကတော့ မျက်နှာကို ပုံမှန် နို့ရည်နဲ့ သန့်စင်ဆေးကြောတာပါ။ နို့ရည်မှာပါတဲ့ အာဟာရဓာတ်တွေက ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားရေကို ကြည်လင်တောက်ပစေပါတယ်။

Hyelin

နောက်ထပ် ပင်ကိုယ်အသားရေကောင်းသူတယောက်ကတော့ EXID အဖွဲ့က Hyelin ပါ။ သူမရဲ့အလှအပရေး ရာ ကိုယ်ပိုင်နည်းလမ်းကတော့ ဆောင်းတွင်းဘက်မှာ မျက်နှာကို Vaselin တခုပဲလိမ်းတာပါတဲ့။ အဆင့်အများ ကြီး မလိမ်းတတ်ဘဲ အသားရေမခြောက်သွေ့အောင် Vaselin တခုတည်းပဲ ပုံမှန်လိမ်းတယ်လို့ သူမရဲ့ကိုယ်ပိုင် နည်းလမ်းကို ပြောပြခဲ့ပါတယ်။

ဒါပေမယ့် အလှအပကျွမ်းကျင်သူတွေကတော့ Vaselin က ချွေးပေါက်တွေကို ပိတ်တတ်လို့ အသားရေအားလုံးနဲ့အဆင်မပြေနိုင်ဘူးလို့ ဆိုပါတယ်။

Rocky and Sanha

ASTRO အဖွဲ့က အသက်ငယ်ဆုံးအဖွဲ့ဝင်ထဲက Rocky ကတော့ သူ့အသားရေကြည်လင်လှပနေတာဟာ မျက်ကပ်မှန်ဆေးတဲ့ဆေးရည်နဲ့ မျက်နှာကို သန့်စင်တာကြောင့်လို့ ဆိုပါတယ်။ ဒီလိုလုပ်ဖို့ အကြံပေးခဲ့သူက သူ့ရဲ့အမေပါတဲ့။ Rocky ရဲ့အသားရေနဲ့တော့ အဆင်ပြေတယ်ဆိုပေမယ့် မျက်ကပ်မှန်ဆေးရည်တွေမှာ ဓာတု ပစ္စည်းတွေပါဝင်လို့ လူတိုင်းတော့ စိတ်ချပြီး သုံးစွဲဖို့မသင့်ပါဘူး။

နောက်ထပ် အသက်ငယ်ဆုံးတယောက်ကတော့ Sanha ပါ။ သူကလည်း အသားရေလှအောင် မျက်နှာကို ရေ နဲ့ ရှာလကာရည်ရောပြီး သန့်စင်ပါတယ်။ ရှာလကာရည်ကလည်း အမျိုးအစားလိုက် အပြင်းစာတွေရှိတာမို့ သုံး မယ်ဆိုရင် ဂရုစိုက်ကြဖို့ တိုက်တွန်းထားပါတယ်။

Ref: Soompi

You may also like these stories:

နာမည်ကြီး Super Model တွေရဲ့ အသားအရေအလှအပဆိုင်ရာ လျှို့ဝှက်ချက်များ

တရုတ်အမျိုးသမီးတွေပြောတဲ့ အရွယ်တင်ရခြင်း လျှို့ဝှက်ချက်များ

သကြားညိုကို အလှအပတွက် အသုံးပြုနိုင်မယ့် နည်းလမ်း ၃ ခု

ချွေးပေါက်တွေ ကျဉ်းစေဖို့ လိုက်နာရမယ့် နည်းလမ်းများ

The post ကိုရီးယားအနုပညာရှင်တွေရဲ့ အလှအပရေးရာ ကိုယ်ပိုင်လျှို့ဝှက်ချက်များ appeared first on ဧရာဝတီ.

“ရည်းစားနဲ့ ပြတ်သွားတာ အတွေ့အကြုံ ရတယ်”လို့ ပြောတဲ့ သင်ဇာဝင့်ကျော် 

$
0
0

ယခုနှစ် အတွင်းမှာပဲ နိုင်ငံခြားသား တဦးနဲ့ ချစ်ကြိုက်ခဲ့တဲ့ အချစ်ရေးကို ပရိသတ်ထံ ပွင့်ပွင့်လင်းလင်း ချပြခဲ့တဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ကတော့ ရည်းစားနဲ့ ပြတ်သွားတာ သင်ခန်းစာ မဟုတ်ပေမယ့် အတွေ့အကြုံ ရတယ်လို့ ပြောပါတယ်။

“အချစ်ရေးက အစကတည်းက တည်ငြိမ်ပါတယ်။ ချစ်သူ ထပ်ထား ဖြစ်မယ်၊ မဖြစ်ဘူး ဆိုတာ မပြောနိုင်ဘူး။ ၃၊ ၄ လှမ်း လျှောက်ရုံနဲ့လည်း တွေ့ရင် တွေ့နိုင်တာပဲလေ။ အချစ်ရေးကို မဖော်ပြပါဘူး။ ဖော်ပြဖို့ အစီအစဉ်လည်း မရှိဘူး၊ ပရိသတ်တွေက သိသွားလို့သာ ချပြလိုက်တာ။ ရည်းစားနဲ့ ပြတ်သွားတာ သင်ခန်းစာ ရတယ်တော့ မဟုတ်ဘူး၊ အတွေ့အကြုံရတယ်လို့ ပြောရမယ်”လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။

ဆက်လက်ပြီး သင်ဇာဝင့်ကျော်ကတော့ ချစ်သူနဲ့ ပြတ်စဲသွားပေမယ့် သိပ်မခံစားရတာဟာ တကယ်တမ်း တွေ့ပြီး ကြိုက်ခဲ့တဲ့ အချိန်ကာလ သိပ်မကြာတာကြောင့်လို့ ဆိုပါတယ်။

“သိပ်မခံစားရဘူး ဆိုတာက သူနဲ့ တွေ့တာက ၆ လ၊ တကယ်တမ်း ကြိုက်သွားတဲ့ ၃ လ အတွင်းမှာ တွေ့ဖြစ်တာကို လက်ချိုးရေလို့ ရတယ်၊ သိပ်ပြီးတော့ အလေးအနက် မရှိဘူးပေါ့။ မြန်မာ ကောင်လေးတွေနဲ့ Foreigner ဘာကွာလဲ ဆိုတော့ Foreigner တွေက သိပ်ရစ်တာ မရှိဘူး။ မြန်မာ ကောင်လေးတွေက ဟိုနားသွားလည်း သွားပြန်ပြီနဲ့ ရစ်တယ်”

“ချစ်သူ ထပ်ထားဖြစ်ရင်လည်း ဒီမှာနေတဲ့ Foreigner ပဲ ထားဖြစ်မယ် ထင်တယ်။ သူ့ကိုလည်း မေးပါသေးတယ်။ ဒီမှာ အခြေချနိုင်လားဆိုတော့ မချနိုင်ဘူး ပြောတယ်။ သူရှိတဲ့နောက် လိုက်ဖို့ကျတော့လည်း သင်ဇာ့အတွက် အဆင်မပြေဘူးလေ။ အဲ့အတွက် ပြတ်သွားတာပေါ့။ အပျိုကြီး ဖြစ်မလားလည်း မပြောတတ်ဘူး။ ချစ်သူက ရွေးလေ ရှားလေ ဖြစ်နေတယ်”လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။

သင်ဇာဝင့်ကျော်ကတော့ ပွဲတက်ဖက်ရှင်တွေမှာ အမြဲ Sexy ကျကျ ဝတ်ဆင် ပွဲတက်လေ့ရှိပြီး ခန္ဓာကိုယ် အလှအပကို အသားပေးကာ ဝတ်ဆင်တတ်ပါတယ်။ နိုင်ငံခြားသား တဦးနဲ့ ချစ်ကြိုက်ခဲ့တဲ့ သူ့ရဲ့ အချစ်ရေးကိုလည်း ပရိသတ်ထံ ပွင့်ပွင့်လင်းလင်း ချပြခဲ့ပြီး ယခုချိန်မှာတော့ အဲဒီ ချစ်သူနဲ့ လမ်းခွဲလိုက်ပြီပဲ ဖြစ်ပါတယ်။

You may also like these stories:

“ပရိသတ်တွေ တောင်းဆိုကြလို့ ဖက်ရှင်တွေ သိပ်မဖော်ဖြစ်ဘူး”လို့ သင်ဇာဝင့်ကျော် ပြော

ချစ်သူနဲ့တွေ့တာ ၆ လပဲ ရှိသေးလို့ လေ့လာနေဆဲလို့ သင်ဇာဝင့်ကျော် ပြော

ကိုယ့်ကိုယ်ကိုယ် Challenge ခေါ်ပြီး ရေခဲတောင်မှာ အင်္ကျီချွတ် ရိုက်ခဲ့တဲ့ သင်ဇာဝင့်ကျော်

“ရတဲ့အချိန်မှာ ကိုယ်လုပ်ချင်တာ လုပ်ခွင့်ရတဲ့သူ ဖြစ်ချင်တယ်”လို့ ပြောတဲ့ သင်ဇာဝင့်ကျော်

The post “ရည်းစားနဲ့ ပြတ်သွားတာ အတွေ့အကြုံ ရတယ်”လို့ ပြောတဲ့ သင်ဇာဝင့်ကျော်  appeared first on ဧရာဝတီ.

အဆိုပြိုင်ပွဲတွေကနေတဆင့် အောင်မြင်လာကြတဲ့ နာမည်ကျော်အဆိုတော်များ

$
0
0

နိုင်ငံတကာမှာ ကျော်ကြားအောင်မြင်နေကြတဲ့ နာမည်ကျော်အဆိုတော်တချို့ဟာ အဆိုပြိုင်ပွဲတွေကနေတဆင့် သူတို့ရဲ့ အိပ်မက်တွေကို အားသွန်ခွန်စိုက် အကောင်အထည်ဖော်ခဲ့ကြတာဖြစ်ပြီး အခုဖော်ပြပေးမှာကတော့ သူတို့တွေထဲက တချို့ပဲဖြစ်ပါတယ်။

(၁) Adam Lambert

နာမည်ကျော်အဆိုတော်တဦးဖြစ်တဲ့ Adam Lambert ဟာဆိုရင်တော့ ၂၀၀၉ ခုနှစ်ရဲ့ American Idol ပြိုင်ပွဲမှာ ဒုတိယနေရာနဲ့ ကျေနပ်ခဲ့ရပေမယ့် သူ့ရဲ့ပထမဦးဆုံး album ဖြစ်တဲ့ “For Your Entertainment”  Album ကတော့ အချပ်ရေ ၅ သန်းကျော်အထိရောင်းရကာ စံချိန်တင်နိုင်ခဲ့ပါတယ်။

(၂) Justin Timberlake

နာမည်ကြီးအဆိုတော်တဦးဖြစ်တဲ့ Justin Timberlake ဟာဆိုရင်လည်း ၁၉၉၂ ခုနှစ်တုန်းက Star search ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူတဦးဖြစ်ပြီး ပြိုင်ပွဲမှာ အနိုင်ရရှိခဲ့ခြင်းမရှိပေမယ့် “Cry Me A River”, “SexyBack”, “Rock Your Body” စတဲ့ သီချင်းတွေနဲ့ လူသိများအောင်မြင်ကျော်ကြားခဲ့ပါတယ်။

(၃) Leona Lewis

Leona Lewis ဟာဆိုရင်တော့ ၂၀၀၆ ခုနှစ်တုန်းက ပြုလုပ်ခဲ့တဲ့ The X Factor UK ရဲ့ season 3 မှာ အနိုင်ရရှိခဲ့ပြီး သူမရဲ့ “Bleeding love”, “Better in Time” သီချင်းတွေဟာဆိုရင် နိုင်ငံတကာအထိ ပေါက်ရောက်အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

(၄) One Direction

မိန်းကလေးတွေရဲ့ အသည်းစွဲ အမျိုးသားအဆိုတော်အဖွဲ့ဖြစ်တဲ့ One Direction ဟာဆိုရင်လည်း The X Factor UK ကနေ တက်လာခဲ့တာဖြစ်ပြီး ဒိုင်တွေက ပြိုင်ပွဲဝင်တွေဖြစ်ကြတဲ့ Harry, Louis, Niall, Liam နဲ့ Zayn တို့ကို အဖွဲ့တခုအဖြစ်  ဖန်တီးပြီး တွဲဖက်သီဆိုစေခဲ့တာဖြစ်ပါတယ်။

(၅) Kelly Clarkson

Kelly Clarkson ကတော့ ၂၀၀၂ ခုနှစ်မှာ ကျင်းပခဲ့တဲ့ American Idol မှာ winner ဖြစ်ခဲ့သူတဦးဖြစ်ပြီး “Breakaway”, “Stronger” နဲ့ “Because of you” စတဲ့ သီချင်းတွေနဲ့ နိုင်ငံတကာအထိပါ အောင်မြင်ကျော်ကြားခဲ့သူတဦးဖြစ်ပါတယ်။

Ref. planetradio.co.uk

The post အဆိုပြိုင်ပွဲတွေကနေတဆင့် အောင်မြင်လာကြတဲ့ နာမည်ကျော်အဆိုတော်များ appeared first on ဧရာဝတီ.


အတိတ်ကိုပြန်သွားပြီး အနာဂတ်ကို ပြောင်းလဲဖို့ ကြိုးစားမယ့် “The 100th Love With You”

$
0
0

အတိတ်ကိုပြန်သွားနိုင်တဲ့ Time Travel အကြောင်းကို ရိုက်ကူးထားပြီး မင်းသမီး Miwa နဲ့ မင်းသား Kentaro Sakaguchi တို့ခေါင်းဆောင်ပါဝင်ထားတဲ့ “The 100th Love With You” ဂျပန်ဇာတ်ကားဟာ ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့ပြီး ပရိသတ်အကြိုက်တွေ့ခဲ့တဲ့ ဇာတ်ကားကောင်းတကားပါ။ Rating မှာလည်း IMDb  6.7 ရရှိ ထားပါတယ်။

Aoi နဲ့ Riku တို့ဟာ ငယ်ငယ်လေးတည်းက ငယ်သူငယ်ချင်းတွေဖြစ်ပြီး တယောက်နဲ့တယောက်မေတ္တာမျှနေ ကြပေမယ့် ထုတ်ဖော်ဝန်မခံထားကြပါဘူး။ တက္ကသိုလ်ကျောင်းသားဘဝမှာ သူတို့နှစ်ယောက်ဝါသနာပါတဲ့ ဂီတ ကိုလုပ်ဖို့ တခြားသူငယ်ချင်းသုံးယောက်နဲ့ ဂီတအဖွဲ့လေးဖွဲ့ထားပြီး မြို့ရဲ့ဂီတပွဲတော်မှာ ပါဝင်ဖို့ လေ့ကျင့်နေခဲ့ကြ ပါတယ်။

အရာရာကို တည်တည်ငြိမ်ငြိမ်နဲ့ ဆုံးဖြတ်နိုင်စွမ်းရှိတဲ့ Riku ကို သူငယ်ချင်းသံယောဇဉ်ကနေ ချစ်သူအဖြစ် ဖွင့် ပြောဖို့ ကြိုစားနေစဉ်မှာ မထင်မှတ်ဘဲ အဖွဲ့ထဲက တဖက်သတ်ကြိုက်နေခဲ့တဲ့ ကောင်လေး Naoya က Aoi ကို ဖွင့်ပြောမိသွားခဲ့ပါတယ်။ နှစ်ဦးကြားမှာ ဗျာများနေတဲ့ Aoi ကို သူ့ရဲ့သူငယ်ချင်းမလေး Rina ( Naoya ကို တ ဖက်သတ်ကြိုက်နေသူလေး) ကပါ အထင်လွဲသွားခဲ့ပြန်ပါတယ်။

ဖျော်ဖြေဖို့ လေ့ကျင့်နေစဉ်မှာ အဆင်ပြေခဲ့သလောက် တကယ့်ဖျော်ဖြေပွဲကြီးမှာတော့ Aoi ကြောက်ပြီး ဆက်မဆိုနိုင်ခဲ့ဘဲ ပွဲပျက်ခဲ့ရပါတယ်။ စိတ်ညစ်ညစ်နဲ့ထွက်ပြေးလာတဲ့ Aoi ဟာ လမ်းပေါ်မှာ ပစ္စည်းတခုကောက်ရင်း ကားတိုက်ခံလိုက်ရပါတယ်။ ဒါပေမယ့် သူသတိရတဲ့အချိန်မှာ ဖျော်ဖြေပွဲမစခင် ကျောင်းစာသင်ခန်းထဲမှာ စာ သင်နေတဲ့အတိတ်ကို ပြန်ရောက်နေပါတယ်။

အိပ်မက်လိုလို၊ တကယ်ဖြစ်ခဲ့သလို ဇဝေဇဝါဖြစ်နေရာက ရှေ့ဆက်ဖြစ်တဲ့အဖြစ်အပျက်တွေက သူအိပ်မက်ထဲ ကအတိုင်းဖြစ်လာတဲ့အခါ အံ့သြသွားပါတော့တယ်။ တိုက်ဆိုင်မှုတွေကို တခြားသူတွေကို ပြောပြပေမယ့် ဘယ် သူမှမယုံဘဲ ထူးထူးခြားခြား ငယ်သူငယ်ချင်း Riku က လက်ခံပေးပြီး အတိတ်ကို ပြန်သွားနိုင်တဲ့ ဓာတ်ပြား နဲ့ဖွင့်စက်အကြောင်းကို ပြောပြပါတော့တယ်။

ဒီတော့မှ သူဖြစ်ပျက်ခဲ့တာတွေ တကယ်ဖြစ်ပြီး အနာဂတ်ကနေ အတိတ်ကိုပြန်ရောက်လာတယ်ဆိုတာ နား လည်သွားသလို ဘာကြောင့် Riku တယောက် အရာရာကိုကြိုမြင်ပြီး တည်တည်ငြိမ်ငြိမ်ဆုံးဖြတ်နိုင်တယ်ဆို တာကိုပါ သိလာပါတော့တယ်။

ဒါပေမယ့် Riku တယောက် အတိတ်ကို ခဏခဏပြန်သွားနေရတဲ့ နောက် ကွယ်က အကြောင်းရင်းကို Aoi သိသွားတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲ၊ Riku ကရော ဘယ်လိုအကြောင်း တွေရှိလို့ အတိတ်ကို ခဏခဏပြန်သွားနေရတာလဲဆိုတဲ့ အဖြေကို “The 100th Love With You” ဇာတ်သိမ်းပိုင်းလေးမှာ ပရိသတ်တွေ တွေ့ရှိသွားကြမှာပါ။

You may also like these stories:

“Titanic” ရုပ်ရှင်မှာ ဂျက်ခ် သေဆုံးခဲ့တဲ့ ဇာတ်ဝင်ခန်းအကြောင်း ငြင်းခုံကြတဲ့ သရုပ်ဆောင်များ

Coachella ပွဲတော်ကြီးမှာ အောင်မြင်မှု စိုက်ထူနိုင်ခဲ့တဲ့ BlackPink

“ပရိသတ်ကြိုက်မယ့် ဇာတ်ကားမျိုးဆိုရင် Boy Love ဇာတ်ကားလည်း ရိုက်မယ်”လို့ ကောင်းမြတ်စံ ပြော

ဟာသနဲ့ သရဲကား ကြိုက်သူတွေအတွက် Horror Comedy ရုပ်ရှင် “ခေါ်သံ”

The post အတိတ်ကိုပြန်သွားပြီး အနာဂတ်ကို ပြောင်းလဲဖို့ ကြိုးစားမယ့် “The 100th Love With You” appeared first on ဧရာဝတီ.

“ဗိုလ်ချုပ်ရုပ်ရှင်”ကို စက်တင်ဘာလကုန်မှာ စတင်ရိုက်ကူးတော့မယ် လို့ လူမင်းပြော

$
0
0

“အောင်ဆန်းရုပ်ရှင်” ဇာတ်ကားရဲ့ ဒဿမကြိမ်မြောက် အစည်းအဝေးမှာတော့ ရုပ်ရှင်ကို ဒီနှစ် စက်တင်ဘာလကုန်မှာ စတင်ရိုက်ကူးဖို့ရှိကြောင်း ဒါရိုက်တာလူမင်းက ဆိုပါတယ်။

“ကျနော်တို့ ဒဿမကြိမ်မြောက်အစည်းအဝေးအပြီးမှာ ကျနော်တို့ရိုက်ကူးရေးရက်ကို လျာထားသတ်မှတ်နိုင်ခဲ့ပါတယ်။ စက်တင်ဘာလကုန်လောက်မှာ ရိုက်ကူးရေးစတင်ဖို့ ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ရိုက်ကူးရေးက ကျနော့်နောက်ကနေ ကြိုတင် ဖြည့်စွမ်းပြင်ဆင်မှုတွေ အမီလိုက်နိုင်တယ်ဆိုရင် ဇန်နဝါရီလလောက်မှာ အပြီးသတ်ရိုက်ကူးနိုင်ဖို့မျှော်လင့်တယ်”

“ ပြင်ဆင်မှုအနေနဲ့ အချို့အခန်းကဏ္ဍတွေက ၈၀%လောက်ထိပြင်ဆင်မှုပြီးနေပြီလို့ပြောလို့ရသလို တချို့ အခန်းကဏ္ဍတွေက ၄၀ ရာနှုန်း အသီးသီးပြင်ဆင်ဆဲကာလပေါ့။ ဇာတ်ကားကြီးက အပိုင်းပိုင်းတွေနဲ့ရိုက်ရမှာ ငယ်ဘဝ၊ တက္ကသိုလ်ကျောင်းသားဘဝ၊ ရဲဘော်သုံးကျိတ်ဘဝ၊ နိုင်ငံရေးသမားဘဝကနေကျဆုံးတဲ့ထိ အပိုင်းတွေများတော့ သူ့အပိုင်းနဲ့သူ ပြင်ဆင်မှုပြီးတဲ့ အပိုင်းတွေစတင်ရိုက်ကူးရင်း ပြင်ဆင်ဖို့လိုအပ်တာတွေကို ဆက်လက်ပြင်ဆင်ရင်းနဲ့ သွားမှာပါ”

“ ကျော်ကျော်မျိုးကိုလည်း လုံးဝအပြည့်အဝယုံကြည်သလို လုံးဝလည်းစိတ်ချတယ်။ သူ့ဘဝတလျှောက်လုံး ဒီဇာတ်ကားကြီးအတွက် ရင်းပြီးစောင့်နေတာ။ အခုကိုယ်အလေးချိန် တွေလည်း ၂လအတွင်း ချထားပြီး အဆင်သင့်ဖြစ်နေပြီ။ သူ့ကြိုးစားမှုအတွက် ရာနှုန်းပြည့်ယုံကြည်ထားတယ်”လို့ လူမင်းက ပြောပါတယ်။

ဗိုလ်ချုပ်ရုပ်ရှင်က ဘဝနဲ့ရင်းပြီးတော့ ရိုက်ရတယ်လို့ခံယူထားတဲ့ ဒါရိုက်တာလူမင်းက ဇာတ်ကားရိုက်ကူးဖို့ တာဝန်ယူဖြစ်ပုံတွေကိုလည်း အခုလိုဆိုပါတယ်။

“ ဗိုလ်ချုပ်ရုပ်ရှင်က ဘဝနဲ့ရင်းပြီးတော့ ရိုက်ရတယ်လို့ခံယူတယ်။ ကျနော့်စီးပွားရေး ကျနော့်အလုပ်တွေ ပစ်ပြီးလုပ်ကိုင် နေတာ ရှေ့မှာလည်း စိန်ခေါ်မှုတွေ ဝေဖန်မှုတွေက ဆီးကြိုလို့နေတယ်။ ဘာကြောင့် ဒီအလုပ်ကို လုပ်လဲဆို နံပါတ်၁ ဗိုလ်ချုပ်ကို ချစ်တယ်၊ ကြည်ညိုလေးစားတဲ့ စိတ်ရှိတာကြောင့် နံပါတ်၂ ဒီဇာတ်ကားကြီးက အမေဒေါ်အောင်ဆန်းစုကြည် ဖြစ်ချင်တဲ့ ဆန္ဒတခု ။ ဒီချိန်ဒီနေရာမှာ ဒီတာဝန်က ကျနော့်ပေါ်ကျရောက်လာတဲ့ သမိုင်းပေး တာဝန်လို့ ခံယူတယ်။ အဲ့အတွက် ရှောင်မလွဲချင်ဘူး။ ရအောင်ထမ်းဆောင်မယ်ဆိုတဲ့ စိတ်တွေပါ ပါတယ်”

“ဗိုလ်ချုပ်ဇာတ်ကားကြန့်ကြာနေတာက အရှေ့အဖွဲ့မှာ လေးငါးခြောက်နှစ်ကြာခဲ့တာမှန်တယ်။ အဲ့တုန်းက ကျနော်တို့လည်း ဖြေရှင်းခဲ့တယ်။ ဘတ်ဂျက်က ရည်မှန်းချက်ကိုရောက်မလာတဲ့ အတွက် မရိုက်နိုင်ခဲ့ဘူး။ အခု ကျနော်က ဒါရိုက်တာ အဖြစ် တာဝန်ယူရိုက်ရမှာ တနှစ်ပဲရှိသေးတာဆိုတော့ အဲ့ရှေ့က ဖိစီးမှုတွေက ကျနော်ပေါ်ပိနေတယ်။ ကျနော်ကတော့ မြန်မြန်ရိုက်လိုက်ချင်ပြီ။ စရိုက်ရင် ငယ်ဘဝကနေ စရိုက်မယ်”လို့ လူမင်းက ပြောပါတယ်။

You may also like these stories:

ဗိုလ်ချုပ်ရုပ်ရှင်အတွက် စိုးရိမ်နေတဲ့ ပရိသတ်တွေကို မစိုးရိမ်ကြဖို့ လူမင်း ပြော

“ဗိုလ်ချုပ်ရုပ်ရှင်ကို ဘဝနဲ့ရင်းပြီး ရိုက်တယ်လို့ ခံယူထားတယ်”လို့ လူမင်း ပြော

ဗိုလ်ချုပ်အကြောင်း လူတွေ မှန်မှန်ကန်ကန် သိရဖို့နဲ့ အနုပညာ ဖန်တီးဖို့ ကြိုးစားနေတဲ့ ဘုဏ်းသိုက်

ဗိုလ်ချုပ်ရုပ်ရှင်ကို နိုင်ငံတကာ အဆင့်မီဖြစ်ဖို့ အာမခံတယ်လို့ ဒါရိုက်တာ လူမင်းပြော

ဗိုလ်ချုပ်ရုပ်ရှင်ကို အနုပညာကြေး မယူဘဲ ရိုက်ကူးမယ့် လူမင်း

The post “ဗိုလ်ချုပ်ရုပ်ရှင်”ကို စက်တင်ဘာလကုန်မှာ စတင်ရိုက်ကူးတော့မယ် လို့ လူမင်းပြော appeared first on ဧရာဝတီ.

အမှန်တရားသို့ ဝန်ခံခြင်း (သို့မဟုတ်) Innocent Witness (2019)

$
0
0

အခုတခါမိတ်ဆက်ပေးမယ့်ရုပ်ရှင်ကတော့ ဒါရိုက်တာ Han Lee ရိုက်ကူးထားပြီး Woo-sung Jung ၊ Hyang-gi Kim တို့ အဓိကထားပါဝင်သရုပ်ဆောင်ထားတဲ့ Thriller အမျိုးအစား ကိုရီးယားရုပ်ရှင်တကားပဲဖြစ်ပါတယ်။

အော်တစ်ဇင်ရောဂါခံစားနေရတဲ့ Ji-woo ဟာ သူ့အိမ်ပြတင်းပေါက်ကနေပြီး အဘိုးအိုတယောက် အကြမ်းဖက် သတ်ဖြတ်ခံနေရတာကို တွေ့ရှိခဲ့တာပါ။ အဘိုးအိုဟာ ဇနီးဖြစ်သူကွယ်လွန်သွားခဲ့ပြီးနောက်ပိုင်းမှာ စိတ်ကျရောဂါ ခံစားနေရတာဖြစ်ပြီး အိမ်အကူနဲ့ နေထိုင်နေတာဖြစ်ပါတယ်။

Ji-woo တွေ့ခဲ့ရတဲ့မြင်ကွင်းကတော့ အဘိုးအိုဟာ ခေါင်းမှာ ပလတ်စတစ်အိတ်တလုံးစွပ်လျက် ရုန်းကန်နေရ တာဖြစ်ပြီး သူနဲ့အတူနေထိုင်တဲ့ အိမ်အကူကပါ ရုန်းကန်လှုပ်ရှားနေရတဲ့ မြင်ကွင်းလည်းဖြစ်ပါတယ်။

Soon-ho ကတော့ ဆင်းရဲတဲ့ ရှေ့နေတယောက်ဖြစ်ပြီး ဥပဒေအကြံပေးကုမ္ပဏီတခုမှာပဲ ကြိုးကြိုးစားစား လှုပ်ရှားအသက်မွေးနေရတဲ့ ရှေ့နေတယောက်ပါ။ ကျန်းမာရေး မကောင်းမွန်လှတဲ့ ဖခင်နဲ့အတူနေထိုင်နေတာဖြစ်ပြီး ဆပ်စရာကြွေးမြီတွေလည်း ရှိနေတာကြောင့် ငွေရေးကြေးရေးဟာလည်း သူတို့သားအဖနှစ်ယောက်အတွက် ခက်ခဲတဲ့အနေအထားမှာရှိနေတာပါ။

Soon-ho ရဲ့ ကုမ္ပဏီဟာ ပြည်သူတွေရဲ့ အမြင်မှာ ပုံရိပ်ကောင်းကို မရရှိတဲ့အတွက် Soon-ho ကို ကုမ္ပဏီရဲ့ ဥက္ကဋ္ဌကနေတဆင့် အဘိုးအိုသေဆုံးသွားတဲ့ အမှုမှာ သံသယရှိသူအဖြစ် ဖမ်းဆီးခံထားရတဲ့ အိမ်အကူကို ကူညီဖို့ တာဝန်ပေးခဲ့တာဖြစ်ပြီး သူ့အတွက်လည်း ရာထူးနေရာတခုနဲ့ ရပိုင်ခွင့်တော်တော်များများကိုပါ ကမ်းလှမ်းခဲ့တာ ပဲဖြစ်ပါတယ်။

အိမ်အကူနဲ့ Soon-ho တွေ့ဆုံတဲ့အချိန်မှာတော့ အိမ်အကူဟာ ဒီအမှုကို သူမ မကျူးလွန်ကြောင်း ၊ နှစ်ပေါင်း ၂၀ ကျော် အဘိုးအိုနဲ့ နေထိုင်လာတာဖြစ်တဲ့အတွက်ကြောင့် မိသားစုတခုလိုသာ ခံစားရကြောင်း ၊ သူမမှာလည်း တကောင်ကြွက်သာဖြစ်ကြောင်း စတာတွေနဲ့ သူမကို ကူညီဖို့ Soon-ho ကို တောင်းပန်ပါတော့တယ်။

ဒါကြောင့်ပဲ ဒီအမှုရဲ့တဦးတည်းသော မျက်မြင်သက်သေဖြစ်တဲ့ အော်တစ်ဇင်ရောဂါသည် Ji-woo နဲ့တွေ့ဆုံဖို့ အကြောင်းဖန်လာခဲ့ပါတော့တယ်။

ဇာတ်လမ်းရဲ့ အစပိုင်းမှာတော့ ဆွဲဆောင်မှုမရှိဘူးလို့ ထင်ရပေမယ့် ဒီအမှုမှာ မျက်မြင်သက်သေအဖြစ် Ji-woo ထွက်ဆိုလိုက်တဲ့အခါ ၊ အော်တစ်ဇင်ရောဂါသည်တယောက်ဟာ အခြားသာမန်လူတွေထက် အလိမ်အညာနဲ့ မုသားတွေ ကင်းမဲ့ကြောင်း သိရှိလိုက်ရတဲ့အခါမှာတော့ ရိုးစင်းတယ်ထင်ရတဲ့ ဇာတ်အိမ်တခုလုံးဟာ ကြည့်ရှုသူတွေကို စိတ်ဝင်စားစေမှာ အသေအချာပဲဖြစ်ပါတယ်။

The post အမှန်တရားသို့ ဝန်ခံခြင်း (သို့မဟုတ်) Innocent Witness (2019) appeared first on ဧရာဝတီ.

ပွဲတွေ မတက်ဖြစ်တဲ့အကြောင်း ပြောပြတဲ့ ခီမောင်နှံ

$
0
0

ပြင်ပပွဲတွေမှာ အတွေ့ရနည်းတဲ့ သရုပ်ဆောင်ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီတို့က ပွဲမတက်ဖြစ်ပေမယ့် အနုပညာကို သစ္စာရှိရှိနဲ့လုပ်ရင် ပရိသတ်တွေကလည်း အားပေးဖို့ အမြဲအဆင်သင့်ဖြစ်နေမယ်လို့ ယုံကြည်ကြောင်းဆိုပါတယ်။ အခုချိန်မှာတော့ “Now & Ever” ရုပ်ရှင်ကားကြီးအတွက် သီချင်းတွေ သွင်းနေသလို လုပ်စရာရှိတာတွေလည်း အကောင်းဆုံးလုပ်နေတယ်လို့ ဆိုပါတယ်။

“ ကျနော်တို့ လောက ထုံးစံက အမြဲတမ်းကိုယ့်မျက်နှာကို ထွက်ပြတယ်။ ကြော်ငြာပဲဖြစ်ဖြစ် MTV ပဲဖြစ်ဖြစ် အမြဲတမ်းထိတွေ့နေမှ နာမည်တခုကို ထိန်းထားနိုင်မယ်ဆိုတာတွေရှိတယ်။ တသက်လုံးလည်း အဲ့လို ဖြစ်လာတယ်ပေါ့။ ကျနော်ကတော့ အဲ့ Trend ပြောင်းလာပြီလို့ သတ်မှတ်တယ်။ ပရိသတ်ကလည်း အရည်အသွေး ကို ဦးစားပေးတဲ့ ပရိသတ်လည်းဖြစ်လာပြီ။ ကိုယ်ကသာ စေတနာရှိရှိနဲ့ ကိုယ့်ရဲ့ အနုပညာမှာ သစ္စာရှိရှိနဲ့ လုပ်ရင် ပြန်ထွက်လာတိုင်း ပရိသတ်က အမြဲအဆင်သင့်ဖြစ်နေမယ်လို့ ယုံကြည်တယ်”

“ ဟောလိဝုဒ်တို့ ဘောလိဝုဒ်မှာပဲ ကြည့်ကြည့် သူတို့ ရုပ်ရှင်မင်းသားကြီးတွေ မင်းသမီးကြီးတွေ သူတို့ ကားတွေ တနှစ်နေမှတကြိမ် နှစ်နှစ်နေမှ တကြိမ်ထွက်တယ်။ ထွက်လာရင်လည်း ပရိသတ်က အပြည့်အဝအားပေးကြတယ်။ ကျနော့်အနေနဲ့ အမြဲထွက်နေစရာမလိုဘူးလို့ ထင်တယ်။ ကျနော်တို့ ထိုင်နေတာတော့ မဟုတ်ဘူး။ ကျနော်တို့ လုပ်စရာရှိတာတွေကိုတော့ အကောင်းဆုံးလုပ်နေပါတယ်။ ကျနော်တို့ Now& Ever အတွက် ကျနော်သီချင်းတွေ သွင်းနေပါတယ်”လို့ ဇဏ်ခီကပြောပါတယ်။

အနုပညာသမားတယောက်လို့ ခံယူထားတဲ့ ဒါရိုက်တာ ခရစ္စတီးနားခီကလည်း Now& Ever ကားကြီးကို ရှေ့လထဲမှာ ဆင်ဆာပြီးရင် ရုံတင်ဖို့ စီစဉ်မယ်လို့ ဆိုပါတယ်။ ခရစ္စတီးနားခီကလည်း ပရိသတ်ရှေ့ကို သိပ်မထွက်ဖြစ်တဲ့အကြောင်းကိုလည်း အခုလိုဆိုပါတယ်။

“ ကျမတို့က မီဒီယာတွေရှေ့မှာ သိပ်မတွေ့ရတာက အနုပညာရှင်သမားဟာ အနုပညာမှာ နံပါတ်၁ ဖြစ်ရမယ်။ ပေါ်ပြူလာဖြစ်စရာ မလိုဘူးလို့ ကျမတို့ သတ်မှတ်တယ်။ အဲ့အတွက် မီဒီယာကိုလည်း ရှောင်နေတာ မဟုတ်ဘူး။ ပရိသတ်ကိုလည်း ရှောင်နေတာ မဟုတ်ပါဘူး။ ကျမတို့ဟာ အင်မတန်အလုပ်များတဲ့ လူမျိုးတမျိုးဖြစ်တယ်ပေါ့။ မနက်မိုးလင်းကနေ ညမိုးချုပ်အထိ ကျမခေါင်းထဲ လုပ်စရာအများကြီးပဲ။ ကလေးကိုလည်း အချိန်ပေးရတယ်”

“ ပြင်ပနဲ့ သက်ဆိုင်တဲ့ပွဲတွေကျတော့ လွှတ်လိုက်ရတာတွေရှိတယ်။ ကျမတို့ အနုပညာသမားတွေက ပွဲတက်ရင် ငွေဖြုန်းရတာ တွေရှိတယ်။ မိတ်ကပ်ဆရာကို ပေးရတာရှိတယ်။ အဝတ်စားဖိုးတွေ ရှိမယ်။ ဒါတွေကို အရမ်းအကုန်ကျခံလိုက်ရင် ငွေနောက်လိုက်တဲ့ အနုပညာသမားဖြစ်ကို ဖြစ်သွားမယ်။ ကျမအဲ့လောက် ငွေမရှာနိုင်ဘူး။ ငွေမရှာနိုင်တော့ တော်ရုံတန်ရုံပွဲဆို သိပ်မတက်နိုင်ဘူး”

“Now& Ever ကို ရှေ့လထဲမှာ ဆင်ဆာတင်မယ်။ ဆင်ဆာအခြေအနေကောင်းရင် ရုံရက်ကြေညာမယ် ”လို့ ခရစ္စတီးနားခီကပြောပါတယ်။

“ဥပါယ်တံမျဉ်” ၊ “မုဒြာခေါ်သံ” ဇာတ်ကားတွေနဲ့ ပရိသတ်အခိုင်အမာရရှိထားတဲ့ ခီမောင်နှံရဲ့ မကြာခင်ရုံတင်မယ့် “Now&Ever” ဇာတ်ကားကိုလည်း ပရိသတ်တွေက စိတ်ဝင်စားနေကြပါတယ်။ ခရစ္စတီးနားခီဟာ အခုဆိုရင် အောင်မြင်တဲ့ အမျိုးသမီး ဒါရိုက်တာတယောက်အဖြစ် အနုပညာလောကထဲမှာ ရပ်တည်နေပြီး ခင်ပွန်းဖြစ်သူ ဇဏ်ခီကလည်း အောင်မြင်တဲ့ မင်းသားတယောက်ဖြစ်နေပါပြီ။

You May Also Like These Stories:

“Now & Ever” ကို မြန်မာကားဖြစ်အောင် ရိုက်မယ့် ဒါရိုက်တာ ခရစ္စတီးနားခီ

သရုပ်ဆောင်ရွေးပွဲ လျှောက်သူတွေအတွက် ဇဏ်ခီရဲ့ အကြံပြုစကား

The post ပွဲတွေ မတက်ဖြစ်တဲ့အကြောင်း ပြောပြတဲ့ ခီမောင်နှံ appeared first on ဧရာဝတီ.

“Avatar”ကို ကျော်ဖြတ်ပြီး Box Office ထိပ်ဆုံးနေရာကို ရယူနိုင်လိုက်တဲ့ “Avengers: Endgame”

$
0
0

ဝင်ငွေအများဆုံး စံချိန်တွေချိုးလာခဲ့တဲ့ Marvel စူပါဟီးရိုးရုပ်ရှင် “Avengers: Endgame” ဟာ နောက်ဆုံးမှာတော့ Box Office ထိပ်ဆုံးမှာ အချိန်အတော်ကြာ နေရာယူနေခဲ့တဲ့ “Avatar” ဇာတ်ကားကို ဖြတ်ကျော်ကာ ပထမ နေရာကို အရယူနိုင်လိုက်ပြီ ဖြစ်ပါတယ်။

ဇူလိုင် ၂၁ ရက်နေ့မှာ Walt Disney ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်အရ “Avengers: Endgame” ရုပ်ရှင်ဟာ ဝင်ငွေအကောင်းဆုံး ပထမနေရာကို ရယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ Endgame ဟာ ကမ္ဘာတဝှမ်းမှာ ရုံဝင်ခ အမေရိကန်ဒေါ်လာ ၂ ဒဿမ ၇၈၉ ဘီလီယံ ရရှိကာ ၂၀၀၉ ခုနှစ်မှာ ထွက်ခဲ့တဲ့ ဒါရိုက်တာ James Cameron ရဲ့ သိပ္ပံဇာတ်ကား “Avatar”ကို ကျော်ဖြတ်နိုင်ခဲ့တာပါ။

ဒါရိုက်တာ Anthony နဲ့ Joe Russo တို့ ရိုက်ကူးထားတဲ့ “Endgame” ဟာ ရုံတင်ချိန် ၁၃ ပတ်မြောက်အဖြစ် ပွဲခံနေဆဲပါ။ ဆယ်စုနှစ်တခုစာ Marvel က ထွက်ခဲ့သမျှ စူပါဟီးရိုး ဇာတ်ကားတို့ရဲ့ ဇာတ်ပေါင်းခန်း ရုပ်ရှင်လို့တောင် ဆိုနိုင်တဲ့ Endgame ကို ပရိသတ်တွေ အရူးအမူး ကြိုက်ကြလို့လည်း အခုလို ပထမနေရာမှာ ရပ်တည်နိုင်ခဲ့တာပါ။

Marvel Studio ဥက္ကဋ္ဌ Kevin Feige ကတော့ ထိပ်ဆုံးမှာ အခုရပ်တည်နိုင်ပေမယ့် James Cameron ရဲ့ “Avatar” ဇာတ်ကားအသစ် ထွက်လာခဲ့ရင် ပထမနေရာကို ပြန်ပေးရနိုင်တယ်လို့ ဆိုပါတယ်။ James Cameron ကလည်း Avatar ရဲ့ နောက်ဆက်တွဲ ဇာတ်ကား ၄ ကားကို ဆက်တိုက် ထုတ်ဖို့ရှိပြီး ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာမှာ စပြီး ရုံတင်ဖို့ ကြိုးစားနေပါပြီ။

Disney ကလည်း ဒီတခေါက် ထပ်မံထွက်လာတော့မယ့် Avatar ရဲ့ သက်ဆိုင်တဲ့ ပိုင်ဆိုင်ခွင့်တွေကို 21st Century Fox ကနေ ရယူထားနိုင်ပါသေးတယ်။ Walt Disney ရဲ့ ဒုဥက္ကဋ္ဌနဲ့ Chief Creative Officer တဦးဖြစ်တဲ့ Alan Horn က “Marvel နဲ့ Walt Disney Studios အဖွဲ့ဝင်တွေအားလုံးကို ချီးကျူးဂုဏ်ယူပါတယ်။ ဒါ့အပြင် ကမ္ဘာတဝှမ်းက “Avengers: Endgame” ကို သမိုင်းဝင် စံချိန်တင်နိုင်တဲ့ထိ အားပေးခဲ့ကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးအထူးပါ”လို့ ပြောပါတယ်။

ဆယ်စုနှစ်တခုကြာ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ James Cameron ရဲ့ “Avatar” ကလည်း ဂုဏ်ရှိန်မြင့်နေဆဲပါပဲ။ “ရုပ်ရှင် ၂ ကားလုံးဟာ အံ့သြသင့်စရာ အောင်မြင်မှုတွေကို ယူဆောင်လာပြီး ရုပ်ရှင်ရဲ့ စွမ်းအားတွေကို သက်သေပြကာ ပရိသတ်တွေဆီကို အတွေ့အကြုံတွေ အတူတကွ ဝေမျှနိုင်ခဲ့ပါတယ်။ ရုပ်ရှင်တွေရဲ့ နောက်ကွယ်မှာ တကယ့်ကို အရည်အချင်းရှိတဲ့ ရုပ်ရှင်ဖန်တီးသူတွေ ထပ်မံဖန်တီးမယ့် Marvel Cinematic Universe နဲ့ Pandora တို့ရဲ့ အနာဂတ်ကိုလည်း ထပ်မျှော်လင့်နေပါတယ်”လို့ Alan Horn က ဆိုပါတယ်။

Ref: CNA Lifestyle

You may also like these stories:

နောက်ဆက်တွဲ ရုပ်ရှင်တွေ ထွက်ရှိလာဦးမယ့် “ကမ္ဘာကျော်ရုပ်ရှင်ကားများ”

ကမ္ဘာတဝန်း ပြသတဲ့နေရာ အားလုံးနီးပါးမှာ စံချိန်တွေ တင်နေတဲ့ “Avengers: Endgame” ရုပ်ရှင်

Titanic ကိုကျော်ပြီး ကမ္ဘာ့ဒုတိယမြောက် ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဖြစ်လာတဲ့ “Avengers: Endgame”

“Star Wars” ရုပ်ရှင်သစ်နဲ့ “Avatar” နောက်ဆက်တွဲ ရုပ်ရှင် ဖြန့်ချိ ပြသမယ့်ရက်များ ကြေညာ

The post “Avatar” ကို ကျော်ဖြတ်ပြီး Box Office ထိပ်ဆုံးနေရာကို ရယူနိုင်လိုက်တဲ့ “Avengers: Endgame” appeared first on ဧရာဝတီ.

Viewing all 7258 articles
Browse latest View live