Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အာဆီယံထူထောင်မှု နှစ် ၅၀ပြည့်အထိမ်းအမှတ် အကပြိုင်ပွဲပြုလုပ်မည်

$
0
0

သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ကျင်းပပြုလုပ်မယ့် အာဆီယံထူထောင်မှုနှစ် ၅၀ ပြည့်အထိမ်းအမှတ် အာဆီယံနိုင်ငံများရဲ့ ရိုးရာအကပြိုင်ပွဲကို သြဂုတ်လ ၇ ရက်နေ့တွင် ကျင်းတော့ပြုလုပ်မှာဖြစ်တယ်လို့ သြဂုတ်လ ၂ ရက်နေ့ ရန်ကုန်မြို့ မြို့မကျောင်းလမ်းမှာရှိတဲ့အမျိုးသားဇာတ်ရုံတွင် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှ သိရပါတယ်။

“အာဆီယံဒေသမှာရှိတဲ့ အကတွေကို မြန်မာနိုင်ငံမှာ အနုပညာကို သင်ယူနေတဲ့ တက္ကသိုလ်ကျောင်းသူတွေကို သင်ပြပြီး ယှဉ်ပြိုင်စေတဲ့သဘောပါ။ ရိုးရာယဉ်ကျေးမှုအကတွေကို မြန်မာနိုင်ငံအနေနဲ့ ကျင်းပတာပါ”လို့ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် သဘင်ပညာဌာနမှ ပါမောက္ခဌာနမှူး ဦးခိုင်ထွန်းက ပြောပါတယ်။

ဒီပွဲ ကျင်းပရတဲ့ရည်ရွယ်ချက်ကတော့ ၂၀၁၇ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် ကျရောက်မယ့် အာဆီယံအသင်းကြီး ထူထောင်တဲ့ နှစ် ၅၀ ပြည့် အထိမ်းအမှတ်အဖြစ် အာဆီယံအဖွဲ့ဝင်နိုင်ငံများရဲ့ ရိုးရာအကပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့တဲ့ နှစ် ၂၀ ပြည့်မြောက်တဲ့ အထိမ်းအမှတ်အနေနဲ့ ကျင်းပပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါပြိုင်ပွဲမှာ ယှဉ်ပြိုင်မယ့် ပြိုင်ပွဲဝင်တွေကို မြန်မာနိုင်ငံနဲ့အာဆီယံနိုင်ငံများမှ သံရုံးက သတ်မှတ်ပေးထားတဲ့ ဒိုင်လူကြီးများက အကဲဖြတ်အမှတ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အာဆီယံအကပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံအပါအဝင် အာဆီယံ ၁၀ နိုင်ငံမှာရှိတဲ့ ရိုးရာအကတွေကို ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်၊ အနုပညာသင်တန်းကျောင်း (ရန်ကုန်/မန္တလေး) ကျောင်းနှစ်ကျောင်းတို့မှ ကျောင်းသူ ၃၀ ဦးတို့က ပါဝင်ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါပြိုင်ပွဲကိုတော့ သြဂုတ်လ ၇ ရက်နေ့တွင် အမျိုးသားဇာတ်ရုံ (ရန်ကုန်) တွင် နေ့လည် ၁ နာရီမှ စတင် ကျင်းပ မှာဖြစ်ပြီး ဝင်ကြေးအခမဲ့ဖြင့် မည်သူမဆို လာရောက်ကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။

The post အာဆီယံထူထောင်မှု နှစ် ၅၀ပြည့်အထိမ်းအမှတ် အကပြိုင်ပွဲပြုလုပ်မည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ