Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အင်္ဂလန်ဘုရင်မကြီးရဲ့ တနေ့တာအပန်းဖြေသောက်သုံးမှုများ

$
0
0

အင်္ဂလန်နိုင်ငံဟာ ကမ္ဘာ့ငွေကြေးတန်ဖိုးအမြင့်မားဆုံးနိုင်ငံအဖြစ် ရပ်တည်နေတာပါ။ အဆိုပါ အင်္ဂလန်နိုင်ငံရဲ့ ဘုရင်မကြီး အဲလိဇဘက်ဟာလည်းကမ္ဘာအရပ်ရပ်မှ သြဇာလွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိလ်များထဲမှတဦးပါ။

သူမဟာနံနက်မိုးလင်းချိန်မှစပြီးနေဝင်ချိန်ထိ သူမရဲ့ တနေ့တာကို အစီစဉ်တကျ လုပ်ဆောင်တတ်သူတဦးလည်းဖြစ်ပါတယ်။ ဗြိတိန် တော်ဝင်မျိုးနွယ် ခေါင်းဆောင်တဦးဖြစ်တဲ့ ဘုရင်မကြီးဟာ မနက်စာအနေနဲ့ လက်ဘက်ရည်၊ ချောကလက် ဘီစကစ် ကိတ် အပါအဝင် တူနာငါးဆန်းဒွစ်ကို နေ့စဉ်နေ့တိုင်း နှစ်စ်ခြိုက်စွာ စားသုံးလေ့ ရှိပါတယ်။

“The Independent” သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘုရင်မကြီးဟာ တနေ့ကို ၄ကြိမ် အရသာခံကာ သောက်သုံးလေ့ ရှိသူတဦးလည်းဖြစ်ပါသေးတယ်။

ဂျင်အရက်နှင့် Dubonnet ကော့တေးတို့ကို ရောစပ်ကာ ရေခဲအတော်အသင့်ထည့်ပြီး သံပရာသီးစိပ်နဲ့အတူ နေ့လည်စာ မစားခင် အမြဲတမ်း သောက်သုံးနေကျဖြစ်ပါတယ်။ နေလည်စာစားနေချိန်အတွင်းမှာလည်း ဝိုင် နဲ့ Dry Martini ကော့တေးတို့ကို တခွက်စီသောက်သုံးပြီး ညနေပိုင်းမှာလည်း ဖန်ခွက်တခွက်စာကို ထပ်မံသောက်သုံးပါသေးတယ်။

အင်္ဂလန်နိုင်ငံမှာ တရားဝင်ထုတ်ပြန်ချက်အရ လူတဦးဟာ တပတ်ကို အယ်လ်ကိုဟော ပါဝင်မှု ပမာဏ ၁၄ ယူနစ်ခန့်ကိုသာ သောက်သုံးသင့်တယ်လို့ သတ်မှတ်ထားပါတယ်။ တနည်းအားဖြင့် တရက် ၂ ယူနစ်နှုန်း ဖြစ်ပါတယ်။ ဝိုင်တခွက်မှာ အယ်လ်ကိုဟော ပါဝင်မှုက ပမာဏ ပုံမှန်အားဖြင့် ၂ ဒသမ ၃ ယူနစ် ပါဝင်ပါတယ်။ သို့ပေမယ့် ဘုရင်မကြီးဟာ ကန့်သတ်ချက်ထက် ကျော်ပြီး သောက်သုံးလေ့ရှိပါသတဲ့။

အသက် ၉၁ နှစ်ရှိနေပြီဖြစ်တဲ့ ဘုရင်မကြီးဟာ သူမရဲ့ သားတော် အိမ်ရှေ့စံ ချားလ်မင်းသားကြီးနဲ့ ဝီလျံမင်းသားတို့ကို တော်ဝင်ရေးရာကိစ္စရပ်များနဲ့ ပတ်သက်ပြီး တဖြည်းဖြည်းချင်း လွဲအပ်ပြီးနောက်ပိုင်းမှာ သူမအတွက် နားနေချိန်တွေ ပိုလျှံလာတာပါ။ သူမဟာ ကြင်ယာတော် ဖိလစ်နဲ့အတူယခုလိုအပန်းဖြေသောက်သုံးရင်းပျော်ရွှင်စွာနဲ့ အချိန်တွေ ကုန်ဆုံး နေတာပါ။ ကြင်ယာတော် ဖိလစ် ကတော့ Boddingtons Bitter အမည်ရ ဘီယာကို နှစ်ခြိုက်စွာ သောက်သုံးတတ် သူတဦးဖြစ်ကြောင်းကိုလည်း The Telegraph သတင်းဌာနက ဖော်ပြထားပါတယ်။

(www.eonline.com တွင် ဖော်ပြထားတဲ့ Cheers, Your Majesty! Queen Elizabeth II Has Four Drinks a Day ကို ငြိမ်းချမ်းစိုး ဘာသာပြန်သည်)

The post အင်္ဂလန်ဘုရင်မကြီးရဲ့ တနေ့တာအပန်းဖြေသောက်သုံးမှုများ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ