Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အဆိုတော် ခိုင်ထူးရဲ့ ကျန်းမာရေးအခြေအနေ မစိုးရိမ်ရ

$
0
0

အဆိုတော် ခိုင်ထူးဟာ အစာအိမ်သွေးကြောပေါက်ခြင်းဝေဒနာကြောင့် ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရမှုဟာ ယခုတွင် စိုးရိမ်စရာမရှိတော့ဘူးလို့ အဆိုတော် ဂျေမောင်မောင်က ဧရာဝတီကိုပြောပါတယ်။

“အခု ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေပါတယ်။မစိုးရိမ်ရပါဘူး ဆေးရုံကြီးက ဆရာဝန်ဆရာမတွေ ကြပ်ကြပ်မတ်မတ် လိုအပ်တာတွေ အကုန်လုံးကို ကုသပေးနေပါတယ်” လို့ ဂျေမောင်မောင်က ပြောပါတယ်။

အဆိုတော် ခိုင်ထူးဟာ ဇူလိုင်လ ၃၁ ရက်နေ့က ကျန်းမာရေးအခြေအနေ ဆိုးဝါးလာတဲ့အတွက် ရန်ကုန်ဆေးရုံကြီးကို အချိန်မီပို့ဆောင်ပေးခဲ့ရပြီး ယခုအခါ စိုးရိမ်စရာမရှိဘဲ သက်သာနေပြီဖြစ်တယ်လို့ သိရပါတယ်။

အစာအိမ်သွေးကြောပေါက်ခြင်း၊ အသားများဝါခြင်း၊ အားနည်းခြင်းများရှိနေတဲ့အတွက် လိုအပ်တဲ့ဆေးဝါးကုသမှုကို အချိန်အတန်ကြာ ရယူရမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အဆိုတော် ခိုင်ထူးဟာ ၁၉၇၀ နောက်ပိုင်းကနေ ယနေ့အထိ အဉ္စလီ၊ ၊ အဝေးဆုံး၊ ဆို၊ စစ်ကိုင်းလမ်း၊ ရွှေလည်တိုင်၊ ခတ္တာ၊ တေးမြုံငှက်၊ နောက်ဆုံးအိပ်မက်၊ အိမ်အလွမ်း၊ အားလုံးကို ကျော်ဖြတ်ရမယ် အစရှိတဲ့ ကိုယ်ပိုင်သံစဉ်သီချင်းများဖြင့် မျိုးဆက် ၂ ဆက် နီးပါး အောင်မြင်ခဲ့တဲ့ အဆိုတော်တယောက်လည်းဖြစ်ပါတယ်။

၁၉၈၀ နောက်ပိုင်း ဘဝ၊ ဒဿန၊နိုင်ငံရေးနဲ့ အနုပညာအားကောင်းစွာ ကိုယ်ပိုင်သံစဉ်သီချင်းများဖြင့် အသက်ထက်ဆုံး ရပ်တည်ခဲ့သူလည်းဖြစ်ပါတယ်။

တေးမြုံငှက် ၊ဆို၊ မကောင်းလည်း ကိုယ် ကောင်းလည်း ကိုယ်၊ မိုးရဲရင် ဆောင်းရဲရမယ်၊ မကျေနပ်ဘူး သိလား၊ သီချင်းတစ်ပုဒ်၊ ခိုင်ထူးရဲ့ခိုင်ထူး ၁၊၂၊ အစောဆုံးပြန်ခဲ့ နှင်းသက်သက်ဝေ၊ အစရှိတဲ့ တေးစီးရီးများကို ထုတ်ဝေခဲ့ပါတယ်။

The post အဆိုတော် ခိုင်ထူးရဲ့ ကျန်းမာရေးအခြေအနေ မစိုးရိမ်ရ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ