Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

သရုပ်ဆောင် အဆိုတော် ဆုပန်ထွာ ဘာတွေ ပြုပြင်ခဲ့သလဲ

$
0
0

သရုပ်ဆောင် ဆုပန်ထွာဟာ လွန်ခဲ့တဲ့ ၂ လခန့်လောက်က ကိုရီးယားနိုင်ငံကို သွားရောက်ကာ နှာခေါင်းနဲ့ မေးစေ့အောက်ရှိ အဆီပိုများကို ခွဲစိတ်ပြုပြင်ခဲ့တယ်လို့ သိရပါတယ်။

ဒီ ခွဲစိတ်ပြုပြင်မှုကိုတော့ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာရှိတဲ့ JW Plastic Surgery Medical Center မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ခွဲစိတ်မှုများအတွက် ငွေရေးကြေးရေးပါ တာဝန်ယူဆောင်ရွက်ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

သူမရဲ့ ခွဲစိတ်ပြုပြင်မှုအတွေ့အကြုံများကတော့ “တော်တော်လှသွားတယ်လို့ ကိုယ့်ကိုယ်ကိုထင်တာပဲ။ တော်တော်လေးသိသာသွားတယ်။ ဆေးရုံကို ရောက်ရောက်ချင်းမှာ ဆရာဝန်နဲ့ပေးတွေ့တယ်။တိုင်ပင်တယ် ဘာလေးတွေလုပ်ရင်ကောင်းမလဲပေါ့။ နာကျင်မှုကတော့ မခံစားရပါဘူး။ ဟန်ဆောင်ပြီးတော့လည်း ပြောလို့မရဘူး။ ယောင်သာယောင်နေတာ ဘာမှမဖြစ်ဘူး။ အခုထိတော့ နည်းနည်းယောင်နေသေးတယ်။ လုပ်ထားတာက ၂ လ လောက်ပဲရှိသေးတယ်” လို့ ပြောပြပါတယ်။

ဗိုက်အဆီထုတ်ခြင်းကိုတော့ ကလေးမွေးထားတာ မကြာသေးတဲ့အတွက် မိခင်တယောက်ရဲ့ ခန္ဓာကိုယ် အချိုးအစားဖြစ်နေသေးတာကြောင့် ကလေးရဲ့အရွယ်တခုရောက်မှသာ ခွဲစိတ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ခွဲစိတ်ပြုပြင်မှုအတွက် ဆုပန်ထွာဟာ သူမရဲ့ခင်ပွန်းနှင့်အတူ မေလ ၁၆ ရက်နေ့က ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

The post သရုပ်ဆောင် အဆိုတော် ဆုပန်ထွာ ဘာတွေ ပြုပြင်ခဲ့သလဲ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ