Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဒီတပတ် ရန်ကုန်မှာ လည်ပတ်စရာ

$
0
0

၁။ နိုင်ငံတကာမှ အကဆရာများ၊ မြန်မာအနုပညာရှင်များ ပါဝင်မည့် Zumba Festival For Charity ကပွဲကိုပြည်သူ့ ဥယျာဉ် ၌ ၂၁.၅.၂၀၁၇ ရက်နေ့ ညနေ ၅နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါပွဲတော်တွင်ပါဝင်ဆင်နွှဲမည့်သူများ အနေဖြင့် အလှူငွေများကို မိမိတို့ စေတနာအလျောက် ထည့်ဝင်လှူဒါန်းနိုင်ပြီး ရရှိမည့်အလှူငွေများကို မြန်မာနိုင်ငံ မြောက်ပိုင်းရှိ စစ်ဘေးရှောင်ပြည်သူများအား လှူဒါန်းသွားမည် ဖြစ်ကြောင်းသိရသည်။

၂။ Japan Culture House နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးတို့ ပူးပေါင်းစီစဉ်သည့် NINJA SHOW(နင်ဂျာပြပွဲ)ကို MICT PARK ၌ ၂၁.၅.၂၀၁၇ ရက်နေ့ နံနက် ၁၀ နာရီခွဲတွင် ပြုလုပ်မည် ဖြစ်သည်။ ဝင်ကြေးအခမဲ့ ဖြစ်ပြီး နင်ဂျာ သုံးဦး၏ ဖျော်ဖြေတင်ဆက်မှုများအပြင် နင်ဂျာလက်နက်ပုန်းပစ်ခြင်း၊ စက္ကူဖြင့်လက်နက်ပုန်း ခေါက်ခြင်းများကိုလည်း ကြည့်ရှု သူများကပါ ပါဝင်ဆောင်ရွက်နိုင်မည် ဖြစ်သည်။

 

၃။ JAZZ UNDER THE STARS WITH THE BAMBOO TRIO ဂီတပွဲကို စမ်းချောင်းမြို့နယ်၊ ပန်းလှိုင်လမ်းရှိAtlas Rooftop Bar & Lounge တွင် ၁၇.၅.၂၀၁၇ ရက်နေ့ ည ၇ နာရီ၌ ပြုလုပ်သွားမည်ဖြစ်သည်။ ဝင်ကြေးအခမဲ့ဖြစ်ပြီး ပါဝင်ဆင်နွှဲမည့်သူများအနေဖြင့် info@atlas-myanmar.com သို့ ဆက်သွယ် စာရင်းပေးနိုင်ကြောင်းသိရသည်။

 

၄။ ဆရာသစ္စာနီ၏ “လူသိရှင်ကြား ဖုံးကွယ်ခြင်း” တကိုယ်တော်ကဗျာနေ့ကို သံဈေးရှိ Yangon Book Plaza တွင်၂၀.၅.၂၀၁၇ ရက်နေ့ နေ့လယ် ၂ နာရီ၌ ပြုလုပ်သွားမည်ဖြစ်သည်။ ကဗျာရွတ်ပွဲအပြင် ပါဖောမန့်များလည်းပါဝင်မည် ဖြစ်ပြီး ဆရာသစ္စာနီ ရေးဆွဲထားသော ပန်းချီကား ၃ ကားကိုလည်း မဲဖောက်ပေးသွားမည်ဖြစ်သည်။ဝင်ကြေး ၅ ထောင် ကျပ် သတ်မှတ်ထားသည်။

 

၅။ ဆရာမင်းလူ၏ မွေးနေ့အထိမ်းအမှတ်အဖြစ် မင်းလူနှင့်ညနေခင်း အထိမ်းအမှတ်ပွဲကို ၁၈.၅.၂၀၁၇ ရက်နေ့ညနေ ၄ နာရီတွင် Yangon Book Plaza ၌ ပြုလုပ်သွားမည်ဖြစ်သည်။ ဆရာမင်းလူ၏ စာအုပ်များကိုအထူးလျှော့ဈေးများဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး ဆရာမင်းလူ၏ “ဘာတွေဖြစ်ကုန်ပြီလဲ” ကဗျာရှည်ကြီးကိုအခမဲ့ ဖြန့်ဝေပေးခြင်း၊ ဆရာ မင်းလူ၏ ပုံမနှိပ်ရသေးသည့် ကဗျာအချို့ကို ရွတ်ဆိုခြင်းများပြုလုပ်သွားမည်ဖြစ်သည်။

၆။ နိုင်ငံကျော်ဆိုင်းဆရာများ၊ တေးသံရှင်များ ပါဝင်ဖျော်ဖြေမည့် ဆိုင်းဆရာကြီးစိန်ဗိုလ်တင့် ကြေးရုပ်တုဖွင့်ပွဲအကြို ဂုဏ်ပြုပွဲကို ကြည့်မြင်တိုင်မြို့နယ်၊ ကျောင်းကြီးလမ်းရှိ မဟာသကျမုနိ ဘုရားကြီး အရှေ့ဘက်၌၁၉.၅.၂၀၁၇ ရက်နေ့ ညနေပိုင်းတွင် ပြုလုပ်သွားမည်ဖြစ်သည်။ စိန်စတင်း၊ မွန်ပြည်နယ်ကိုကိုနိုင် ၊ ဖိုးသင်္ကြန်၊အပါအဝင် နာမည်ကျော် ဆိုင်း ဆရာများနှင့် ဦးထွန်းရွှေ၊ မလှိုင်သန်းထွန်း၊ မင်းသားကြီး နန်းဝင်း၊ ရန်ပိုင်စိုး၊ဖိုးသောကြာ၊ ရီရီသန့် စသော နာမည်ကျော် တေးသံရှင်များ ပါဝင်ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။

 

၇။ ရှားပါးစာအုပ်များ၊ စာရေးဆရာများ၏ လက်ရေးမူနှင့် အသုံးအဆောင်ပစ္စည်းများအား ပထမအကြိမ် လေလံတင်ရောင်းချပွဲကို Yangon Book Plaza ၌ ၂၁.၅.၂၀၁၇ ရက်နေ့ နေ့လယ် ၁ နာရီတွင် ပြုလုပ်သွားမည်ဖြစ်သည်။လေလံပွဲတွင် ပါဝင်မည့် စာအုပ်များ၏ နောက်ကြောင်း ရာဇဝင်များ၊ သမိုင်းကြောင်းများကိုလည်း ရှင်းလင်းဟောပြော သွားမည်ဖြစ်ပြီး လေလံပွဲမှ ရရှိသမျှ ရောင်းရငွေများကို လှူဒါန်းသွားမည်ဖြစ်သည်။

 

၈။ ဂျပန်ပန်းချီဆရာကြီး Suzuki ၊ ခင်မောင်ရင်၊ ဝင်းဖေ၊ ကိုကိုကြီး၊ အောင်ကျော်မင်းတို့၏ With You ပန်းချီပြပွဲကိုပြည်သူ့ ဥယျာဉ်ရှိ Yangon Gallery တွင် ၁၇.၅.၂၀၁၇ မှ ၁၉.၅.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ပြပွဲတွင် ပန်းချီ ဆရာကြီးများ၏ လက်ရာစုံ ပန်းချီကား ၅၀ ကျော်ကို ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

၉။ ပန်းချီကိုသီး၏ Dream Dimension ပန်းချီပြပွဲကို ယောမင်းကြီးလမ်းရှိ နဝဒေးသာလာ ပန်းချီပြခန်းတွင်၁၃.၅.၂၀၁၇ မှ ၁၇.၅.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။ ပြပွဲတွင် အခရိုင်းလစ်ပန်းချီကား ၁၀ကားကျော် ပြသွားမည် ဖြစ် ကြောင်း သိရသည်။

၁၀။ လူငယ် ရေးဆေး ပန်းချီဆရာ ၈ ဦး၏ 8 Watercolor ပန်းချီပြပွဲကို ဗိုလ်တထောင်မြို့နယ်၊ ၄၃ လမ်းရှိ 43 ArtGallery တွင် ၂၀.၅.၂၀၁၇ မှ ၂၃.၅.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။ ပြပွဲတွင်ပန်းချီအာကာမျိုး၊ သူရကျော်၊ အောင်လင်းထွန်း၊ အသူရိန်စိုး၊ Nang Hee Phay Sam ၊ နှင်းသီရိ၊ ရဲရင့်မြင့်နိုင်နှင့်အောင်ထက်လွင်တို့၏ ရေဆေး လက်ရာစုံ ပန်းချီကား ၄၀ ကို ပြသသွားမည် ဖြစ်သည်။ ။

The post ဒီတပတ် ရန်ကုန်မှာ လည်ပတ်စရာ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ