Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

EXO အဖွဲ့ဝင် Kai စိတ်ဓာတ်ကျခြင်းနဲ့ ရင်ဆိုင်နေရဟုဆို

$
0
0

ကိုရီးယားပေ့ါပ်အဆိုတော်အဖွဲ့တခုဖြစ်တဲ့ EXO အဖွဲ့မှ အဖွဲ့ဝင်တဦးဖြစ်သူ Kai တစ်ယောက် Dazed မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ စိတ်အားငယ် စိတ်ဓာတ်ကျခြင်းတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။

အမြဲတမ်း ပျော်ရွှင်နေတဲ့ အပြုံးတွေနဲ့ မိန်းကလေးပရိသတ်တွေရဲ့ရင်ကို ဖမ်းစားနိုင်တဲ့ Kai က တခါတလေ သူ့မျက်နှာ ညှိုးနွမ်းနေရခြင်းက သူ့စိတ်တွေအရမ်းပင်ပန်းနေလို့ပါလို့ ဆိုပါတယ်။

သူစိတ်အားငယ်တဲ့အခါ တစ်ယောက်ထဲနေပြီး ငိုလိုက်ချင်ပါတယ်တဲ့။ အဲဒီလိုအချိန်တွေဆို အိမ်မှာပဲအနေများပြီး စိတ်အားမငယ်အောင် လုပ်လို့မရပါဘူးလို့လည်း ပြောခဲ့ပါတယ်။

အမှန်တကယ်တော့ ပြဿနာတွေနဲ့ဝေးတဲ့နေရာကို ထွက်ပြေးသွားချင်ပေမယ့် စိတ်ဓာတ်ကျနေတဲ့ အခြေအနေကို သူ့အနေနဲ့ ပုန်းရှောင်မနေဘဲ ရင်ဆိုင်လိုက်တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် Kai က စိတ်ဓာတ်ကျတယ်ဆိုတာ ရှက်စရာတော့မဟုတ်ပါဘူးလို့လည်း ဆိုပါတယ်။

Kai က စိတ်ဓာတ်ကျရင် စိတ်ပျော်အောင် ဘယ်လိုလုပ်ရတယ်ဆိုတာကိုလည်း ဖွင်ဟခဲ့ပါတယ်။ “ပျော်ရွှင်မှုဆိုတာ ကိုယ်တိုင် ဖန်တီးယူရတဲ့အရာဖြစ်ပါတယ်။ ပျော်ရွှင်ချင်တယ်ဆို ပျော်ရွှင်အောင်ကြိုးစားရမယ်။ ပျော်ရွှင်မှုကိုရဖို့အတွက် အရမ်းကြီးကြိုးစားစရာမလိုပါဘူး”လို့ သူကပြောပြခဲ့ပါတယ်။

Kai သာမက BigBang အဖွဲ့ဝင် G-Dragon နဲ့ T.O.P တို့ပါ ယခင်က စိတ်ဓာတ်ကျခြင်းနဲ့ ရင်ဆိုင်ခဲ့ဖူးပါတယ်။ Allkpop ရဲ့ ဖော်ပြချက်အရ T.O.P ဟာ စိတ်ဓာတ်ကျတာရော၊ သောကတွေပါ ခံစားခဲ့ရပြီး ဆေးရုံတောင်တက်ခဲ့ရဖူးတယ်လို့ သိရပါတယ်။ G-Dragon လည်း သူရဲ့ Heartbreaker သီချင်းဟာ ခိုးကူးထားတာပါလို့ စွပ်စွဲခံရတဲ့အတွက် အချိန်တော်တော်ကြာ စိတ်ဓာတ်ကျခဲ့ဖူးပါတယ်။

သရုပ်ဆောင်အဆိုတော်မလေး Suzy သည်လည်း သူ့ဘဝမှာ နောက်တနေ့ကိုတောင် မကျော်ဖြတ်နိုင်တော့ဘူးလို့ ထင်ခဲ့တဲ့ နေ့တွေလည်းရှိခဲ့ပါတယ်လို့ သူစိတ်ဓာတ်ကျခဲ့တဲ့အကြောင်း ဝန်ခံပြောဆိုခဲ့ဖူးပါတယ်။

Ref : koreaportal

သုန္ဒြီ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

The post EXO အဖွဲ့ဝင် Kai စိတ်ဓာတ်ကျခြင်းနဲ့ ရင်ဆိုင်နေရဟုဆို appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ