Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

၂၀၁၇ အတွင်း တကိုယ်တော်တေးစီးရီးထွက်မယ့် နင်ဇီမေ

$
0
0

Myanmar Idol Season 1 ရဲ့ 1st runner up ဖြစ်တဲ့ နင်ဇီမေကတော့ ယခုနှစ်အတွင်း သူ့ရဲ့ တကိုယ်တေးစီးရီး ထွက်ဖို့ရှိတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“အခွေလေး လုပ်နေတယ်။ အခွေကလုပ်နေတာ ပြီးသလောက်ရှိနေပြီ။ Mixing စောင့်တယ်၊ ပရိသတ်လက်ထဲ ထည့်နိုင်မယ့် အချိန်ရောက်ရင်တော့ အသိပေးပါ့မယ်။ ဒီနှစ်အတွင်းတော့ ထွက်မှာပါ”လို့ နင်ဇီမေက ပြောပါတယ်။

တကိုယ်တော်အခွေမှာတော့ ရော့ခ်သီချင်းများနဲ့ သီချင်းအေးအေးအေးများပါဝင်မှာဖြစ်ပြီး သူ့ရဲ့ အစ်မဖြစ်သူ ကလည်း စုံတွဲပါဝင်သီဆိုထားတယ်လို့ ပြောပါတယ်။

သူက အနုပညာလှုပ်ရှားမှုအနေနဲ့တကိုယ်တော်အခွေလုပ်နေတဲ့အပြင် MPT နဲ့အတူ သီချင်းတွေလိုက်ဆိုနေပြီး ပွဲတွေဖိတ်ရင်လည်း ဆိုဖြစ်ပါတယ်လို့ ပြောပါတယ်။

Myanmar Idol က အဆိုရှင်များ သရုပ်ဆောင်ဘက်မှာ တွေ့မြင်နေရတဲ့အတွက် သရုပ်ဆောင်တာနဲ့ပတ်သက်ပြီး နင်ဇီမေကို မေးကြည့်တဲ့အခါ “ရုပ်ရှင်ရိုက်ဖို့က နင်ဇီကသိပ်မသေချာဘူး။ သီချင်းဆိုတာပဲ ကိုယ်နဲ့ပိုပြီး ထိတွေ့မှုများတယ်။ သရုပ်ဆောင်တဲ့အပိုင်းကတော့ မကျွမ်းကျင်တဲ့အပိုင်းပေါ့။ ကမ်းလှမ်းလာရင်တော့ အခြေအနေ ပေါ်တော့ ကြည့်ရမှာပေါ့။ မလုပ်ဖြစ်ဘူးတော့မဟုတ်ဘူး။ လုပ်ဖြစ်မယ်လည်းမဟုတ်ဘူးပေါ့။ အခြေအနေပေါ် မူတည်မှာပါ”လို့ ဆိုပါတယ်။

The post ၂၀၁၇ အတွင်း တကိုယ်တော်တေးစီးရီးထွက်မယ့် နင်ဇီမေ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


သာလွန်မင်းလက်ထက် အမြင့်မင်းသားအရေးတော်ပုံ


စနေမင်း နှင့် တနင်္ဂနွေမင်း


''ပါဂျောင်မြေမှ အရိုးတွန်သံ'


လုလုအောင် HD အသစ်


TTA Oreo Gapp Installer


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)