Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Miley ရဲ့သီချင်းသစ် Malibu က ချစ်သူ Liam အတွက်စပ်ဆိုထားခြင်းဖြစ်

$
0
0

အသက် ၂၄ နှစ်အရွယ် အမေရိကန်အဆိုတော်နဲ့ သရုပ်ဆောင်ဖြစ်တဲ့ Miley Cyrus နဲ့ သူ့ချစ်သူ Liam Hemsworth တို့ရဲ့အကြောင်းတွေကို Malibu တေးသီချင်းကနေ သိနိုင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ အဆိုပါ သီချင်းထဲမှာ သူတို့နှစ်ယောက် စတွေ့ခဲ့တဲ့အကြောင်းတွေ၊ လမ်းခွဲခဲ့တဲ့အကြောင်းတွေ အဲဒီကမှ ပြန်အဆင်ပြေသွားတဲ့အကြောင်းတွေ ပါဝင်နေလို့ပါ။ သူ ခံစားခဲ့ရတာတွေကို သီချင်းအဖြစ် ပြောင်းလိုက်တာပါတဲ့။

အဆိုပါ Malibu တေးသီချင်းအသစ်ကို မေလ ၁၁ ရက်နေ့ ကြာသပတေးနေ့က စတင် ဖြန့်ချိခဲ့တာပါ။

Miley နဲ့ Liam တို့ဟာ ၂၀၀၉ ခုနှစ် ဇွန်လက The Last Song ဆိုတဲ့ ဇာတ်ကားမှာ သရုပ်ဆောင်ကြရင်း တွေ့ရှိခဲ့ကြပါတယ်။၂၀၁၀ မှာ ချစ်သူတွေဖြစ်ခဲ့ကြပြီး ပွဲတွေတော်တော်များများ နှစ်ယောက်အတူတူ တက်ခဲ့ကြပါတယ်။ ၂၀၁၀ သြဂုတ်လမှာ အနုပညာအလုပ်တွေနဲ့ရှုပ်နေခဲ့တဲ့ Miley ဟာ Liam နဲ့ အဆင်မပြေဖြစ်ခဲ့ပေမယ့် နောက်ပိုင်း ပြန် အဆင်ပြေသွားခဲ့ပါတယ်။

အဲဒီနောက် ၂၀၁၂ ခုနှစ် ဇွန်လမှာ ပရိသတ်တွေကို သူတို့နှစ်ယောက်စေ့စပ်တော့မယ်လို့ကြေညာခဲ့ပါတယ်။ ၂၀၁၃ ဖေဖော်ဝါရီမှာတော့ Hollywood နာမည်ကျော်တွေရဲ့ အတင်းအဖျင်းများကိုရေးသားသူ Perez Hilton က Miley ကို Ed Westwick နဲ့တွဲနေပါတယ်လို့ ရေးလိုက်တဲ့အတွက် သူတို့နှစ်ယောက်အကြီးအကျယ် စကားများရန်ဖြစ်ခဲ့ကြပြီး နောက်ဆုံးမှာ စေ့စပ်ပွဲကို ဖျက်သိမ်းခဲ့ကြပါတယ်။

အဲဒီအချိန်ကစပြီး Miley ဟာ အသည်းကွဲကာ အညိုရောင်ဆံပင်လေးနဲ့ချစ်စရာကောင်းတဲ့မိန်းကလေးပုံစံ အသွင်အပြင်ကနေ ဆံပင်တွေညှပ် အရောင်တွေဆိုးပြီး ဆိုးသွမ်းမိန်းကလေးတယောက်အဖြစ် Wrecking Ball သီချင်းနဲ့ ပရိသတ်တွေရှေ့ကို ရောက်ရှိလာခဲ့တာပါ။

နောက်ဆုံး ၂၀၁၆ ဧပြီလမှာ သူတို့တွေ ပြန်အဆင်ပြေလာကြပြီး ပြန်လည်စေ့စပ်ကာ လက်ထပ်ပွဲကိုလည်း အတည်ပြုလိုက်ကြပါပြီ။

သူတို့ရဲ့ အချစ်ဇာတ်လမ်းကို အခြေခံပြီး ဖန်တီးရေးဖွဲ့ထားတဲ့ Malibu ဆိုတဲ့ တေးသီချင်းသစ်ရဲ့ မျက်နှာဖုံးပုံကိုလည်း ချစ်သူဖြစ်သူ Liam က ကိုယ်တိုင် ရိုက်ပေးထားတာဖြစ်ပြီး ပုံထဲမှာ Miley က စေ့စပ်လက်စွပ်လေးကို ဝတ်ဆင် ထားပါတယ်။

သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းဟာ ကြည်နူးဖို့လည်းကောင်းသလို ထူးလည်း ထူးဆန်းပါတယ်။

Liam ရဲ့ အဆိုအရ Miley က မစေ့စပ်ခင်ကတည်းက စေ့စပ်လက်စွပ်ဟောင်းလေးကို ဝတ်ထားတယ်လို့ ဆိုပါတယ်။ အခု သူတို့နှစ်ယောက် ကယ်လီဖိုးနီးယားပြည်နယ် Malibu မြို့မှာ ပျော်ပျော်ရွှင်ရွှင် နေထိုင်နေကြပါတယ်။

Ref: elle

သုန္ဒြီ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

The post Miley ရဲ့သီချင်းသစ် Malibu က ချစ်သူ Liam အတွက်စပ်ဆိုထားခြင်းဖြစ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ