Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဒါရိုက်တာ ဝိုင်းရဲ့ “သမ္မတကြီးထံ ပေးစာ”

$
0
0

လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က မတရားလုပ်ကြံခံလိုက်ရတဲ့ လူသတ်မှုတခုကို သတင်းထောက်မလေးတယောက်က စာတစောင်ကနေ အမှတ်မထင် သိရှိသွားခဲ့ရာက အဆိုပါအမှုကို ပြန်လည်ဖော်ထုတ်တဲ့ ဇာတ်လမ်းကျောရိုးကို ယူကာ ဖန်တီးထားတဲ့ “သမ္မတကြီးထံ ပေးစာ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ယခုနှစ် ၁၀ လပိုင်းမှာ ရိုက်ကူးသွားမယ်လို့ ဒါရိုက်တာ ဝိုင်း က ဧရာဝတီကို ပြောပါတယ်။

ဒီ ဇာတ်ကားဟာ စာရေးဆရာ လူနေရဲ့ “ခယဝယ” ဆိုတဲ့ ဝတ္ထုကို အခြေခံပြီး ဇာတ်ညွှန်းပြန်ရေးကာ ဖန်တီးရိုက်ကူး မှာလည်း ဖြစ်ပါတယ်။
ဇာတ်ကားရဲ့ အမည်က ထူးခြားနေတဲ့အတွက် ဘာကြောင့်ပေးဖြစ်သလဲဆိုတဲ့အပေါ် ဒါရိုက်တာ ဝိုင်းက ” ဒီ ဇာတ်ကားထဲမှာ ပါတဲ့ စာတစောင်က သမ္မတကြီးဆီကို ပို့တဲ့စာပေါ့နော်။ အဲဒါကြောင့် ဒီနာမည် ပေးဖြစ်သွားတာပါ” လို့ ဧရာဝတီကို ပြောပါတယ်။

အဆိုပါ ဇာတ်ကားနဲ့ပတ်သက်လို့ ဒါရိုက်တာ ဝိုင်းက “အရင်အစိုးရ လက်ထက်ကတည်းက စီစဉ်ထားခဲ့တာပါ။ ဒါပေမယ့် ဟိုလိုလို ဒီလိုလိုနဲ့ ကြာနေခဲ့တယ်။ ဒီဘက်အစိုးရဖြစ်ပြီးမှ ကျလာတာပါ။ သုံးနှစ်လောက် ရှိပါပြီ” လို့ ဆိုပါတယ်။

ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ကြမယ့် အနုပညာရှင်တွေအနေနဲ့ ဇာတ်ဆောင်မင်းသမီးနေရာတွင် ဖွေးဖွေး က ပါဝင်သရုပ်ဆောင်မှာဖြစ်ပြီး အခြားသော သရုပ်ဆောင်တွေအနေနဲ့ မည်သူမည်ဝါ ပါဝင်လာမလဲဆိုတာကိုတော့ အတိအကျ မသတ်မှတ်ရသေးဘူးလို့လည်း ဒါရိုက်တာ ဝိုင်းက ပြောပါတယ်။

The post ဒါရိုက်တာ ဝိုင်းရဲ့ “သမ္မတကြီးထံ ပေးစာ” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ