Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

နီနီခင်ဇော် ရဲ့ ပထမဆုံး တကိုယ်တော် ဖျော်ဖြေပွဲ ထူးခြားစွာတင်ဆက်မည်

$
0
0

အဆိုတော် နီနီခင်ဇော်ရဲ့ “REDvolution Show” တကိုယ်တော် ဖျော်ဖြေပွဲကို ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့၊ ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်မှာ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။

အဆိုပါ တကိုယ်တော် ဖျော်ဖြေပွဲကို ည ၇ နာရီ အချိန်မှာ စတင် ကျင်းပမှာဖြစ်ပြီး ၂ နာရီ ကြာ ဖျော်ဖြေမယ်လို့ သိရပါတယ်။ ဖျော်ဖြေမယ့် ပွဲချိန်အတွင်းမှာ အပိုင်း ၃ ပိုင်းခွဲကာ ပရိသတ်ကို Performance အကများနဲ့တကွ တေးသီချင်းများ သီဆိုဖျော်ဖြေသွားမယ်လို့လည်း သိရပါတယ်။

“နီနီ တကိုယ်တော် ဖျော်ဖြေပွဲမှာ အပိုင်းကြီး ၃ ပိုင်းအနေနဲ့ ဖျော်ဖြေမယ်။ ကမယ့် အပိုင်း၊ Band နဲ့ ဆိုမယ့် အပိုင်းနဲ့ Orchestra အပိုင်းဆိုပြီး ၃ ပိုင်း ခွဲထားပါတယ်။ ဒါပေမယ့် ခေါင်းစဉ်သေးသေးလေး တွေ ထပ်ခွဲမယ်ဆို အပိုင်း ၈ ပိုင်းလောက် ပါပါမယ်။ နီနီမှာ စိတ်ဓာတ်ခွန်အားပေးမယ့် သီချင်းလေး တွေလည်း ပါပါတယ်။ ဒါကိုတော့ Orchestra နဲ့ သီဆိုသွားပါမယ်။ ပြီးတော့ အချစ်သီချင်းလေးတွေကို Unplugged တီးဝိုင်းပုံစံ Band နဲ့ သီဆိုသွားမယ်။ အကသီချင်းတွေလည်း ဆိုမယ်။ နီနီက သီချင်း အမျိုးအစားစုံ ဆိုတဲ့ အဆိုတော်ဆိုတော့ ဂီတရသမျိုးစုံကို ပေးသွားမှာပါ” လို့ နီနီခင်ဇော်က မီဒီယာများကို ပြောပါတယ်။

ဖျော်ဖြေပွဲအတွင်းမှာ နီနီခင်ဇော်နဲ့အတူ တီးခတ်ဖျော်ဖြေသွားမယ့် Band ကတော့ Oxygen Music Band ဖြစ်ပြီး အကအဖွဲ့အနေနဲ့ Secret Pieces အကအဖွဲ့ ပါဝင်ကာ ဖျော်ဖြေမယ်လို့ သိရပါတယ်။ ထူးခြားချက်အနေနဲ့ ဂီတမှူး ဓီရာမိုရ်ရဲ့ Orchestra သံစုံတီးဝိုင်းလည်း ပါဝင်ပြီး နီနီခင်ဇော်ရဲ့ တေးသီချင်းများကို တီးခတ် ဖျော်ဖြေပေးသွားမယ်လို့ သိရပါတယ်။

“REDvolution Show” တကိုယ်တော် ဖျော်ဖြေပွဲအတွက် စာနယ်ဇင်းမိတ်ဆက်ပွဲ မြင်ကွင်း

နီနီခင်ဇော်အနေနဲ့ တကိုယ်တော် ဖျော်ဖြေပွဲအတွက် ၆ လခန့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ရပြီး တီးဝိုင်း၊ အကအဖွဲ့များနဲ့အတူ နေ့စဉ် ၃ လနီးပါး လေ့ကျင့်လျက် ရှိတယ်လို့ သူက ဆိုပါတယ်။

“Redvolution ဆိုတဲ့ နာမည်ကို နီနီ ပေးရတဲ့ အကြောင်းရင်းကတော့ Revolution ဆိုတဲ့ စကားလုံးဟာ Creative ဖြစ်တယ်၊ Powerful ဖြစ်တယ်။ လူငယ်ဆန်တဲ့ Sense ကိုပေးတယ်။

ဒါကြောင့်မို့ နီနီက Revolution ဆိုတဲ့ စကားလုံးကို ကြိုက်လို့ နီနီရဲ့ သင်္ကေတ အနီရောင် “Red” နဲ့ ပေါင်းပြီး “Redvolution” လို့ ပေးလိုက်တာပါ။ နီနီ တကိုယ်တော် ဖျော်ဖြေပွဲမှာ နီနီကို ပံ့ပိုးပေးကြမယ့် တီးဝိုင်းအဖွဲ့သားတွေ၊ အကအဖွဲ့သားတွေ အားလုံးရဲ့ စွမ်းရည်နဲ့သတ္တိကို ထင်ဟပ်စေတဲ့ အဓိပ္ပါယ်ပါ” လို့ နီနီခင်ဇော်က ဆိုပါတယ်။

ဆက်လက်ပြီး သူက “နီနီရဲ့ Logo ဒီဇိုင်းအကြောင်းလည်း မိတ်ဆက်ပေးချင်ပါတယ်။ နီနီ Logo က Phoenix ငှက် (ဇာမဏီငှက်) ပုံပါ။ အဲဒီငှက်ပုံက နီနီကို ကိုယ်စားပြုပါတယ်။ မီးတောက်ထဲကနေ ပျံသန်းလာတဲ့ Phoenix ငှက်က သူ့မှာ ဘယ်လောက်အခက်အခဲတွေ ရှိရှိ ခွန်အားအပြည့်နဲ့ ပျံသန်း ရပါတယ်။ ဒီ Phoenix ငှက်ပုံလေးကို ဒီဇိုင်း ကိုမင်းမင်းဟန်က ဒီဇိုင်းဆွဲပေးထားတာပါ။ နီနီ ဘ၀ တလျှောက်လုံး  ဒီပုံလေးကို အသုံးပြုသွားမှာပါ” လို့ နီနီခင်ဇော်က ပြောပါတယ်။

“REDvolution Show” တကိုယ်တော် ဖျော်ဖြေပွဲအတွက် စာနယ်ဇင်းမိတ်ဆက်ပွဲ မြင်ကွင်း

ဖျော်ဖြေပွဲအတွင်း တေးသီချင်း ၂၆ ပုဒ် ဖျော်ဖြေသွားမှာဖြစ်ပြီး ဝတ်စုံ  ၄ စုံ လဲပြီး ဖျော်ဖြေသွားမယ်လို့လည်း သိရပါတယ်။ အဆိုပါ ဝတ်စုံများအတွက် ဒီဇိုင်နာ မပုံ့ (My Favourite)၊ မိတ်ကပ်နဲ့ ဆံပင်ဒီဇိုင်း အတွက် မထက် (Pop soul) တို့က ပြင်ဆင်ပေးသွားမှာ ဖြစ်ပါတယ်။

နီနီခင်ဇော် တကိုယ်တော် ဖျော်ဖြေပွဲကို Shwe Sin Event Creation မှ စီစဉ်တာဖြစ်ပြီး ထိုင်းနိုင်ငံမှ MP3 Inter Group Co.,Ltd နဲ့ ပူးပေါင်းကာ တင်ဆက်သွားမယ်လို့ သိရပါတယ်။

လက်မှတ် အမျိုးအစားများနဲ့ ဈေးနှုန်းများကတော့ White Ticket (Standing) ကို ကျပ် ၇ ထောင်၊ Silver Ticket ကျပ် ၂ သောင်း၊ Gold Ticket ကျပ် ၃ သောင်း၊ Platinum Ticket ကျပ် ၅ သောင်း၊ Diamond Ticket ကျပ် ၇ သောင်းနဲ့ Royal Ticket ကျပ် ၁ သိန်း စသဖြင့် အစားစား သတ်မှတ် ထားပြီး မတ်လ ၂၀ ရက်နေ့မှ စတင်ကာ မန်းသီရိ တေးသံသွင်း၊ Mmtix Tickets Hot Line နဲ့ City Mart များမှာ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

The post နီနီခင်ဇော် ရဲ့ ပထမဆုံး တကိုယ်တော် ဖျော်ဖြေပွဲ ထူးခြားစွာတင်ဆက်မည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ