Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မော်ဒယ်လ်အေဂျင်စီ ဖွင့်မယ့် အလှမယ် ထက်ထက်ထွန်း

$
0
0

Miss Universe 2016 ပြိုင်ပွဲမှာ အမျိုးသားဝတ်စုံဆုကို ဆွတ်ခူးရရှိခဲ့သူ Miss Universe Myanmar ထက်ထက်ထွန်းဟာ သူ့ရဲ့ ကိုယ်ပိုင် မော်ဒယ်လ်အေဂျင်စီကို ဖွင့်လှစ်ဖို့ ဒီနှစ် သင်္ကြန်အပြီးက စလို့ အစီအစဉ်တွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

“ဒီ အေဂျင်စီဖွင့်ဖို့ ဟိုးအရင်ကတည်းက စိတ်ကူးရှိပြီးသားပါ။ အခုက Event Management ကုမ္ပဏီနဲ့လည်း တွဲလုပ်နေတာဆိုတော့ နောက်ထပ် အခွဲတခုအနေနဲ့ပေါ့နော်၊ ကိုယ်ပိုင်မော်ဒယ်လ်လေးတွေ ရှိချင်တာရယ်၊ နောက်ပြီးတော့ တက်သစ်စ မော်ဒယ်လ်လေးတွေအတွက်လည်း လမ်းကြောင်းတခုအနေနဲ့ပေါ့။ နောက်ပိုင်း သူတို့တွေ ကုမ္ပဏီတွေနဲ့ အလုပ်ဝင်တဲ့အခါကျရင် ကိုယ်က ကြားထဲကနေ ကောင်းမွန်တဲ့ impact တခု ဖြစ်အောင်၊ သူတို့ကို တွဲခေါ်နိုင်တဲ့၊ ကူညီပေးနိုင်တဲ့သူဖြစ်ချင်လို့ပါ” လို့ အလှမယ် ထက်ထက်ထွန်းက ဧရာဝတီကို ပြောပါတယ်။

ဆက်လက်ပြီး သူက “ကိုယ်လည်း အခက်အခဲတွေကြားထဲက တက်လာခဲ့ရတဲ့သူဆိုတော့ အခု တက်လာကြမယ့် လူငယ်တွေကိုလည်း ကိုယ်က နားလည်နိုင်တယ်လေ။ အဲဒီလိုဆိုတော့ ကိုယ့်တုန်းကလို အခက်အခဲတွေမရှိအောင်၊ ဒီထက်ပိုပြီး လွယ်ကူအောင်၊ ကိုယ့်ရဲ့ အတွေ့အကြုံတွေလည်း အများကြီး sharing လုပ်ဖို့ပေါ့နော်။ ပြီးတော့ အလှမယ်တွေအနေနဲ့ နိုင်ငံကိုယ်စားပြု သွားပြိုင်တဲ့အခါ သူတို့အတွက် ဘာတွေလိုအပ်မလဲဆိုတာကို ကိုယ်တွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ Training လေးလည်း ကောင်းကောင်းလုပ်ပေးချင်လို့ပါ” လို့ သူက ဆက်ပြောပါတယ်။

မော်ဒယ်လ်သင်တန်း သီးသန့်ချည်းမဟုတ်ဘဲ အေဂျင်စီနဲ့ပါ တွဲလုပ်ရတဲ့အပေါ် သူက သင်တန်းအနေနဲ့က သင်တန်းတက်ပြီး ပြီးသွားတာမျိုးဖြစ်ပြီး အေဂျင်စီအနေနဲ့က သင်တန်းသူ သင်တန်းသားအားလုံးကို လိုအပ်တဲ့အချက်အလက်များ သင်ကြားပေးခြင်း သင်တန်းပြီးသွားတဲ့အခါမှာလည်း အရည်အချင်းရှိရင်ရှိသလို လိုအပ်တဲ့ပွဲများမှာ ထည့်သွင်းပေးခြင်း စတဲ့ ရေရှည်စီမံကိန်းအတွက် တာဝန်ယူပေးချင်တာကြောင့်လို့ ဆိုပါတယ်။

အလှမယ် ထက်ထက်ထွန်းဟာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Miss Universe 2016 ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အကောင်းဆုံးအမျိုးသားဝတ်စုံဆုကို ဆွတ်ခူး ရရှိခဲ့သူဖြစ်ပါတယ်။

The post မော်ဒယ်လ်အေဂျင်စီ ဖွင့်မယ့် အလှမယ် ထက်ထက်ထွန်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ