Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ပညာတတ်တယောက်ရဲ့ကျင့်ဝတ်

$
0
0

တကယ်တမ်း ပညာရပ်တခုကို တတ်ကျွမ်းသူ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသူတယောက်က ဘယ်လိုမျိုးပါလဲ။ အလုပ်မှာ မန်နေဂျာ၊ ခေါင်းဆောင်ဖြစ်နေတာနဲ့ပဲ ပညာတတ်တယောက် ဖြစ်ပါသလား။

တကယ်တမ်း ပညာတတ်သူတယောက်ဟာ ပြဿနာကို ရင်ဆိုင်ရဲသူ၊ ဖြေရှင်းရဲသူ၊ အကျိုးဆက်ရလဒ်ကို အကောင်း ဆုံးလက်ခံနိုင်သူတယောက်လို့ နာမည်ကျော် Site တခုဖြစ်တဲ့ Wikihow က ဆိုပါတယ်။ သူတို့တွေရဲ့ပုံစံက ဘယ်လို မျိုးပါလဲ။

(၁) ထိရောက် မှန်ကန်သောစကားကို ပြောကြတယ်

ပြဿနာတခုအတွက်ပဲ ဖြစ်စေ၊ အကြံပေးပြောစကားတခုအတွက်ပဲ ဖြစ်စေ သာဓကနဲ့အတူ ဘယ်လို ပြုမူလုပ်ဆောင်နေ ထိုင်သင့်တယ်ဆိုတဲ့ စကားတွေကို ထိထိရောက်ရောက်နဲ့ တိတိကျကျ ပြောဆိုနေထိုင်တတ်ကြပါတယ်။

ဒီနေရာမှာ ပညာမရှိဘဲ စကားကြီးစကားကျယ် ပြောနေသူတွေကတော့ စကားလုံးတွေသာ ကြီးနေပေမယ့် သာဓကမဲ့ခြင်း၊ ဘာကြောင့် ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူးဆိုတာ အကြောင်းပြချက် ပေးနိုင်မှုမရှိခြင်းစတဲ့ တိကျသေချာမှု အားနည်းတာကို တွေ့နိုင်ပါတယ်။

(၂) ကိုယ်ပိုင်ဟန်နဲ့ သေသေသပ်သပ်နေကြတယ်

မင်းသား၊ မင်းသမီးတယောက်ရဲ့ပုံစံ လိုက်လံတုပ ဝတ်စားလိုက်မယ်၊ ပြောဆိုနေထိုင်မယ်၊ ပြုမူသုံးစွဲမယ်ဆိုရုံနဲ့တော့ သင် ဟာ နောက်လိုက် (Follower) တယောက်ရဲ့အဆင့်ကနေ တက်မလာပါဘူး။ ပညာတတ်တယောက်ဟာ တန်ဖိုးရှိတဲ့ အ ဝတ်အစား၊ အသုံးအဆောင်၊ အပြင်အဆင်တွေ မလိုအပ်ပါဘူး၊ သူ့ ကိုယ်ပိုင်ဟန်နဲ့ သေသေသပ်သပ် နေထိုင်လေ့ရှိပါတယ်။

(၃) ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိကြတယ်

ဒီအချက်မှာ ယုံကြည်မှု ရှိတယ်၊ ပြောရဲ၊ ဆိုရဲ၊ လုပ်ဆောင်ရဲသလို မိမိလုပ်ဆောင်ချက်အတွက် အကျိုးဆက်ကိုလည်း ခံယူရဲ မှုရှိတာဟာ ပညာတတ်တယောက်ရဲ့ပုံစံပါပဲ။

ချီးကျူးခံရမှု အတွက်လည်း ပြုံးပြနိုင်ကြသလို အမှားတခုအတွက်လည်း ဝန်ခံရဲကြပါတယ်။ အဆိုပါ အမှားကနေလည်း သင် ခန်းစာရယူ ပြင်ဆင်ပြီး အကောင်းဆုံးဆက်လက် ရပ်တည်တတ်ကြပါတယ်။

(၄) အလယ်အလတ်လမ်းစဉ်အတိုင်း ပြုမူနေထိုင်ပါ

တချို့က အဆံပြည့်တဲ့ စပါးနှံ အောက်ကို စိုက်သလို ပညာတတ်ဟာ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနေတတ်ကြတယ်လို့ ဆိုတတ်ကြ ပါတယ်။ ဒါပေမယ့် အလယ်အလတ် လမ်းစဉ်အတိုင်းနေထိုင်မှုကသာ အကောင်းဆုံး ဖြစ်ပါတယ်။

အများစုသော ပညာတတ်တွေဟာ လက်အောက်ခံလူတွေကိုလည်း ဖိနှိပ်မှု မရှိသလို အထက်အရာရှိတွေကိုလည်း အောက် ကျို့မှု မရှိကြပါဘူး။ သာမာန်လူသားတယောက်အနေနဲ့ပဲ နေထိုင်ပြုမူပြီး လုပ်ဆောင်စရာတွေကို ပြီးစီးအောင် လုပ်ဆောင် တတ်ကြပါတယ်။

Ref: www.wikihow.com

The post ပညာတတ်တယောက်ရဲ့ကျင့်ဝတ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ