သရုပ်ဆောင်၊ မော်ဒယ် ယမင်းမေဦးကတော့ အနုပညာလမ်းကြောင်းမှာ သရုပ်ဆောင်ဘက် သွားချင်ပေမယ့် အခက်အခဲတွေ ရှိနေပြီး အသစ်တွေကို အခွင့်အရေးပေးတဲ့သူ နည်းတယ်လို့ ပြောပါတယ်။
“သရုပ်ဆောင်ဘက်ကို သွားချင်တာပါ။ အခက်အခဲတွေက ကြုံရတာတွေ ရှိတယ်။ အမြဲတမ်း အသစ်အသစ်တွေ ပေါ်နေတယ်။ ယမင်းတို့လို အသစ်တွေဆိုရင် အခွင့်အရေးပေးတဲ့သူက နည်းတယ်။ အခွင့်အရေးပေးရဲတဲ့သူလည်း နည်းတယ်လို့ ထင်တယ်။ နည်းနည်းတော့ အခက်အခဲ ရှိပေမယ့် ပုံမှန်လေး ကြိုးစားနေတယ်”လို့ ယမင်းမေဦးက ပြောပါတယ်။
ယမင်းမေဦးက သရုပ်ဆောင်အနေနဲ့ ဗီဒီယိုကားများ ရိုက်ကူးထားပြီး သူရိုက်ထားတဲ့ ဇာတ်ကားများကိုတော့ Skynet မှာ ပြတာများတယ်လို့ ပြောပါတယ်။
“ဗီဒီယိုကားတွေ ရိုက်ဖြစ်တယ်။ ကြော်ငြာကတော့ အွန်လိုင်းကြော်ငြာတွေ များတယ်။ ဗီဒီယိုတွေက Skynet မှာ အပြများတယ်။ ရှေ့လဆိုရင်လည်း Skynet Pay Per View အတွက် ရိုက်ထားတဲ့ ဗီဒီယိုကားတွေ ရှိပါတယ်”လို့ ယမင်းမေဦးက ပြောပါတယ်။
ရုပ်ရှင်ကားများကိုလည်း ရိုက်ကူးထားပြီး ရုံမတင်ရသေးတာဖြစ်သလို သူပါဝင် သရုပ်ဆောင်ထားတဲ့ ဗီဒီယိုကားများလည်း ပြသဖို့ ရှိတာကြောင့် အားပေးပါလို့ ယမင်းမေဦးက ဆိုပါတယ်။
ယမင်းမေဦးကတော့ ငယ်ရွယ်နုပျိုတဲ့အလှနဲ့ လှပနေသော်လည်း ခွဲစိတ်ပြုပြင်မှုအနေနဲ့ဆိုရင် နှုတ်ခမ်း ပါးတာကို ခွဲစိတ်ပြုပြင်ချင်ပြီး ကြောက်တာကြောင့် မလုပ်ဖြစ်သေးဘူးလို့ သိရပါတယ်။
“ခွဲစိတ်ပြုပြင်တာတွေကို ကိုယ်က ကြောက်လို့သာ။ မကြောက်ရင် လုပ်ချင်တယ်။ ယမင်းက နှုတ်ခမ်းပါးတယ်။ ဆီလီကွန် ထည့်တာတွေပဲဖြစ်ဖြစ် လုပ်ချင်တာတွေ ရှိတယ်။ ဒါပေမဲ့ ကိုယ်က ကြောက်တယ်။ အပ်ဆိုတာနဲ့တင် ကြောက်လို့ နှုတ်ခမ်းကို ဆီလီကွန်ကြီး ထိုးထည့်လိုက်မှာကို တွေးရင်းနဲ့ ကိုကြောက်တယ်။ မလုပ်ဖြစ်ဘူး”
“လုပ်တဲ့သူတွေကို တော်တော်သတ္တိရှိတယ်လို့ မြင်တယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ဘာသာ လှဖို့ လုပ်တာပဲလေ။ အားပေးပါတယ်။ အခုခေတ်က လုပ်နေကြတာပါပဲ”လို့ ယမင်းမေဦးက ပြောပါတယ်။
ရခိုင်တိုင်းရင်းသူတဦး ဖြစ်တဲ့ ယမင်းမေဦးကတော့ ဆိုရှယ်မီဒီယာမှာ ရေပန်းစားပြီး ပရိသတ်အားပေးမှု ရရှိထားသလို အနုပညာ လမ်းကြောင်းမှာလည်း ရပ်တည်နေတဲ့ သရုပ်ဆောင်၊ မော်ဒယ်တဦးလည်း ဖြစ်ပါတယ်။
You may also like these stories:
The post “အသစ်တွေကို အခွင့်အရေး ပေးတဲ့သူက နည်းတယ်”လို့ ယမင်းမေဦး ပြော appeared first on ဧရာဝတီ.