Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ပျောက်ဆုံးနေသော သမိုင်းတခု (သို့မဟုတ်) Chernobyl (2019)

$
0
0

ဒီတခါမှာတော့ လတ်တလော ရုပ်ရှင်ဝါသနာအိုးတွေကြား ရေပန်းစားနေတဲ့ “Chernobyl” Mini Series နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ HBO ကနေ အပိုင်း ၅ ပိုင်းပါဝင်တဲ့ Mini Series တခုအဖြစ် ရိုက်ကူးထားတာဖြစ်ပြီး ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားတဲ့ Historical Drama ရုပ်ရှင် အမျိုးအစားလည်း ဖြစ်ပါတယ်။

IMDB Rating (9.7) အထိ ရရှိထားပြီး လူကြည့်အများဆုံးနဲ့ အအောင်မြင်ဆုံး ဖြစ်နေတဲ့ ဒီစီးရီးကိုတော့ ဒါရိုက်တာ Johan Harris က ရိုက်ကူးထားပြီး အဓိက သရုပ်ဆောင်တွေအနေနဲ့ Jared Harris နဲ့ Stellen Skarsgard တို့အပြင် တခြားသော သရုပ်ဆောင်ပေါင်းများစွာ ပါဝင်ထားကြပါတယ်။

ဇာတ်လမ်း အကြောင်းအရာကတော့ ဆိုဗီယက်ပြည်ထောင်စု ယူကရိန်းနဲ့ ဘီလာရုစ် နယ်မြေကြား Chernobyl မှာ ၁၉၈၆ ခုနှစ်တုန်းက ဖြစ်ပျက်ခဲ့တဲ့ နျူကလီးယား ဓာတ်အားပေးစက်ရုံ ပေါက်ကွဲမှုအကြောင်းကို မီးသတ်သမားတွေ၊ ကယ်ဆယ်ရေးတပ်သားတွေနဲ့ သိပ္ပံပညာရှင်တွေဘက်ကနေ ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။

သမိုင်းမှာ အကြီးဆုံး နျူကလီးယား ကပ်ဘေးတခုဖြစ်တဲ့ ဒီပေါက်ကွဲမှုဖြစ်နေချိန် ဒီကပ်ဘေးကို ကျော်လွှားဖို့ ရုန်းကန်လှုပ်ရှားခဲ့ကြသူတွေနဲ့ သိပ္ပံပညာရှင် နှစ်ယောက်ကို အဓိက ရိုက်ကူးထားတာပါ။

မီးသတ်သမားတွေနဲ့ ကယ်ဆယ်ရေးတပ်သားတွေဟာ ပေါက်ကွဲမှု ဖြစ်ပေါ်နေချိန်မှာ အချိန်မီ လာရောက် မီးငြိမ်းသတ်ခဲ့ပေမယ့် စက်ရုံက တာဝန်ရှိသူတွေကတော့ မတော်တဆမှု အနေနဲ့သာ ပေါ့ပေါ့တန်တန် ပြုလုပ်ခဲ့ကြတာပါ။ ဒီလို ပေါ့ပေါ့တန်တန် ဂရုပြုခဲ့ကြတဲ့အတွက်ကြောင့်လည်း ကြောက်စရာကောင်းတဲ့ အဖြစ်ဆိုးတွေနဲ့ နျူကလီးယားရဲ့ ကြောက်မက်ဖွယ် ဘေးထွက်ဆိုးကျိုးတွေကို ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ဟာ အပိုင်း ၅ ပိုင်းသာ ပါဝင်ပေမယ့် အပိုအလို မရှိတဲ့ ဇာတ်လမ်း၊ ဇာတ်ကွက်၊ သဘာဝကျတဲ့ ဇာတ်ကောင်တွေနဲ့ ဗဟုသုတရဖွယ် အကြောင်းအရာတွေကို တင်ဆက်မှု ကောင်းကောင်းနဲ့ ရိုက်ကူးပြသထားတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။

လူပေါင်းများစွာရဲ့ ဘဝကို လှုပ်ခတ်သွားစေခဲ့တဲ့ ဒီအဖြစ်အပျက်ကို ပြန်လည် ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းမှာ ပါဝင်တဲ့ အချက်အလက်တွေက ကြောက်စရာကောင်းလောက်အောင် မှန်ကန်တိကျနေတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့်မို့လို့ သိပ္ပံပညာ စိတ်ဝင်စားသူတွေအနေနဲ့ရော ရုပ်ရှင်ချစ်ပရိသတ်တွေပါ “Chernobyl” ရုပ်ရှင်စီးရီးကို ကြည့်ဖြစ်အောင် ကြည့်ရှုကြဖို့ ညွှန်းဆို လိုက်ပါတယ်။

Ref. IMDB

You may also like these stories:

မတူတဲ့ ရသ နှစ်ခုခံစားရမယ့် “Badhaai Ho” နဲ့ “Departures”

မြန်မာနိုင်ငံအကြောင်း ရိုက်ထားပြီး မြန်မာနိုင်ငံမှာ ပြသခွင့် မရှိသော ဇာတ်ကားများ

The post ပျောက်ဆုံးနေသော သမိုင်းတခု (သို့မဟုတ်) Chernobyl (2019) appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ