Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“ပရိသတ်တွေ ဦးနှောက်နဲ့ နှလုံးသား နှစ်ခု ချိတ်ဆက်ပြီး Vote ပေးကြပါ”လို့ ရန်ရန်ချန်း ပြော 

$
0
0

The Voice Myanmar သီချင်းဆိုပြိုင်ရဲ့ Season 2 မှာ Coach အဖြစ် ပါဝင်ဆောင်ရွက်နေတဲ့ အဆိုတော် ရန်ရန်ချန်းက Grand Final ပွဲကြီး အားပေးမယ့် ပရိသတ်တွေကို နှလုံးသားနဲ့ရော ဦးနှောက်နဲ့ပါ နှစ်ခု ချိတ်ဆက်ပြီး Vote ပေးကြပါလို့ ဧရာဝတီကို ပြောပါတယ်။

“ပရိသတ်တွေကိုပြောချင်တာက ကျနော်တို့ သေချာလေး ပြင်ဆင်ထားတယ်။ သူတို့ ပြိုင်လို့ကောင်းမယ့် ပုံစံရော၊ ပရိသတ်တွေ ကြိုက်နှစ်သက်မယ့် ပုံစံရော၊ Grand Final နဲ့ လိုက်မှာတွေကို လုပ်ထားပါတယ်။ Grand Final ပွဲကြီးမှာ ပရိသတ်တွေက နှလုံးသားနဲ့ရော ဦးနှောက်နဲ့ပါ နှစ်ခု ချိတ်ဆက်ပြီး Vote ပေးကြဖို့ ပြောချင်ပါတယ်”လို့ ရန်ရန်ချန်းက ပြောပါတယ်။

အဆိုတော် ရန်ရန်ချန်းကတော့ သူ့ရဲ့ Team ကနေ ပါဝင်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲဝင် မယ်လိုဒီခေါင်အတွက် ၁၀၀ ရာခိုင်နှုန်း မျှော်လင့်ထားလို့ ဆိုပါတယ်။

“မယ်လိုဒီခေါင်ကို ကိုယ့်အသင်းအတွက် ၁၀၀ ရာခိုင်နှုန်း မျှော်လင့်ထားပါတယ်။ သူက Team အတွက် ရှေ့တန်းက တိုက်စစ်မှူးပဲ။ အားလုံး ဂုဏ်ဆောင်နိုင်အောင် လုပ်ပေးဖို့တော့ ပြောထားတယ်။ သူ့ကို သီချင်းရွေးချယ်မှုနဲ့ ပတ်သက်ပြီး သူဆိုချင်တာတွေလည်း ရှိတယ်။ ကျနော်ကတော့ သူ့နဲ့ လိုက်မယ့် သီချင်းတွေကို ရွေးပေးပါတယ်”

“တချို့ အရာလေးတွေတော့ တိုင်ပင်တာတွေ ရှိတယ်။ ဆိုရမှာက သူကိုယ်တိုင် ဆိုရမှာဆိုတော့ ကျနော် ဖြစ်ချင်တာချည်းပဲ မဟုတ်ဘဲ သူနဲ့ ညှိနှိုင်းတိုင်ပင် ဖြစ်ပါတယ်။ သူ Grand Final တက်တော့မှာဆိုတော့ သူ့ကို ကျေနပ်မှုတွေလည်း ရှိပါတယ်။ သူ့အတွက်ရော ကျနော်တို့အတွက်ရော အချိန် အရမ်းနည်းပါတယ်” လို့ ရန်ရန်ချန်းက ပြောပါတယ်။

ဆက်လက်ပြီး Grand Final မှာ ပါဝင် ယှဉ်ပြိုင်ကြမယ့် ပြိုင်ပွဲဝင် Finalists ၄ ဦးကိုလည်း အကောင်းဆုံး ကြိုးစားပေးကြဖို့ ရန်ရန်ချန်းက အခုလိုပဲ ပြောပါတယ်။

“Semi Final ကနေ Final ပွဲကြီး ဘယ်သူတက်မယ်မှန်း မသိတော့ ပြင်ဆင်ရတာက အရမ်းပင်ပန်းကြတယ်။ အခု ဖိုင်နယ်အတွက် ပြင်ဆင်ထားတာကိုလည်း ကျေနပ်ပါတယ်။ ပြိုင်ပွဲဝင်တွေနဲ့လည်း ထွေထွေထူးထူး ပြောစရာ သိပ်မရှိဘူး။ သူတို့ပြောချင်တာကတော့ အကောင်းဆုံး ကြိုးစားပေးပါပဲ ပြောချင်တယ်”လို့ ရန်ရန်ချန်းက ဆိုပါတယ်။

မကြာခင် ကျင်းပတော့မယ့် The Voice Myanmar Season 2 သီချင်းဆိုပြိုင်ပွဲရဲ့ Grand Final ပွဲကြီးမှာ Finalists ၄ ဦးဖြစ်တဲ့ ဟေဇယ်၊ နိုဗန်ထူး၊ မယ်လိုဒီခေါင်နဲ့ Paul Austin တို့ကတော့ အကြိတ်အနယ် သီဆို ယှဉ်ပြိုင်ကြဖို့ ကြိုးစား ပြင်ဆင်နေကြပြီလို့ သိရပါတယ်။

You may also like these stories:

“ရန်ရန်ချန်း ဒိုင်လုပ်တာ မျှတတယ်”လို့ အဆိုတော် အနဂ္ဂ ပြော

“ငွေစိုးက ဆုရသင့် ရထိုက်ပါတယ်” လို့ဆိုတဲ့ အဆိုတော်ရန်ရန်ချန်း

ပထမဆုံး တကိုယ်တော်သီချင်းခွေ ထွက်လာတဲ့ အဆိုတော် Woofer

“The Voice Myanmar” အဆိုပြိုင်ပွဲ ဝင်မယ့်သူတွေကို အကြံပေးစကားပြောတဲ့ ငွေစိုး

“The Voice Myanmar Season 2 က ကြည့်လို့ကောင်းမယ့် အစီအစဉ်ပါ”

The post “ပရိသတ်တွေ ဦးနှောက်နဲ့ နှလုံးသား နှစ်ခု ချိတ်ဆက်ပြီး Vote ပေးကြပါ”လို့ ရန်ရန်ချန်း ပြော  appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ