Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အချမ်းသာဆုံး အမျိုးသမီး အဆိုတော်ဖြစ်လာတဲ့ ရီဟားနား

$
0
0

Jay Z ဟာ Rapper တွေထဲမှာ ကမ္ဘာ့ပထမဆုံး သန်းကြွယ်သူဌေးအဖြစ် သတ်မှတ်ခံရပြီးတဲ့နောက်မှာ ရီဟားနားက အချမ်းသာဆုံး အမျိုးသမီး အဆိုတော်အဖြစ် ရှိနေတာလည်း ဖြစ်ပါတယ်။ ဒါကို Forbes မဂ္ဂဇင်းက သတ်မှတ်ပေးခဲ့ တာလည်း ဖြစ်ပါတယ်။

မက်ဒေါနား၊ စလင်းဒီယွန်နဲ့ ဘီယွန်ဆေးတို့ကို ကျော်လွန်ပြီး အမေရိကန်ဒေါ်လာ ၆၀၀ မီလီယံနဲ့ နံပါတ် ၁ နေရာမှာ ရှိနေခဲ့တာဖြစ်ပါတယ်။ ဒီငွေကြေး ရရှိမှု အားလုံးဟာ ဂီတဖန်တီးမှုနဲ့ အလှကုန်ပစ္စည်းရောင်းချတာတွေကနေ ရရှိတဲ့ ငွေကြေး ဖြစ်တယ်လို့ သိရပါတယ်။

ရီဟားနားရဲ့ နာမည်ကျော် သီချင်းတွေဖြစ်တဲ့ “Only Girl” “Diamond” “Work” စတဲ့ သီချင်းတွေကို ကမ္ဘာတဝှမ်းလုံးက အမျိုးသားရော အမျိုးသမီးပါမကျန် ကြိုက်နှစ်သက်ကြတဲ့ အပြင် သူ့ရဲ့ အလှကုန်တွေဟာလည်း အမျိုးသမီး ပရိသတ်တွေကြားမှာ အရမ်းကို ရေပန်းစားခဲ့တာဖြစ်ပါတယ်။

ရီဟားနားဟာ အဆိုတော်အလုပ်အပြင် ဖက်ရှင်ဒီဇိုင်နာ၊ မိတ်ကပ်ပညာရှင်၊ သရုပ်ဆောင်၊ ပရဟိတအဖွဲ့အစည်း တည်ထောင်သူ နဲ့ လူမည်းအမျိုးသမီးတွေရဲ့ ပထမဆုံး ဇိမ်ခံဖက်ရှင်အုပ်စုကို တည်ထောင်သူတယောက်လည်း ဖြစ်ပါတယ်။

အသက် ၃၁နှစ်သာ ရှိသေးတဲ့ ရီဟားနားဟာ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူဖြစ်ပြီး ကမ္ဘာအနှံ့က မိန်းကလေးများရဲ့ ဦးဆောင်လမ်းပြ တယောက်အဖြစ် သတ်မှတ်ခြင်းကို ခံထားရသူလည်း ဖြစ်ပါတယ်။

Ref; cbsnews.

You may also like these stories:

သန်းကြွယ်သူဌေးတွေ အများဆုံးရှိတဲ့ နိုင်ငံ (၅) ခု

အသက် ၃၀ အောက် ဝင်ငွေအများဆုံး နာမည်ကျော် စာရင်းမှာ Kylie Jenner ဦးဆောင်

The post အချမ်းသာဆုံး အမျိုးသမီး အဆိုတော်ဖြစ်လာတဲ့ ရီဟားနား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ