Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

‘Bond 25’ ရုပ်ရှင်ရိုက်ကွင်းမှာ စမ်းသပ်ဖောက်ခွဲမှုကြောင့် ဝန်ထမ်းတဦး ဒဏ်ရာရရှိ

$
0
0

ဂျိမ်းစ်ဘွန်းရုပ်ရှင်အသစ်ရိုက်ကွင်းမှာ စမ်းသပ်ဖောက်ခွဲမှုတခုကြောင့် ဗြိတိန်နိုင်ငံရဲ့ Pinewood Studios ထိခိုက်ခဲ့ ရတဲ့အပြင် ဝန်ထမ်းတဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့တုန်းက ထိန်းချုပ်နိုင်တဲ့ ပေါက်ကွဲမှုတခုကို စတန့်ပူးတွဲဖန်တီးသူတွေက လုပ်ဆောင်ခဲ့တာ ဖြစ်ပေမယ့် အဲ့ဒီပေါက်ကွဲမှု ကနေ တဆင့် ကြီးမားတဲ့မီးလုံးကြီး ဖြစ်ပေါ်လာခဲ့ပြီး အဆောက်အဦရဲ့ ခေါင်မိုးကိုပါ မီးစွဲလောင်စေခဲ့တယ်လို့ The Sun သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

ရိုက်ကွင်းပေါ်မှာ ရှိသူတွေအားလုံး ထိခိုက်တာမရှိခဲ့ပေမယ့် ထုတ်လုပ်ရေး ကိုယ်စားလှယ်တဦးရဲ့ အဆိုအရ စတိတ်စင်ပြင်ပမှာရှိတဲ့ လူတယောက်ကတော့ ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ရုပ်ရှင်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က “Pinewood Studios က ‘Bond 25’ ရိုက်ကွင်းမှာ ထိန်းချုပ်နိုင်ခဲ့တဲ့ ပေါက်ကွဲမှု ရိုက်ကူးမှုအတွင်းမှာ 007 စတိတ်စင်ပြင်ပကို ထိခိုက်ခဲ့ရပါတယ်” လို့ တရားဝင် Twitter အကောင့်မှာ ဖော်ပြထားပါတယ်။

ရိုက်ကွင်းပေါ်မှာ ဒဏ်ရာရရှိခဲ့သူမရှိခဲ့ပေမယ့် စင်ပြင်ပမှာရှိတဲ့ ဝန်ထမ်းတယောက်ကတော့ အသေးစား ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီမတော်တဆဖြစ်ရပ်နရဲ့ ဒဏ်ရာရရှိခဲ့တဲ့အကြောင်းအရာအသေးစိတ်ကိုတော့ ထုတ်ပြန်တာ မရှိသေးပေမယ့် Deadline မီဒီယာရဲ့ အဆိုအရ အဲ့ဒီဖြစ်ရပ်ကြောင့် ရိုက်ကူးရေးကို အချိန်ရွှေ့ဆိုင်းမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ခေါင်းဆောင်မင်းသား Daniel Craig ဟာ ပြီးခဲ့တဲ့ လတုန်းက ဂျမေကာနိုင်ငံ ရိုက်ကွင်းမှာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။ ဗြိတိသျှမင်းသား Craig ဟာ အသေးစား ခွဲစိတ်မှုကို ခံယူခဲ့ရပြီး ပြန်သက်သာဖို့ အချိန်နှစ်ပတ် လောက်ယူခဲ့ရပါတယ်။

မင်းသား Rami Malek က 007 ဗီလိန်အဖြစ် ပါဝင်လာမယ့် “Bond 25” ရုပ်ရှင်ဟာ အခုအချိန်အထိတော့ ၂၀၂၀ ခုနှစ်၊ ဧပြီလမှာ ဖြန့်ချိပြသဖို့ စီစဉ်ထားဆဲ ဖြစ်ပါတယ်။

Ref:aceshowbiz

You May Also Like These Stories:

ခြေကျင်းဝတ်ဒဏ်ရာ ကုသပြီးနောက် “Bond 25” ရိုက်ကွင်းကို ပြန်ရောက်လာတဲ့ Daniel Craig

မင်းသား Daniel Craig ခြေကျင်းဝတ်ဒဏ်ရာရလို့ “Bond 25” ရိုက်ကူးရေး ခေတ္တ ရပ်နားထားရ

“Bond 25” ရုပ်ရှင်မှာ ပါဝင်မယ့် သရုပ်ဆောင်စာရင်းကို ကြေညာ

ဖောက်ခွဲမှုများပါဝင်သည့် ဇာတ်ဝင်ခန်းများရိုက်ကူးမှုကြောင့် “Bond 25” ရုပ်ရှင်ဆန္ဒပြခံရ

“Bond 25” ရုပ်ရှင်ပြသမယ့်အချိန်ကို ၂၀၂၀ ခုနှစ်အထိ နောက်ဆုတ်

The post ‘Bond 25’ ရုပ်ရှင်ရိုက်ကွင်းမှာ စမ်းသပ်ဖောက်ခွဲမှုကြောင့် ဝန်ထမ်းတဦး ဒဏ်ရာရရှိ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ