Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

သမီးဖြစ်သူကို အနုပညာလောကရဲ့ လောကဓံတွေ မခံနိုင်မှာ စိုးရိမ်တဲ့ ခင်လှိုင်

$
0
0

ဟာသ သရုပ်ဆောင် ခင်လှိုင်က သူ့ရဲ့ သမီးငယ်ဖြစ်တဲ့ သဇင်ထူးမြင့်ကို အနုပညာလောကမှာ အပင်ပန်း မခံနိုင်မှာနဲ့ အောင်မြင်ခြင်း၊ ကျရှုံးခြင်းဆိုတဲ့ လောကဓံတွေ မခံနိုင်မှာ စိတ်ပူတယ်လို့ ဆိုပါတယ်။

“သမီးက ပထမ ပညာရေးဘက်ကို လိုက်မယ်ဆိုပြီးတော့ အခုရွှေကြိုလုပ်ပြီးမှ ပိုးဝင်သွားတယ်။ ကျနော်ကတော့ သူ့သဘောပါပဲ။ အရင်ကတည်းကလည်း မတားခဲ့ပါဘူး။ သူ ဝါသနာပါတယ် ဆိုရင် လုပ်ပေါ့။ ကျနော် စိတ်ပူတာ တခုပါပဲ။ သမီးက အပင်ပန်းမခံနိုင်မှာနဲ့ အောင်မြင်ခြင်း၊ ကျရှုံးခြင်းဆိုတဲ့ လောကဓံတွေ မခံနိုင်မှာတော့ ကြောက်တာပေါ့နော်”လို့ ခင်လှိုင်က ပြောပါတယ်။

“၆ လပိုင်းထဲမှာတော့ ဇာတ်ကားရိုက်ဖို့ ကမ်းလှမ်းထားတယ်။ ကျနော် ဇာတ်ဖတ်နေတယ်။ သမီးအတွက် အဆင်ပြေရင် ရိုက်မှာပါ။ ကျနော် မပါဘူး။ သမီးအတွက် ဖတ်ပေးတာပေါ့။ နေရာလေး ကောင်းပါတယ်။ သမီးကလည်း သူ့အလုပ်နဲ့သူ၊ ကိုယ်ကလည်း ကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့ လွတ်လပ်မှု ပေးထားတယ်တော့ မဟုတ်ပါဘူး”

“ဒီအနုပညာလမ်းကြောင်း တခုပေါ်မှာ လျှောက်နေပြီဆိုတော့ တချိန်လုံး နောက်ကနေပြီး လျှောက်လိုက်နေလို့လည်း အဆင်မပြေဘူးလေ။ သူ့အမေကတော့ လိုက်ရမှာပေါ့။ သမီးက ကျောင်းလည်း မပြီးသေးဘူး။ ပညာရေးနဲ့ ယှဉ်လာရင်တော့ ပညာရေး ဦးစားပေးတာပေါ့”လို့ ခင်လှိုင်က ဆိုပါတယ်။

သရုပ်ဆောင်မှုပိုင်းနဲ့ ပတ်သက်ပြီး သားသမီးတွေကို ကိုယ့်အိုက်တင်ဖြစ်မှာစိုးလို့ မသင်ပေးဘူးဆိုတဲ့ ခင်လှိုင်က သမီးကို ချစ်ပေးကြတဲ့ ပရိသတ်တွေ အများကြီးတွေ့ရလို့ အရမ်းပျော်တယ်လို့ ဆိုပါတယ်။

“သမီးရော၊ သားရော အနုပညာနဲ့ ပတ်သက်ပြီး အများကြီး လေ့လာရဦးမှာပါ။ သရုပ်ဆောင်တယောက် ဖြစ်ဖို့ဆိုတာ လွယ်တာမှ မဟုတ်တာ။ ကျနော်က သားရော၊ သမီးရော စိတ်ကိုပဲ သင်တယ်။ သရုပ်ဆောင်တယောက်ရဲ့ မွေးမြူရမယ့် စိတ်ပေါ့။ ကာရိုက်သွင်းတဲ့ စိတ်၊ အချင်းချင်း ရိုက်ကွင်းပေါ်မှာ ထားရမယ့် စိတ်တွေ၊ ကိုယ်ချင်းစာစိတ် ရှိရမယ်ဆိုတဲ့စိတ်တွေ ပြောပြပေးတယ်”

သရုပ်ဆောင် ခင်လှိုင်တို့ မိသားစု / Thazin Htoo Myint’s Facebook

“ကိုယ်သင်ရင် ကိုယ့်အိုက်တင် ဖြစ်သွားမှာစိုးလို့ မသင်ဘူး။ သမီးကို ချစ်ပေးကြတဲ့ ပရိသတ်တွေ အများကြီးတွေ့ရလို့ အရမ်းပျော်ပါတယ်။ သမီးကို ဆက်ပြီ ချစ်ပေးပါလို့လည်း ပြောချင်ပါတယ်။ သမီးကိုလည်း အပ်ပါတယ်။ သမီးက မိဘအုပ်ထိန်းမှုအောက်မှာ ရှိနေတာကြောင့် ရိုးရှင်းပြီး အေးဆေးပါတယ်”လို့ ခင်လှိုင်က ပြောပါတယ်။

ခင်လှိုင်ဟာ အနုပညာလောကမှာ ပရိသတ် အားပေးမှု အခိုင်အမာ ရရှိထားသူ တဦးဖြစ်ပြီး ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်မှု တွေကြောင့် အနုပညာလောကမှာ ယခုချိန်ထိ ရပ်တည်နေနိုင်နေသူလည်း ဖြစ်ပါတယ်။

ခင်လှိုင်ရဲ့ သမီးလေး သဇင်ထူးမြင့်ကိုတော့ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာ ရွှေကြိုမယ် တယောက်အဖြစ် ပရိသတ်တွေ စတင် သိရှိလာခဲ့တာပါ။ အခုဆိုရင်တော့ သဇင်ထူးမြင့်ဟာ တီဗီကြော်ငြာတွေ ရိုက်ကူးလာရပြီ ဖြစ်ပါတယ်။

You May Also Like These Stories:

“သားကို ချစ်တဲ့ ပရိသတ်တွေက ကျနော့်ကိုပါ ချစ်လာကြပြီ”လို့ လူကြမ်းသရုပ်ဆောင် ကိုကိုဦး ပြော

“အနုပညာသက်တမ်း ၉ နှစ်အတွင်း တော်တော်သည်းခံခဲ့ရတယ်”လို့ ဆုထက်ကုဋေ ပြော

မြေးဖြစ်သူ ဝင်းခန့်မိုးကို အိုက်တင်အပိုင်းတွေ မသင်ပေးဖြစ်ဘူးလို့ ချိုပြုံး ပြော

The post သမီးဖြစ်သူကို အနုပညာလောကရဲ့ လောကဓံတွေ မခံနိုင်မှာ စိုးရိမ်တဲ့ ခင်လှိုင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ