Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ငါးမန်းတွေကို ဆော့ကစားပြီး အမြှီးဖြတ်ခဲ့သူများအား သတိပေးလိုက်တဲ့ Jason Momoa

$
0
0

“Aquaman” ရုပ်ရှင်ဇာတ်ကားနဲ့ ပရိသတ်တွေ အားပေးခြင်းကို အပြည့်အဝရခဲ့တဲ့ မင်းသား Jason Momoa ဟာ ပြင်ပလောကမှာလည်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အလုပ်တွေ အများကြီး လုပ်လေ့ရှိသူတဦး ဖြစ်ပါတယ်။

Jason Momoa ဟာ လူမှုကွန်ရက် စာမျက်နှာမှာ ငါးဖမ်းသမား ၂ ဦးက ငါးမန်းတကောင်ကို ဆော့ကစားတဲ့ သဘောမျိုးနဲ့ အမြှီးဖြတ်ခဲ့တဲ့ ဗီဒီယိုကို ပြန် Share ပြီး သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေအတွက်ရော လုပ်ဖော်ကိုင်ဖက်တွေရှေ့မှာပါ ပျော်ပျော်ရွှင်ရွှင်နေလေ့ရှိတဲ့ မင်းသားကြီးဟာ Instagram စာမျက်နှာမှာ အရမ်း စိတ်တိုနေတာ တွေ့ရပါတယ်။

သူဟာ မကြာသေးခင်ကမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစေဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မုတ်ဆိတ်မွေးတွေကို ရိတ်ပြခဲ့ပါသေးတယ်။ အခုလို ငါးမန်းတွေကို စနောက်ထားတဲ့ ဗီဒီယိုကို တွေ့တဲ့အချိန်မှာ သူက “အမျိုးသားတွေဆိုတာ ဖခင်ကောင်းတွေ ဖြစ်ဖို့လေ။ အခု မင်းတို့က ဒီလို သိက္ခာမရှိတဲ့ လုပ်ရပ်ကို လုပ်ကြတယ်။ ငါ့ဘဝမှာ ဒီလောက် ရက်စက် ကြမ်းကြုတ်တာမျိုးကို မမြင်ဖူးခဲ့ဘူး”

“မင်းတို့ရဲ့ ရယ်သံတွေကို အဲဒီ အပြစ်ကင်းတဲ့ သတ္တဝါတွေ ကြောက်ရွံ့ရသလို မင်းတို့လည်း အမြဲ ဝဋ်လည်လိမ့်မယ်။ ငါနဲ့ မတွေ့ဖြစ်အောင်နေကြ။ ငါ အရမ်း ဒေါသထွက်တယ်။ လူတိုင်းက အမှားနဲ့ မကင်းဘူးဆိုပေမယ့် မင်းတို့က ယုတ်မာလွန်းရာ ကျတယ်”လို့ ရေးသားထားပါတယ်။

Jason Momoa ရဲ့ ပရိသတ်တွေကလည်း ဒေါသထွက်နေကြပြီး Aquaman နေရာမှာ သရုပ်ဆောင်တဲ့ ရေလူသားကြီးက ရေနေသတ္တဝါတွေကို ကယ်တင်ပေးနေသလို ခံစားရတယ်လို့ မှတ်ချက်တွေ ရေးထားတာကိုလည်း တွေ့မြင်ရပါတယ်။

Ref; someecards

You  may also like these stories:

“Aquaman” ရုပ်ရှင်မှ ရေအောက် ဇာတ်ဝင်ခန်းတွေကို သဘောမကျကြောင်း James Cameron ပြော

Aquaman ရုပ်ရှင်နဲ့ ပတ်သက်ပြီး ဒါရိုက်တာ James Wan ဘာပြောသလဲ

The post ငါးမန်းတွေကို ဆော့ကစားပြီး အမြှီးဖြတ်ခဲ့သူများအား သတိပေးလိုက်တဲ့ Jason Momoa appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ