Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မကြာမီ ဟယ်ရီပေါ်တာ ဝတ္ထု E-book ၄ အုပ် ဖြန့်ချိဖို့ရှိနေတဲ့ J.K. Rowling

$
0
0

Pottermore Publishing ဖြန့်ချိရေး ကုမ္ပဏီကနေ လာမယ့် ဇွန်လ ၂၇ ရက်နေ့မှာ သုတစာပေ အမျိုးအစား ဟယ်ရီပေါ်တာဝတ္ထု E-book (Electronic Book) ၄ အုပ်ကို ထုတ်ဖို့ရှိနေတယ်လို့ သိရပါတယ်။

အဲဒီ ဝတ္ထုတွဲမှာ ဆိုရင် ဟယ်ရီပေါ်တာ စီးရီးထဲက အဓိကကျတဲ့ ရိုးရာပုံပြင်နဲ့ မှော်ပညာအကြောင်း ဖော်ပြမှာဖြစ်ပါတယ်။ ဝတ္ထုရဲ့ ခေါင်းစဉ်တခုချင်းစီကတော့ ဟယ်ရီ၊ ဟာမွန်နီနဲ့ ရွန်တို့ ဟော့ဝက်ကျောင်းတော်မှာ တက်ရောက်ခဲ့တဲ့ မန္တန်၊ အမှောင်အစီအရင် ကာကွယ်မှုနဲ့ မှော်သတ္တဝါတွေကို စောင့်ရှောက်ခြင်း စတဲ့ အထူးမှော် အတန်းတွေနဲ့ ပတ်သက်လို့ ဖော်ပြမှာလည်း ဖြစ်ပါတယ်။

အဲ့ဒီ E-book စာအုပ်တွေဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် အောက်တိုဘာလကနေ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအထိ ဗြိတိသျှ စာကြည့်တိုက်မှာ ပြုလုပ်ခဲ့တဲ့ “Harry Potter: A History of Magic” ပြပွဲမှာ ဖော်ပြခဲ့တဲ့ စာအုပ်တွေကို မှီးငြမ်းထားတာလည်း ဖြစ်ပါတယ်။

အခု အသစ်ထုတ်မယ့် စာအုပ်တွေမှာတော့ စာရေးဆရာမ J.K. Rowling ရဲ့ လက်ရေးမူ စာမျက်နှာတွေ၊ မှတ်စုတွေနဲ့ ပုံကြမ်းတွေ ပါရှိလာမှာပါ။ ပန်းချီပုံဆွဲပေးသူကတော့ လန်ဒန် အခြေစိုက်အနုပညာရှင် Rohan Daniel Eason ပဲ ဖြစ်ပါတယ်။

ပထမဆုံး စာအုပ်နှစ်အုပ်ဖြစ်တဲ့ “A Journey Through Charms and Defence Against the Dark Arts” (မန္တန်နှင့် အမှောင်အစီအရင်ကာကွယ်မှု ခရီးလမ်း) နဲ့ “A Journey Through Potions and Herbology” (မှော်ဆေးရည်နှင့် ဆေးဖက်ဝင် သစ်ဥသစ်ဖုဗေဒ ခရီးလမ်း) စတဲ့စာအုပ်တွေကိုတော့ အခုလ ၂၇ ရက်နေ့မှာ ဖြန့်ချိမှာဖြစ်ပါတယ်။

ကျန်ရှိတဲ့ “A Journey Through Divination and Astronomy” (နက္ခတ်ဗေဒနှင့်ဂမ္ဘီရ ခရီးလမ်း) စာအုပ်နဲ့ “A Journey Through Care of Magical Creatures” (မှော်သတ္တဝါဆန်းများကို စောင့်ရှောက်ခြင်း ခရီးလမ်း) စာအုပ်တွေကိုတော့ လာမယ့် လအနည်းငယ်အတွင်းမှာ ဖြန့်ချိမယ်လို့ သိရပါတယ်။

အဲ့ဒီစာအုပ် ၄ အုပ်လုံးကို အင်္ဂလိပ်၊ ပြင်သစ်၊ အီတလီနဲ့ ဂျာမန်ဘာသာစကားတွေနဲ့ ဖြန့်ချိမှာလည်း ဖြစ်ပါတယ်။ Amazon နဲ့ Apple တို့လိုမျိုး ဝက်ဘ်ဆိုက်တွေကနေ တဆင့် ကြိုတင်မှာယူနိုင်ကြပြီ ဖြစ်ပါတယ်။

Ref:asiaone

You may also like these stories:

ဟယ်ရီပေါ်တာဝတ္ထုမှ ဇာတ်ကောင် ၂ခုကြား လိင်တူဆက်ဆံရေးရှိကြောင်း ပြောတဲ့ JK Rowling ဝေဖန်ခံရ

၂၀၂၁ ခုနှစ်ရောက်မှသာ ရုံတင်ပြသနိုင်တော့မယ့် “Fantastic Beasts 3”

‘Black Widow’ ရုပ်ရှင်မှာ အဓိကဇာတ်ကောင်နေရာမှာပါဝင်ဖို့ Emma Watson စိတ်ဝင်စားနေ

The post မကြာမီ ဟယ်ရီပေါ်တာ ဝတ္ထု E-book ၄ အုပ် ဖြန့်ချိဖို့ရှိနေတဲ့ J.K. Rowling appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ