Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

သားဖြစ်သူ ရင်ခွင်ထဲ ပြန်ရောက်လာမယ့်နေ့ကို မျှော်နေတဲ့ အစ္စဏီရဲ့ မိခင်

$
0
0

အဆိုတော် အစ္စဏီကတော့ အချုပ်ထဲမှာ တရားရင်ဆိုင်နေရတာဟာ အခုချိန်မှာဆိုရင် ၁ နှစ်ကျော်ကာလ အချိန်ကို ရောက်ရှိနေပြီဖြစ်ပြီး မိခင်ဖြစ်သူဟာ သားရဲ့ ရုံးချိန်းထဲကို မပျက်မကွက် အမြဲတမ်း လာရောက်ခဲ့ပါတယ်။

မကြာခင်ရက်ပိုင်းက တရားလိုဖြစ်သူဘက်မှ အမှုကို ကျေအေးပေးဖို့အတွက် သတင်းစကားများ ထွက်ပေါ်ခဲ့ပေမယ့် အခြေအနေတခုကြောင့် ကျေအေးပေးဖို့ အစီအစဉ် မရှိတော့တဲ့အချိန်မှာတော့ မိခင်ဖြစ်သူက သားဖြစ်သူ ရင်ခွင်ထဲ ပြန်လာမယ့် အချိန်ကိုသာ မျှော်လင့်နေမယ်လို့ ပြောပါတယ်။

“အန်တီ့မှာ ချစ်ခြင်း၊ မုန်းခြင်း မရှိဘူး။ အခု အန်တီ့သား ခံနေရတာဟာ အတိတ်က ဝဋ်ကြွေးကြောင့် ခံနေရတာလို့ ယူဆတယ်။ အချိန်တန် အဆင်ပြေသွားမယ်။ အန်တီ့ ရင်ခွင်ထဲ ပြန်ရောက်လာမယ်။ အဲဒီရက်ကို အန်တီ မျှော်နေတယ်။ သူ့မှာလည်း အဘိုးတွေ၊ အဘွားတွေ အသက် ၈၀ ကျော်တွေ ရှိတယ်။ သူတို့လည်း မျှော်နေတယ်” လို့ အစ္စဏီရဲ့ မိခင်ဖြစ်သူက ပြောပါတယ်။

အဆိုတော် အစ္စဏီရဲ့ မိခင် (ဓာတ်ပုံ – ထက်ဝေ/ဧရာဝတီ)

တရားလိုဖြစ်သူ မော်ဒယ် စူးရှထက်က စာရေးဆရာမတဦးမှ သူမရဲ့ရှေ့နေဖြစ်သူထံ လာရောက် ညှိနှိုင်းမှု ပြုလုပ်ခဲ့ တာကြောင့် ကျေအေးပေးဖို့အတွက် အစီအစဉ်ရှိခဲ့ပေမယ့် အစ္စဏီရဲ့ပြောရေးဆိုခွင့်ရှိသူ တဦးဖြစ်တဲ့ ကိုကျော်စွာရဲ့ မီဒီယာများအပေါ် ဖြေတဲ့အဖြေများကို မကျေနပ်တာကြောင့် ကျေအေးရန်အတွက် မဖြစ်နိုင်တော့ဘဲ အမှုကိုဆက်သွားမှာ ဖြစ်တယ်လို့ မေလ ၂၀ ရက်နေ့ ရုံးချိန်းမှာ ပြောသွားခဲ့ပါတယ်။

အမှုဖြစ်ပွားတာ ၁ နှစ်ကျော်ကာလ ရှိပြီဖြစ်သော်လည်း ရုံးပြောင်းရွေ့ စစ်ဆေးရန် တရားလိုဘက်မှ တောင်းဆိုတဲ့ ကိစ္စများကြောင့် အမှုစစ်ဆေးရာမှာ ကြာမြင့်နေခဲ့ပြီး အခုအခါမှာဆိုရင်လည်း အဆိုပါ အမှုတွဲကို နေပြည်တော်ထိ တက်ဖို့အတွက် စာတင်ထားတယ်လို့ သိရပါတယ်။

အဆိုတော် အစ္စဏီကိုတော့ တရားလိုဖြစ်သူ မော်ဒယ် စူးရှထက်မှ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ ဧပြီလအတွင်းက မုဒိမ်းမှု အပါအဝင် ပုဒ်မ ၃ခုတို့ဖြင့် တရားစွဲဆိုထားတာဖြစ်ပြီး အခုဆိုရင်တော့ အမှုဖြစ်ပွားခဲ့တာ ၁ နှစ်ကျော်ကာလ ရှိခဲ့ပြီ ဖြစ်ပါတယ်။

You may also like  these stories:

“ဟစ်တိုင်ကို အကယ်ဒမီ မမျှော်လင့်ရဲဘူး၊ ပရိသတ်တွေ ကြိုက်တာနဲ့တင် ကျေနပ်ပြီ”

“သီချင်းတွေကို နားထောင်ပြီး ခံစားသွားရတာနဲ့တင် ကျေးဇူးတင်မိမှာပါ”လို့ ပြောတဲ့ ဆုပန်ထွာ

“ကျနော် ၁၀ လ ထောင်ထဲမှာ နေရတာပေါ့”လို့ အဆိုတော် အစ္စဏီ ပြော

“ကိုယ်ပိုင်သီချင်းတွေကို အသက်ရှင်သရွေ့ ဘယ်သူ့ကိုမှ ပေးမဆိုဘူး”လို့ မာရဇ္ဇ ပြော

The post သားဖြစ်သူ ရင်ခွင်ထဲ ပြန်ရောက်လာမယ့်နေ့ကို မျှော်နေတဲ့ အစ္စဏီရဲ့ မိခင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


သာလွန်မင်းလက်ထက် အမြင့်မင်းသားအရေးတော်ပုံ


စနေမင်း နှင့် တနင်္ဂနွေမင်း


''ပါဂျောင်မြေမှ အရိုးတွန်သံ'


လုလုအောင် HD အသစ်


TTA Oreo Gapp Installer


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)