Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ကိုယ်ပိုင်သံစဉ် တေးသီချင်းများနဲ့ ဖျော်ဖြေသွားမယ့် “ရွှေနှလုံးသားဂီတည”ဖျော်ဖြေပွဲ

$
0
0

ကိုယ်ပိုင်သံစဉ်သီချင်းများကို ကိုယ်တိုင်သီဆိုခဲ့တဲ့ အဆိုတော်ကြီးများ ပါဝင်ဖျော်ဖြေမယ့် “ရွှေနှလုံးသားဂီတည”လို့ အမည်ပေးထားတဲ့ ဖျော်ဖြေပွဲကို မေလ ၃၁ ရက်နေ့၊ ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

အဆိုပါ ဖျော်ဖြေပွဲမှာတော့ အဆိုတော် ဂျေမောင်မောင်၊ မွန်းအောင်၊ မာရဇ္ဇ၊ ထူးအယ်လင်း၊ ဝေလ၊ မီမီဝင်းဖေနဲ့ ဆွိတီတို့က ကိုယ်ပိုင်သီချင်းများဖြင့် သီဆိုဖျော်ဖြေမှာ ဖြစ်ပါတယ်။

“ဒီလိုပွဲမျိုးကို မဆိုဖြစ်တာကြာပါပြီ။ ဒီနှစ်ထဲမှာဆို ဒါက ပထမအကြိမ်ပေါ့။ အရင်တုန်းကလည်း ကျနော် မြန်မာပြည် ဂီတလောကမှာ နှစ်ပေါင်းများစွာ အဆက်ပြတ်သွားခဲ့တာပါ။ တချို့ကျတော့လည်း အရင်ကတည်းက သိခဲ့တဲ့ မိတ်ဆွေဟောင်းတွေပေါ့။ တချို့ကျတော့လည်း လူသစ်တွေပေါ့။ အတူတူတွဲပြီးတော့ မဖျော်ဖြေဖူးပါဘူး။ ကျနော့် အတွက်ကတော့ ဝမ်းသာစရာပါပဲ။ ဝမ်းသာပါတယ်။ ဝမ်းမြောက်ဝမ်းသာ လက်ခံတဲ့ပွဲပါ”လို့ အဆိုတော် မွန်းအောင်က ပြောပါတယ်။

ဒီပွဲမှာတော့ ပါဝင်ဖျော်ဖြေမယ့်အဆိုတော်များရဲ့ သီချင်းများစွာထဲမှ ကိုယ်ပိုင်သံစဉ် သီချင်းများကိုသာ ပရိသတ်အတွက် ဖျော်ဖြေတင်ဆက်သွားမှာဖြစ်ပြီး တဦးကို သီချင်း ၅ ပုဒ်ခန့် သီဆိုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ယခုနောက်ပိုင်းမှာတေ့ာ ဒီလိုဖျော်ဖြေပွဲမျိုးက ရှားပါးသွားပြီဖြစ်ပြီး ပါဝင်မယ့် အဆိုတော်များကလည်း ဖျော်ဖြေပွဲများမှာ တွေ့ရခဲတဲ့ အဆိုတော်ကြီးများလည်း ဖြစ်ပါတယ်။ ဒီပွဲမှာ ပါဝင်ဖျော်ဖြေမယ့် အဆိုတော် မာရဇ္ဇကလည်း အခုလိုပဲ ပြောပါတယ်။

“ဒီပွဲလေးတွေလုပ်တာက ကောင်းတာပေါ့။ တန်ဖိုးတရပ် ကွဲပြားသွားတာပေါ့။ ဂီတဆိုတာ တတန်းတစားတည်း မဟုတ်ဘူး ဆိုတာကို ခွဲခြားပြောလိုက်တာပေါ့။ တကယ့် ကိုယ်ပိုင် ဖန်တီးမှုဆိုတဲ့ ဟာလေးပေါ့။ တကယ့်ပြည်တွင်းဖြစ်တွေကို တခုတ်တရနဲ့ စုစည်းပြီးတော့ တန်ဖိုးထားတဲ့ ပွဲလေးတခုလို့ ပြောချင်ပါတယ်။ ဒါပထမဆုံး မျိုးစေ့လို့လည်း ပြောလို့ရပါတယ်။ အောင်မြင်စေချင်ပါတယ်” လို့ အဆိုတော် မာရဇ္ဇက ပြောပါတယ်။

အဆိုပါ “ရွှေနှလုံးသားဂီတည” ဖျော်ဖြေပွဲရဲ့ လက်မှတ်များကိုတော့ ငွေကျပ် ၇ ထောင်မှ စတင်ကာ ၁ သောင်း ၊ ၂ သောင်း ၊ ၃ သောင်း၊ ၅ သောင်းကျပ် တို့ဖြင့် မန်းသီရိ တေးသံသွင်းမှာ ရောင်းချသွားမယ်လို့ သိရပါတယ်။

The post ကိုယ်ပိုင်သံစဉ် တေးသီချင်းများနဲ့ ဖျော်ဖြေသွားမယ့် “ရွှေနှလုံးသားဂီတည” ဖျော်ဖြေပွဲ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


သာလွန်မင်းလက်ထက် အမြင့်မင်းသားအရေးတော်ပုံ


စနေမင်း နှင့် တနင်္ဂနွေမင်း


''ပါဂျောင်မြေမှ အရိုးတွန်သံ'


လုလုအောင် HD အသစ်


TTA Oreo Gapp Installer


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)