Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ချစ်သူသက်တမ်း ၁၀ နှစ်ပြည့်သွားပြီ ဖြစ်တဲ့ လွှမ်းပိုင်နဲ့ Bobby Soxer တို့ စုံတွဲ

$
0
0

Hip Hop အဆိုတော် စုံတွဲတွေ ဖြစ်ကြတဲ့ အဆိုတော် လွှမ်းပိုင်နဲ့ ချစ်သူ ထက်ထက်(ခ) Bobby Soxer တို့ဟာ ချစ်သူသက်တမ်း ၁၀ နှစ်ကြာအောင် လက်တွဲထားကြတဲ့ ချစ်သူတွေပါ။ ချစ်သူသက်တမ်း ၁၀ နှစ်ပြည့်နဲ့ ပတ်သက်ပြီး အဆိုတော် လွှမ်းပိုင်က သူ့ရဲ့ ခံစားချက်ကို အခုလိုပဲ ပြောပါတယ်။

“ချစ်သူသက်တမ်း အချိန် ၁၀ နှစ်က ဘယ်လိုပြည့်သွားမှန်းတောင် မသိပါဘူး။ အမြဲတမ်း အတူတူ ရှိနေကြတာများတော့ ၁၀ နှစ်ကြီးရယ်လို့ သီးသန့်ကြီးလည်း မခံစားလိုက်ရဘူး။ ကျနော်က ဂိမ်းအရမ်းဆော့တာ။ တော်ရုံ တန်ရုံသူဆိုရင်တော့ ပြတ်မှာပဲ။ ကျနော်နဲ့ ဂိမ်းသာ လိုက်မဆော့ဘူးဆိုရင် ချစ်သူ ရည်းစားကို အချိန်ပေးဖြစ်မှာ မဟုတ်ဘူး။ ကျနော်တို့ကျတော့ အတူတူ ဆော့ကြတယ်။ အဲ့တော့ အဲ့မှာ အချိန်တွေ ကုန်နေတယ်။ သူလည်း သူ့ကို အချိန်မပေးဘူးလို့ မဖြစ်တော့ဘူး”လို့ လွှမ်းပိုင်က ပြောပါတယ်။

သီချင်းဆိုတာအပြင် သရုပ်ဆောင်လည်း လုပ်နေတဲ့ လွှမ်းပိုင်က လတ်တလော လုပ်ဖြစ်နေတဲ့ အနုပညာ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“သီချင်းအသစ်တွေလည်းလုပ်နေပါတယ်။ Sky Net ကရိုက်မယ့် ကားတွေလည်း ရှိပါတယ်။ ရုပ်ရှင်ကားတွေ ရိုက်ဖို့အတွက်လည်း ပြင်ဆင်နေတာ ရှိတယ်။ Game Streaming Live လုပ်ဖြစ်နေတာက ကျနော်က နောက်ထပ် ဝါသနာပါတဲ့ အလုပ်တခုကို ထပ်လုပ်ခွင့်ရတယ်။ အရင်တုန်းကဆိုလည်း Streaming ပိုင်း သိပ် ခေတ်မစားဘူးလေ။ အခု ခေတ်စားလာချိန် တော်တော်များများကလည်း အားပေးတယ်။ ကျနော် နောက်ထပ်လည်း တိုးချဲ့ လုပ်ကိုင်သွားဖို့ရှိပါတယ်”လို့ လွှမ်းပိုင်က ဆိုပါတယ်။

လွှမ်းပိုင်ရဲ့ ချစ်သူ Bobby Soxer ကတော့ သူမ အတွက် လွှမ်းပိုင်က ရိုမန့်တစ်ဆန်တဲ့ ချစ်သူ မဟုတ်ပေမယ့် အားကိုးရတဲ့ ယောကျ်ားတယောက် ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုတော် လွှမ်းပိုင်နဲ့ Bobby Soxer တို့ စုံတွဲ (ဓာတ်ပုံ – Bobby Soxer’s Facebook)

“သူကကျတော့ ချစ်တာကို ထုတ်မပြတာပါ။ ညီမကို ချစ်ပါတယ်။ ညီမက နဂိုကတည်းက သူ့ Type ကို ကြိုက်တာ။ Ro တဲ့ Type ကို ကြိုက်ရင် Ro တဲ့လူကို ရွေးမှာပေါ့နော်။ ဒါပေမယ့် တခါတလေကျရင် Ro စရာ မလိုဘူး။ အသေးအဖွဲလေးတွေကို ကိုယ်က အိညောင်၊ အိညောင် လုပ်ရင် သူက သိပ်အဖက် မလုပ် တာမျိုးတော့ ရှိတယ်”

“ဒါပေမယ့် ထက်ကိုယ်တိုင်ကလည်း Ro တာတော့ သိပ်မကြိုက်ဘူး။ သူက လိုအပ်တဲ့အရာဆိုရင် အဖေလို၊ အစ်ကိုလိုအထိ ရှိနေပေးတယ်။ အားကိုးရပါတယ်။ သူက ထက်ရဲ့ ဘေးနားမှာ တီတီတာတာတွေ မလုပ်တတ်ပေမယ့် လိုအပ်တဲ့ အချိန်တိုင်း၊ အခက်အခဲရှိတဲ့ အချိန်တိုင်း အရှေ့ကနေ တာဝန်ယူပြီးတော့ ရပ်နေပေးတဲ့ ယောကျ်ားလေးမျိုးပေါ့နော်”လို့ Bobby Soxer က ပြောပါတယ်။

ဆက်လက်ပြီး အနုပညာအလုပ်တွေမှာ သိပ်မတွေ့ရတဲ့ Bobby Soxer က သီချင်းခွေ ထွက်ဖို့ ကြာဦးမှာမလို့ တပုဒ်ချင်းစီတော့ တင်သွားဖို့ရှိတယ်လို့ ဆိုပါတယ်။

“ထက် သီချင်းက ထွက်ဖို့ ရှိတယ်။ Album လိုက်ကြီး ထွက်ဖို့ ကြာဦးမှာမို့ တပုဒ်ချင်းစီ တင်ဖို့တော့ ရှိတယ်။ ၁၀ နှစ်ပြည့်မှာ ပန်းစည်းလေးက ဒုတိယမြောက်ပန်းစည်းပေါ့။ ဒါ ၁၀ နှစ်ပြည့်အတွက်ပေါ့နော်။ ပုံမှန်ကတော့ ၁ နှစ်ပြည့်တို့၊ ၂ နှစ်ပြည့်တို့မှာ ဘာမှလည်း ထွေထွေထူးထူးလုပ်တာ မရှိပါဘူး”လို့ Bobby Soxer က ပြောပါတယ်။

လွှမ်းပိုင်နဲ့ Bobby Soxer တို့ ချစ်သူ စုံတွဲဟာ ပရိသတ်တွေ ချစ်ခင် အားကျရသလို သူတို့ ချစ်သူသက်တမ်းကလည်း ၁၀ နှစ်ပြည့်သွားပြီ ဖြစ်ပါတယ်။ လက်ရှိမှာလည်း နှစ်ယောက်အတူတူ Hip Hop ဖက်ရှင် အဝတ်အစားတွေ ရောင်းချတဲ့ “High Skool” Fashion Shop ကိုလည်း ဖွင့်လှစ်ထားပြီး ဂီတလုပ်ငန်းတွေလည်း လုပ်ကိုင်နေကြပါတယ်။

You  may also like these stories:

Disney အပန်းဖြေဥယျာဉ်အတွင်း ဆေးလိပ်သောက်ခြင်းကို တားမြစ်

“ငါ့ရည်းစားက ပိုမိုက်တယ်” သီချင်းရေးဖြစ်ပုံနဲ့ ပတ်သက်ပြီး ပြောပြတဲ့ ဘန်နီဖြိုး

“အကြိုက်တူတာတွေ များလို့ ရေရှည်လက်တွဲ ဖြစ်ကြတာ”လို့ ပြောတဲ့ လွှမ်းပိုင်တို့ စုံတွဲ

ဖမ်းဝရမ်း ထုတ်ပေးရေး တရားရုံးကြားနာမှုကို အဆိုတော် Seungri လာရောက်

The post ချစ်သူသက်တမ်း ၁၀ နှစ်ပြည့်သွားပြီ ဖြစ်တဲ့ လွှမ်းပိုင်နဲ့ Bobby Soxer တို့ စုံတွဲ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


သာလွန်မင်းလက်ထက် အမြင့်မင်းသားအရေးတော်ပုံ


စနေမင်း နှင့် တနင်္ဂနွေမင်း


''ပါဂျောင်မြေမှ အရိုးတွန်သံ'


လုလုအောင် HD အသစ်


TTA Oreo Gapp Installer


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)