Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အနုပညာဆန်တဲ့ စီးပွားရေးတွေ လုပ်ဖြစ်နေတဲ့ သရုပ်ဆောင် စည်ဖြိုး

$
0
0

သရုပ်ဆောင် စည်ဖြိုးက စီးပွားရေးလုပ်ငန်းတခုအနေနဲ့ “Mae Sot Taste Authentic Thai Food” ဆိုင်ကို မေလ ၁၈ ရက်နေ့က ဖွင့်လှစ်လိုက်ပါတယ်။ စီးပွားရေးအသစ်နဲ့ ပတ်သက်ပြီး စည်ဖြိုးက ဒီဆိုင်က မဲဆောက်ဘက်က အစားအသောက်တွေအတိုင်း ချက်ပြုတ်ရောင်းချမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်က စားသောက်ဆိုင်အလုပ်ကို စိတ်ဝင်စားတာတော့ ကြာပါပြီ။ တယောက်တည်းဆို မဖြစ်နိုင်သေးလို့လေ။ ဘာလို့ မဖြစ်နိုင်တာလဲဆိုတော့ စီမံခန့်ခွဲမှု အပိုင်းရော၊ အချိန်ပေးရတဲ့အပိုင်းရော တယောက်တည်းဆို မလွယ်လောက်ဘူး။ အခုတော့ အစ်မ တဝမ်းကွဲရဲ့ယောက်ကျားက မဲဆောက်မှာ နေခဲ့တာ။ မဲဆောက်ဘက်က အစားအစာတွေက ထိုင်းအစားအစာတွေနဲ့ နည်းနည်းကွဲပြားပြီး အရသာက ထူးခြားတယ်”

“ကိုယ်ကလည်း နဂိုကတည်းက စားသောက်ဆိုင်ဆိုရင် သူများနဲ့ မတူတဲ့ ရိုးရာ တခုခု၊ တိုင်းရင်းသားရိုးရာတခုခု လုပ်ချင်တာ။ အခုတော့ မဲဆောက်အစားအစာတွေနဲ့ လုပ်ဖြစ်တယ်။ မဲဆောက်က အစားအစာတွေ အကုန်ရမှာ မလို့ ဆိုင်နာမည်ကို “Mae Sot Taste Authentic Thai Food” လို့ ပေးလိုက်တာပါ”လို့ စည်ဖြိုးက ပြောပါတယ်။

စည်ဖြိုးက နောက်ထပ် လုပ်ငန်းတခုအနေနဲ့ အနုပညာနဲ့ ဆက်စပ်တဲ့အလုပ်ကို ရွေးချယ်လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။

“ကျနော်က နောက်တခုအနေနဲ့ စာရေးကိရိယာက စတယ်လို့ ပြောရမှာပေါ့။ အခန်း ၆ ခန်းပါတဲ့ တိုက်လေးတတိုက်ကို ကျနော် ဝယ်လိုက်တယ်။ အ.ထ.က ၁ သင်္ဃန်းကျွန်းရဲ့အနောက်ပေါက်လို့ ပြောရမှာပေါ့။ ဝယ်တုန်းကတော့ ဒီအတိုင်းဝယ်ထားလိုက်တာ ကျောင်းဖြစ်နေတော့ အဲဒီနားမှာ မိဘတွေက ကျောင်းလာကြိုတာ နေပူပူနဲ့ ထိုင်စောင့်ဖို့နေရာ မရှိတာတွေ့တာနဲ့ စာရေးကိရိယာနဲ့ မုန့်ဆိုင်လေး စဖွင့်ဖြစ်တယ်”

“တတိုက်လုံးကို Post House လုပ်ဖို့ စဉ်းစားထားတယ်။ အပေါ်မှာလည်း အသံသွင်းခန်းတွေလုပ်ပြီးတော့ ဂီတအတွက် သီချင်းအသံသွင်းတာတွေ၊ ရုပ်ရှင်အတွက် အသံသွင်းတာတွေ၊ Sound Design တို့ လုပ်သွားဖို့ ရှိတယ်။ အဲဒီတိုက် တတိုက်လုံးကို ကျနော် Art Collection လို့ နာမည်ပေးထားပါတယ်။ လုပ်ငန်းဆိုတာက တခုတည်း မဟုတ်ဘဲနဲ့ ခွဲပြီး လုပ်ထားတာပိုကောင်းတယ်။ ကိုယ့်ဘဝအတွက် စိတ်အေးရတာပေါ့”လို့ စည်ဖြိုးက ပြောပါတယ်။

စည်ဖြိုးရဲ့  “Mae Sot Taste Authentic Thai Food” ဆိုင်ဖွင့်ပွဲ

အနုပညာသမားတယောက်လုပ်တဲ့ စီးပွားရေးနဲ့ ပတ်သက်ပြီးလည်း သူ့ရဲ့အမြင်ကို အခုလိုဆိုပါတယ်။  “အနုပညာသမားလုပ်တဲ့ စီးပွားရေးကတော့ အနုပညာဆန်သွားမှာပေါ့။ စီးပွားရေးကလည်း လူတိုင်း လုပ်သင့်တာပေါ့”လို့ စည်ဖြိုးက ပြောပါတယ်။

မကြာမီ MRTV-4 ကထုတ်လွှင့်မယ့်  “အလင်းထဲကလူ”ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ စည်ဖြိုးက ၉ လကြာ အချိန်ယူကြိုးစားထားပြီး ရုပ်သံဇာတ်လမ်းတွဲအတွက် ခံစားချက်ကိုလည်း အခုလိုပြောပါတယ်။

“အမှန်တကယ် ကျနော် စိုးရိမ်နေတယ်ဗျ။ ဘာလို့ ဆိုတော့ MRTV- 4 ပရိသတ်က MRTV- 4 က ကလေးတွေကိုပဲ ကြည့်ချင်ကြမှာလေ။ ကျနော်တို့တွေကို ကြည့်ချင်ကြမှာ မဟုတ်ဘူး။ ဒါကြောင့် စိုးရိမ်တယ်။ ကျနော်အများကြီး ကြိုးစားခဲ့တယ်။ ကျနော့်ဘဝရဲ့ အချိန်တခုပေါ့နော်။ ဘာအလုပ်မှ မလုပ်ဘဲ အဲဒီတခုတည်းကို ပေးဆပ်ခဲ့တယ်။ သည်းခံပြီးတော့ ကြည့်ပေးကြဖို့ ပြောချင်ပါတယ်”လို့ စည်ဖြိုးက ပြောပါတယ်။

ဒီဇာတ်လမ်းတွဲမှာ စည်ဖြိုးက လက်ဝှေ့သမား ဇာတ်ရုပ်နဲ့ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး အချိန်ပေးကြိုးစားခဲ့တဲ့ အကြောင်းကို “အလင်းထဲကလူအတွက် ကျနော် ၉ လလောက် အချိန်ယူပြီး ကြိုးစားခဲ့ရတာပါ။အများကြီး ကြိုးစားခဲ့ရတယ်။ တခြားအလုပ်တွေ လက်မခံဘဲနဲ့ အချိန်ပေးခဲ့ရတာပါ။ လက်ဝှေ့အတွက် ထရိန်နင်တွေ ဆင်းခဲ့ရတယ်။ လက်ဝှေ့တွေ တကယ် ထိုးခဲ့ရတယ်။ ကျနော် လက်သန်းတွေ ကျိုးခဲ့တယ်။ ဒူးဆစ်တွေပြုတ်ခဲ့ရတယ်။ ကျနော်အများကြီး ကြိုးစားခဲ့တယ်။ ကျန်တာကတော့ ကံတရားပါပဲ”လို့ ဆိုပါတယ်။

“လူတိုင်းမှာ အားသာချက်က တခုစီတော့ ရှိကြတာပါပဲ။ အကုန်သိ၊ အကုန်တတ်ဆိုတာ မရှိပါဘူး။ ကျနော် ခံယူထားတာကတော့ ငါဆိုတာနဲ့ မသွားဘူး။ ငါတို့ဆိုတာနဲ့ သွားမယ်။ စုစည်းမှုလေးနဲ့ အဖွဲ့တခုကို ထူထောင်မှာပေါ့။ အခုတော့ ကြိုးစားနေရတာပါပဲ။ ကောင်းအောင်လုပ်တဲ့ အနေအထားပဲ ရှိသေးတယ်”

“ကောင်းနေကြတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဝမ်းသာစရာကောင်းတာက ကိုယ်တွေလောကကို ဂုဏ်ဆယ်မယ့်ကားတွေ ထွက်လာပြီ။ နောက်လူငယ်တွေ ပေါ်လာပြီ။ Old Generation နဲ့ New Generation သဟဇာတဖြစ်ပြီးတော့ စည်းစည်းလုံးလုံးနဲ့ ရှေ့ဆက်စေချင်တယ်”လို့ စည်ဖြိုးက ဧရာဝတီကို ပြောပါတယ်။

You may also like these stories:

“ပထမဦးဆုံး စဖြစ်တာကတော့ သေဖို့များတယ် တွေးမိတာပေါ့”လို့ ပြောတဲ့ နေမင်းရဲ့ အတွေ့အကြုံ

Ed Sheeran နဲ့ Justin Bieber တို့ရဲ့ “I Don’t Care” အမည်ရှိ သီချင်းအသစ် ထွက်ရှိလာ

“စရိုက်” ရုပ်ရှင်က ကျနော့်အတွက် ဘဝမှတ်တိုင် တခုပါလို့ ကျော်ထက်အောင် ပြော

ကိုရီးယားမင်းသား Mah Wom Woo နဲ့ တွဲပြီး သရုပ်ဆောင်မယ့် ထွန်းကိုကို

The post အနုပညာဆန်တဲ့ စီးပွားရေးတွေ လုပ်ဖြစ်နေတဲ့ သရုပ်ဆောင် စည်ဖြိုး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


သာလွန်မင်းလက်ထက် အမြင့်မင်းသားအရေးတော်ပုံ


စနေမင်း နှင့် တနင်္ဂနွေမင်း


''ပါဂျောင်မြေမှ အရိုးတွန်သံ'


လုလုအောင် HD အသစ်


TTA Oreo Gapp Installer


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)