Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ထူးခြားဆန်းကြယ် ဒရာမာမှာ လီမင်ဟိုနဲ့ အတူ ပါဝင်လာမယ့် မင်းသမီး ကင်ဂိုအွန်း

$
0
0

နာမည်ကျော် ဇာတ်ညွှွန်းရေးဆရာမ ကင်အွန်းဆော့နဲ့အတူ သူ့ရဲ့ ဒရာမာအသစ်မှာ သူနဲ့လက်တွဲ လုပ်ကိုင်ခဲ့ဖူးတဲ့ သရုပ်ဆောင်တဦး ပါဝင်လာတော့မှာ ဖြစ်ပါတယ်။

မေလ ၂၀ ရက်နေ့မှာ ထုတ်လုပ်ရေးကုမ္ပဏီ Hwa&Dam Pictures ကနေ မင်းသမီး ကင်ဂိုအွန်းဟာ ဆရာမကင်ရဲ့ နောက်ထပ် ဒရာမာ အသစ်ဖြစ်တဲ့ “The King: The Eternal Monarch” မှာ အဓိက ဇာတ်ဆောင် မင်းသမီးအဖြစ် ပါဝင်လာမယ်လို့ ကြေညာခဲ့ပါတယ်။ မင်းသမီး ကင်ဟာ ဆရာမနဲ့ အတူ နာမည်ကျော် “Goblin” ဒရာမာမှာ အလုပ်အတူ တွဲလုပ်ခဲ့ဖူးပါတယ်။

Hwa&Dam Pictures ရဲ့ သတင်းရင်းမြစ်တခုက “‘The King: The Eternal Monarch’ ဒရာမာဟာ ကိုရီးယား သမ္မတနိုင်ငံနဲ့ ကိုရီးယား အင်ပါယာလို့ဆိုတဲ့ စင်ပြိုင် စကြာဝဠာ နှစ်ခုကြားက ထူးခြားဆန်းကြယ် အချစ် ဒရာမာဖြစ်ပါတယ်။ မင်းသမီး ကင်ဟာ ကိုရီးယားသမ္မတနိုင်ငံမှာ စုံထောက် ဂျောင်ထယ်အူးလ်နဲ့ ကိုရီးယားအင်ပါယာနိုင်ငံတော်မှာ ရာဇဝတ်သား လူနာအဖြစ် ဇာတ်ရုပ်နှစ်ခုနဲ့ ပါဝင်မှာဖြစ်ပါတယ်” လို့ ဆိုပါတယ်။

ဆက်ပြီး “စုံထောက်တယောက်နဲ့ ရာဇဝတ်သားတယောက်အနေနဲ့ မတူညီတဲ့ ဇာတ်ကောင်နှစ်ခုကို သရုပ်ဆောင်ဖို့ဆိုတာ မလွယ်ပါဘူး။ ကင်ဂိုအွန်းရဲ့ မင်းသမီးအနေနဲ့ ‘Goblin’ ဇာတ်လမ်းတွဲမှာ မိန်းမပျိုလေး တဦးကနေ ရင့်ကျက်တဲ့ အမျိုးသမီးတဦးအနေနဲ့ ဖြစ်လာတဲ့ဇာတ်ကောင်ကို နှစ်ဖက်မျှအောင် သရုပ်ဆောင်ခဲ့ပါတယ်။ အခု မတူကွဲပြားတဲ့ ဇာတ်ကောင်နှစ်ခုကို သူက အောင်အောင်မြင်မြင်နဲ့ သရုပ်ဆောင်နိုင်မှာပါ” လို့ ဆိုပါတယ်။

“The King: The Eternal Monarch” ဒရာမာဟာ ကိုရီးယားအင်ပါယာပြည့်ရှင် လီဂွန်းဟာ နှစ်ဖက်ကမ္ဘာကြားက တံခါးနဲ့ နီးစပ်နေတဲ့နေရာက မကောင်းဆိုးရွားတွေကို စုံထောက် ဂျောင်ထယ်အူးလ်နဲ့အတူ တိုက်ထုတ်ရမယ့် စင်ပြိုင်ကမ္ဘာနှစ်ခုက စိတ်ကူးယဉ် အချစ်ဇာတ်လမ်း တပုဒ် ဖြစ်ပါတယ်။

ဆရာမ ကင်နဲ့အတူ “Heirs” ဇာတ်လမ်းတွဲမှာ အတူအလုပ်လုပ်ဖူးတဲ့ မင်းသား လီမင်ဟိုကတော့ လီဂွန်းဇာတ်ရုပ်ကနေ ပါဝင်ဖို့အတည်ပြုထားပြီး ဖြစ်ပါတယ်။ အဲ့ဒီဒရာမာကို အခုနှစ်ရဲ့ ဒုတိယနှစ်ဝက် ကာလမှာ စတင်ရိုက်ကူးဖို့ စီစဉ်ထားပြီး ၂၀၂၀ ခုနှစ်မှာ စတင် ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။

Ref: soompi

You may also like  these stories:

စစ်မှုထမ်းပြီးနောက် ပထမဆုံး ဒရာမာစီးရီး ပြန်ရိုက်မယ့် မင်းသား လီမင်ဟို

ဒရာမာအသစ်မှာ ရှေ့နေအဖြစ် သရုပ်ဆောင်မယ့် မင်းသား ရိန်း

ဇာတ်ကောင်နဲ့ လိုက်တဲ့ ခန္ဓာကိုယ် ထိန်းသိမ်းရန် Marvel က ဖိအားမပေးကြောင်း Elizabeth Olsen ဆို

ဟောလိဝုဒ်ရဲ့ အနုပညာကြေးအများဆုံး မင်းသားအဖြစ် Ryan Reynolds ထိပ်ဆုံးမှာ ရပ်တည်

The post ထူးခြားဆန်းကြယ် ဒရာမာမှာ လီမင်ဟိုနဲ့ အတူ ပါဝင်လာမယ့် မင်းသမီး ကင်ဂိုအွန်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ