Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ကိုရီးယားမင်းသား Mah Wom Woo နဲ့ တွဲပြီး သရုပ်ဆောင်မယ့် ထွန်းကိုကို

$
0
0

မကြာခင် ဒါရိုက်တာ မီရှဲလ် ရိုက်ကူးမယ့် “ရင်ဝှက်အက္ခရာ” ရုပ်ရှင်မှာ သရုပ်ဆောင် ထွန်းကိုကိုက ကိုရီးယား သရုပ်ဆောင် တဦးဖြစ်တဲ့ Mah Wom Woo နဲ့ တွဲပြီး သရုပ်ဆောင်မယ်လို့ သိရပါတယ်။

“ကိုရီးယား မင်းသားနဲ့ ဆုံမယ့် အခန်းတွေမှာတော့ အင်္ဂလိပ်စကား ပြောရမယ်။ သူနဲ့တောင် တော်တော် ရင်းနှီးမှု ရနေပြီ။ သူနဲ့က အရင် ဇာတ်ကား မရိုက်ခင်ကတည်းက ပွဲတွေ အတူတူ တက်ဖူးတယ်။ အဲဒီအတွက်လည်း ဇာတ်ကားရိုက်တဲ့အခါ ပိုပြီး အဆင်ပြေမယ် ထင်ပါတယ်”လို့ သရုပ်ဆောင် ထွန်းကိုကိုက ပြောပါတယ်။

အဲဒီ ရုပ်ရှင်မှာတော့ ထွန်းကိုကိုက ကိုရီးယားသရုပ်ဆောင် Mah Wom Woo ၊ နန်းဆုဦးတို့နဲ့ အတူ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်းမှာ သရုပ်ဆောင်ရမှာဖြစ်ပြီး ဒီကားက ရိုမန့်တစ်ဖြစ်မယ့် ဇာတ်ကားတကား ဖြစ်တယ်လို့ သိရပါတယ်။

“အရင်က ကျနော် ရိုက်ထားတဲ့ ဇာတ်ကားတွေမှာဆို ကျနော်က ဘယ်သူနဲ့ တွဲရမှန်းကို မသိဘူး။ ကာရိုက်တွေက ရဲတို့၊ လူဆိုးတို့ လုပ်ရတာ များတယ်။ ဇာတ်ကားထဲမှာ ကိုယ်နဲ့ တွဲမယ့်လူ မပါဘူး။ ဒီကားမှာက ချစ်ကြိုက်ရမှာဆိုတော့ အရင်ကားတွေနဲ့ ကွဲပြားမယ် ထင်ပါတယ်။ ရုပ်ရှင်ကားတွေထဲမှာ အချစ်ကားဆိုတာ သိပ်မရှိဘူး။ ဗီဒီယိုကားတွေမှာပဲ ရိုက်ဖူးတာ။ အခုတော့ ဒီကားထဲမှာ ကိုယ့်ရဲ့ချစ်တတ်တဲ့ စိတ်တွေကို ပြရတော့မှာပေါ့နော်”လို့ ထွန်းကိုကိုက ပြောပါတယ်။

ထွန်းကိုကိုကိုတော့ သူ့ရဲ့အရပ်အမောင်း။ ခန္ဓာကိုယ် အချိုးအစားအရ ဇာတ်ရုပ်များမှာ ရဲ ၊ လူဆိုး ကာရိုက်တာမျိုးကိုသာ ရိုက်ကူးရတာများပြီး ယခုရိုက်ကူးမယ့် အချစ်ဇာတ်လမ်းလို ရိုမန့်တစ်ဖြစ်မယ့် ကားမျိုးက ရှားတယ်လို့ ဆိုပါတယ်။

အဆိုပါ “ရင်ဝှက်အက္ခရာ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကိုတော့ ဒါရိုက်တာ မီရှဲလ်က ရိုက်ကူးပြီး Director of Photography ကိုတော့ ဒါရိုက်တာ အောင်ကိုလတ်က ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်များ အနေနဲ့ ထွန်းကိုကို၊ Mah Wom Woo ၊ နန်းဆုဦး၊ ရဲအောင်၊ ခင်ဇာခြည်ကျော်၊ ဇာတိ၊ ဆုမြတ်နိုးဦး စတဲ့အနုပညာရှင်များ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

The post ကိုရီးယားမင်းသား Mah Wom Woo နဲ့ တွဲပြီး သရုပ်ဆောင်မယ့် ထွန်းကိုကို appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ