Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မန္တလေးရှိုးအတွက် ရင်ခုန် စိတ်လှုပ်ရှားနေတဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်

$
0
0

အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ဟာ အသက် ၄၀ နှစ်ပြည့်မွေးနေ့ကို ဧပြီလ ၁၀ ရက်နေ့က ရန်ကုန်မြို့မှာ Birthday Show ပြုလုပ်ခဲ့ပြီးနောက် မကြာခင်မှာ မန္တလေးက ပရိသတ်များအတွက် သူ့ရဲ့တကိုယ်တော်ရှိုးပွဲကို ကျင်းပပြုလုပ်ပေးတော့မှာပဲ ဖြစ်ပါတယ်။ အဲဒီ ပွဲအတွက်း စိုင်းစိုင်းခမ်းလှိုင်က ရင်ခုန်စိတ်လှုပ်ရှား နေပါတယ်။

“Birthday Show 19 ရဲ့ Highlight Video အတိုလေး အမှတ်တရ သိမ်းထားပါတယ်။ Sai Sai Show အားလုံးထဲမှာ ပရိသတ်အများဆုံးနဲ့ အအောင်မြင်ဆုံး ပွဲတခုလည်း ဖြစ်ခဲ့ပါတယ်။ လာမယ့် မန္တလေးပွဲကျရင်ရော ဒီလိုမျိုး တခဲနက် အားပေးမှုမျိုး ရနိုင်မလား။ ကျနော် ရင်တွေခုန်နေပြီ” လို့ စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ Sai Sai Birthday Show ဟာ အောင်မြင်တဲ့ ပွဲကြီးတပွဲ ဖြစ်ခဲ့ပြီး စိုင်းစိုင်းခမ်းလှိုင်ကတော့ အသက် ၄၀ အထိ မွေးနေ့ရှိုးပွဲများ ပြုလုပ်ရာမှာ အောင်မြင်တဲ့ အဆိုတော် တယောက်ပါ။

မန္တလေးရှိုးကိုတော့ လာမယ့် မေလ ၂၅ ရက်နေ့၊ မန္တလာသီရိကွင်းမှာ ကျင်းပသွားမှာဖြစ်ပြီး ခမ်းခမ်းနားနားပြုလုပ်သွားမယ့်အပြင် အမှတ်တရ ပွဲတပွဲ ဖြစ်ဖို့လည်း မျှော်လင့်တယ်လို့ ဆိုပါတယ်။ စိုင်းစိုင်းခမ်းလှိုင် ဒီနှစ် ပြုလုပ်ခဲ့တဲ့ Birthday Show ကတော့ သူ့ရဲ့၁၅ ကြိမ်မြောက် Birthday Show ဖြစ်ပါတယ်။

အသက် ၁၈ နှစ် အရွယ်ကတည်းက အနုပညာအလုပ်များကို လုပ်ကိုင်လာခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်ဟာ အခုလက်ရှိအချိန်ထိ တကိုယ်တော်အခွေ ၇ ခွေနဲ့ Live Show အခွေ ၂ ခွေ ထွက်ရှိခဲ့ပါတယ်။ အသက် ၄၀ အထိ မွေးနေ့ရှိုးပွဲများ ပြုလုပ်လျက်ရှိတဲ့ စိုင်းစိုင်းခမ်းလှိုင်ကိုတော့ တဖက်မှာ ဝေဖန်မှုများ ရှိနေသလို တဖက်မှာလည်း စိုင်းစိုင်းခမ်းလှိုင်ရဲ့ပရိသတ်များကတော့ ယနေ့ထိတိုင် အားပေးလျက် ရှိနေဆဲပါပဲ။

You may also like these stories:

“သီချင်းတွေကို နားထောင်ပြီး ခံစားသွားရတာနဲ့တင် ကျေးဇူးတင်မိမှာပါ”လို့ ပြောတဲ့ ဆုပန်ထွာ

သင်အသုံးပြုနေတဲ့ စမတ်ဖုန်းတွေရဲ့လူသိနည်းတဲ့ အကြောင်းအရာများ

အမျိုးသမီးတွေ ဘယ်အသက်အရွယ်မှာ ကိုယ်ဝန်ရလွယ်သလဲ

သူ့ထက် အသက် ၁၇ နှစ်ငယ်တဲ့ အစီအစဉ် တင်ဆက်သူနဲ့ ချစ်သူ ဖြစ်နေတဲ့ မင်းသား ဆိုဂျီဆပ်

The post မန္တလေးရှိုးအတွက် ရင်ခုန် စိတ်လှုပ်ရှားနေတဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ