Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“ပေါ်ပင်လုပ်ပြမှ လူစိတ်ဝင်စားတဲ့ ခေတ်ဖြစ်နေတယ်”လို့ သရုပ်ဆောင် ခြူးလေး ပြော

$
0
0

Tik Tok မင်းသမီး တယောက်လို့ ရေပန်းစားနေတဲ့ သရုပ်ဆောင် ခြူးလေးကတော့ သူ့အနေနဲ့ Tik Tok ကစားတာဟာ ဒီနေ့ခေတ်က ပေါ်ပင်လုပ်ပြမှ လူစိတ်ဝင်စားတဲ့ခေတ် ဖြစ်တာကြောင့်လို့ ပြောပါတယ်။

“ခေတ်နဲ့ ယှဉ်လိုက်မယ်ဆိုရင်တော့ ခေတ်က နည်းနည်းလေး ပေါ်ပင်လုပ်ပြမှ လူစိတ်ဝင်စားတဲ့ခေတ် ဖြစ်နေတာ။ လူစိတ်ဝင်စားမှလည်း လုပ်ငန်းရှင်တွေက စိတ်ဝင်စားပြီးတော့ အလုပ်လုပ်ကြတဲ့ ခေတ်မှာ ကိုယ်က အနုပညာပဲ ဝါသနာပါတယ်၊ အနုပညာစစ်စစ်ကြီးကိုပဲ ဒီလိုမျိုး လုပ်ပြနေမယ်ဆိုတဲ့ မူဝါဒဟောင်းကြီးပဲ လက်ကိုင်ထားလိုက်တဲ့အချိန်မှာ ရောက်သင့်သလောက် မရောက်ဘူး”

“မကောင်းဘူးလား ဆိုတော့လည်း ကောင်းပါတယ်။ ဒါကစီးပွားရေးလည်း ဟုတ်သလို ကိုယ့်ရဲ့အနုပညာဝမ်းရေးလည်း ဟုတ်တယ်။ ပြောင်းသင့်တယ်ထင်လို့ ပြောင်းလိုက်တာပါ”လို့ ခြူးလေးက ပြောပါတယ်။

ယနေ့ခေတ် လူငယ်တွေကြားမှာ ရေပန်းစားလျက်ရှိတဲ့ Tik Tok မှာတော့ ခြူးလေးက ချစ်စရာကောင်းတဲ့ အမူအရာများ၊ ရယ်စရာဟာသများနဲ့ သရုပ်ဆောင်ပြလျက်ရှိပြီး လတ်တလောမှာတော့ အရင်ကလောက် မဆော့ဖြစ်တော့ဘူးလို့ ဆိုပါတယ်။

“အခုနောက်ပိုင်းတော့ မကစားတော့ဘူး။ အရင်ကလောက် ရယ်စရာကောင်းတာတွေ မလုပ်တော့ဘူးလို့ ဆုံးဖြတ်ထားတယ်”လို့ ခြူးလေးက ပြောပါတယ်။ သရုပ်ဆောင် ခြူးလေးကတော့ ယခုနောက်ပိုင်း ယခင်ကနဲ့ မတူတဲ့ ပြောင်းလဲမှုများစွာကို တွေ့ရပြီး သူ့ရဲ့ပြောင်းလဲတွေကိုလည်း အခုလိုပဲ ပြောပြခဲ့ပါတယ်။

“နှစ်သစ်မှာ ခြူးလေး သီလရှင်လည်း ဝတ်လိုက်တယ်။ စိတ်သစ် လူသစ်နဲ့ အနုပညာလောကကို အခြေချမယ်ဆိုတဲ့ စိတ်ကူးနဲ့ အကုန်လုံးကို ပြောင်းလဲလိုက်တာပေါ့နော်”လို့ ခြူးလေးက ပြောပါတယ်။ မကြာသေးခင် အချိန်ကလည်း ချစ်သူနဲ့ လမ်းခွဲခဲ့ပြီး စိတ်ခံစားမှုများစွာ ဖြစ်ပေါ်ခဲ့တဲ့အတွက် နောက်ထပ် အချစ်သစ်ကို ဘယ်လိုမျိုး ရွေးချယ်သွားမလဲ ဆိုတာကိုလည်း ခြူးလေးက အခုလို ပြောပါတယ်။

“အဓိကကတော့ ကိုယ်လုပ်နေတဲ့ အလုပ်ကို ချစ်ပေးရင် ရပြီ။ ကိုယ်လုပ်နေတဲ့ အလုပ်အပေါ်မှာ အပြည့်အဝ နားလည်ပေးပြီးတော့  စိတ်ချမ်းသာအောင် သောကတွေ မများဘဲနဲ့ အေးဆေးလုပ် ဆိုတာမျိုး ကိုယ့်အပေါ်မှာ ယုံကြည်စိတ်ချမှု အပြည့်ရှိရင် ရပြီ။ ခြူးလေးက မဟုတ်တာ မလုပ်ဘူး။ တယောက်ဆိုတယောက်ပဲ ချစ်တာဖြစ်တဲ့အတွက် ယုံကြည်ပေးရင် ကျေနပ်ပြီ”လို့ ခြူးလေးက ပြောပါတယ်။

သရုပ်ဆောင် ခြူးလေးကိုတော့ ပရိသတ်များက MRTV 4 ဇာတ်လမ်းတွဲတွေကနေတဆင့် သိရှိခဲ့ကြပြီး ခြူးလေးက ရုပ်ရှင် ဇာတ်ကားများမှာလည်း ပါဝင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာလည်း “အမျိုးသမီး ဇာတ်ပို့ဆု” အတွက် နောက်ဆုံးဆန်ခါတင် အဆင့်ထိ ဝင်ရောက်ခဲ့ပါတယ်။

You may also like these stories:

“ဟစ်တိုင်ကို အကယ်ဒမီ မမျှော်လင့်ရဲဘူး၊ ပရိသတ်တွေ ကြိုက်တာနဲ့တင် ကျေနပ်ပြီ”

“သေဖို့အတွက် အလုပ်လုပ်နေတာ”လို့ အဆိုတော် ထူးအယ်လင်း ပြော

ပရိသတ်က ချစ်ကြတဲ့အတွက် အမြင်ရိုင်းအောင် မနေဘူးလို့ ပြောတဲ့ မေဦးတို့ စုံတွဲ

“သီချင်း ဖန်တီးဖို့အတွက် ငွေရေးကြေးရေးက အဓိက ဖြစ်လာတယ်”လို့ ပြောတဲ့ ညီမင်းခိုင်

The post “ပေါ်ပင်လုပ်ပြမှ လူစိတ်ဝင်စားတဲ့ ခေတ်ဖြစ်နေတယ်”လို့ သရုပ်ဆောင် ခြူးလေး ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)