Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မွေးနေ့ မတိုင်ခင် သက်သတ်လွတ် စားနေတဲ့ အဆိုတော် X Box

$
0
0

အဆိုတော် X Box ဟာ မကြာခင် ရက်ပိုင်းအတွင်းမှာ ကျရောက်တော့မယ့် မွေးနေ့ မတိုင်ခင် လပိုင်းခန့်မှ စတင်ကာ သက်သတ်လွတ် စားနေပြီး မွေးနေ့ပြီးမှ အသားပြန်စားမယ်လို့ ပြောပါတယ်။

“ပွဲပြီးလို့ ၁၂ နာရီကျော်သွားရင် ကျနော်က အသားစားလို့ ရသွားပြီ။ မွေးနေ့ကျော်သွားမှ အသားစားလို့ ရတာ။ အခုကတော့ အဓိဋ္ဌာန်ဝင်နေလို့ အသားမစားဘူး။ ၇ လ ၊ ၈ လ ၊ ၉ လလောက်တော့ ရှိပြီ”

“တခါတလေကျရင် တခြားနိုင်ငံ ရောက်သွားတဲ့ အချိန်မှာဆိုရင် အသားစားမှ အဆင်ပြေမယ့် အချိန်တွေ ဆိုရင် သေချာတိုင်တည်ပြီးတောာ့ အသားစားလိုက်တယ်။ မြန်မာနိုင်ငံအတွင်းမှာဆိုရင်တော့ မစားဘူး။ ကျနော်ကတော့ သက်သတ်လွတ် စားပါမယ်။ တပည့်တော် အစစအရာရာ အဆင်ပြေပါစေလို့ ဆိုပြီးစားပါတယ်”လို့ အဆိုတော် X Box က ပြောပါတယ်။

အခုလို သက်သတ်လွတ်စားတာကတော့ X Box က သူတို့ မိသားစုရဲ့ မိရိုးဖလာ ကိစ္စတခုလို ဖြစ်နေပြီး ငယ်ငယ်ကတည်းက လုပ်ဖြစ်တဲ့ အလုပ်တခုလို့ သိရပါတယ်။

“အမေကနေ စတာ။ တမိသားစုလုံးက အဓိဋ္ဌာန်ဝင်တာ မိရိုးဖလာလို ဖြစ်နေတယ်။ ငယ်ငယ်ကတည်းက  ဝင်ဖြစ်ပါတယ်။ မတည်ဘဲနဲ့ ပျက်သွားတာတွေ ရှိတယ်။ အသက်ကြီးလာတော့ တည်အောင် ကြိုးစားနေတယ်။ ကျနော်က ယုံကြည်တယ်။ ဘုရား မကြိုက်တာ တခုခု လုပ်မိလိုက်ရင် ကာလတခုအကြာမှာ ပြန်ခံစားရတယ်”

“လက်တွေ့ကြုံဖူးတော့ ကြောက်တယ်။ မကောင်းတာ ဆိုတာကလည်း သူငယ်ချင်းတွေနဲ့ ဘီယာသောက်တာ ရန်ဖြစ်တာမျိုး တခုခုပေါ့။ လူငယ်ဆိုတောာ့ ဖြစ်တတ်တာပေါ့။ အဲဒါမျိုးတွေ ခံစားရတယ်” လို့ X Box က ပြောပါတယ်။

X Box ရဲ့မွေးနေ့ကတော့ မေလ ၂၀ ရက်နေ့မှာ အသက် ၂၇နှစ်ပြည့်မှာဖြစ်ပြီး မွေးနေ့ထက် တရက်ကြိုကာ သူ့ရဲ့ဒုတိယအကြိမ်မြောက် House Party ကို ပြုလုပ်သွားမှာဖြစ်ပါတယ်။ သီချင်းအသစ်များကိုလည်း ဖန်တီးနေပြီး တခြားနိုင်ငံက ပရိသတ်များပါ နားထောင်နိုင်ရန်အတွက် အဆင့်တန်းရှိရှိလေး ဖြစ်အောင် ဖန်တီးနေတယ်လို့ သိရပါတယ်။

“သီချင်းအသစ်တွေကတော့ တခြားနိုင်ငံကလူတွေလည်း နားထောင်ရင်လည်း နားထဲမှာ အဆင့်အတန်း ရှိရှိလေး ဖြစ်နေအောင် ကျနော်တို့တွေ သေသေချာချာကို ဖန်တီးနေပါတယ်။ အခုခေတ်က အခွေတခွေထုတ်ပြီး တခွေလုံး ပေါက်တယ်ဆိုတာ ရှားသွားပြီ။ တပုဒ်ချင်းစီကို Music Video ဆန်းဆန်းပြားပြားလေးနဲ့ Promote လုပ်တဲ့ခေတ် ဖြစ်သွားပြီ။ အဲဒီလိုမျိုးနည်းနဲ့လည်း လာမယ်။ Album တချပ်လုံးနဲ့လည်း လာမယ်”လို့ X Box က ပြောပါတယ်။

You may also like these stories:

အနုပညာဝမ်းစာမပြည့်သေးတဲ့အတွက် မင်းသားမလုပ်သေးတဲ့ Xbox

“X Box ပွဲဆိုကြမ်းတာမလို့ တချို့ကောင်မလေးတွေ လှလှပပ ဝတ်မလာကြဘူး”

မင်းသမီးရုပ် မဟုတ်လို့ သရုပ်ဆောင် မလုပ်ချင်တဲ့ Bobby Soxer

အန္တရာယ်များတဲ့ Prank နဲ့ စိန်ခေါ်မှု ဗီဒီယိုများကို YouTube တားမြစ်

The post မွေးနေ့ မတိုင်ခင် သက်သတ်လွတ် စားနေတဲ့ အဆိုတော် X Box appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)