Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“Batman”သရုပ်ဆောင်အဖြစ် မင်းသား Robert Pattinson ကို ရွေးချယ်

$
0
0

မင်းသား Robert Pattinson ဟာ သွေးစုပ်ဖုတ်ကောင်ကနေ လင်းနို့လူသားအဖြစ် ပြောင်းလဲမှုအနေနဲ့ “The Batman” ရုပ်ရှင်မှာ လင်းနို့လူသားအဖြစ် ပါဝင်လာတော့မှာဖြစ်တယ်လို့ သတင်းတွေမှာ ဆိုပါတယ်။ မင်းသားဟာ ၂၀၂၁ ခုနှစ်၊ ဇွန်လမှာ ရုံတင်မှာဖြစ်ပြီး ဒါရိုက်တာ Matt Reeves ရိုက်ကူးမယ့် ရုပ်ရှင်မှာ ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါရိုက်တာ Reeves ကတော့ “Planet Of The Apes” ရုပ်ရှင် ၂ ကားကို ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။

နောက်ဆုံး ဇာတ်ညွှန်း အပြီးသတ်အဆင့်က မပြီးပြတ်သေးပေမယ့် ရုပ်ရှင် ကြိုတင်ထုတ်လုပ်မှု အစီအစဉ်ကို အခု နွေရာသီကာလမှ စတင်မယ်လို့ ကောလာဟလသတင်း ထွက်ပေါ်ထားပြီး Bruce Wayne လူငယ်ဇာတ်ရုပ် နေရာမှာ သရုပ်ဆောင်မယ့် မင်းသားကို အခုလိုမျိုး ရွေးချယ် စာချုပ်ချုပ်ဖို့ ပြင်ဆင်လာတာလည်း ဖြစ်ပါတယ်။

မင်းသား Pattinson ကတော့ အခုနှစ် အစပိုင်းကစလို့ ရုပ်ရှင် ၄ ကား ရိုက်ဖို့အတွက် အလုပ်တော်တော်များနေတာပါ။ “High Life”, “The Lighthouse”, “The King” နဲ့ “Waiting For The Barbarians” ရုပ်ရှင်တွေကို အခု လတ်တလောမှာ ရိုက်ကူးနေတာလည်း ဖြစ်ပါတယ်။

သတင်းတွေမှာတော့ အခုလိုမျိုး မင်းသား Pattinson ကို ရွေးချယ်လိုက်တယ်လို့ ဖော်ပြကြပေမယ့် သူဟာ ထိပ်ဆုံး ဦးစားပေး အဆင့်မှာသာရှိပြီး အဲဒီ သရုပ်ဆောင်နေရာကို ရဖို့တော့ နီးစပ်နေတယ်လို့လည်း သတင်းတချို့မှာ ဖော်ပြပါတယ်။ Warner Bros. ကုမ္ပဏီကတော့ မှတ်ချက် တစုံတရာ မပေးသေးပါဘူး။

“Twilight” ရုပ်ရှင်စီးရီးနဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီဖြစ်ခဲ့တဲ့ မင်းသားဟာ အခုလောလောဆယ် အသက် ၃၂ နှစ်သာ ရှိနေသေးတဲ့အတွက် တကယ်လို့သာ အဲ့ဒီသတင်းတွေ အတည်ဖြစ်ခဲ့မယ်ဆိုရင် အဲဒီရုပ်ရှင်မှာ လင်းနို့လူသားအဖြစ် သရုပ်ဆောင်တဲ့ အသက်အငယ်ဆုံး မင်းသား ဖြစ်လာမှာပါ။

Deadline မီဒီယာရဲ့ အဆိုအရ လောလောဆယ် မင်းသားဟာ လက်မှတ်ရေးထိုးတာမျိုး မလုပ်သေးပေမယ့် မင်းသား Nicholas Hoult ကိုလည်း လင်းနို့လူသားအဖြစ် သရုပ်ဆောင်ဖို့ ရွေးချယ်နိုင်သေးတယ်လို့လည်း ဆိုပါတယ်။

Ref: etcanada, variety

You may also like these stories:

တခေတ်တခါက နာမည်ကျော်ဟောလိဝုဒ် မင်းသမီးကြီး Doris Day ကွယ်လွန်ပြီ

LGBT များကို လှောင်ပြောင် သရုပ်ဖော်မှုများ ရပ်တန့်ပေးရန် တောင်းဆို

Batman ရုပ်ရှင်သစ်ကို လာမယ့်နှစ်နွေရာသီတွင် စတင်ရိုက်ကူးမည်

လင်းနို့လူသားအဖြစ် သရုပ်ဆောင်တော့မှာ မဟုတ်ကြောင်း မင်းသား Ben Affleck အတည်ပြု

 

The post “Batman” သရုပ်ဆောင်အဖြစ် မင်းသား Robert Pattinson ကို ရွေးချယ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)