Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ကိန်းစ်ရုပ်ရှင်ပွဲတော် ကော်ဇောနီပေါ်မှာ အချိန်ကြာကြာ ကိုယ်ဟန်ပြလို့ ဝေဖန်ခံနေရတဲ့ တရုတ်မင်းသမီး

$
0
0

ကိန်းစ်ရုပ်ရှင်ပွဲတော် ကော်ဇောနီ လမ်းမထက်မှာ လျှောက်လှမ်းမယ့်သူဟာ ဖန်ပင်းပင်း ဒါမှမဟုတ် ဂေါင်းလီ မဟုတ်ဘူးဆိုရင်တော့ ကော်ဇောနီပေါ်ကနေ မြန်မြန်ဖယ်ပေးရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် နာမည်ကျော် ရုပ်သံစီးရီး “Story of Yanxi Palace” မှာ နန်းတွင်းအပျိုတော်အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ တရုတ်မင်းသမီး Shi Yanfei ဟာ အထက်ပါ စကားကို သိပ်သတိရပုံ မရပါဘူး။

မေလ ၁၄ ရက်နေ့တုန်းက မင်းသမီး Shi ဟာ ပါပါရာဇီတွေက အချိန်ကြာမြင့်စွာ ကိုယ်ဟန်ပြနေတဲ့သူကို ကော်ဇောနီပေါ်ကနေ မြန်မြန် ဖယ်ပေးဖို့ လှမ်းအော်ပြော နေခဲ့ပေမယ့် ကိုယ်ဟန်မျိုးစုံပြပေးဖို့ တောင်းဆိုတယ်လို့ အမှတ်မှားပြီး နားမလည်ခဲ့ရာကနေ အဲ့ဒီပြဿနာ စခဲ့တယ်လို့ ဆိုရမှာပါ။

ဧည့်ကြိုနေရာ ချပေးသူတယောက်က မင်းသမီး Shi ကို သူ ကိုယ်ဟန်ပြရမယ့်အချိန် ကျော်လွန်နေပြီ ဆိုတာကို ကြားဖြတ် ပြောကြားခဲ့ပေမယ့်လည်း မင်းသမီးဟာ နေရာကနေ ဖယ်ပေးဖို့ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေခဲ့ပါတယ်။ ထပ်ပြီးတော့လည်း သူ့ရဲ့ အပြုအမူဟာ တရုတ်နိုင်ငံအထိ ပျံ့နှံ့သွားခဲ့ပြီး အင်တာနက် အသုံးပြုသူတွေကတော့ အခုလိုမျိုး တိုင်းပြည်ကို အရှက်ရစေခဲ့လို့ တော်တော်လေး ဝေဖန်နေကြပါတယ်။

မင်းသမီး Shi ဟာ နာမည်ဂုဏ်သတင်းနဲ့ ကျက်သရေ ထိန်းသိမ်းဖို့သာ လုပ်ခဲ့မယ်ဆိုရင် သူ့ရဲ့ ဂုဏ်သိက္ခာကျရမှာ မဟုတ်ဘူးလို့လည်း ဆိုကြပါတယ်။

ETtoday မီဒီယာရဲ့အဆိုအရ အသက် ၃၂ နှစ်အရွယ် မင်းသမီး Shi ဟာ သူ့ရဲ့အလွဲအချော်ကို နားလည်သဘောပေါက်ခဲ့ပြီး လျင်မြန်စွာပဲ အင်တာနက် အသုံးပြုတွေအနေနဲ့ နားလည်ပေးကြဖို့ Weibo မှာ ပို့စ်တင်ခဲ့ပါတယ်။ သူက “ကိန်းစ်ကော်ဇောနီပေါ်မှာ လမ်းလျှောက်ဖို့ အခွင့်အရေးရှိတဲ့ မင်းသား၊ မင်းသမီးတိုင်းဟာ အရမ်းစိတ်လှုပ်ရှား၊ ရင်ခုန်နေမယ်လို့ ကျမ ယုံကြည်ပါတယ်။ ကျမလည်း အဲ့ဒါကို တွန်းလှည်ဖို့ ခွန်အား မရှိခဲ့ပါဘူး” လို့ ရေးသားခဲ့ပါတယ်။

ကိန်းစ်ရုပ်ရှင်ပွဲတော်က သူ့အတွေ့အကြုံနဲ့ ပတ်သက်လို့တော့ ကော်ဇောနီပေါ်မှာ မီဒီယာတွေ တော်တော်များများ ရှိတာဟာ အရမ်းဆူညံပြီး ကယောက်ကယက်ဖြစ်ရတဲ့ အခြေအနေတခုကို ဖြစ်ပေါ်စေခဲ့တယ်လို့ ဆိုပါတယ်။

မင်းသမီးက “သူတို့က ဓာတ်ပုံ ထပ်အရိုက်ခံပေးဖို့ အော်ပြောနေကြတယ်။ ဝန်ထမ်း တယောက်က ကျမဆီကို လာတဲ့အခါ သူပြောတာကို တလုံးမှ ကျမ မကြားခဲ့ရဘူး။ အခုအထိ ကျမကို နေရာချပေးမှာလား ဆိုတာ သေချာတောင် မသိဘူး”လို့ ရေးခဲ့ပါတယ်။

Ref:asiaone

You may also like these stories:

“Avengers: Endgame” အထူးပွဲကို တက်လာရောက်လာခဲ့တဲ့ Scarlett Johansson နဲ့ Brie Larson

အရောင်အသွေးစုံတဲ့ သီချင်းအသစ်ကို ဖြန့်ချိလိုက်တဲ့ အဆိုတော် Taylor Swift

အမေများနေ့မှာ Skincare ထုတ်ကုန်ပစ္စည်း အသစ်တွေ မိတ်ဆက်လိုက်တဲ့ Kylie Jenner

“အမေများနေ့”မှာ မင်းသမီး ဒိုင်ယာနာကို ဂုဏ်ပြုခဲ့တဲ့ မီဂန်မာကယ်

The post ကိန်းစ်ရုပ်ရှင်ပွဲတော် ကော်ဇောနီပေါ်မှာ အချိန်ကြာကြာ ကိုယ်ဟန်ပြလို့ ဝေဖန်ခံနေရတဲ့ တရုတ်မင်းသမီး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


သာလွန်မင်းလက်ထက် အမြင့်မင်းသားအရေးတော်ပုံ


စနေမင်း နှင့် တနင်္ဂနွေမင်း


''ပါဂျောင်မြေမှ အရိုးတွန်သံ'


လုလုအောင် HD အသစ်


TTA Oreo Gapp Installer


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)