Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အိမ်ထောင်ကျပြီးနောက်ပိုင်း ပိုပြီး တည်ငြိမ် ရင့်ကျက်လာတဲ့ သရုပ်ဆောင် ရွှေမှုံရတီ

$
0
0

ဆယ်ကျော်သက် အရွယ်မှ စတင်ကာ အနုပညာပျိုးခင်းမှတဆင့် အနုပညာလောကထဲ ဝင်ရောက်လာခဲ့တဲ့ သရုပ်ဆောင် ရွှေမှုံရတီကတော့ ယခုအချိန်မှာတော့ မြန်မာနိုင်ငံရဲ့ အောင်မြင်ကျော်ကြားလျက်ရှိတဲ့ ထိပ်တန်း မင်းသမီးတွေထဲမှာ တလက် အပါအဝင်ပါ။

ဒီနေ့ မေလ ၁၆ ရက်နေ့ဟာ သရုပ်ဆောင် ရွှေမှုံရတီရဲ့ အသက် ၂၁ နှစ်ပြည့် မွေးနေ့ဖြစ်ပြီး ဒီနှစ် မွေးနေ့မှာတော့ ရွှေမှုံရတီက တကိုယ်တည်းသမား မဟုတ်တော့ဘဲ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်သည်ဘဝကို ရရှိပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။

ရွှေမှုံရတီကတော့ မွေးနေ့ရောက်တိုင်း အလှူအတန်း ပြုလုပ်နေကျ ဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့မှာရှိတဲ့ အောင်ဇမ္ဗူရကျောင်းမှာ မိသားစုနဲ့အတူ မွေးနေ့အလှူ ပြုလုပ်ခဲ့ပါတယ်။

ရွှေမှုံရတီဟာ မနှစ်ကတော့ အသက် ၂၀ နှစ်ပြည့် မွေးနေ့မှာ ယခင်က ချစ်သူနဲ့ ပြတ်ဆဲသွားပြီး Single ဖြစ်သွားပြီလို့ မွေးနေ့မှာ တရားဝင် ကြေညာခဲ့ပေမယ့် ယခု ၂၁ နှစ်ပြည့်မွေးနေ့မှာတော့ အဆိုတော် ရွှေထူးနဲ့အတူ လက်တွဲကာ တည်ငြိမ်ရင့်ကျက်တဲ့ အိမ်ထောင်ရှင်မကောင်း တယောက်အဖြစ် တွေ့မြင်နေရပါတယ်။

သရုပ်ဆောင်တယောက်အဖြစ် အသက် ၁၃ နှစ် အရွယ်က စတင်လုပ်ကိုင်ခဲ့တဲ့ ရွှေမှုံရတီဟာ တဖက်မှာ ဝေဖန်များစွာနဲ့ တဖက်မှာလည်း သူမရဲ့အချေ ပုံစံကိုမှ ချစ်ခင်ကြတဲ့ ပရိသတ်များလည်း အများအပြား ရှိနေပါတယ်။

ခင်ပွန်းဖြစ်သူ ရွှေထူးနဲ့ သရုပ်ဆောင် ရွှေမှုံရတီ (ဓာတ်ပုံ – Shwe Mhone Yati’s Facebook)

သူမ ဘဝကို အကြီးမားဆုံး ပြောင်းလဲသွားတယ်လို့ ပြောလို့ရတဲ့ မကြာခင်မှာ ရုံတင်ပြသတော့မယ့် “ဧည့်သည်” ရုပ်ရှင်ကားကြီးမှာ အဆိုတော် ရွှေထူးနဲ့ ဆုံတွေ့ခဲ့ပြီး ဘယ်သူမှ မထင်မှတ်ထားလောက်အောင် သူတို့ နှစ်ဦးဟာ လက်ထပ်ခဲ့ကြပါတယ်။ လက်ထပ်ခဲ့တဲ့ အချိန်ကလည်း ဂယက်များစွာ ဖြစ်ပေါ်ခဲ့ပြီး မိခင်ဖြစ်သူကလည်း မင်္ဂလာပွဲသို့ တက်ရောက်ခဲ့ခြင်း မရှိဘဲ ကျင်းပခဲ့ရပါတယ်။

ရွှေမှုံရတီကတော့ သူဖြစ်ချင်တဲ့ အရာများကို မတုန့်မဆိုင်းဘဲ လုပ်တတ်တဲ့သူတယောက် ဖြစ်တယ် ဆိုတာကို သူမရဲ့မင်္ဂလာပွဲမှာပင် ပရိသတ်များက သိရှိခဲ့ကြရပါတယ်။ အတိုက်အခိုက်များ၊ ဝေဖန်မှုများ၊ သူမရဲ့ ငယ်ရွယ်နုပျိုမှုများ စတဲ့ အရာအားလုံးကို မေ့ထားကာ သူမ ချစ်တဲ့သူ တယောက်တည်းအတွက် ရဲဝံ့တဲ့ ဆုံးဖြတ်ချက်ချကာ လက်ထပ်ခဲ့တာပဲ ဖြစ်ပါတယ်။

လက်ထပ်ခဲ့တဲ့ အချိန်ကလည်း ချစ်သူဖြစ်ခဲ့ကြပြီး အချိန်ကာလ တိုတောင်းခဲ့တဲ့အတွက် သူတို့ နှစ်ဦးရဲ့ လက်ထပ်ခဲ့ခြင်းအပေါ်လည်း ပရိသတ်အချို့က သံသယများစွာ ဝင်ခဲ့ပါတယ်။ အခုချိန်မှာတော့ လူအများ ထင်ထားသလို မဟုတ်ဘဲ သူမဟာ ယခင်ကထက် ပိုမိုရင့်ကျက် တည်ငြိမ်လာပြီး တချို့သော အထင်အမြင်လွဲမှုများကိုလည်း သူမရဲ့ အပြုအမူများမှတဆင့် ပြန်လည် ဖြေရှင်းနိုင်ခဲ့ပါတယ်။

လက်ထပ်ပြီးမှ ခင်ပွန်းဖြစ်သူနဲ့အတူ ပွဲများကိုလည်း မကြာခဏ အတူ တွဲတက်ရောက်လေ့ရှိပြီး ခင်ပွန်းဖြစ်သူ အလှူအတန်းအတွက်လည်း ဘေးကနေ ပါရမီဖြည့်ပေးတဲ့ ဇနီးသည်တယောက်အနေနဲ့ပါ ရွှေမှုံရတီကို မြင်တွေ့လာရပါတယ်။

မကြာခင်မှာလည်း အဆိုတော် ရွှေထူးနဲ့ တွေ့ဆုံ ဖူးစာဖက်စေခဲ့တဲ့ “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးဟာ ရုံတင်ပြသတော့မှာဖြစ်ပြီး ပရိသတ်များနဲ့အတူ၊ အဲဒီရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ထားတဲ့သူများ အားလုံးကလည်း ရင်ခုန်မျှော်လင့်နေကြပါတယ်။

You may also like these stories:

သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ မသိတာရှိရင် ရွှေမှုံရတီကို မေးတယ်လို့ ပြောတဲ့ ရွှေထူး

မင်းသိင်္ခရဲ့ ဝတ္ထုတွေနဲ့ ဇာတ်ကောင်တွေကို အလွတ်ရနေတဲ့ သရုပ်ဆောင် ဒေါင်း

လက်ရှိ အဆိုတော် ဆိုတေးက “အတု”လို့ ပြောကြတဲ့အပေါ် ဆိုတေး ဘာပြောလဲ

“Show ပွဲတပွဲမှာ အမှတ်တရအနေနဲ့ ဘောင်းဘီ ဇစ်ပြုတ်ခဲ့ဖူးတယ်”လို့ စိုင်းစိုင်း ပြော

The post အိမ်ထောင်ကျပြီးနောက်ပိုင်း ပိုပြီး တည်ငြိမ် ရင့်ကျက်လာတဲ့ သရုပ်ဆောင် ရွှေမှုံရတီ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ