Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်အကြောင်း ပြောပြတဲ့ နေခြည်ဦး

$
0
0

အနုပညာအလုပ်များကို သေချာစွာ လုပ်ကိုင်နေပြီဖြစ်တဲ့ နေခြည်ဦးကတော့ မကြာခင် ရက်ပိုင်းအတွင်းမှာ ရိုက်ကူးမယ့် “အခမ်းနားဆုံးမေတ္တာ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာတော့ အကယ်ဒမီ နေတိုး၊ နေရွှေသွေးအောင်တို့နဲ့အတူ ပါဝင်ထားပြီး ပရိသတ်များက စိတ်ဝင်စားနေတဲ့ ရိုက်ကူးမှုနဲ့ ပတ်သက်ပြီး နေခြည်ဦးက အခုလိုပဲ ပြောပြခဲ့ပါတယ်။

“အခမ်းနားဆုံး မေတ္တာကတော့ အခုမှ Day One ပဲ ရှိသေးတယ်။ ကိုဖိုးလနဲ့ပဲ ရိုက်ရသေးတယ်။ သူက Europe သွားရမှာဆိုတော့ ရိုက်လိုက်တာပါ။ တကယ်တမ်း စရိုက်ရမှာကတော့ ၁၅ ရက်နေ့ပါ။ ပြင်ဆင်မှုကတော့ ၉၀ ရာခိုင်နှုန်းလောက်ထိတော့ ပြီးသွားပြီ။ ပထမဆုံး ရိုက်တာမှာ အခက်အခဲလေးတွေ ရှိတယ်။ အင်္ကျီ အဆင်မပြေတာတို့၊ မိတ်ကပ် အဆင်မပြေတာတို့၊ နေခြည့် စကားပြော အဆင်မပြေတာတို့ကို ပြန်ပြင်နေတယ်”လို့ နေခြည်ဦးက ပြောပါတယ်။

ဒီကားကိုတော့ မေလ ၁၅ ရက်နေ့မှ စတင် ရိုက်ကူးမှာဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက အွန်လိုင်းပေါ်မှာ တွေ့ရတဲ့ ရိုက်ကွင်းပေါ်မှ ဓာတ်ပုံများကတော့ နေရွှေသွေးအောင် ပါဝင်မယ့် အခန်းများကို အရင် ရိုက်ကူးခဲ့တာလို့ သိရပါတယ်။

“အရမ်း Ro ရမယ်ဆိုတော့ အခုအချိန်မှာ ကိုနေတိုးဆိုတာကို မေ့ပြီးတော့ နေခြည်ရဲ့ကာရိုက်တာကို အရမ်း တွေးထားတယ်။ နေခြည်က အဲဒီထဲမှာ “လိပ်ပြာနု”ဆိုတဲ့ ကောင်မလေး လုပ်ရမှာ ဖြစ်တဲ့အတွက် ဒီကောင်မလေးက ကိုယ့်ကို လာချစ်တဲ့ ယောကျ်ားတယောက်ကို ဘယ်လိုတုန့်ပြန်မလဲပေါ့။ နေခြည်ဦးက ဘယ်လိုတုန့်ပြန်မလဲ မဟုတ်ဘဲနဲ့ ဒီကာရိုက်တာကို ဝင်အောင် လုပ်ထားတာဖြစ်တဲ့အတွက် အခုဆိုရင် ကိုနေတိုးကို နေတိုးလို့ မမြင်တော့ဘဲနဲ့ ဒီထဲမှာပါတဲ့ ကာရိုက်တာနဲ့ ပိုမြင်လာတယ်”လို့ နေခြည်ဦးက ပြောပါတယ်။

နေတိုးနဲ့ တွဲရိုက်ရမှာဖြစ်တဲ့အတွက် ကြောက်နေတဲ့အကြောင်းကို အင်တာဗျူးများမှာ ဖြေဆိုခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း နေခြည်ဦးက အခုလိုပြောပြခဲ့ပါတယ်။

“အခုထိလည်း ရှိန်တုန်းပါပဲ။ အင်တာဗျူးတိုင်းမှာ နေခြည်က ရှိန်တယ် ရှိန်တယ်ပြောနေတာ တမျိုးထင်မှာလည်း ကြောက်တယ်။ အမှန်တော့ ရှိန်တယ်ဆိုတာ ကြောက်တာ မဟုတ်ဘူး။ Respect တခု ပေးထားတာ။ နေခြည့်ရဲ့ Idol မင်းသားတယောက်နဲ့ ရိုက်ရတာ ဖြစ်တဲ့အတွက် ဂုဏ်ယူတယ်။ နေခြည် ကြောက်တယ်။ ချစ်ကြောက် ရိုသေပဲ”လို့ နေခြည်ဦးကပြောပါတယ်။

နေခြည်ဦးကတော့ အခုနောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားများစွာကို ရိုက်ကူးလာပြီး မကြာခင်မှာလည်း သူမရဲ့ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးလည်း ရုံတင်ပြသတော့မှာဖြစ်ပါတယ်။

The post “အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်အကြောင်း ပြောပြတဲ့ နေခြည်ဦး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ