Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

လန်ဒန်က ရုပ်ရှင်ပွဲတော်မှာ “မီ” ရုပ်ရှင် ပြသခွင့်ရလို့ ဝမ်းသာကြောင်း ပိုင်ဖြိုးသု ပြော

$
0
0

ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုတို့ ပထမဆုံး လက်တွဲပြီး ရိုက်ကူးခဲ့တဲ့ “မီ” ရုပ်ရှင်ကားကို ပရိသတ်က အသိအမှတ်ပြုသလို တခြားနိုင်ငံတွေမှာလည်း ပြသခွင့်ရတဲ့အတွက် အမှတ်တရ အများကြီးဖြစ်သလို ဝမ်းလည်း ဝမ်းသာတယ်လို့ သရုပ်ဆောင် ပိုင်ဖြိုးသုက ပြောပါတယ်။

“လန်ဒန်မှာက ASEAN Film Festival ပေါ့။ အဲ့ပွဲမှာ မီက ရွေးချယ်ခံရတော့ သူသွားမှာပေါ့။ သုအတွက် အမှတ်တရ အများကြီး ဖြစ်တာပေါ့။ မလေးရှားမှာတော့ ပြပွဲရော ပြိုင်ပွဲရောပေါ့။ သုတို့နှစ်ယောက်ရဲ့ ပထမဆုံး လက်တွဲပြီးရိုက်ရတဲ့ ရုပ်ရှင်ကားကို ပရိသတ်က အသိအမှတ်ပြုတယ်။ တခြားနိုင်ငံတွေမှာလည်း ပြသခွင့်ရတယ်ဆိုတော့ အမှတ်တရ အများကြီးဖြစ်တယ်။ အဲ့အတွက် ဝမ်းလည်း ဝမ်းသာတယ်”

“သုစိတ်ထဲမှာ ဖြစ်တာက နောက် ဒုတိယကားကျရင် ပိုကောင်းအောင် ကြိုးစားရမယ်။ ပရိသတ်က ပထမကားမှာ အားပေးထားတာ ဖြစ်တဲ့အတွက် ဒုတိယကားကျရင်လည်း လျော့မသွားအောင် ပိုပြီးတော့ ကြိုးစားရမှာပေါ့၊ ရုပ်ရှင်တကား ကောင်းတယ်ဆိုတာ တဦးတယောက်တည်း တော်လို့ မရဘူး။ ဒါရိုက်တာချည်းပဲ တော်လို့လည်း ရုပ်ရှင်ကား မကောင်းသလို အကုန်လုံးဝိုင်းပြီးတော့ ပါဝင်တဲ့ အဖွဲ့တွေ တက်ညီလက်ညီ ပါဝင်မှ ရုပ်ရှင်ကား တကားက ကောင်းတာပေါ့”လို့ ပိုင်ဖြိုးသုက ပြောပါတယ်။

“မီမှာဆို ကိုဏကြီးရော၊ မေဦးရော၊ ကိုဇော်ဇော်ရော၊ ကင်မရာသမားတွေရော၊ မီးထိုးပေးတဲ့အဖွဲ့တွေ အကုန်လုံး ပါသမျှသူ အားလုံးက သူ့ကဏ္ဍနဲ့သူ ကြိုးစားပေးထားကြလို့ သုတို့ မီဇာတ်ကားကို ပရိသတ်က အားပေးတာလို့ ထင်ပါတယ်”လို့ ပိုင်ဖြိုးသုက ဆိုပါတယ်။

တခြားနိုင်ငံတွေမှာလည်း မြန်မာနိုင်ငံက ဇာတ်ကားတွေ ပြသခွင့်ရလာတဲ့အတွက် ရုပ်ရှင်လောက ဒီထက်ကောင်းလာမယ်လို့ မျှော်လင့်ပါတယ်လို့ ပိုင်ဖြိုးသုက ဆိုပါတယ်။

“သုတို့တွေ အများကြီး ကြိုးစားဖို့ လိုပါသေးတယ်။ သုတို့ မြန်မာပြည်က ကားတွေကို တခြားနိုင်ငံတွေက လက်ခံပေးတယ်။ Festival တွေမှာလည်း Award တွေ ရတယ်။ သုတို့မှ မဟုတ်ဘူး။ တခြားကားတွေလည်း ရကြတယ်။ အဲ့အတွက် ဝမ်းသာတယ်။ ရုပ်ရှင်လောက တဆင့် တိုးတက်လာတဲ့ သဘောပဲ။ နောက်ဆိုရင် ရုပ်ရှင်လောက ဒီထက်ကောင်းလာမယ်လို့ မျှော်လင့်ပါတယ်”လို့ ပိုင်ဖြိုးသုက ပြောပါတယ်။

ပိုင်ဖြိုးသုဟာ ဆေးတက္ကသိုလ် ကျောင်းသူ ဘဝကတည်းက အနုပညာလောကထဲကို စတင်ဝင်ရောက်လာပြီး ဗီဒီယို ဇာတ်ကားတွေ ရိုက်ကူးခဲ့ပါတယ်။ ပိုင်ဖြိုးသုဟာ သတင်းစာဆရာများ အသင်းက ဦးစီးကျင်းပတဲ့ Star Awards ဆုပေးပွဲမှာလည်း “Best Actress In A Leading Role Award” ကို ရရှိထားပါတယ်။

The post လန်ဒန်က ရုပ်ရှင်ပွဲတော်မှာ “မီ” ရုပ်ရှင် ပြသခွင့်ရလို့ ဝမ်းသာကြောင်း ပိုင်ဖြိုးသု ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ