Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ကြက်ဖနဲ့ ဒဿတို့ ပူးပေါင်း ဖန်တီးထားတဲ့ “ပြဿနာ” ရုပ်ရှင် ဇာတ်ဝင်သီချင်း

$
0
0

အဆိုတော် ကြက်ဖနဲ့ ဒဿတို့ နှစ်ဦး ပူးပေါင်း ရေးသားထားတဲ့ “ပြဿနာ” ရုပ်ရှင်ဇာတ်ဝင် သီချင်းကိုတော့ ဇာဂနာနဲ့ နေတိုးတို့က သီဆိုထားပြီး သီချင်းရေးသား ဖန်တီးခဲ့တဲ့ အကြောင်းနဲ့ပတ်သက်ပြီး ကြက်ဖက အခုလို ပြောပြခဲ့ပါတယ်။

“ဦးဇာဂနာက ဂိုက်လိုင်း ချပေးတယ်။ လတ်တလော တင်ထားတဲ့ ဇာတ်ကား နာမည်တွေ၊ အသံနေ အသံထား ၊ လေယူလေသိမ်း၊ ဦးကောလိပ်ဂျင်နေဝင်း၊ ဦးဝင်းဦးအသံ ထည့်ရမယ်ဆိုတော့ ကျနော်တို့လည်း လုပ်တတ်သလောက် လုပ်လိုက်တာ အဆင်ပြေသွားတာပေါ့။ လေ့လာရတာတော့ သိပ်ထူးထူးဆန်းဆန်း လေ့လာရတာ မပါဘူးပေါ့။ ဇာတ်ကားနာမည်တွေနဲ့ ဘယ်ဟာ ထပ်ထည့်ရင် ကောင်းမလဲ စဉ်းစားရတယ်။ တူရာတူရာ လိုက်ဆက်တဲ့ သဘောမျိုး စဉ်းစားရတာပေါ့”လို့ Hip Hop အဆိုတော် ကြက်ဖက ပြောပါတယ်။

ဒီသီချင်းကိုတော့ ဇာဂနာနဲ့ နေတိုးတို့က သီဆိုထားတာဖြစ်ပြီး နေတိုးကတော့ အရင်က မင်းသားကြီးများအသံနဲ့ စိုင်းစိုင်းခမ်းလှိုင် အသံတုတို့ဖြင့် သီဆိုတဲ့ပုံစံများ ပါဝင်ထားတယ်လို့ သိရပါတယ်။

“ဦးဝင်းဦးအသံက ကိုနေတိုးပဲ ဆိုတာ။ ကိုနေတိုးက အဲဒါတွေ ပိုင်ပြီးသား ကျနော်တို့ အဲဒါကို ရေးတုန်းက မပါဘူး။ သူဘာသာ ထပ်ထည့်လိုက်တာ ရှိတယ်။ စိုင်းစိုင်းအသံပါ ထပ်ထည့်လိုက်သေးတယ်။ သူက အကုန်ရတာကိုး”လို့ ကြက်ဖကပြောပါတယ်။

အဆိုပါ ဇာတ်ဝင်တေးကတော့ ယောက္ခမနဲ့ သမက်တို့ ကြားက ပဋိပက္ခများကို ရုပ်ရှင်ဇာတ်ကား နာမည်များ ၊ မင်းသားများရဲ့ အသံတုများဖြင့် ဖန်တီးထားတာပဲ ဖြစ်ပါတယ်။

“ကျနော်တို့ ပရော်ဖက်ရှင်နယ်တော့ မဟုတ်သေးဘူး။ တချို့နေရာတွေမှာ အားနည်းချက်တွေ ရှိသေးတယ်။ ကျနော်တို့လည်း ၂ကား ၃ကားလောက်ကြည့်ပြီးမှ တခြား ပရော်ဖက်ရှင်နယ်ရှိပြီးသား ဇာတ်ကားတွေကြည့်ပြီးမှ မြင်တာတွေလည်း ရှိတယ်။ ကျိန်းသေတာကတော့ ကျနော်တို့ ကိုယ်ဘာခံစားရလဲဆိုပြီး ရေးရတာ မဟုတ်ဘူး။ ကျနော်တို့ကို ဘာခံစားပါဆိုပြီး ရေးခိုင်းတာ အဲဒါကြောင့် နည်းနည်းလေးတော့ အမှားအယွင်းရှိနိုင်ပါတယ်။ အဲဒီအတွက်တော့ ကြိုပြီးတော့ တောင်းပန်ချင်ပါတယ်”လို့ ကြက်ဖက ပြောပါတယ်။

အဆိုတော် ကြက်ဖကတော့ ဇာတ်ဝင်တေးသီချင်းများကို ၂၀၁၆ ခုနှစ်မှ စတင်ကာ ရေးသားခဲ့ပြီး အဆိုပါ “ပြဿနာ” ရုပ်ရှင်ဇာတ်ကားထဲမှ ဇာတ်ဝင်တေးကိုတော့ သဘောကျတယ်လို့ ဆိုပါတယ်။

“ဇာတ်ဝင်သီချင်းကို ဆိုတဲ့သူကို ပိုပြီးတော့ လူသိတယ်။ အဲဒါထက်ပိုပြီး လူသိနည်းတာ ရေးတဲ့သူ။ အဲဒါထက်ပိုတာက တီးတဲ့သူ။ ဒါပေမယ့် ဒီဘက်ခေတ်ကတော့ ပညာရှင်တိုင်းကို အယောက်စေ့ လေ့လာကြတော့ အရင်ကထက်တော့ ပိုအာရုံစိုက်ကြတယ်။ ကျနော်တို့အတွက်လည်း အားရပါတယ်။ ဝမ်းသာစရာပါ”လို့ ကြက်ဖကေ ပြာပါတယ်။

ကြက်ဖကတော့ ၂၀၁၆ခုနှစ်မှစတင်ကာ ဇာတ်ဝင်တေးသီချင်း ရေးသားခဲ့တာ အခုချိန်မှာဆိုရင်တော့ အပုဒ် ၂၀ ခန့် ရှိနေပြီဖြစ်ပြီး အဆိုပါသီချင်းများကိုတော့ အကျိုးစီးပွားအတွက် မဟုတ်ဘဲ အမှတ်တရအနေနဲ့ ထားဖြစ်ဖို့များတယ်လို့ ဆိုပါတယ်။

The post ကြက်ဖနဲ့ ဒဿတို့ ပူးပေါင်း ဖန်တီးထားတဲ့ “ပြဿနာ” ရုပ်ရှင် ဇာတ်ဝင်သီချင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ