Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“အမေများနေ့” မှာ အမှတ်တရစကားပြောပြကြတဲ့ ပိုင်ဖြိုးသုတို့သားအမိ

$
0
0

သရုပ်ဆောင်ပိုင်ဖြိုးသုက ဒီနေ့မှာကျရောက်တဲ့ အမေများနေ့နဲ့ ုပတ်သက်လို့ မိခင်ဖြစ်သူက သူမဘေးနားမှာ အမြဲရှိနေတဲ့အတွက် ကံကောင်းသူတယောက်ဖြစ်တယ်လို့ ဆိုပါတယ်။

“သုတို့လိုအနုပညာရှင်တွေက အမေတွေနဲ့ အမြဲတူတူတွေ့ရတာများတယ်။ အလုပ်ရဲ့သဘာဝကိုကလည်း ကိုယ့်မိသားစုက နောက်ကရပ်ပေးနေမှ သုတို့အလုပ် လုပ်နေတဲ့ သူက အဆင်ပြေတာပေါ့။ သုဆိုလည်း မေမေက နောက်ကနေအမြဲရှိ နေပေးတာ။ သုဘေးနားမှာမေမေရှိနေတာအရမ်းကံကောင်းတယ်။ သုမိတ်တွေတွေထဲမှာ မိဘမရှိတာတွေ မိခင်မရှိတော့တာတွေ ဖခင်မရှိတော့တာတွေ ရှိတယ်။ သူတို့ကိုလည်း အရမ်းကိုယ်ချင်းစာတယ်”

“ကိုယ့်မှာ မိဘရှိတာကိုလည်း မိဘတွေကိုပိုပြီးတန်ဖိုး ထားတတ်သွားတယ်။ အမေ့ရဲ့ချစ်ဖို့ကောင်းတဲ့အချက်က စားတာ။ ဝမှာဆိုးလို့ ဝိတ်ချတယ် ထမင်းမစားဘူးဆိုပြီး မလိုင်လုံးတွေစားတာတို့ ချောကလတ်တွေစားတို့ အဲ့ဒါတွေက ချစ်ဖို့ကောင်းတယ်။ အမေကိုပြောချင်တာက တသက်လုံး ဒီလိုဆက်လိုက်ပပေးပါလို့။ မြေးလေးပေးဖို့ကတော့ အသက်သုံးဆယ် လောက်မှစဉ်းစားပါ့မယ်”လို့ သရုပ်ဆာင်ပိုင်ဖြိုးသုက ပြောပါတယ်။

သရုပ်ဆောင်ပိုင်ဖြိုးသုရဲ့ မိခင်ဖြစ်သူ ဒေါ်နွယ်ဦးကတော့ ပိုင်ဖြိုးသုက မိဘတွေအပေါ် ဘယ်တော့မှ စိတ်ဆင်းရဲအောင်မလုပ်တဲ့ သမီးဖြစ်တယ်လို့ ဆိုပါတယ်။

“သမီးက အရမ်းလိမ္မာတဲ့သမီးလေးပါ။ သမီးနဲ့ ပတ်သက်ရင် စိတ်ဆင်းရဲရတာ မရှိခဲ့ဘူး။ မိဘကသူနဲ့ ပတ်သက်ရင် မိဘယုံကြည်နေအောင်သူ့ကို အမြဲစိတ်ချနေအောင်ထားတဲ့ သမီးလေးပါ။ အန်တီကတော့ အမြဲသူတို့ကိုလွတ်လပ် ခွင့်ပေးတာပဲ။ အန်တီကမညာနဲ့နော်လို့ပြောထားတယ်။ ညာတာကို ညာမိတယ်ပြောရင်ခွင့်လွှတ်တယ်။ မေမေဟာ မေမေသိရင်တော့ ခွင့်မလွှတ်ဘူးစိတ်ဆိုးမှာလို့ပြောထားတယ်”

“သုသုလိုသမီးလေးကို ပိုင်ဆိုင်ထားရတာတော့ ကုသိုလ်ကံပဲပေါ့။ သားသမီးရတာလည်း ထီထိုးတာပဲ။ မိဘဆိုတာတော့ ကိုယ့်သားသမီးကို အလိမ္မာဆုံး အကောင်းဆုံး အတော်ဆုံးဖြစ်ဈေင်ကြတာကြီးပဲ။ သူတို့တွေဖြစ်လာခြင်းမဖြစ်လာခြင်းက သူတို့ကုသိုလ်ကံ အန်တီတို့ ကုသိုလ်ကံပါပဲ။ သုသုကို အရင်တုန်းကတော့ အထူးကုဆရာဝန်ကြီး မှန်းခဲ့တာပေါ့။ အခုေတာ့ သူဘာဖြစ်ချင်လဲ သူဖြစ်တာကိုပဲအကောင်းဆုံး ပံ့ပိုးပေးလိုက်တော့တယ်”

“ သူကလည်း အန်တီပံ့ပိုးပေးတာနဲ့ထိုက်တန်အောင် မိဘကိုမျက်နှာမငယ်အောင် လုပ်ပေးတယ်။ သိတတ်တဲ့ သားသမီးကို ပိုပံ့ပေးဖို့လိုသွားတာပေါ့ ”လို့ ကပိုင်ဖြိုးသုမိခင် ဒေါက်တာ နွယ်ဦးကပြောပါတယ်။

“အမေများနေ့” ရယ်လို့ ထူးထူးခြားခြားမလုပ်ပေးတတ်တဲ့ ပိုင်ဖြိုးသုက အခုချိန်ထိမိခင်အနား မှာရှိနေတဲ့အတွက် မိဘတွေကို ပိုတန်ဖိုးတတ်တယ်လို့လည်း ဆိုပါတယ်။

“သုကလေ အရမ်း Romantic ဖြစ်တဲ့ထဲမှာ မပါဘူး။ “အမေများနေ့”တို့ “အဖေများနေ့”တို့ “ချစ်သူများနေ့” တို့မေးရင်အရမ်း ဒုက္ခရောက်တယ်။ ဘာပြောရမှန်းမသိဘူး။ စိတ်ထဲမှာ အကုန်လုံးကအမြဲရှိတယ်။ အခု အမေများဆိုလည်း မပြောတတ် ဘူး ဒါပေမယ့် စိတ်ထဲမှာ အမေအမြဲရှိတယ်။ လိမ္မာတဲ့ သမီးလေးပါ။ သုကထက်မြက်တဲ့ထဲ တော့မပါပါဘူး”

“ ကိုယ့်ကိုကိုလည်း ထက်မြက်တယ်လို့ မထင်ဘူး။ သာမန်လို့ပဲ။ သု့ကကြောက်တတ်တော့ ဘယ်သွားသွားအမေတို့ ကိုဏကြီးတို့ကို အားကိုးနေရတယ်။ သူတို့ပါမှသွားရဲတော့ ကိုယ့်ကိုယ်ကို ထက်မြတ်တဲ့မိန်းမလို့တော့ မသတ်မှတ် ထားဘူး။ အမေနဲ့က သူငယ်ချင်းပိုဆန်ဆယ်။ အကုန်ပြောတယ်။ အမေခွင့်မပြုတဲ့အရာ လုပ်ချင်ရင် သာ ခိုးလုပ်တာ။ အဲ့ဒါတောင်ပြီးရင်ပေါ်တာပဲ။ မညာတတ်ဘူး။ ညာပြီးရင်လည်း ပေါ်တယ်” လို့ ပိုင်ဖြိုးသုက ဆိုပါတယ်။

မေလဒုတိယအပတ်ရဲ့တနင်္ဂနွေနေ့ဟာ အမေ့များနေ့ ဖြစ်ပြီး ကမ္ဘာတဝန်းမှာလည်း အမေများနေ့ကို လူအများက ပါဝင်ဆင်နွှဲကာ မိခင်ဖြစ်သူကို လက်ဆောင်များပေးအပ်တဲ့ ဓလေ့လည်း ဖြစ်ပါတယ်။

You may also like these stories:

ကိုယ်ပိုင် Brand တခု ထုတ်ဖို့ အကောင်အထည် ဖော်နေတဲ့ မော်ဒယ် ပိုင်တံခွန်

တချိန်က သိုင်းဆရာကြီး ဖြစ်ခဲ့ပေမယ့် အခုအချိန်မှာ မြေးတွေကိုတောင် မချီနိုင်တော့တဲ့ Sammo Hung

ကြက်ဖနဲ့ ဒဿတို့ ပူးပေါင်း ဖန်တီးထားတဲ့ “ပြဿနာ” ရုပ်ရှင် ဇာတ်ဝင်သီချင်း

“Single Mom တွေလည်း အမျိုးသားတွေနဲ့တန်းတူ စိတ်အင်အား၊ ခွန်အားတွေရှိကြတယ်”

The post “အမေများနေ့” မှာ အမှတ်တရစကားပြောပြကြတဲ့ ပိုင်ဖြိုးသုတို့သားအမိ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ