Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Ed Sheeran နဲ့ Justin Bieber တို့ရဲ့ “I Don’t Care”အမည်ရှိ သီချင်းအသစ် ထွက်ရှိလာ

$
0
0

ကမ္ဘာကျော် ဗြိတိန်အဆိုတော် Ed Sheeran နဲ့ ကနေဒါအဆိုတော် Justin Bieber တို့ရဲ့ သီချင်းအသစ် ထွက်ရှိလာပါပြီ။ သူတို့နှစ်ဦးရဲ့ “I Don’t Care” ဆိုတဲ့ သီချင်းအသစ်ကို မေလ ၁၀ ရက်နေ့မှာပဲ ဖြန့်ချိလိုက်တာပါ။

Max Martin, Shellback နဲ့ FRED တို့က ထုတ်လုပ်ထားတဲ့ အဲ့ဒီ သီချင်းဟာ ချစ်သူနဲ့ အဆင်မပြေပေမယ့် ချစ်သူနဲ့အတူ ရှိတဲ့အချိန်မှာ ဘယ်အရာကိုမှ ဂရုမစိုက်တဲ့အကြောင်း ပုံဖော် စပ်ဆိုထားပါတယ်။ Justin Bieber ဟာ သီချင်းရဲ့ ခေါင်းစဉ်နဲ့ လိုက်ဖက်ညီစွာ စာရေးပြီးတော့ Twitter မှာ ပရိသတ်တွေကို ချပြလိုက်တာဖြစ်ပါတယ်။

Bieber က “သီချင်းထွက်လာပါပြီ။ ကျနော် ဂရုမစိုက်ပါဘူးနော်” လို့ ရေးသားခဲ့ပါတယ်။ အဲ့ဒီနောက် မကြာမီမှာပဲ Ed Sheeran က သီချင်းဖြန့်ချိမှုကို Instagram မှာကြေညာခဲ့ပါတယ်။

Ed Sheeran က “ကျနော်နဲ့ Justin Bieber တို့ရဲ့ သီချင်းအသစ်တပုဒ် ထွက်လာပါပြီ။ ‘I Don’t Care’ လို့ ခေါ်ပါတယ်။ ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။ ဒီသီချင်းလေးဟာ Bieber ရဲ့ ဇနီး Hailey Baldwin နဲ့ Sheeran ရဲ့ ဇနီး Cherry Seaborn တို့အတွက် အထူးဂုဏ်ပြုထားတဲ့ သီချင်းတပုဒ်ဖြစ်တယ်လို့ ဆိုပါတယ်။

မကြာသေးခင်တုန်းကပဲ Bieber ဟာ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ရုန်းကန်ရမှုတွေနဲ့ ပတ်သက်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလမှာ Bieber က သူ့ဘဝမှာ စိန်ခေါ်မှုအများဆုံးအချိန်နဲ့ ရင်ဆိုင်နေရတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ အချိန်တုန်းက Bieber က “နေ့တိုင်းပိုကောင်းလာတယ်။ ပြန်ထိုးနှက်တယ်။ ကျနော် ဘယ်တော့မှ တိုက်ခိုက်တာ ရပ်တန့်မှာ မဟုတ်ပါဘူး” လို့ Instagram Story မှာ အပေါ်ပိုင်းအဝတ်မဲ့ Selfie ပုံကို တင်ခဲ့ပြီး ရေးသားခဲ့ပါတယ်။

အရင်တုန်းက အင်တာဗျူးတွေမှာ Bieber ဟာ သူရုန်းကန်နေရတဲ့ အကြောင်းအရာတွေကို ပြောဆိုခဲ့ပါသေး တယ်။ သူက “ကျနော် နယ်လှည့်ဖျော်ဖြေပွဲမှာ တကယ့်ကိုပဲ စိတ်ဓာတ်ကျခဲ့ပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ကျနော် မပြောခဲ့ရဘူး။ ဒါပေမယ့် ကျနော် တော်တော်လေး ခံစားနေရတယ်။ ကျနော် အဲ့ဒီအကြောင်း မပြောခဲ့ရဘူး။ ကျနော်အထီးကျန်တယ်။ အချိန်တချို့လိုအပ်ခဲ့တယ်” လို့ မတ်လထုတ် Vogue မဂ္ဂဇင်းကို ပြောဆိုခဲ့ပါတယ်။

Ref:People

The post Ed Sheeran နဲ့ Justin Bieber တို့ရဲ့ “I Don’t Care” အမည်ရှိ သီချင်းအသစ် ထွက်ရှိလာ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ