Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ရှူတင်တွေကို မိခင်အစား ဖခင်ပဲ လိုက်ပေးတဲ့အကြောင်း ပြောပြတဲ့ ယဉ်လက်

$
0
0

အက်ရှင် မင်းသမီးတယောက်အဖြစ် ပရိသတ်များက သိရှိအားပေးကြတဲ့ သရုပ်ဆောင် ယဉ်လက်ကတော့ ပရိသတ်တွေကို ရယ်အောင် လုပ်ရတာ အရမ်းခက်တယ်လို့ ပြောပါတယ်။

“ဒီ”ပြဿနာ” ကားက ပထမဆုံး ဟာသလုပ်တဲ့ ကားလည်းဖြစ်တော့ ပရိသတ်တွေရယ်အောင် လုပ်ရတာ အရမ်းခက်တယ်ဆိုတာ ဒီကားရိုက်ရင်းနဲ့မှ သိလာတယ်ပေါ့နော်။ ရိုက်ရင်းနဲ့လည်း ထိုင်ရယ်နေတာတွေ ရှိပါတယ်”လို့ သရုပ်ဆောင် ယဉ်လက်က ပြောပါတယ်။

မကြာခင်မှာ ရုံတင်ပြသတော့မယ့် ဒါရိုက်တာ မီးပွား ရိုက်ကူးထားတဲ့ “ပြဿနာ” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားမှာတော့ အမွှေစိန်ကောင်မလေး တယောက်နေရာက သရုပ်ဆောင်ထားပြီး သူမရဲ့ပထမဆုံး ဟာသ ဇာတ်ကားဖြစ်တယ်လို့လည်း သိရပါတယ်။

“သရုပ်ဆောင်တယောက်အနေနဲ့ ဟာသဖြစ်ဖြစ်၊ ဒရာမာဖြစ်ဖြစ်၊ အက်ရှင်ဖြစ်ဖြစ် အကောင်းဆုံးကြိုးစားပြီး သွားချင်တာပေါ့နော်။ ဒီကားကလည်း ပထမဆုံး ဟာသလုပ်တာဆိုတော့ နည်းနည်းတော့ စိုးရိမ်တယ်။ သင်ပေးတဲ့ ဆရာတွေ အများကြီးရှိခဲ့ပါတယ်။ အခုနောက်ပိုင်းတော့ အများကြီး မျက်နှာပြောင်လာပါပြီ” လို့ ယဉ်လက်ကပြောပါတယ်။

မိဘဖြစ်သူရဲ့ဆန္ဒအရ အက်ရှင်မင်းသမီး တယောက်ဖြစ်လာတဲ့ ယဉ်လက်ကတော့ သရုပ်ဆောင်အလုပ်နဲ့ မိဘကိုလုပ်ကျွေးချင်ပြီး အများကြီးကြိုးစားခွင့်ရနေချင်တယ်လို့ ဆိုပါတယ်။

“ဖေဖေက အမြဲတမ်း သမီးနားမှာ ရှိနေပေးတယ်။ ဘယ်ပဲသွားသွား ဖေဖေ အမြဲတမ်း ရှိတယ်။ တကယ်လို့ အိမ်မှာ မေမေနေမကောင်းလို့တဲ့ အချိန်တွေဆိုရင်လည်း ကြော်ငြာရိုက်နေတဲ့ အချိန်မျိုးတွေမှာ အိမ်မှာမေမေက အသည်းအသန် ဆေးရုံပို့ရမယ့် အချိန်မျိုးတွေမှာ ဖေဖေက သမီးကို ထားခဲ့ရမလား။ မေမေ့ဆီသွားရမလားဆိုတဲ့ အချိန်တွေ ရှိခဲ့ဖူးတယ်။ အခုတော့ မိသားစုအတူတူ ရှိနေနိုင်သွားပါပြီ” လို့ ယဉ်လက်ကပြောပါတယ်။

သူမရဲ့မိခင်ဖြစ်သူကတော့ သွေးကင်ဆာရောဂါဖြစ်နေပြီး အခုချိန်မှာတော့ ရောဂါက ပျောက်ကင်းသလောက် ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

“သိတဲ့ ပရိသတ်တွေလည်းရှိတယ်။ မသိတဲ့သူတွေလည်း ရှိတယ်။ မေမေကတော့ သွေးကင်ဆာပေါ့နော်။ အခုတော့ သက်သာသွားပါပြီ။ ပျောက်ပြီလို့တောင် ပြောလို့ရတယ်ပေါ့နော်။ ရှုတင်တွေလည်း လိုက်နိုင်နေပြီ”လို့ ယဉ်လက်ကပြောပါတယ်။

ယဉ်လက်ကိုတော့ ပရိသတ်များက “သရာစောထိ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ စတင်သိရှိခဲ့ပြီး နောက်ပိုင်းမှာတော့ ချစ်စရာကောင်းတဲ့ အက်ရှင်မင်းသမီးအဖြစ် ချစ်ခင်အားပေးမှုများ ရရှိခဲ့တာ ဖြစ်ပါတယ်။

The post ရှူတင်တွေကို မိခင်အစား ဖခင်ပဲ လိုက်ပေးတဲ့အကြောင်း ပြောပြတဲ့ ယဉ်လက် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ