Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ကိုယ်ပိုင် Brand တခု ထုတ်ဖို့ အကောင်အထည် ဖော်နေတဲ့ မော်ဒယ် ပိုင်တံခွန်

$
0
0

မိန်းကလေး ပရိသတ်တွေရဲ့ တခဲနက် အားပေးမှုကို ရရှိထားတဲ့ မော်ဒယ် ပိုင်တံခွန်ကတော့ သူရဲ့ ပရိသတ်တွေအတွက် ကိုယ်ပိုင် Brand တခု ထုတ်ဖို့ အကောင်အထည် ဖော်နေတယ်လို့ ဆိုပါတယ်။

“လောလောဆယ်မှာ ယောကျာ်းလေးရော၊ မိန်းကလေးရော သုံးလို့ရမယ့် ပစ္စည်းတခုကို ကျနော် ထုတ်နေတယ်။ သိပ်မကြာခင်မှာ ပရိသတ်လက်ထဲကို ကျနော် ထည့်ပေးမယ်။ ဒါပေမယ့် အဲ့ဒါ ဘာပစ္စည်း ဘာ Brand လဲ လို့မေးရင် ကျနော် ဖြေလို့မရသေးဘူး။ Brand နဲ့ ပတ်သက်ပြီး မပြီးမြောက်သေးတဲ့ ကိစ္စတွေလည်းရှိနေတော့ အမှားအယွင်းဖြစ်မှာကိုလည်း ကျနော် စိုးရိမ်တယ်”

“ကျနော် Brand နဲ့ ပတ်သက်လို့ ဇူလိုင် ပထမပတ်အတွက် အမှီ လုပ်နေတယ်။ ပစ္စည်းတွေကတော့ ဒီရောက်ပြီ။ ထုတ်ဖို့ပဲ ကျန်တော့တယ်။ အဲ့အတွက် သေချာတိုင်ပင်ပြီးအကောင်းဆုံးကြိုးစား လုပ်ဆောင်နေပါတယ်’’လို့ ပိုင်တံခွန်က ပြောပါတယ်။

၂၀၁၉ခုနှစ်က ကံကောင်းခြင်းနဲ့ ကံဆိုးခြင်းတွေ ဒွန်တွဲနေပေမယ့် အချစ်ရေးတော့ ကံဆိုးတယ်လို့ ပိုင်ဆံခွန်က ဆိုပါတယ်။

“ရည်းစား မရှိတော့ ပိုက်ဆံ ပိုစုဖြစ်တယ် ဆိုတာကလည်း ဒီလိုပါပဲ။ ပုံမှန်ပါပဲ။ ရည်းစားကတော့ ရှိလိုက်၊ မရှိလိုက်နဲ့ပေါ့။ တယောက်တည်းနေတော့ တခြားသူတယောက်ကို ပေးတဲ့အချိန်က အလုပ်မှာ ပိုပေးနိုင်တာပေါ့။ ပိုက်ဆံလည်း တော်တော်များများ စုမိပါတယ်”

“ကျနော့် အသက်အရွယ်နဲ့ ကျနော် ရှာနိုင်တဲ့ ငွေကြေး ပမာဏထက်တော့ ပိုစုမိပါတယ်။ ၂၀၁၉ မှာတော့ ကံကောင်းခြင်းနဲ့ ကံဆိုးခြင်း နှစ်ခုလုံး ဒွန်တွဲနေတယ်။ ကံကောင်းတာက အရင်က အလုပ်တွေ ပိုလုပ်လာ ရတယ်။ ကံဆိုးတာတွေလည်း ရှိပါတယ်။ အချစ်ရေးကတော့ ကံဆိုးတယ်”လို့ ပိုင်တံခွန်က ဆိုပါတယ်။

ပိုင်တံခွန်ဟာ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကား ရိုက်ကူးမှုတွေထက် တီဗီကြော်ငြာတွေ၊ Fashion တွေ အများဆုံး ရိုက်ကူးဖြစ်နေတာကို တွေ့ရပါတယ်။ အောင်မြင်တဲ့ မော်ဒယ် တယောက်ဖြစ်တဲ့ ပိုင်တံခွန်ကိုတော့ မိန်းကလေး ပရိသတ်တွေ တခဲနက် အားပေးထားကြတာ တွေ့ရပါတယ်။ ပိုင်တံခွန်က အချစ်ရေးနဲ့ပတ်သက်ပြီးတော့လည်း မကြာခဏဆိုသလို ကောလာဟလတွေ ထွက်လေ့ရှိပါတယ်။

ပိုင်တံခွန်ဟာ မော်ဒယ်အလုပ်မှာ အောင်မြင်သလို၊ ဂီတဘက်ကိုလည်း ဝါသနာပါတာကြောင့် သူ့ရဲ့ တကိုယ်တော် Mini Album ဖြစ်တဲ့ “ချစ်သူ” ဆိုတဲ့ တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလအတွင်းက ထွက်ရှိခဲ့ပါတယ်။

The post ကိုယ်ပိုင် Brand တခု ထုတ်ဖို့ အကောင်အထည် ဖော်နေတဲ့ မော်ဒယ် ပိုင်တံခွန် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ