Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

တရားရုံးမှာ ပထမဆုံးကြားနာမှုကို တက်ရောက်လာတဲ့ အဆိုတော် Jung Joon Young

$
0
0

အဆိုတော် Jung Joon Young ဟာ လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှု အပြစ်ဒဏ်ဆိုင်ရာ အထူး အက်ဥပဒေကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွဲချက်တွေအတွက် ပထမဆုံး အကြိုကြားနာမှုကို မေလ ၁၀ ရက်နေ့၊ ကိုရီးယား စံတော်ချိန် မနက် ၁၁ နာရီမှာ ပြုလုပ်ခဲ့ပါတယ်။

အခုလိုမျိုး အကြိုကြားနာမှုမှာ တရားခံဘက်နဲ့ အစိုးရ ရှေ့နေတွေဘက်ကနေ အစီရင်ခံချက်တွေကို ကြားနာပြီး အနာဂတ်မှာ တရားခွင့်နဲ့ ဘယ်လို ရှေ့ဆက် လုပ်ဆောင်ရမယ်ဆိုတာကို ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ တကယ်တော့ ဒီလိုကြားနာမှုမှာ တရားခံဘက်က တက်ရောက်ဖို့ မလိုအပ်ပါဘူး။ ဒါပေမယ့် အဆိုတော် Jung ဟာ ဆိုးလ်ဗဟိုခရိုင် တရားရုံးကို ကိုရီးယားစံတော်ချိန် မနက် ၉ နာရီ ၃၀ မိနစ်မှာ ရောက်ရှိလာခဲ့ပါတယ်။

အမည်ခံ မုဒိမ်းကျင့်မှု စွဲချက်တွေနဲ့ စွဲဆိုခံထားရတဲ့ Burning Sun အလုပ်သမားဟောင်း Kim ဟာလည်း အဆိုတော် Jung နဲ့အတူ ကြားနာမှုမှာ ပါဝင်ခဲ့ပါတယ်။ သူတို့နှစ်ဦးအပြင် တရားခံဘက်က ရှေ့နေ ၄ ဦးနဲ့ မုဒိမ်းကျင့်ခံခဲ့ရသူတွေကို ကိုယ်စားပြုတဲ့ ရှေ့နေတဦးလည်း တက်ရောက်လာတာကို တွေ့ရပါတယ်။

အဲဒီ ကြားနာမှုအတွင်းမှာ အဆိုတော် Jung ရဲ့ရှေ့နေတွေက အဆိုတော်ဟာ အမှုစွဲဆိုတဲ့နေရာမှာ သူ့အပေါ် စွဲဆိုထားတဲ့ အချက်တွေကို ဝန်ခံထားတယ်လို့ ပြောဆိုခဲ့ပါတယ်။

အဆိုတော် Jung နဲ့ ကြံရာပါလို့ဆိုတဲ့ အဆိုတော် Choi Jong Hoon ကို စုံစမ်းစစ်ဆေးနေတဲ့ ရဲတပ်ဖွဲ့ရဲ့ အဆိုအရ နောက်ဆုံးအဆင့်ကို ရောက်နေပြီး အားလုံးစစ်ဆေးပြီးစီးဖို့ အချိန်သိပ်မလိုတော့တဲ့အကြောင်း Jung ရဲ့ရှေ့နေတွေက ပြောဆိုထားပါတယ်။

အဲဒီရှေ့နေတွေက တရားမဝင် ဗီဒီယို ရိုက်ကူးခံထားရတဲ့သူ နှစ်ဦးရှိတယ်ဆိုတာကို သံသယရှိတဲ့အကြောင်း၊ အဲဒီ ခံခဲ့ရသူတွေအတွက် ကာကွယ်ပေးမယ့်သူတွေကို ခန့်ထားဖို့ တရားရေးဝန်ကြီးဌာနရဲ့ လိုအပ်ချက်ကို သိရှိထားပြီး အဲ့ဒါမှသာ အမှုဖြေရှင်းနိုင်မှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

တရားရေးဝန်ကြီးဌာနကတော့ စွဲဆိုချက်အားလုံးကို တရားခွင်တခုတည်းမှာ တပေါင်းတစည်းတည်း စစ်ဆေးဖို့ ရှေ့နေတွေရဲ့ တောင်းဆိုချက်တွေကို စဉ်းစားနေပြီး နောက်ထပ်ကြားနာမှုကို လာမယ့် ဇွန်လ ၁၄ ရက်နေ့၊ မနက် ၁၁ နာရီမှာ ထပ်မံချိန်းဆိုထားတယ်လို့ သိရပါတယ်။

Ref: soompi

The post တရားရုံးမှာ ပထမဆုံးကြားနာမှုကို တက်ရောက်လာတဲ့ အဆိုတော် Jung Joon Young appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ