Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ကားမောင်းရင်း ဖုန်းသုံးခဲ့တဲ့အတွက် ယာဉ်မောင်းခွင့် ၆ လ အပိတ်ခံရတဲ့ ဒေးဗစ်ဘက်ခမ်း

$
0
0

ကမ္ဘာကျော် ဘောလုံး ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်းဟာ ယာဉ်မောင်းနေစဉ် မိုဘိုင်းဖုန်းကို အသုံးပြုခဲ့တဲ့အတွက် ၆ လကြာ မော်တော်ယာဉ် မောင်းနှင်ခွင့် အပိတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

အင်္ဂလန်အသင်း ခေါင်းဆောင်ဟောင်း ဘက်ခမ်းဟာ ပြီးခဲ့တဲ့နှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့တုန်းက လန်ဒန်မြို့လယ်မှာ သူ့ရဲ့ Bentley ကားကို မောင်းနှင်နေစဉ် ဖုန်းကို အသုံးပြုခဲ့တာနဲ့ ပတ်သက်လို့ အပြစ်ရှိကြောင်း ဝန်ခံထားပြီး ဖြစ်ပါတယ်။ ဖြည်းညင်းစွာသွားနေတဲ့ ယာဉ်ကြောမှာ သူမောင်းနှင်နေစဉ် ဖုန်းပြောနေခဲ့တာကို ပြည်သူတဦးက ဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင်ခဲ့တဲ့အကြောင်း တရားရုံးမှာ ကြားနာခဲ့ပါတယ်။

အသက် ၄၄ နှစ်အရွယ် ဘက်ခမ်းဟာ ယာဉ်မောင်းလိုင်စင်မှာ အရင်တုန်းက အရှိန်လွန်မောင်းနှင်မှုမှာ အပြစ်ဒဏ် ၆ မှတ်ရရှိထားတာကို အခု ယာဉ်မောင်းစဉ် ဖုန်းပြောမှုကြောင့် နောက်ထပ် ၆ မှတ် ထပ်တိုး ရရှိသွားခဲ့ပါတယ်။

သူဟာ ပေါင် ၇၅၀ ဒဏ် တပ်ခံခဲ့ပြီး အမှုစွဲဆိုကုန်ကျစရိတ် ပေါင် ၁၀၀ နဲ့ အပိုကြေး ၇၅ ပေါင်ကို ၇ ရက်အတွင်း ပေးချေရမှာဖြစ်ပါတယ်။ ခရိုင်တရားသူကြီး Catherine Moore က ဖြေးဖြေးလေးသွားနေတဲ့ ယာဉ်ကြောမှာ ဖြစ်ခဲ့ပေမယ့် ဥပဒေရဲ့ အောက်မှာ ဆင်ခြေပေးလို့မရတဲ့အကြောင်း ဘက်ခမ်းကို ပြောခဲ့တယ်လို့ ဆိုပါတယ်။

Bromley Magistrates တရားရုံးမှာ ကြားနာစဉ်တုန်းက ဘက်ခမ်းကို West End မှာရှိတဲ့ Great Portland လမ်းမှာ မောင်းနှင်နေစဉ် လက်ကိုင်ဖုန်းကို ခေါင်းငုံ့ပြီး အသုံးပြုခဲ့တာကို မြင်တွေ့ခဲ့ရဖူးတယ်လို့ သိရပါတယ်။ အစိုးရရှေ့နေ Matthew Spratt က “အရှေ့ကို ကြည့်ပြီး လမ်းပေါ်ကိုအာရုံစိုက်ရမယ့်အစား သူ့ရဲ့ ပေါင်ပေါ်ကို ငုံ့ကြည့်နေခဲ့ပုံရပါတယ်” လို့ဆိုပါတယ်။

ဘက်ခမ်းရဲ့ ရှေ့နေ Gerrard Tyrrell ကတော့ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ကစားသမားဟောင်း ဘက်ခမ်းဟာ အဲ့ဒီနေ့တုန်းက အဖြစ်အပျက်ကို ပြန်လည် မေးမြန်းရာမှာ မမှတ်မိခဲ့ဘူးလို့ ဆိုပါတယ်။

Ref:bbc

The post ကားမောင်းရင်း ဖုန်းသုံးခဲ့တဲ့အတွက် ယာဉ်မောင်းခွင့် ၆ လ အပိတ်ခံရတဲ့ ဒေးဗစ်ဘက်ခမ်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ