Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

လမ်းပေါ်က ကောင်လေး တယောက်အကြောင်း (သို့မဟုတ်) Gully Boy (2019)

$
0
0

ဒီတခါမှာတော့ IMDB rating (8.4) အထိ ရရှိထားတဲ့ ဘောလိဝုဒ် ဇာတ်ကားကောင်း တကားနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားမှာတော့ ဘောလိဝုဒ်ရဲ့ နာမည်ကြီး မင်းသားတဦးဖြစ်တဲ့ Ranveer Singh နဲ့ မင်းသမီး Alia Bhatt တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပြီး ဒါရိုက်တာ Zoya Akhtar က ရိုက်ကူးထားတာပါ။

Drama, Music ရုပ်ရှင်အမျိုးအစားဖြစ်တာကြောင့် ရုပ်ရှင်ဇာတ်လမ်းအပြင် သီချင်းကောင်းတွေကိုပါ တွဲဖက်ခံစားကြရမှာ ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်းအရာကတော့ မွန်ဘိုင်းမြို့ ဆင်းရဲသားရပ်ကွက်က ဒရိုင်ဘာတဦးရဲ့ သားဖြစ်သူ မူရတ်ဟာ မိဘက ငွေကြေးအကုန်အကျခံပြီး ပညာတတ်ဘွဲ့ရတဦးဖြစ်စေချင်ပေမယ့် သူတကယ်ရူးသွပ်တာကတော့ Rap ဂီတပါ။ အဆင်မပြေတဲ့ မိဘတွေရဲ့ အိမ်ထောင်ရေး အခြေအနေ၊ အိမ်တွင်းရေး ပဋိပက္ခတွေနဲ့ ဆင်းရဲသားရပ်ကွက်၊ ပတ်ဝန်းကျင်ရဲ့ အဆင်မပြေမှုတွေကို Rap သီချင်းစာသားတွေအဖြစ် ပြောင်းလဲပြီး ခံစားချက်တွေကို ဖွင့်ထုတ်နေသူလည်း ဖြစ်ပါတယ်။

မူရတ်မှာ ဆယ်ကျော်သက် ဘဝတည်းကနေ အရွယ်ရောက်လာချိန်အထိ သစ္စာရှိရှိ တွဲလာခဲ့တဲ့ သဝန်တိုတတ်လွန်းသူ ဆေးကျောင်းသူ ကောင်မလေး တယောက်လည်း ရှိနေပါတယ်။ တရက်မှာတော့ လူငယ် Rapper တွေစုပြီး Rap ရွတ်ကြတဲ့ ပွဲတပွဲမှာ မူရတ်တယောက် သူ့ခံစားချက် စာသားတွေကို ရွတ်ဆိုထားတဲ့ သီချင်း ဗီဒီယိုတပုဒ်ကို Youtube မှာ တင်လိုက်ရာကနေ ဂီတလမ်းကြောင်းပေါ် ဆက်လက် လျှောက်လှမ်းဖို့ အကြောင်းဖန်လာပါတော့တယ်။

သူလုပ်ချင်တဲ့ Rap ဂီတကို ခါးခါးသီးသီး ငြင်းဆန်တဲ့ သူ့ မိသားစု၊ သဝန်တိုတတ်လွန်းတဲ့ ချစ်သူနဲ့ အချစ်ရေးအဆင်မပြေမှု စတဲ့ အခက်အခဲတွေကို Rap သီချင်းပေါင်း မြောက်များစွာနဲ့ ဇာတ်လမ်း၊ ဇာတ်အိမ် ခိုင်ခိုင်မာမာနဲ့ ရိုက်ကူးထားတာကြောင့် ဘောလိဝုဒ် ရုပ်ရှင်ပရိသတ်တွေ ကြည့်ရှုကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားထဲမှာ စာရေးသူ အကြိုက်ဆုံး ဒိုင်ယာလေ့ာ တခုကတော့ “ကျနော့်ဘဝနဲ့ ထပ်တူကျဖို့ ကျနော့် အိပ်မက်တွေကို ပြောင်းလဲမှာ မဟုတ်ပါဘူး။ ကျနော့် အိပ်မက်တွေနဲ့ ထပ်တူကျဖို့ ကျနော့်ဘဝကိုပဲ ပြောင်းလဲမှာပါ” ဆိုတာပဲ ဖြစ်ပါတယ်။

Rap Star တဦးဖြစ်တဲ့ Eminem ရဲ့ဘဝအကြောင်းကို ရိုက်ကူးထားတဲ့ “8 Mile” ရုပ်ရှင်ဇာတ်ကားနဲ့ ဆင်တူတယ်လို့ ပြောကြပေမယ့် ဇာတ်ကား တကားချင်းစီက ပေးချင်တဲ့ ရသချင်း မတူညီတာကြောင့် “Gully Boy” ရုပ်ရှင်ဇာတ်ကားကို ကြည့်ရှုကြည့်ဖို့ ညွှန်းဆိုပေးလိုက်ပါတယ်။

Ref. IMDB

The post လမ်းပေါ်က ကောင်လေး တယောက်အကြောင်း (သို့မဟုတ်) Gully Boy (2019) appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ