Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

စစ်မှုထမ်းပြီးနောက် ပထမဆုံး ဒရာမာမှာ ပြန်မြင်တွေ့ရတော့မယ့် မင်းသား ဂျီချန်ဝု

$
0
0

ကိုရီးယားမင်းသား ဂျီချန်ဝုဟာ ပြီးခဲ့သီတင်းပတ်မှာ စစ်မှုထမ်းဆောင်တဲ့ တာဝန်တွေပြီးဆုံးခဲ့ပြီးတဲ့နောက် သူ့ရဲ့ ပထမဆုံး ဒရာမာပရောဂျက်ကို အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ ဧပြီလ ၃၀ ရက်နေ့မှာ မင်းသားဂျီရဲ့ စီမံခန့်ခွဲရေး အေဂျင်စီဖြစ်တဲ့ Glorious ဖျော်ဖြေရေးကုမ္ပဏီက မင်းသားဟာ tvN ရုပ်သံကနေ ထုတ်လွှင့်မယ့် အချစ်ဟာသ ဇာတ်မြူးဇာတ်လမ်းတွဲ “Please Melt Me” မှာ ပါဝင်မယ်လို့ ကြေညာခဲ့ပါတယ်။

မင်းသား ဂျီဟာ သွေးအေးပေမယ့် အကျိုးအကြောင်း သင့်တွေးခေါ်တတ်တဲ့ “မာဒုံချန်း” ဆိုတဲ့ အဓိကအမျိုးသား ဇာတ်ဆောင်နေရာကနေ ပါဝင်မှာဖြစ်ပါတယ်။ အဲဒီဇာတ်ကောင်ဟာ ၂၄ နာရီကြာ အေးခဲစေတဲ့ ပရောဂျက်တခုမှာ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ အေးခဲရာကနေ ပြန်နိုးလာတဲ့အချိန်မှာ နှစ်ပေါင်း ၂၀ ခန့်အထိ ကြာသွားပြီလည်း ဖြစ်ပါတယ်။ လူတိုင်းကတော့ သူ့ကို အသက် ၂၀ ပဲ ရှိသေးတယ်လို့ ထင်ထားခံရတဲ့ ဇာတ်ရုပ်ဖြစ်ပါတယ်။

“Please Melt Me” စီးရီးကိုတော့ “Strong Woman Do Bong-soon” , “Woman of Dignity” နဲ့ “The Miracle We Met” စီးရီးတွေကို ရေးသားပေးခဲ့တဲ့ ဇာတ်ညွှန်းရေးဆရာ ဘတ်မီဂျောင်းက ရေးသားပေးထားတာ ဖြစ်ပါတယ်။ အဲဒီ ဒရာမာကိုတော့ အခုနှစ်ဝက်နှောင်းပိုင်းမှာ ပြသဖို့ စီစဉ်ထားပါတယ်။

မင်းသားဂျီဟာ လပေါင်း ၂၀ ကြာ စစ်မှုထမ်းတာဝန်တွေကို ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့မှာပဲ ပြီးဆုံးခဲ့တာဖြစ်ပါတယ်။ “K2 မင်းသား”လို့ လူသိများတဲ့ အသက် ၃၁ နှစ်အရွယ် မင်းသားဂျီဟာ ၂၀၀၈ ခုနှစ်မှာ အနုပညာလောကထဲကို ရောက်ခဲ့တာဖြစ်ပြီး “Warrior Baek Dong Soo”, “Empress Ki” နဲ့ “Suspicious Partner” အစရှိတဲ့ စီးရီးတွေမှာ ပါဝင်ပြီး နာမည် တစတစ ကျော်ကြားလာသူ ဖြစ်ပါတယ်။

Ref. sbsnews

The post စစ်မှုထမ်းပြီးနောက် ပထမဆုံး ဒရာမာမှာ ပြန်မြင်တွေ့ရတော့မယ့် မင်းသား ဂျီချန်ဝု appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ