Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Star Awards က ရတဲ့ ဆုကို အလှူလုပ်ဖြစ်တဲ့ အကြောင်း ပြောပြတဲ့ မေမီကိုကို

$
0
0

“ပျားရည်အိုင်”ဇာတ်လမ်းတွဲမှာ “မြိုင်”လို့ ပရိသတ်တွေ သိထားကြတဲ့ သရုပ်ဆောင် မေမီကိုကိုကတော့ ယနေ့ ပြုလုပ်တဲ့ သူ့ရဲ့အလှူမှာ Star Awards ဆုပေးပွဲကြီးကနေ ရရှိခဲ့တဲ့ The Best Actress ဆုရဲ့ ဆုကြေးများကို ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသားများအား နေ့လယ်စာ လှူဒါန်းခဲ့ပါတယ်။

“ဒီကျောင်းမှာက ကလေးတွေက ၂၄၀ ရှိတယ်လို့ ပြောတယ်။ ဒီကျောင်းမှာက တော်တော်များများ လာလှူဖြစ်တယ်။ အနယ်နယ် အရပ်ရပ်က ကလေးတွေဒီမှာ အကုန်ရှိတယ်ပေါ့။ တိုက်လည်း တိုက်ဆိုင်တယ်။ “ပျားရည်အိုင်” ရိုက်တုန်းက ကိုယ်ကရွေးချယ်တာ မဟုတ်ဘဲနဲ့ Production တွေက ဒီကျောင်းကို ရွေးချယ်ခဲ့တယ်။ မြိုင့်ရဲ့မွေးနေ့ကို ဒီမှာ လုပ်ဖြစ်ခဲ့တယ်။ မေမီတို့ မွေးနေ့တွေလည်း ဒီမှာ လာလုပ်ဖြစ်တယ်။ မလှူခင်မှာ ဒီကျောင်းက ဦးလေးကြီးက Star Awards နဲ့ ပတ်သက်ပြီးတော့ Congratulation လှမ်းလုပ်တယ်။ လှူဖြစ်ဖို့လည်းရှိတာနဲ့ မမက လှမ်းပြောပြီး စီစဉ်လိုက်တာပါ” လို့ မေမီကိုကိုက ပြောပါတယ်။

အဆိုပါ ဘုန်းတော်သင် ပညာရေးကျောင်းကတော့ “ပျားရည်အိုင်” ဇာတ်လမ်းတွဲ ရိုက်ကူးခဲ့စဉ်က “မြိုင့်” မွေးနေ့လုပ်ခဲ့တဲ့ ကျောင်းလည်းဖြစ်တာကြောင့် အမှတ်တရလည်း ဖြစ်နေတယ်လို့ သိရပါတယ်။

“အလှူလုပ်ဖို့အတွက် အစီအစဉ်က အစကတည်းက ရှိတယ်။ ဒီ ၃၀ ရက်နေ့မှ ရက်က ရတယ်။ နောက်လမကူးချင်တာနဲ့ ဒီလ ၃၀ ရက်လေးတော့ ရအောင် လုပ်ပေးပါဆိုပြီး ဒီကျောင်းက ရှိတဲ့ ဦးရေနဲ့ ညှိပြီးလုပ်ဖြစ်ခဲ့တယ်။ Star Awards အထိမ်းအမှတ်လေးပေါ့။ ကလေးတွေ အကုန်လုံးစားဖို့ရယ် အသိမိတ်ဆွေတွေအကုန်လုံးကို ကျွေးမွေးတယ်။ ဒီကျောင်းဆောက်တဲ့နေရာမှာ အနည်းအကျဉ်း တတ်နိုင်သလောက် လှူပါမယ်။ ဆုရတာ အကုန်လုံးတော့ မလှူဖြစ်ပါဘူး။ အနည်းအကျဉ်းပေါ့။ တတ်နိုင်သလောက်လေးပေါ့” လို့ မေမီကိုကိုက ပြောပါတယ်။

မေမီကိုကိုကတော့ အနုပညာလောကထဲ ရောက်ရှိလာခဲ့တာ အချိန်ကြာမြင့်ပြီဖြစ်သော်လည်း MRTV-4 ကထုတ်လွှင့်ပြသခဲ့တဲ့ “ပျားရည်အိုင်” ဆိုတဲ့ ဇာတ်လမ်းတွဲထဲမှ “မြိုင်” ဆိုတဲ့ ဇာတ်ကောင်နဲ့ ပရိသတ်ရဲ့ အားပေးမှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

မေမီကိုကိုက ဇာတ်လမ်းတွဲများ ဆက်တိုက်ရိုက်ကူးနေပြီး မကြာခင်မှာလည်း “တတိယမြောက်ဆုံမှတ်” ဆိုတဲ့ဇာတ်လမ်းတွဲ ထုတ်လွှင့်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ လတ်တလောမှာလည်း “လိပ်ပြာနှောင်ကြိုး” ဆိုတဲ့ ဇာတ်လမ်းတွဲမှာ သရဲမ ကာရိုက်တာ သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။

“လတ်တလောမှာတော့ မေမီ ‘လိပ်ပြာနှောင်ကြိုး’ ဆိုတဲ့ ဇာတ်လမ်းတွဲလေး ရိုက်ကူးနေပါတယ်။ ဒီကားထဲမှာဆိုရင် မြိုင်နဲ့ ဆန့်ကျင်ဘက် ဖြစ်လိမ့်မယ်။ အရှေ့က ရိုက်ခဲ့တဲ့ ထွက်တော့မယ့် ‘တတိယမြောက် ဆုံမှတ်’ နဲ့လည်း ခြားနားလိမ့်မယ်။ ဒီထဲမှာက ချစ်သူကို အစွဲအလမ်းကြီးတဲ့ “ဂျူရီ” ဆိုတဲ့ သရဲမ ကာရိုက်တာက သရုပ်ဆောင်ထားတယ်” လို့ မေမီကိုကိုက ပြောပါတယ်။

The post Star Awards က ရတဲ့ ဆုကို အလှူလုပ်ဖြစ်တဲ့ အကြောင်း ပြောပြတဲ့ မေမီကိုကို appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ