Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

13 Reasons Why တီဗီစီးရီး ကြည့်ရှုပြီး အမေရိကန်လူငယ်တွေ ကိုယ့်ကိုယ်ကို သတ်သေမှုနှုန်း မြင့်တက်

$
0
0

Netflix ကနေ ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ “13 Reasons Why” တီဗီစီးရီးရဲ့ အမာခံပရိသတ်တွေ ဖြစ်ကြတဲ့ အမေရိကန်လူငယ်တွေရဲ့ ကိုယ့်ကိုယ်ကို သတ်သေမှု အသက်အရွယ် အပိုင်းအခြားဟာ ၁၀ နှစ်နဲ့ ၁၇ နှစ်ကြားကနေ ယခု လပိုင်းအတွင်းမှာပဲ အသက် ၁၉ နှစ်အထိ မြင့်တက်သွားခဲ့တယ်လို့ သုတေသနပညာရှင်တွေက ဧပြီလ ၂၉ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

လေ့လာသူတွေရဲ့ ၉ လတာ စစ်တမ်းတွေအရ ဆယ်ကျော်သက်တွေရဲ့ မိမိကိုယ်ကို သတ်သေမှုနှုန်းဟာ လက်ရှိအချိန်မှာ ၁၉၅ မှုထိ မြင့်တက်လာခဲ့တာ ဖြစ်ပြီး တီဗီစီးရီးစတင်တဲ့ မတ်လ ၂၀၁၇ ခုနှစ်ကနေစလို့ စစ်တမ်း စတင်ကောက်ယူခဲ့တာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် ဧပြီလမှာ ကိုယ့်ကိုယ်ကို သတ်သေမှုနှုန်းဟာ ၁၉၀ အထိရှိခဲ့ပြီး လူ ၁ သိန်းမှာ ၅၇ ယောက် (ရာခိုင်နှုန်းအားဖြင့် ၃၀ ရာခိုင်နှုန်းနီးပါး) အထိ ရှိခဲ့တယ်လို့ Ohio ပြည်နယ် Columbus ဆေးရုံရဲ့ သတ်သေမှုနှုန်းဆိုင်ရာ စစ်တမ်းကောက်ယူသူခေါင်းဆောင် Jeff Bridge က ဆိုပါတယ်။

“ဒီတီဗီစီးရီးရဲ့ အဓိကဇာတ်ကောင်ကိုက ကိုယ့်ကိုယ်ကို သတ်သေခဲ့တာမျိုး ဖြစ်တာကြောင့် ကြည့်ရှုသူ ဆယ်ကျော်သက်တွေအနေနဲ့ ကိုယ့်ကိုယ်ကို သတ်သေခြင်းကို စွဲလန်းသွားတာမျိုး ဖြစ်နိုင်ပါတယ်။ စစ်တမ်းတွေအရ ဆိုရင်လည်း ဒီစီးရီးကို ကြည့်ပြီးသွားမှ သတ်သေတာမျိုး ဖြစ်တာကြောင့် ဒီတီဗီစီးရီးဟာ ဆယ်ကျော်သက်တွေကို တော်တော်လွှမ်းမိုးနိုင်ခဲ့တာပါ” လို့ Jeff Bridge က ဆိုပါတယ်။

လေ့လာသူတွေဟာ ဒီသတ်သေမှုနှုန်း အရေအတွက်ကို စစ်တမ်းကောက်ယူဖို့အတွက် အမေရိကန်နိုင်ငံ ရောဂါရှာဖွေရေးနဲ့ ထိန်းချုပ်ရေးစင်တာကနေ အချက်အလက်တွေ ရယူခဲ့တာဖြစ်ပါတယ်။ ဒီစစ်တမ်းကောက်ယူမှုဟာ အမေရိကန်နိုင်ငံတနိုင်ငံတည်းကိုပဲ ကောက်ယူ စုဆောင်းထားတာဖြစ်ပြီး တခြားသော နိုင်ငံတွေက ဒီစီးရီးကြောင့် ကိုယ့်ကိုယ်ကို သတ်သေခဲ့တဲ့ ဆယ်ကျော်သက်တွေရဲ့ အရေအတွက်တော့ မပါဝင်ပါဘူး။

အမေရိကန်နိုင်ငံက ဆယ်ကျော်သက်တွေရဲ့ သတ်သေမှုနှုန်းဟာ ကျန်ခဲ့တဲ့နှစ်ကာလတွေထက် ပိုမိုမြင့်တက်လာနေတာဖြစ်ပြီး ဆိုရှယ်မီဒီယာ အလွန်အကျွံသုံးစွဲမှုကြောင့် စိတ်ကျရောဂါရခြင်း၊ အနိုင်ကျင့်ခံရခြင်းတွေအပြင် လက်ရှိမှာတော့ ဒီတီဗီစီးရီးကြောင့် သတ်သေမှုဟာ ထပ်တိုးလာခဲ့တာပါ။

“13 Reasons Why” တီဗီစီးရီးရဲ့ Season 1 ဟာ ၂၀၁၇ ခုနှစ်၊ မတ်လမှာ ထွက်ရှိခဲ့တာဖြစ်ပြီး Season 2 ကတော့ ၂၀၁၈ ခုနှစ်၊ မေလမှာ ထွက်ရှိခဲ့တာပါ။ လာမယ့် Season 3 ကတော့ ၂၀၁၉ ခုနှစ်တွင်းမှာ ထွက်ရှိလာမယ်လို့ သိရပါတယ်။

 

The post 13 Reasons Why တီဗီစီးရီး ကြည့်ရှုပြီး အမေရိကန်လူငယ်တွေ ကိုယ့်ကိုယ်ကို သတ်သေမှုနှုန်း မြင့်တက် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ