Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“အချစ်ဆိုတာ ရှော့ပင်းစင်တာမှာ ပစ္စည်းဝယ်သလို ကောက်ဝယ်လို့ မရဘူး”လို့ ပြောတဲ့ အောင်မင်းခန့်

$
0
0

မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာ ရရှိထားတဲ့ အောင်မင်းခန့်က သူ့ဘဝမှာ အမေက အချစ်ဆုံးဖြစ်ပြီး ချစ်သူရွေးချယ်ခဲ့ရင်လည်း ရွေးချယ်တဲ့သူကို မေမေကငြင်းမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

“ကျနော့် အမေကတော့ ကျနော့်ဘဝမှာ အချစ်ဆုံးပဲ။ ချစ်သူရွေးချယ်ခဲ့ရင်လည်း ကျနော်ကောင်းမယ် ထင်လို့ ရွေးချယ်ခဲ့တဲ့သူကို ငြင်းမှာ မဟုတ်ပါဘူး။ ကျနော့်အမေက ကျနော့်ကို ယုံကြည်ပြီးသားပါ။ ကျနော်တို့ အချစ်ဆိုတာ ရှော့ပင်းစင်တာတွေလို ဘာကောက်ဝယ်၊ ဘာကောက်ဝယ် လုပ်လို့ ရတာမှ မဟုတ်တာ။ ဒီချိန် ဒီခါမှာ ဒီလူနဲ့တွေ့ရမယ်လို့ ဖြစ်လာပြီဆိုရင် တွေ့ကို တွေ့ရတော့မှာလေ။ ရှော့ပင်းစင်တာမှာ ပစ္စည်းတွေကို ကိုယ်ကြိုက်တာဝယ်သလို အချစ်ဆိုတာ ဝယ်လို့မှ မရတာ”

“ငယ်ငယ်တုန်းကတော့ အရပ်ရှည်မှ၊ ရုပ်ချောမှ စိတ်ကူးတွေ ရှိကြတာပဲ။ တကယ်တမ်း ဖူးစာရယ်၊ ကံကြမ္မာရယ် ဆုံလာတဲ့အခါ ရှော့ပင်းစင်တာ မဟုတ်တော့ဘူး။ ကံဇာတာ ဖြစ်သွားပြီ။ ကိုယ်နဲ့ ကံဇာတာ ပါတဲ့ သူက ကိုယ်နဲ့ ပါတဲ့သူပဲပေါ့။ အခုချိန်ကျတော့ ဘုရားက ပေးလိုက်တဲ့သူ၊ ကိုယ့်လူပဲ သတ်မှတ်ထားတယ်” လို့ အောင်မင်းခန့်က ပြောပါတယ်။

ကျန်းမာရေး သိပ်မကောင်းနေတဲ့ အောင်မင်းခန့်က ၅ လပိုင်းမှာ ဇာတ်ကားရိုက်ကူးဖို့ရှိပြီး အဲဒီ ဇာတ်ကားထဲက ကာရိုက်တာအတွက်လည်း ပရိသတ်ကို ကြိုတင်တောင်းပန်ထားပါသေးတယ်။

“ကျနော် လတ်တလောမှာတော့ ၅ လပိုင်းမှာ ‘နှင်းဆီ’ဆိုတဲ့ ကားလေး သွားရိုက်ဖို့ ရှိပါတယ်။ နောက် ကျနော့် ကားလေး ‘မျက်လုံးမှာ အလွမ်း၊ နှှုတ်ခမ်းမှာ မာန’ ဆိုတဲ့ ကားလေး လာပါတော့မယ်။ နှင်းဆီကားထဲမှာ ပါရမယ့် ကာရိုက်တာအတွက် ကြိုပြီး တောင်းပန်ချင်ပါတယ်။ စော်နည်းနည်းရှုပ်တဲ့ ကာရိုက်တာလေးပေါ့။ မီဒီယာတွေကနေတဆင့် ကြိုပြီးတော့ တောင်းပန်ထားချင်ပါတယ်။ ကာရိုက်တာတခု အနေနဲ့ပဲ မြင်ပါလို့”

“ကျနော် တော်တော်လေး Mood သွင်းနေရတယ်။ အဲ့ကားကလည်း MRTV-4 က လွှင့်မယ့် စီးရီးပါပဲ။ ပရိသတ်လည်း ကျန်းမာပြီး စိတ်ချမ်းသာကြပါစေ။ ကျနော်လည်း နေမကောင်းပါဘူး။ နေမကောင်းသူတွေကို ကျနော် အရမ်း ကိုယ်ချင်းစာရပါတယ်။ ကျနော် ဦးနှောက်နဲ့ အာရုံကြော ထိထားတော့ အိမ်မှာ နားတယ်။ ရှုတင်ရှိရင် သွားယ်။ ပြီးရင် အိမ်တန်းပြန်တယ်။ ကျန်းမာရေးအတွက်လည်း ဂရုစိုက်နေရတယ်”လို့ အောင်မင်းခန့်က ပြောပါတယ်။

ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်ရင်ထဲမှာ နေရာ တနေရာ ရရှိခဲ့တဲ့ အောင်မင်းခန့်က “ထာဝရမန္တလေး”၊ “ဝင်္ကပါစံအိမ်”၊ “ဝိညာဉ်ရှိုက်သံ” စတဲ့ ဇာတ်လမ်းတွဲတွေကနေ ပရိသတ်အားပေးမှု ရရှိထားသူပါ။

နောက်ထပ် ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ “မနေ့ကဖြစ်သည်၂” မှာလည်း အောင်မင်းခန့်က “သုတ” ဆိုတဲ့ ကာရိုက်တာနဲ့ ပရိသတ်အားပေးမှု ရရှိခဲ့တာကိုလည်း တွေ့ရပါတယ်။ အဲ့ဒီ ဇာတ်လမ်းတွဲမှာ လူသတ်သမားတယောက်အဖြစ် ပါဝင်ထားခဲ့ပေမယ့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိခဲ့ပါတယ်။

The post “အချစ်ဆိုတာ ရှော့ပင်းစင်တာမှာ ပစ္စည်းဝယ်သလို ကောက်ဝယ်လို့ မရဘူး”လို့ ပြောတဲ့ အောင်မင်းခန့် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)