Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ကမ္ဘာကျော်တွေကို တစုတစည်းတည်း မြင်ရမယ့် “Avengers: Endgame”ရိုက်ကွင်းဗီဒီယို

$
0
0

ကမ္ဘာကျော် “Avengers: Endgame” ရုပ်ရှင်ရိုက်ကွင်းကို ဖုန်းယူဆောင်ခွင့် မရှိလို့ ရိုက်ကွင်းပေါ်က အမှတ်တရ ဓာတ်ပုံ၊ ဗီဒီယိုတွေကို ပရိသတ်တွေအနေနဲ့ တွေ့မြင်နိုင်ဖို့ဆိုတာ တော်တော်လေး ခဲယဉ်းတဲ့ ကိစ္စတခုပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီစည်းကမ်းတခုကို မင်းသား Chris Pratt က ချိုးဖောက်ခဲ့တဲ့ပုံပါပဲ။

ဇာတ်ဝင်ခန်းတွေ ပေါက်ကြားမှာ စိုးရိမ်တဲ့အတွက် ဇာတ်ညွှန်းတွေ ၂ ခု၊ ၃ ခု ရေးထားတာ၊ အဓိကဇာတ်ဆောင်တချို့ကိုတောင် ဇာတ်ညွှန်းကို ကြိုတင်ပြီး မဖတ်ခိုင်းတာတွေကြောင့် သတင်းကြီးတဲ့ အဲဒီရုပ်ရှင်ထုတ်လုပ်သူတွေက မင်းသား Chris ကို တားဆီးနိုင်ခဲ့တဲ့ပုံ မရှိပါဘူး။

အဲဒီ ရုပ်ရှင်ထဲမှာ Star-Lord အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသား Chris က နောက်ဆုံးတိုက်ပွဲ ဇာတ်ဝင်ခန်းအတွက် ရိုက်ကူးနေတဲ့ သရုပ်ဆောင်တွေကို ဗီဒီယိုရိုက်ကူးပြီး Twitter မှာ တင်ခဲ့တာဖြစ်ပါတယ်။ မင်းသားက အဲဒီအချိန် အခိုက်တန့်အတွင်းမှာ တော်တော်လေးကို စိတ်လှုပ်ရှားနေခဲ့တာကို အမှတ်ရနေခဲ့ပြီး ကင်မရာနဲ့ မှတ်တမ်းတင်ချင်ခဲ့တာလို့ ပုံစာမှာ ရေးသားထားပါတယ်။

မင်းသားက “ဘယ်သူ့ကိုမှ ဖုန်းနဲ့ ဓာတ်ပုံရိုက်ခွင့် ပေးမထားပါဘူး။ တပတ် လှည့်ကြည့်တာလို့ ပြောခဲ့တယ်။ ဒီလိုမျိုး နာမည်ကျော်စတားတွေ၊ အခန်းတခုထဲမှာ နောက်တကြိမ် အတူတူ ပြန်မမြင်တွေ့နိုင်တဲ့အဖွဲ့တခုရဲ့ စုဝေးမှုကို ရိုက်ကူးထားဖို့ တသက်မှာ တခါရတဲ့အခွင့်အရေးကို အမိအရ ဖမ်းဆုပ်ဖို့ ကျနော့်ကို ဘယ်စည်းမျဉ်းကမှ မတားနိုင်ခဲ့ပါဘူး” လို့ ဝန်ခံပြောဆိုထားပါတယ်။

မင်းသား ရိုက်ကူးထားတဲ့ ဗီဒီယိုထဲမှာဆိုရင်တော့ မင်းသားတွေဖြစ်ကြတဲ့ Chris Hemsworth, Chris Evans, Sebastian Stan, Mark Ruffalo, Paul Rudd, Chadwick Boseman, Jeremy Renner, Tom Holland, Robert Downey Jr နဲ့ Dave Bautista တို့အပြင် မင်းသမီးတွေဖြစ်ကြတဲ့ Danai Gurira နဲ့ Elizabeth Olsen တို့ကို မြင်တွေ့ခဲ့ကြရပါတယ်။

မင်းသား Chris Evans ကလည်း ရိုက်ကွင်းပေါ်က အဲဒီလိုအမိုက်စား ဗီဒီယိုတွေကို ခိုးရိုက်ထားတဲ့အကြောင်း ဝန်ခံပြောဆိုထားပါတယ်။

Ref: etcanada

The post ကမ္ဘာကျော်တွေကို တစုတစည်းတည်း မြင်ရမယ့် “Avengers: Endgame” ရိုက်ကွင်းဗီဒီယို appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles