Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“Pokemon ဂိမ်း ကစားခဲ့လို့ Ex နဲ့တောင် ရန်ဖြစ်ခဲ့ဖူးတယ်”လို့ ပိုင်တံခွန် ပြော

$
0
0

Pokemon ဂျပန် Animation Series မြန်မာနိုင်ငံကို ပထမဆုံးရောက်ရှိလာခြင်းအတွက် အကြိုမိတ်ဆက်ပွဲကို ယနေ့၊ ဧပြီ ၂၃ ရက်နေ့၊ နေ့လယ် ၁ နာရီက ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်မှာ ပြုလုပ်ခဲ့ပြီး မော်ဒယ် ပိုင်တံခွန်လည်း တက်ရောက်ခဲ့ပါတယ်။ Pokemon ကာတွန်းကားကို MNTV ကနေ ပြသမှာ ဖြစ်ပြီး ဒီကာတွန်းကားနဲ့ ပတ်သက်လို့ မော်ဒယ် ပိုင်တံခွန်က အခုလို ဆိုပါတယ်။

“Pokemon က ကျနော် ငယ်ငယ်ကတည်းက အားပေးတဲ့ ဇာတ်ကောင်ပါ။ အဲ့မှာမှ Pikachu က ကျနော် အရမ်းချစ်တဲ့ အကောင်လေး။ ကျနော်တို့ ကျောင်းတက်တုန်းက Pokemon ကတ်လေးတွေ ကစားတယ်။ အမှတ်တရဆို ဆရာမ သိမ်းသွားတာတို့ သူငယ်ချင်း ရန်ဖြစ်တာတို့ကတော့ အမှတ်တရပေါ့”

“နောက်ကြီးလာတော့ Pokemon ဖမ်းတဲ့ဂိမ်း မြန်မာနိုင်ငံမှာတောင် အရမ်း ခေတ်စားသွားသေးတယ်။ အဲ့တုန်းကလည်း ကစားဖူးတယ်။ Level အများကြီး မရောက်ဖူးဘူး။ ဒါပေမဲ့ အဲ့ဂိမ်းဆော့လို့ အရင် Ex နဲ့ ရန်ဖြစ်ဖူးတယ်။ ဂိမ်းကိုတော့ ဆော့ဖြစ်တဲ့ထဲမှာ သိပ်မရှိဘူး။ အခုဆို ဘာဂိမ်းမှ မဆော့ဖြစ်ဘူး။ Pokemon ကားလေး MNTV ကနေ ပြန်ပြတော့မှာဆိုတော့ ငယ်ဘဝကို အမှတ်ရစရာလေး ဖြစ်တာပေါ့”လို့ ပိုင်တံခွန်က ပြောပါတယ်။

ဇာတ်ကားရိုက်ဖို့ ဆံပင်ရှည်ကို မညှပ်ဖြစ်သေးတဲ့ ပိုင်တံခွန်က ဆံပင်ရှည်နဲ့ ပုံတွေကို Troll ပြီး စကြတဲ့အပေါ် ဘာမှ မဖြစ်သလို စိတ်ထဲလည်း မထားဘူးလို့ ဆိုပါတယ်။

“ကျနော့် Instagram မှာ ကျတော့ ပြည်ပက Follower များတယ်။ ကိုရီးယားပြီးရင် ဂျပန်၊ ဖိလစ်ပိုင်တို့ လူတွေ များတယ်။ အင်တာနေရှင်နယ်က သတင်းတခုမှာ ကျနော်နဲ့ ပတ်သက်ပြီး သတင်းတွေ တင်တာတွေ့တယ်။ ကိုယ်က အနုပညာရှင်တယောက် ဖြစ်နေတော့ သူများတွေ တင်နေကြတာပဲ။ ကျနော် နာမည်ကြီးလို့ တင်တာ မဟုတ်ပါဘူး။ သူတို့တွေ ပုံလေးသဘောကျလို့ တင်တာဖြစ်မှာပါ”

“ကျနော်အခုမှ အသက် ၂၂ ဆိုတော့ Sexy ဖြစ်တာကို သဘောကျတယ်။ ကျနော်ကတော့ Handsome ဖြစ်တာကိုတော့ ပိုသဘောကျတယ်။ ဆံပင်ဖြတ်မယ် ပြောထားပေမယ့် စက်တင်ဘာမှ ာရိုက်မယ့် ကိုကြံ့ရယ်၊ ကိုအောင်မြင့်မြတ်ရယ် အဲ့ကားမှာ ကာရိုက်တာက ဆံပင်ရှည်နဲ့ ပိုလိုက်တယ်။ နောက် Ambassdor ယူဖို့ရှိတယ်။ အဲ့ဒါတွေကလည်း ဆံပင်ကြောင့် ကမ်းလှမ်းခဲ့တာတွေ များတယ်”

“ဆံပင်လက်တလောမှာတော့ ညှပ်ဖြစ်မှာ မဟုတ်သေးဘူး။ ဆံပင်ရှည်နဲ့ သပ်သပ်ရပ်ရပ်လေး ကြည့်ကောင်းတဲ့ ပုံတွေ တင်တယ်။ တခါတလေ ဆံပင်ရှည်ကို စုတ်ပြတ်သတ်တဲ့ ပုံတွေ တင်တယ်။ ယောကျာ်းလေးတော်တော်များများက ပုံတွေကို Troll ပြီး စကြတာတွေ ရှိတယ်။ ဘာမှတော့ မဖြစ်ပါဘူး။ စိတ်ထဲလည်း မထားဘူး”လို့ ပိုင်တံခွန်က ဆိုပါတယ်။

ပိုင်တံခွန်က အနုပညာလှုပ်ရှားမှုအနေနဲ့ “သူ..ဘယ်သူလဲ” ဇာတ်ကားကို သင်ဇာဝင့်ကျော်နဲ့ ရိုက်ကူးဖို့ ရှိပြီး ဒီဇာတ်ကားအကြောင်းကိုလည်း အခုလို ဆိုပါတယ်။

“မသင်ဇာနဲ့ ရိုက်မယ့် “သူ..ဘယ်သူလဲ” ဇာတ်ကားပေါ့။ အဲ့ဇာတ်ကားမှာ ငြိမ်းသော်ရယ်၊ ချမ်းမင်းရဲထွဋ်ရယ်ပါတယ်။ မေလတွင်းမှာ ရိုက်ရမယ်။ မသင်ဇာနဲ့ တွဲရိုက်ရမှာ စိတ်ထဲမှာတော့ ဘာမှ မရှိပါဘူး။ မသင်ဇာက ကျနော့် အစ်မပဲလေ။ အစ်မနဲ့က ကြော်ငြာရိုက်လိုက်၊ ဘာရိုက်လိုက်နဲ့ အနုပညာမောင်နှမတွေပါပဲ”လို့ ပိုင်တံခွန်က ပြောပါတယ်။

မော်ဒယ်အလုပ်မှာ အောင်မြင်သလို၊ သရုပ်ဆောင်အလုပ်မှာလည်း တဖြည်းဖြည်းနဲ့ ရိုက်ကူးရေးတွေများလာတဲ့ ပိုင်တံခွန်က ဂီတဘက်လည်း ဝါသနာပါတာကြောင့် သူ့ရဲ့ တကိုယ်တော် Mini Album ဖြစ်တဲ့ “ချစ်သူ” ဆိုတဲ့ တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့မှာ ထွက်ရှိထားပါတယ်။

The post “Pokemon ဂိမ်း ကစားခဲ့လို့ Ex နဲ့တောင် ရန်ဖြစ်ခဲ့ဖူးတယ်”လို့ ပိုင်တံခွန် ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


သာလွန်မင်းလက်ထက် အမြင့်မင်းသားအရေးတော်ပုံ


စနေမင်း နှင့် တနင်္ဂနွေမင်း


''ပါဂျောင်မြေမှ အရိုးတွန်သံ'


လုလုအောင် HD အသစ်


TTA Oreo Gapp Installer


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)